ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ရန္ကုန္- ရန္ကုန္တိုင္းအတြင္း လိုက္ထရပ္ ေနာက္ဖြင့္ကားအ မ်ိဳးအစား ေက်ာင္းကားမ်ားေျပး ဆြဲေနမႈကို ၾသဂုတ္တြင္ စတင္ရပ္ ဆိုင္းရမည္ဟု ရန္ကုန္တိုင္းေဒ သႀကီး သယ္ယူပို႔ေဆာင္ေရးႀကီး ၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA)အတြင္းေရးမွဴး ေဒါက္ တာေမာင္ေအာင္က ဇူလိုင္ ၂၇ ရက္၌ ေျပာသည္။

‘‘ဆရာတို႔ေျပာထားတာ သံုး လတစ္ျဖတ္၊ သံုးလတစ္ျဖတ္သြား မယ္ေပါ့။ ေက်ာင္းဖြင့္တာ ဇြန္လ ဆိုေတာ့ ဇူလိုင္၊ ၾသဂုတ္ဆို သံုးလ ျပည့္ၿပီ။ ၾသဂုတ္ေလာက္ဆို လိုက္ ထရပ္ေတြ စဖ်က္ရမယ္။ ဒီဇင္ ဘာဆိုေနာက္ တစ္ျဖတ္ေပါ့’’ ဟု ၎ကေျပာသည္။

ၾသဂုတ္ကစ၍ လိုက္ထရပ္ ေက်ာင္းကားမ်ား ျဖတ္သိမ္းရ မည္ဆိုေသာ္လည္း ရက္အတိ အက်ကို ေျဖၾကားျခင္းမရွိဘဲ လာမည့္ႏွစ္တြင္ ေက်ာင္းကားဥပေဒကို စတင္ျပ႒ာန္းမည္ျဖစ္ရာဥပေဒ ေပၚေပါက္လာပါက ေနာက္ဖြင့္ကားမ်ားျဖင့္ ေက်ာင္းကားေျပးဆြဲ မႈကို ဥပေဒျဖင့္ ထိန္းခ်ဳပ္မည္ဟု ဆိုသည္။

‘‘ေနာက္ႏွစ္ကေတာ့ ေသ ခ်ာတယ္။ ဒီလိုက္ထရပ္ေတြ မရွိ ေတာ့ဘူး။ ႏိုင္ငံေတာ္ဘက္က လည္း ေက်ာင္းသားဥပေဒေပၚ ထြက္လာမွာဆိုေတာ့ ေျပာခ်င္ တာက ေနာင္ဆိုရင္ေတာ့ လိုက္ ထရပ္တို႔၊ ဘာတို႔လုို ေနာက္ဖြင့္ ကားေတြက ေက်ာင္းကားလုပ္လို႔ မရေတာ့ဘူး။ ဥပေဒအရေပါ့။ ေဘးကင္းလံုၿခံဳမႈရွိတဲ့ ေက်ာင္း ကားစနစ္နဲ႔ အစားထိုးမွာပါ’’ ဟု ေဒါက္တာေမာင္ေအာင္က ေျပာ ၾကားသည္။

သို႔ေသာ္ လိုက္ထရပ္ကား မ်ားကို ေက်ာင္းကားအျဖစ္ ယာ ယီအသံုးျပဳခြင့္ ကာလကို ယခု ပညာသင္ႏွစ္ၿပီးဆံုးသည္အထိ ခြင့္ျပဳေပးရန္ ေမွ်ာ္လင့္ေၾကာင္း ယာဥ္ပိုင္ရွင္အခ်ိဳ႕ကဆိုသည္။

ယခုေက်ာင္းဖြင့္ကာလအ တြင္းကားအသစ္မ်ားျဖင့္ အစား ထုိးရန္ႏွင့္ လက္ရွိကားမ်ားကို ေရာင္းထုတ္ရန္ အခက္အခဲရွိိ ေသာေၾကာင့္ အခ်ိန္ထပ္ေပးေစ လိုသည္ဟု ၎တို႔ကေျပာသည္။

‘‘ကြၽန္ေတာ္တို႔သိထားတာ ကေတာ့ ဒီတစ္ႏွစ္ေပါ့။ ဒီေက်ာင္း ဖြင့္ရာသီ ဆက္လုပ္ခြင့္ေပးထား ဦးမယ္လို႔သိထားတာ။ ၾသဂုတ္လ ေျပာင္းရမယ္ဆိုရင္ေတာ့ အဆင္ သင့္မျဖစ္ႏိုင္ဘူး။ ကားအခ်ိန္းအ ေျပာင္းနဲ႔တင္ ေက်ာင္းသားေတြ အခက္အခဲျဖစ္ႏိုင္တယ္’’ ဟု က မာရြတ္ၿမိဳ႕နယ္မွ ေက်ာင္းကား ပိုင္ရွင္ ဦးစိုးသန္းကေျပာသည္။

အစိုးရကဝယ္ယူထားသည့္ ေက်ာင္းကားမ်ားကို ေက်ာင္း ကား ပိုင္ရွင္မ်ားအား ဘဏ္ေခ်းေငြ မ်ားျဖင့္ အရစ္က်ေရာင္းခ်ေပး မည္ျဖစ္ၿပီး ေက်ာင္းသားမ်ားလံု ၿခံဳစိတ္ခ်ရမႈရွိေစေရး စီစဥ္ရ ျခင္းျဖစ္သည္ဟု ဝန္ႀကီးေဒၚနီ လာေက်ာ္က ေမလဆန္းကတိုင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္မ်ားႏွင့္ ေတြ႕ဆံုစဥ္ေျပာ ၾကားခဲ့သည္။

သို႔ေသာ္ အရစ္က်ဝယ္ယူ ခြင့္ ရရွိပါက ေက်ာင္းကားခႏႈန္း ထားကို တိုးျမႇင့္သတ္မွတ္မွသာ အဆင္ေျပႏိုင္မည္ျဖစ္၍ ေက်ာင္းသားမိဘမ်ား ကုန္က်မႈ ပိုမ်ားႏိုင္ ေၾကာင္း မဂၤလာဒံုၿမိဳ႕နယ္မွ လိုက္ထရပ္ယာဥ္ပိုင္ရွင္ ေဒၚမိုးမိုးကဆိုသည္။

‘‘မျဖစ္မေနကားခ်ိန္းရမယ္ ဆိုရင္ ကားခလည္းပိုယူမွ ကား ပိုင္ရွင္ေတြအတြက္ ကိုက္မွာ။ အ နည္းဆံုးေတာ့လက္ရွိေစ်းထက္ သံုးပံုတစ္ပံုေလာက္ ပိုယူရမယ္။ ဒါမွဘဏ္ျပန္သြင္းဖို႔နဲ႔ ကိုယ့္အ တြက္၊ ယာဥ္ေမာင္းအတြက္က်န္ မွာ’’ဟု ၎ကေျပာသည္။

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကလည္း ဇူလိုင္ ၂၇ရက္က က်င္းပေသာ ေက်ာင္းကားသစ္မ်ား  လႊဲေျပာင္းေပးအပ္ပြဲတြင္ ‘‘ေက်ာင္းသားေတြနဲ႔ သယ္ယူပို႔ေဆာင္ေပးတဲ့ေနရာမွာ ၿပီးစလြယ္ကားေတြနဲ႔ ေဆာင္ရြက္တာ မ်ိဳးဟာ ကြၽန္ေတာ္တုိ႔ရဲ႕ အနာဂတ္ကိုၿပီးစလြယ္ ထူေထာင္သလိုမ်ိဳး ျဖစ္ေနပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာသံုးေနတဲ့ ပစ္ကပ္ကား ေတြဆိုတာ အမွန္ေတာ့အမ်ား ျပည္သူ သယ္ယူပို႔ေဆာင္ေရးအ တြက္အသံုးျပဳရမယ့္ ကားမ်ား မ ဟုတ္ပါဘူး။ ဒါဟာ ကုန္တင္ဖုိ႔ ထုတ္လုပ္ထားတဲ့ကား မ်ားျဖစ္ပါ တယ္။ အခုကြၽန္ေတာ္တို႔ ေက်ာင္းသားသယ္ယူပို႔ ေဆာင္ေရးလုပ္ေနၾကတဲ့ကားေတြဟာ ပစၥည္း သယ္ရမယ့္ကားေတြနဲ႔ ကေလးေတြကို ေက်ာင္းပို႔၊ ေက်ာင္းႀကိဳ လုပ္ေနတဲ့ အေျခအေနမ်ိဳးျဖစ္ပါတယ္’’ဟု ေျပာသည္။

ရန္ကုန္ၿမိဳ႕ေပၚေက်ာင္းမ်ား သည္ လမ္းမႀကီးႏွင့္ ကပ္လ်က္ ေနရာမ်ားတြင္ တည္ရွိေနၿပီး ေက်ာင္းတက္၊ ေက်ာင္းဆင္းခ်ိန္ မ်ားတြင္ ယာဥ္ေၾကာက်ပ္တည္းမႈ  ျပႆနာ ရင္ဆိုင္ေနရေၾကာင္း၊ ေက်ာင္းႀကိဳပို႔ယာဥ္မ်ားကို  စနစ္တက် မထူေထာင္ႏိုင္ခဲ့ဘဲ ေက်ာင္းအုပ္ခ်ဳပ္သူမ်ား၊ ေက်ာင္း  သားမိဘမ်ားႏွင့္ ဆရာ၊ ဆရာမ မ်ားၾကားတြင္သာ နားလည္မႈပံုစံ တစ္ခုျဖင့္ ေဆာင္ရြက္ခဲ့၍ ေကာင္းမြန္သည့္ ဝန္ေဆာင္မႈေပးႏိုင္ေသာ ေက်ာင္းကားစနစ္တစ္ရပ္ကို ယခုပညာသင္ႏွစ္၌ စတင္ ေျပာင္းလဲမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာသည္။

ရန္ကုန္တိုင္း အတြင္း ေက်ာင္းကားေျပးဆြဲမႈ စနစ္ ေျပာင္းလဲရန္ ရန္ကုန္တိုင္းေဒသ ႀကီး အစိုးရအဖြဲ႕က ၂၀၁၇ ဧၿပီက ေက်ာင္းအုပ္ႀကီးမ်ားကို အစည္း အေဝးေခၚယူကာ လက္ရွိေျပးဆြဲ ေနသည့္ လုိက္ထရပ္ကားမ်ားကို လတ္တေလာ ေျပးဆြဲခြင့္ျပဳၿပီး ယခုႏွစ္အတြင္းေျပးဆြဲခြင့္ ရပ္ ဆိုင္းမည္ဟု ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ရန်ကုန်- ရန်ကုန်တိုင်းအတွင်း လိုက်ထရပ် နောက်ဖွင့်ကားအ မျိုးအစား ကျောင်းကားများပြေး ဆွဲနေမှုကို သြဂုတ်တွင် စတင်ရပ် ဆိုင်းရမည်ဟု ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အတွင်းရေးမှူး ဒေါက် တာမောင်အောင်က ဇူလိုင် ၂၇ ရက်၌ ပြောသည်။

‘‘ဆရာတို့ပြောထားတာ သုံး လတစ်ဖြတ်၊ သုံးလတစ်ဖြတ်သွား မယ်ပေါ့။ ကျောင်းဖွင့်တာ ဇွန်လ ဆိုတော့ ဇူလိုင်၊ သြဂုတ်ဆို သုံးလ ပြည့်ပြီ။ သြဂုတ်လောက်ဆို လိုက် ထရပ်တွေ စဖျက်ရမယ်။ ဒီဇင် ဘာဆိုနောက် တစ်ဖြတ်ပေါ့’’ ဟု ၎င်းကပြောသည်။

သြဂုတ်ကစ၍ လိုက်ထရပ် ကျောင်းကားများ ဖြတ်သိမ်းရ မည်ဆိုသော်လည်း ရက်အတိ အကျကို ဖြေကြားခြင်းမရှိဘဲ လာမည့်နှစ်တွင် ကျောင်းကားဥပဒေကို စတင်ပြဋ္ဌာန်းမည်ဖြစ်ရာဥပဒေ ပေါ်ပေါက်လာပါက နောက်ဖွင့်ကားများဖြင့် ကျောင်းကားပြေးဆွဲ မှုကို ဥပဒေဖြင့် ထိန်းချုပ်မည်ဟု ဆိုသည်။

‘‘နောက်နှစ်ကတော့ သေ ချာတယ်။ ဒီလိုက်ထရပ်တွေ မရှိ တော့ဘူး။ နိုင်ငံတော်ဘက်က လည်း ကျောင်းသားဥပဒေပေါ် ထွက်လာမှာဆိုတော့ ပြောချင် တာက နောင်ဆိုရင်တော့ လိုက် ထရပ်တို့၊ ဘာတို့လို နောက်ဖွင့် ကားတွေက ကျောင်းကားလုပ်လို့ မရတော့ဘူး။ ဥပဒေအရပေါ့။ ဘေးကင်းလုံခြုံမှုရှိတဲ့ ကျောင်း ကားစနစ်နဲ့ အစားထိုးမှာပါ’’ ဟု ဒေါက်တာမောင်အောင်က ပြော ကြားသည်။

သို့သော် လိုက်ထရပ်ကား များကို ကျောင်းကားအဖြစ် ယာ ယီအသုံးပြုခွင့် ကာလကို ယခု ပညာသင်နှစ်ပြီးဆုံးသည်အထိ ခွင့်ပြုပေးရန် မျှော်လင့်ကြောင်း ယာဉ်ပိုင်ရှင်အချို့ကဆိုသည်။

ယခုကျောင်းဖွင့်ကာလအ တွင်းကားအသစ်များဖြင့် အစား ထိုးရန်နှင့် လက်ရှိကားများကို ရောင်းထုတ်ရန် အခက်အခဲရှိ သောကြောင့် အချိန်ထပ်ပေးစေ လိုသည်ဟု ၎င်းတို့ကပြောသည်။

‘‘ကျွန်တော်တို့သိထားတာ ကတော့ ဒီတစ်နှစ်ပေါ့။ ဒီကျောင်း ဖွင့်ရာသီ ဆက်လုပ်ခွင့်ပေးထား ဦးမယ်လို့သိထားတာ။ သြဂုတ်လ ပြောင်းရမယ်ဆိုရင်တော့ အဆင် သင့်မဖြစ်နိုင်ဘူး။ ကားအချိန်းအ ပြောင်းနဲ့တင် ကျောင်းသားတွေ အခက်အခဲဖြစ်နိုင်တယ်’’ ဟု က မာရွတ်မြို့နယ်မှ ကျောင်းကား ပိုင်ရှင် ဦးစိုးသန်းကပြောသည်။

အစိုးရကဝယ်ယူထားသည့် ကျောင်းကားများကို ကျောင်း ကား ပိုင်ရှင်များအား ဘဏ်ချေးငွေ များဖြင့် အရစ်ကျရောင်းချပေး မည်ဖြစ်ပြီး ကျောင်းသားများလုံ ခြုံစိတ်ချရမှုရှိစေရေး စီစဉ်ရ ခြင်းဖြစ်သည်ဟု ဝန်ကြီးဒေါ်နီ လာကျော်က မေလဆန်းကတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ်ပြော ကြားခဲ့သည်။

သို့သော် အရစ်ကျဝယ်ယူ ခွင့် ရရှိပါက ကျောင်းကားခနှုန်း ထားကို တိုးမြှင့်သတ်မှတ်မှသာ အဆင်ပြေနိုင်မည်ဖြစ်၍ ကျောင်းသားမိဘများ ကုန်ကျမှု ပိုများနိုင် ကြောင်း မင်္ဂလာဒုံမြို့နယ်မှ လိုက်ထရပ်ယာဉ်ပိုင်ရှင် ဒေါ်မိုးမိုးကဆိုသည်။

‘‘မဖြစ်မနေကားချိန်းရမယ် ဆိုရင် ကားခလည်းပိုယူမှ ကား ပိုင်ရှင်တွေအတွက် ကိုက်မှာ။ အ နည်းဆုံးတော့လက်ရှိဈေးထက် သုံးပုံတစ်ပုံလောက် ပိုယူရမယ်။ ဒါမှဘဏ်ပြန်သွင်းဖို့နဲ့ ကိုယ့်အ တွက်၊ ယာဉ်မောင်းအတွက်ကျန် မှာ’’ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ဇူလိုင် ၂၇ရက်က ကျင်းပသော ကျောင်းကားသစ်များ  လွှဲပြောင်းပေးအပ်ပွဲတွင် ‘‘ကျောင်းသားတွေနဲ့ သယ်ယူပို့ဆောင်ပေးတဲ့နေရာမှာ ပြီးစလွယ်ကားတွေနဲ့ ဆောင်ရွက်တာ မျိုးဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကိုပြီးစလွယ် ထူထောင်သလိုမျိုး ဖြစ်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာသုံးနေတဲ့ ပစ်ကပ်ကား တွေဆိုတာ အမှန်တော့အများ ပြည်သူ သယ်ယူပို့ဆောင်ရေးအ တွက်အသုံးပြုရမယ့် ကားများ မ ဟုတ်ပါဘူး။ ဒါဟာ ကုန်တင်ဖို့ ထုတ်လုပ်ထားတဲ့ကား များဖြစ်ပါ တယ်။ အခုကျွန်တော်တို့ ကျောင်းသားသယ်ယူပို့ ဆောင်ရေးလုပ်နေကြတဲ့ကားတွေဟာ ပစ္စည်း သယ်ရမယ့်ကားတွေနဲ့ ကလေးတွေကို ကျောင်းပို့၊ ကျောင်းကြို လုပ်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်’’ဟု ပြောသည်။

ရန်ကုန်မြို့ပေါ်ကျောင်းများ သည် လမ်းမကြီးနှင့် ကပ်လျက် နေရာများတွင် တည်ရှိနေပြီး ကျောင်းတက်၊ ကျောင်းဆင်းချိန် များတွင် ယာဉ်ကြောကျပ်တည်းမှု  ပြဿနာ ရင်ဆိုင်နေရကြောင်း၊ ကျောင်းကြိုပို့ယာဉ်များကို  စနစ်တကျ မထူထောင်နိုင်ခဲ့ဘဲ ကျောင်းအုပ်ချုပ်သူများ၊ ကျောင်း  သားမိဘများနှင့် ဆရာ၊ ဆရာမ များကြားတွင်သာ နားလည်မှုပုံစံ တစ်ခုဖြင့် ဆောင်ရွက်ခဲ့၍ ကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်သော ကျောင်းကားစနစ်တစ်ရပ်ကို ယခုပညာသင်နှစ်၌ စတင် ပြောင်းလဲမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်တိုင်း အတွင်း ကျောင်းကားပြေးဆွဲမှု စနစ် ပြောင်းလဲရန် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ၂၀၁၇ ဧပြီက ကျောင်းအုပ်ကြီးများကို အစည်း အဝေးခေါ်ယူကာ လက်ရှိပြေးဆွဲ နေသည့် လိုက်ထရပ်ကားများကို လတ်တလော ပြေးဆွဲခွင့်ပြုပြီး ယခုနှစ်အတွင်းပြေးဆွဲခွင့် ရပ် ဆိုင်းမည်ဟု ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top