Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့သည့္ အာကာသခရီးသည္တင္ယာဥ္ကို အခင္းျဖစ္ပြားၿပီး ေတြ႕ရစဥ္ (ဓာတ္ပံု − ကိုတင္ဆင့္)
ရန္ကုန္-မႏၲေလးေျပး ဆြဲေနသည့္ အာကာသခရီးသည္ တင္ယာဥ္ ဝမ္းတြင္းၿမိဳ႕နယ္ ဒုိင္းေကာင္းကုန္းေက်းရြာ အနီးတြင္ တိမ္းေမွာက္၍ အမ်ိဳး သမီးတစ္ဦးေသဆံုးကာ ၂၈ ဦးဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

အာကာသခရီးသည္တင္ ယာဥ္သည္ ဇူလိုင္ ၂၉ ရက္ နံနက္ ၄ နာရီေက်ာ္တြင္ ရန္ကုန္မွ မႏၲ ေလးသို႔ ေမာင္းႏွင္လာစဥ္ တိမ္း ေမွာက္ခဲ့ၿပီး အသက္(၅၀)ေက်ာ္အရြယ္ အမ်ိဳးသမီးတစ္ဦး ေသဆံုး ခဲ့ေၾကာင္း ဝမ္းတြင္းပရဟိတကြန္ ရက္မွ ဦးတင္ဆင့္က ေျပာသည္။

‘‘ကားေမွာက္တဲ့ လမ္းက အရင္ကေတာ့ တစ္လမ္းေမာင္း ေပါ့ဗ်ာ။ အခုကေတာ့ လမ္းခ်ဲ႕ထားတာ အက်ယ္ႀကီးပဲ။ ကားကေတာ့ ဘီးေပါက္တာမေတြ႕ရဘူး။ ကားသမားအိပ္ငိုက္ၿပီး လမ္းေဘးဆြဲခ်လိုက္တယ္လို႔ ယူဆရတယ္။ ေသဆံုးတဲ့ အမ်ိဳးသမီးအေလာင္းကေတာ့ ဝမ္းတြင္းေဆး႐ံုမွာပါ’’ဟု ၎က ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား ၿပီးေနာက္ ယာဥ္ေမာင္းအမ်ိဳးသား ထြက္ေျပးသြားၿပီး အကူယာဥ္ေမာင္းႏွစ္ဦးကိုသာ ကားေပၚတြင္ ေတြ႕ရွိခဲ့ေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ကားသမားကေတာ့ ကား ေမွာက္တဲ့ေနရာကေန ထြက္ေျပး သြားတယ္။ က်န္တဲ့ႏွစ္ေယာက္ ကလည္း ကားႀကံဳလိုက္လာတယ္ ေျပာတယ္။ ခရီးသည္ေတြထဲမွာ စိုးရိမ္ရတဲ့ အမ်ိဳးသားတစ္ဦးကို ေတာ့ မႏၲေလးေဆး႐ံုကို ပို႔ေပး ထားပါတယ္’’ဟု ၎က ေျပာ ၾကားသည္။

ယာဥ္တုိက္မႈျဖစ္ပြားခဲ့သည့္ ကားေပၚတြင္ လိုက္ပါလာသည့္ သံဃာေတာ္ႏွစ္ပါး၊ အမ်ိဳးသား ၁၇ ဦးႏွင့္ အမ်ိဳးသမီးကိုးဦး ထိခိုက္ဒဏ္ရာရရွိၿပီး က်န္ရွိသည့္ လူနာမ်ားကို ေက်ာက္ဆည္ေဆး ႐ံု၌ တင္ပို႔ကုသထားေၾကာင္း ဦးတင္ဆင့္က ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား ခဲ့သျဖင့္ ရန္ကုန္-မႏၲေလး ေျပးဆြဲေနသည့္ အာကာသခရီးသည္တင္ ယာဥ္ေမာင္းကို လုိက္လံရွာေဖြ ေနၿပီး ယာဥ္မဆင္မျခင္ ေမာင္း ႏွင္မႈျဖင့္ အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် အာကာသခရီးသည်တင်ယာဉ်ကို အခင်းဖြစ်ပွားပြီး တွေ့ရစဉ် (ဓာတ်ပုံ − ကိုတင်ဆင့်)

ရန်ကုန်-မန္တလေးပြေး ဆွဲနေသည့် အာကာသခရီးသည် တင်ယာဉ် ဝမ်းတွင်းမြို့နယ် ဒိုင်းကောင်းကုန်းကျေးရွာ အနီးတွင် တိမ်းမှောက်၍ အမျိုး သမီးတစ်ဦးသေဆုံးကာ ၂၈ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အာကာသခရီးသည်တင် ယာဉ်သည် ဇူလိုင် ၂၉ ရက် နံနက် ၄ နာရီကျော်တွင် ရန်ကုန်မှ မန္တ လေးသို့ မောင်းနှင်လာစဉ် တိမ်း မှောက်ခဲ့ပြီး အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး ခဲ့ကြောင်း ဝမ်းတွင်းပရဟိတကွန် ရက်မှ ဦးတင်ဆင့်က ပြောသည်။

‘‘ကားမှောက်တဲ့ လမ်းက အရင်ကတော့ တစ်လမ်းမောင်း ပေါ့ဗျာ။ အခုကတော့ လမ်းချဲ့ထားတာ အကျယ်ကြီးပဲ။ ကားကတော့ ဘီးပေါက်တာမတွေ့ရဘူး။ ကားသမားအိပ်ငိုက်ပြီး လမ်းဘေးဆွဲချလိုက်တယ်လို့ ယူဆရတယ်။ သေဆုံးတဲ့ အမျိုးသမီးအလောင်းကတော့ ဝမ်းတွင်းဆေးရုံမှာပါ’’ဟု ၎င်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ပြီးနောက် ယာဉ်မောင်းအမျိုးသား ထွက်ပြေးသွားပြီး အကူယာဉ်မောင်းနှစ်ဦးကိုသာ ကားပေါ်တွင် တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကားသမားကတော့ ကား မှောက်တဲ့နေရာကနေ ထွက်ပြေး သွားတယ်။ ကျန်တဲ့နှစ်ယောက် ကလည်း ကားကြုံလိုက်လာတယ် ပြောတယ်။ ခရီးသည်တွေထဲမှာ စိုးရိမ်ရတဲ့ အမျိုးသားတစ်ဦးကို တော့ မန္တလေးဆေးရုံကို ပို့ပေး ထားပါတယ်’’ဟု ၎င်းက ပြော ကြားသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကားပေါ်တွင် လိုက်ပါလာသည့် သံဃာတော်နှစ်ပါး၊ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီးကိုးဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျန်ရှိသည့် လူနာများကို ကျောက်ဆည်ဆေး ရုံ၌ တင်ပို့ကုသထားကြောင်း ဦးတင်ဆင့်က ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ခဲ့သဖြင့် ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် အာကာသခရီးသည်တင် ယာဉ်မောင်းကို လိုက်လံရှာဖွေ နေပြီး ယာဉ်မဆင်မခြင် မောင်း နှင်မှုဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top