ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ျမန္မာႏုိင္ငံအတြင္း ၂၀၁၇ ဧၿပီ ၁ ရက္မွ ဇူလုိင္ ၁၆ ရက္အထိ မုိးႀကိဳးပစ္ခံရသျဖင့္ ေသဆုံးသူ ၇၄ ဦးႏွင့္ ဒဏ္ရာရသူ ၁၉ ဦးတို႔အား လူကယ္ျပန္၀န္ႀကီးဌာနက က႐ုဏာေၾကးအျဖစ္က်ပ္သိန္းႏွစ္ရာေက်ာ္ကို ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိ သည္။

‘‘မုိးႀကိဳးပစ္ခံရမႈေၾကာင့္ေသ ဆုံးသူတစ္ဦးကုိ သုံးသိန္းေပးပါ တယ္။ ဒဏ္ရာရတဲ့သူေတြကုိ ေတာ့ တစ္ေယာက္ကုိ ငါးေသာင္း ေထာက္ပံ့ေပးပါတယ္။ ဒီႏွစ္ မုိး ႀကိဳးပစ္ခံရလုိ႔ေသတဲ့သူစာရင္း က အရင္ႏွစ္ကထက္ပိုမ်ားတယ္’’ ဟု လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရး ႏွင့္ျပန္လည္ေနရာခ်ထားေရး ၀န္ ႀကီးဌာန တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

မုိးႀကိဳးပစ္မႈေၾကာင့္ ေသဆုံးမႈမ်ားတြင္ လယ္ကြင္းမ်ား၊ အင္း၊ အုိင္၊ ေခ်ာင္း၊ ေျမာင္းမ်ားႏွင့္ကြင္းျပင္မ်ား၌ အလုပ္လုပ္ကုိင္ေနသည့္ ေက်းလက္ေနျပည္သူအမ်ားဆုံးျဖစ္ၿပီး ဆုိလာဘက္ထရီအသုံးျပဳျခင္းႏွင့္ ဖုန္းအသုံးျပဳျခင္းေၾကာင့္ မုိးႀကိဳးစက္ကြင္းမိကာ မုိးႀကိဳးပစ္ခံရျခင္းမ်ား ျဖစ္ပြားေန ေၾကာင္း တာ၀န္ရွိသူက  ဆုိ သည္။

မုိးႀကိဳးပစ္ခံရမႈေၾကာင့္ ေသ ဆုံးဒဏ္ရာရသူူအမ်ားဆုံးသည္ ဧရာ၀တီတုိင္းေဒသႀကီးမွ ျဖစ္ၿပီး ေသဆုံးသူအမ်ိဳးသား ၁၄ ဦး၊ အမ်ိဳးသမီး ေလးဦးႏွင့္ လွ်ပ္စစ္ စက္ကြင္းမိ၍ ဒဏ္ရာရရွိသူအမ်ိဳး သားေျခာက္ဦး၊ အမ်ိဳးသမီးတစ္ဦး ရွိသည္။

ဧရာ၀တီတုိင္းေဒသႀကီးရွိ ငပုေတာ၊ လပြတၱာ၊ ကန္ႀကီး ေထာင့္၊ ျမန္ေအာင္၊ ဖ်ာပုံ၊ ပန္း တေနာ္၊ ၀ါးခယ္မ၊ ဓႏုျဖဴ၊ အိမ္မဲ၊ ဘုိကေလးႏွင့္ ႀကံခင္းၿမိဳ႕နယ္မ်ား တြင္ မုိးႀကိဳးပစ္ခံရမႈႏွင့္ လွ်ပ္စစ္စက္ကြင္းေၾကာင့္ ေသဆုံးမႈ၊ ဒဏ္ရာရရွိမႈမ်ား ျဖစ္ပြားခဲ့ ေၾကာင္း သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

အလားတူ ပဲခူးတုိင္းေဒသ ႀကီး၌ မုိးႀကိဳးပစ္ခံရမႈေၾကာင့္ အမ်ိဳးသား ၁၀ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးကာ အမ်ိဳးသားတစ္ဦးဒဏ္ရာရရွိၿပီး ေက်ာက္တံခါး၊ ေက်ာက္ ႀကီး၊ အုတ္တြင္း၊မင္းလွ၊ ပဲခူး၊ က၀၊ ေ၀ါ၊ဒုိက္ဦးႏွင့္ သနပ္ပင္ၿမိဳ႕နယ္မ်ားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

မုိးႀကိဳးပစ္ခံရမႈေၾကာင့္ မ ေကြးတိုင္းႏွင့္ တနသၤာရီတုိင္းတို႔ တြင္ ေသဆုံးခုနစ္ဦး၊ ရန္ကုန္၊ မႏၲေလးတုိင္းႏွင့္ ရွမ္းျပည္နယ္ တြင္ ေျခာက္ဦး၊ ရခုိင္ျပည္နယ္ တြင္ ေလးဦးေသဆုံးခဲ့သည္္။ ယ ခင္ႏွစ္မုိးဦးကာလအတြင္း ေသဆုံးသူ ၅၉ ဦးသာရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
  မြန်မာနိုင်ငံအတွင်း ၂၀၁၇ ဧပြီ ၁ ရက်မှ ဇူလိုင် ၁၆ ရက်အထိ မိုးကြိုးပစ်ခံရသဖြင့် သေဆုံးသူ ၇၄ ဦးနှင့် ဒဏ်ရာရသူ ၁၉ ဦးတို့အား လူကယ်ပြန်ဝန်ကြီးဌာနက ကရုဏာကြေးအဖြစ်ကျပ်သိန်းနှစ်ရာကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

‘‘မိုးကြိုးပစ်ခံရမှုကြောင့်သေ ဆုံးသူတစ်ဦးကို သုံးသိန်းပေးပါ တယ်။ ဒဏ်ရာရတဲ့သူတွေကို တော့ တစ်ယောက်ကို ငါးသောင်း ထောက်ပံ့ပေးပါတယ်။ ဒီနှစ် မိုး ကြိုးပစ်ခံရလို့သေတဲ့သူစာရင်း က အရင်နှစ်ကထက်ပိုများတယ်’’ ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန် ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုများတွင် လယ်ကွင်းများ၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်းများနှင့်ကွင်းပြင်များ၌ အလုပ်လုပ်ကိုင်နေသည့် ကျေးလက်နေပြည်သူအများဆုံးဖြစ်ပြီး ဆိုလာဘက်ထရီအသုံးပြုခြင်းနှင့် ဖုန်းအသုံးပြုခြင်းကြောင့် မိုးကြိုးစက်ကွင်းမိကာ မိုးကြိုးပစ်ခံရခြင်းများ ဖြစ်ပွားနေ ကြောင်း တာဝန်ရှိသူက  ဆို သည်။

မိုးကြိုးပစ်ခံရမှုကြောင့် သေ ဆုံးဒဏ်ရာရသူူအများဆုံးသည် ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်ပြီး သေဆုံးသူအမျိုးသား ၁၄ ဦး၊ အမျိုးသမီး လေးဦးနှင့် လျှပ်စစ် စက်ကွင်းမိ၍ ဒဏ်ရာရရှိသူအမျိုး သားခြောက်ဦး၊ အမျိုးသမီးတစ်ဦး ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ငပုတော၊ လပွတ္တာ၊ ကန်ကြီး ထောင့်၊ မြန်အောင်၊ ဖျာပုံ၊ ပန်း တနော်၊ ဝါးခယ်မ၊ ဓနုဖြူ၊ အိမ်မဲ၊ ဘိုကလေးနှင့် ကြံခင်းမြို့နယ်များ တွင် မိုးကြိုးပစ်ခံရမှုနှင့် လျှပ်စစ်စက်ကွင်းကြောင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ ပဲခူးတိုင်းဒေသ ကြီး၌ မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသား ၁၀ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရရှိပြီး ကျောက်တံခါး၊ ကျောက် ကြီး၊ အုတ်တွင်း၊မင်းလှ၊ ပဲခူး၊ ကဝ၊ ဝေါ၊ဒိုက်ဦးနှင့် သနပ်ပင်မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မိုးကြိုးပစ်ခံရမှုကြောင့် မ ကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့ တွင် သေဆုံးခုနစ်ဦး၊ ရန်ကုန်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် တွင် ခြောက်ဦး၊ ရခိုင်ပြည်နယ် တွင် လေးဦးသေဆုံးခဲ့သည်။ ယ ခင်နှစ်မိုးဦးကာလအတွင်း သေဆုံးသူ ၅၉ ဦးသာရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top