ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

႐ုိးရာနတ္ကနားပြဲတစ္ခုကို ေတြ႕ရစဥ္ (ဓာတ္ပံု − AFP)
မႏၲေလးတိုင္းတြင္ ႏွစ္ စဥ္မပ်က္ က်င္းပသည့္ ေတာင္ ၿပံဳးပဲြေတာ္၌ ရာသီတုပ္ေကြး (Seasonal Influenza A (H1N1) Pdm 2009) ျဖစ္ပြားေၾကာင္း စစ္ေဆးေတြ႕ရွိပါက ပဲြေတာ္ကို ပိတ္သိမ္းရန္ တုိင္းေဒသႀကီးအစိုး ရအဖဲြ႕က ၫႊန္ၾကားထားေၾကာင္း သတင္းရရွိသည္။

ေတာင္ၿပံဳးပဲြေတာ္တြင္ ရာ သီတုပ္ေကြး (H1N1) ေရာဂါ ကာ ကြယ္ျခင္းအတြက္ မႏၲေလးတိုင္း ေဒသႀကီးအစိုးရအဖဲြ႕၀င္မ်ား၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္ စားလွယ္မ်ား၊ ျပည္သူ႔က်န္းမာ ေရးဦးစီးဌာန၊ အေထြေထြအုပ္ ခ်ဳပ္ေရးမွဴးမ်ား၊ ေတာင္ၿပံဳးဆု ေတာင္းျပည့္ ဘုရားေဂါပကအဖဲြ႕ ႏွင့္ နန္းႀကီးမိသားစုမ်ား ေတြ႕ဆံု ကာ ဇူလိုင္ ၂၈ ရက္က အေရး ေပၚ က်န္းမာေရးဆိုင္ရာ စီမံခန္႔ခဲြ ႏိုင္ေရးအစည္းအေ၀းကုိ က်င္းပ ခဲ့သည္။

‘‘ေရာဂါပိုးေတြ႕ရွိတယ္လုိ႔ သံသယရွိတဲ့လူနာေတြ႕တယ္ဆို ရင္ ပဲြေတာ္ကို ရပ္ဆုိင္းဖို႔ ၫႊန္ ၾကားထားပါတယ္’’ဟု အဆိုပါအ စည္းအေ၀းသို႔ တက္ေရာက္ခဲ့ သည့္ ေတာင္ၿပံဳးပဲြေတာ္က်င္းပ ေရးေကာ္မတီ ဥကၠ႒ ဦးခင္ေမာင္ ေဆြက ေျပာသည္။

ေရာဂါျဖစ္ပြားသည့္ သံ သယရွိလူနာမ်ားကို ေတြ႕ရွိပါက အေရးေပၚ VIP လမ္းေၾကာင္းျဖင့္ လူနာတင္ယာဥ္ အျမန္ထြက္ခြာ ႏုိင္ရန္ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အေထြ ေထြအုပ္ခ်ဳပ္ေရမွဴးမ်ားကို စီစဥ္ ေဆာင္ရြက္ရန္ ၫႊန္ၾကားထား ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖဲြ႕ တုိင္းရင္းသားေရး ရာ၀န္ႀကီး ဦးစိုင္းေက်ာ္ေဇာက ေျပာသည္။

ရာသီတုပ္ေကြး (H1N1) ေရာဂါကာကြယ္ျခင္းလုပ္ငန္းမ်ား အျဖစ္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖဲြ႕အေနျဖင့္ လူစုလူ ေ၀းျဖစ္ႏုိင္သည့္ ဇာတ္ပဲြမ်ားႏွင့္ ႐ုပ္ရွင္ျပသျခင္းမ်ားကုိ ေဒသႏၲရ အမိန္႔ထုတ္ျပန္ကာ ပိတ္ပင္ျခင္း၊ ပဲြေတာ္သို႔ လာေရာက္သူမ်ားအ တြက္ ႏွာေခါင္းစည္း (Mask) မ်ား အခမဲ့ေ၀ငွျခင္း၊ အသံုးျပဳၿပီး ေသာ Mask မ်ားကို စနစ္တက် စြန္႔ပစ္ႏုိင္ရန္ အမိႈက္ပံုးမ်ားထား ရွိေပးျခင္း၊ က်န္းမာေရး ေဆးေပး ခန္းမ်ားထားရွိျခင္းႏွင့္ ပညာေပး လက္ကမ္းစာေစာင္မ်ား ေ၀ငွ ျခင္းမ်ား ျပဳလုပ္မည္ျဖစ္သည္။

ရာသီတုပ္ေကြးေရာဂါကာ ကြယ္သည့္အေနျဖင့္ လာမည့္ ေတာင္ၿပံဳးပဲြတြင္ ဇာတ္ပဲြႏွင့္ ႐ုပ္ ရွင္ျပသျခင္းကို တိုင္းအစိုးရက ပိတ္ပင္မည္ဟု ေျပာၾကားထား သည္။

ေတာင္ၿပံဳးပဲြေတာ္ကို မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ မတၱရာၿမိဳ႕နယ္ ေတာင္ၿပံဳးႀကီးေက်းရြာတြင္ ဇူလိုင္ ၃၁ မွ ၇ ရက္အထိ က်င္းပမည္ျဖစ္သည္။

မႏၲေလးၿမိဳ႕တြင္ လက္ရွိအ ခ်ိန္ထိ ရာသီတုပ္ေကြး (H1N1) ေရာဂါပိုးေတြ႕ရွိသည့္ လူနာမရွိ ေသးေသာ္လည္း ဇူလိုင္ ၂၉ ရက္က စတင္ကာ ႀကိဳတင္ကာ ကြယ္ျခင္းအျဖစ္ ၿမိဳ႕တြင္းရွိ လူ စည္ကားရာေစ်းမ်ား၌ ၿမိဳ႕ခံပရဟိတအဖဲြ႕မ်ားက ႏွာေခါင္းစည္း (Mask)မ်ား၊ ပညာေပးလက္ကမ္းစာေစာင္မ်ား ေ၀ငွျခင္းျပဳလုပ္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ရိုးရာနတ်ကနားပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − AFP)

မန္တလေးတိုင်းတွင် နှစ် စဉ်မပျက် ကျင်းပသည့် တောင် ပြုံးပွဲတော်၌ ရာသီတုပ်ကွေး (Seasonal Influenza A (H1N1) Pdm 2009) ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိပါက ပွဲတော်ကို ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုး ရအဖွဲ့က ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

တောင်ပြုံးပွဲတော်တွင် ရာ သီတုပ်ကွေး (H1N1) ရောဂါ ကာ ကွယ်ခြင်းအတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ အထွေထွေအုပ် ချုပ်ရေးမှူးများ၊ တောင်ပြုံးဆု တောင်းပြည့် ဘုရားဂေါပကအဖွဲ့ နှင့် နန်းကြီးမိသားစုများ တွေ့ဆုံ ကာ ဇူလိုင် ၂၈ ရက်က အရေး ပေါ် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲ နိုင်ရေးအစည်းအဝေးကို ကျင်းပ ခဲ့သည်။

‘‘ရောဂါပိုးတွေ့ရှိတယ်လို့ သံသယရှိတဲ့လူနာတွေ့တယ်ဆို ရင် ပွဲတော်ကို ရပ်ဆိုင်းဖို့ ညွှန် ကြားထားပါတယ်’’ဟု အဆိုပါအ စည်းအဝေးသို့ တက်ရောက်ခဲ့ သည့် တောင်ပြုံးပွဲတော်ကျင်းပ ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ပြောသည်။

ရောဂါဖြစ်ပွားသည့် သံ သယရှိလူနာများကို တွေ့ရှိပါက အရေးပေါ် VIP လမ်းကြောင်းဖြင့် လူနာတင်ယာဉ် အမြန်ထွက်ခွာ နိုင်ရန် ခရိုင်နှင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေမှူးများကို စီစဉ် ဆောင်ရွက်ရန် ညွှန်ကြားထား ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။

ရာသီတုပ်ကွေး (H1N1) ရောဂါကာကွယ်ခြင်းလုပ်ငန်းများ အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လူစုလူ ဝေးဖြစ်နိုင်သည့် ဇာတ်ပွဲများနှင့် ရုပ်ရှင်ပြသခြင်းများကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ပိတ်ပင်ခြင်း၊ ပွဲတော်သို့ လာရောက်သူများအ တွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဝေငှခြင်း၊ အသုံးပြုပြီး သော Mask များကို စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထား ရှိပေးခြင်း၊ ကျန်းမာရေး ဆေးပေး ခန်းများထားရှိခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဝေငှ ခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ရာသီတုပ်ကွေးရောဂါကာ ကွယ်သည့်အနေဖြင့် လာမည့် တောင်ပြုံးပွဲတွင် ဇာတ်ပွဲနှင့် ရုပ် ရှင်ပြသခြင်းကို တိုင်းအစိုးရက ပိတ်ပင်မည်ဟု ပြောကြားထား သည်။

တောင်ပြုံးပွဲတော်ကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ပြုံးကြီးကျေးရွာတွင် ဇူလိုင် ၃၁ မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မန္တလေးမြို့တွင် လက်ရှိအ ချိန်ထိ ရာသီတုပ်ကွေး (H1N1) ရောဂါပိုးတွေ့ရှိသည့် လူနာမရှိ သေးသော်လည်း ဇူလိုင် ၂၉ ရက်က စတင်ကာ ကြိုတင်ကာ ကွယ်ခြင်းအဖြစ် မြို့တွင်းရှိ လူ စည်ကားရာဈေးများ၌ မြို့ခံပရဟိတအဖွဲ့များက နှာခေါင်းစည်း (Mask)များ၊ ပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းပြုလုပ်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top