Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္(၁၁)ႏွစ္အရြယ္ မ်က္မျမင္ကေလးမေလးတစ္ဦးကို အဓၶမက်ဴးလြန္မွုျဖင့္ အသက္(၅၇)ႏွစ္ အမ်ိဳးသားတစ္ဦးကို ရဲမ်ားက ဖမ္းဆီးခဲ့သည္။

အဆိုပါအမ်ိဳးသားသည္ ကေလးမေလး၏ အဖိုးႏွင့္ မိတ္ေဆြျဖစ္ၿပီး မိသားစုႏွင့္လည္း ရင္းႏွီကာ အိမ္တြင္ ဝင္ထြက္သြားလာေနသူတစ္ဦးလည္းျဖစ္သည္။ အသက္ ၅၇ ႏွစ္အရြယ္ Romeo Tadero ဆိုသူက ကေလးမေလး၏ အဖိုးျဖစ္သူႏွင့္ သူတို႔အိမ္တြင္ အရက္အတူတူ ေသာက္ခဲ့ၾကသည္။

အဖိုးျဖစ္သူ၏ ထြက္ဆိုခ်က္အရ အရက္ႏွစ္ခြက္ ေသာက္ၿပီးေနာက္ သူလုံးဝအိပ္ေမာက်သြားခဲ့သျဖင့္ Tadero က သူံအရက္ခြက္ထဲသို႔ ေဆးခပ္ခဲ့တာျဖစ္နိုင္ေၾကာင္း ေျပာဆိုခဲ့သည္။

အခင္းျဖစ္ပြားခ်ိန္တြင္ အိမ္တစ္အိမ္လုံး၌ မ်က္မျမင္ကေလးမေလး၊ အဖိုးျဖစ္သူႏွင့္ က်ဴးလြန္သူတို႔ သုံးဦးသာ အိမ္တြင္ရွိေနၿပီး ကေလးမေလး၏ မိဘမ်ားက အျခားၿမိဳ႕တြင္ အလုပ္လုပ္ေနခ်ိန္ျဖစ္သည္။

အသက္ ၁၁ ႏွစ္အရြယ္ မ်က္မျမင္ကေလးမေလးကို Tadero က အဓၶမက်ဴးလြန္ၿပီးေနာက္ ျပန္တိုင္ရင္ သတ္ပစ္မယ္ဟု ၿခိမ္းေျခာက္ခဲ့သည္။ ယခုကဲ့သို႔ေသာ ျဖစ္စဥ္ကို Tadero အေနနဲ႔ ႀကိဳတင္ႀကံစည္ခဲ့ေၾကာင္း အာဏာပိုင္မ်ားက ယုံၾကည္ၾကသည္။
မ်က္မျမင္မိန္းကေလးကို အဓၶမျပဳက်င့္မွုႏွင့္ အမွုရင္ဆိုင္ရန္ ႐ုံးထုတ္လာေသာ Tadero ကို မိန္းကေလး၏ ေဆြမ်ိဳးသားခ်င္းမ်ားက ဝိုင္းဝန္းပါးရိုက္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay.com

#Unicode Version#
အသက်(၁၁)နှစ်အရွယ် မျက်မမြင်ကလေးမလေးတစ်ဦးကို အဓ္ဓမကျူးလွန်မှုဖြင့် အသက်(၅၇)နှစ် အမျိုးသားတစ်ဦးကို ရဲများက ဖမ်းဆီးခဲ့သည်။

အဆိုပါအမျိုးသားသည် ကလေးမလေး၏ အဖိုးနှင့် မိတ်ဆွေဖြစ်ပြီး မိသားစုနှင့်လည်း ရင်းနှီကာ အိမ်တွင် ဝင်ထွက်သွားလာနေသူတစ်ဦးလည်းဖြစ်သည်။ အသက် ၅၇ နှစ်အရွယ် Romeo Tadero ဆိုသူက ကလေးမလေး၏ အဖိုးဖြစ်သူနှင့် သူတို့အိမ်တွင် အရက်အတူတူ သောက်ခဲ့ကြသည်။

အဖိုးဖြစ်သူ၏ ထွက်ဆိုချက်အရ အရက်နှစ်ခွက် သောက်ပြီးနောက် သူလုံးဝအိပ်မောကျသွားခဲ့သဖြင့် Tadero က သူံအရက်ခွက်ထဲသို့ ဆေးခပ်ခဲ့တာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် အိမ်တစ်အိမ်လုံး၌ မျက်မမြင်ကလေးမလေး၊ အဖိုးဖြစ်သူနှင့် ကျူးလွန်သူတို့ သုံးဦးသာ အိမ်တွင်ရှိနေပြီး ကလေးမလေး၏ မိဘများက အခြားမြို့တွင် အလုပ်လုပ်နေချိန်ဖြစ်သည်။

အသက် ၁၁ နှစ်အရွယ် မျက်မမြင်ကလေးမလေးကို Tadero က အဓ္ဓမကျူးလွန်ပြီးနောက် ပြန်တိုင်ရင် သတ်ပစ်မယ်ဟု ခြိမ်းခြောက်ခဲ့သည်။ ယခုကဲ့သို့သော ဖြစ်စဉ်ကို Tadero အနေနဲ့ ကြိုတင်ကြံစည်ခဲ့ကြောင်း အာဏာပိုင်များက ယုံကြည်ကြသည်။
မျက်မမြင်မိန်းကလေးကို အဓ္ဓမပြုကျင့်မှုနှင့် အမှုရင်ဆိုင်ရန် ရုံးထုတ်လာသော Tadero ကို မိန်းကလေး၏ ဆွေမျိုးသားချင်းများက ဝိုင်းဝန်းပါးရိုက်ကြတာကို ဗီဒီယိုမှာ တွေ့မြင်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top