ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

႐ုပ္ရွင္သ႐ုပ္ေဆာင္ပက္ထရစ္ရွာ၏ ခ်စ္သူမွာ လူမ်ဳိးျခားျဖစ္ျခင္းေၾကာင့္ အြန္လုိင္းစာမ်က္ႏွာ၌ ေ၀ဖန္ေျပာဆုိပုတ္ခတ္မႈမ်ားရွိေနသျဖင့္ မိသားစုအတြင္းေရးျပႆနာမ်ား ေပၚေပါက္လာခဲ့ၿပီး လုပ္ငန္းမ်ားလုပ္ေဆာင္ရာ၌ အခက္အခဲရွိခဲ့ေၾကာင္း ပက္ထရစ္ရွာက ေျပာသည္။

“ဒီလုိမ်ိဳး ဘာသာျခား၊ လူမ်ိဳးျခားကုိ တြဲတဲ့သူလည္း ရွိပါတယ္။ တရား၀င္တြဲမျပတာဘဲရွိတာပါ။ ျမန္မာျပည္ကပရိသတ္က ကုိယ့္မ်က္ႏွာျမင္ရင္ မလုပ္ရက္ဘူး။ ထုိင္းမွာက ဘယ္လုိ႐ုိက္လုိက္လဲမသိဘူး။ ဖြတဲ့သူကလည္း ဖြၾကတယ္။ သူတုိ႔ေျပာတာေတြကုိလည္း အျပစ္မေျပာပါဘူး။  ဒီလုိေတြျဖစ္လာေတာ့ ကုိယ့္အတြက္က အိမ္ကအေဖက စည္းကမ္းႀကီးေတာ့ ဘယ္သြားသြားရည္းစားနဲ႔သြားေတြ႕တယ္ပဲ ထင္ေနတယ္။ အေဖကေရွးဆန္ေတာ့ ဘယ္သြားသြား လုပ္ကုိင္ရတာ အခက္အခဲျဖစ္သြားတယ္။ ရည္းစားလည္း တစ္ခါမွမထားဘူးပါဘူး။ ထားတဲ့သူဆုိလည္း ညီမအေပၚ တကယ္ေကာင္းလုိ႔ထားတာပါ”ဟု ၄င္းကေျပာသည္။

ပက္ထရစ္ရွာ၏ခ်စ္သူသည္ ဥေရာပႏြယ္ဖြား ခရစ္ယာန္ဘာသာ၀င္ျဖစ္ၿပီး သူမထက္ အသက္အရြယ္အားျဖင့္ ၆ ႏွစ္ ကြာဟမႈရွိေၾကာင္းသိရကာ အသက္အရြယ္ငယ္ေသးသျဖင့္ အိမ္ေထာင္ျပဳရန္ မစဥ္းစားေသးေၾကာင္း သိရသည္။

လတ္တေလာတြင္ သ႐ုပ္ေဆာင္ပက္ထရစ္ရွာသည္ ဇာတ္ကား႐ုိက္ကူးမႈနည္းပါးလ်က္ရွိၿပီး ဂ်ာနယ္၊ မဂၢဇင္းကာဗာမ်ားအတြက္ ဓာတ္ပုံ႐ုိက္ကူးမႈမ်ားျပဳလုပ္ေနသည့္အျပင္ ႐ုပ္ရွင္ဇာတ္ကားမ်ားႏွင့္ ေၾကာ္ျငာမ်ားကုိ ဆက္လက္႐ုိက္ကူးရန္ စီစဥ္ထားေၾကာင္းသိရသည္။

 ဇင္မင္း




ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tomorrow News Journal


#Unicode Version#
ရုပ်ရှင်သရုပ်ဆောင်ပက်ထရစ်ရှာ၏ ချစ်သူမှာ လူမျိုးခြားဖြစ်ခြင်းကြောင့် အွန်လိုင်းစာမျက်နှာ၌ ဝေဖန်ပြောဆိုပုတ်ခတ်မှုများရှိနေသဖြင့် မိသားစုအတွင်းရေးပြဿနာများ ပေါ်ပေါက်လာခဲ့ပြီး လုပ်ငန်းများလုပ်ဆောင်ရာ၌ အခက်အခဲရှိခဲ့ကြောင်း ပက်ထရစ်ရှာက ပြောသည်။

“ဒီလိုမျိုး ဘာသာခြား၊ လူမျိုးခြားကို တွဲတဲ့သူလည်း ရှိပါတယ်။ တရားဝင်တွဲမပြတာဘဲရှိတာပါ။ မြန်မာပြည်ကပရိသတ်က ကိုယ့်မျက်နှာမြင်ရင် မလုပ်ရက်ဘူး။ ထိုင်းမှာက ဘယ်လိုရိုက်လိုက်လဲမသိဘူး။ ဖွတဲ့သူကလည်း ဖွကြတယ်။ သူတို့ပြောတာတွေကိုလည်း အပြစ်မပြောပါဘူး။  ဒီလိုတွေဖြစ်လာတော့ ကိုယ့်အတွက်က အိမ်ကအဖေက စည်းကမ်းကြီးတော့ ဘယ်သွားသွားရည်းစားနဲ့သွားတွေ့တယ်ပဲ ထင်နေတယ်။ အဖေကရှေးဆန်တော့ ဘယ်သွားသွား လုပ်ကိုင်ရတာ အခက်အခဲဖြစ်သွားတယ်။ ရည်းစားလည်း တစ်ခါမှမထားဘူးပါဘူး။ ထားတဲ့သူဆိုလည်း ညီမအပေါ် တကယ်ကောင်းလို့ထားတာပါ”ဟု ၎င်းကပြောသည်။

ပက်ထရစ်ရှာ၏ချစ်သူသည် ဥရောပနွယ်ဖွား ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး သူမထက် အသက်အရွယ်အားဖြင့် ၆ နှစ် ကွာဟမှုရှိကြောင်းသိရကာ အသက်အရွယ်ငယ်သေးသဖြင့် အိမ်ထောင်ပြုရန် မစဉ်းစားသေးကြောင်း သိရသည်။

လတ်တလောတွင် သရုပ်ဆောင်ပက်ထရစ်ရှာသည် ဇာတ်ကားရိုက်ကူးမှုနည်းပါးလျက်ရှိပြီး ဂျာနယ်၊ မဂ္ဂဇင်းကာဗာများအတွက် ဓာတ်ပုံရိုက်ကူးမှုများပြုလုပ်နေသည့်အပြင် ရုပ်ရှင်ဇာတ်ကားများနှင့် ကြော်ငြာများကို ဆက်လက်ရိုက်ကူးရန် စီစဉ်ထားကြောင်းသိရသည်။

 ဇင်မင်း


ဖိုးသူတော် (www.phothutaw.com)
Credit: Tomorrow News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top