လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×

Hrdurb2zfkszsvoa3cgh
Znmgohix3owlgerzv6xz
Nmk1t5l13tur1ut1vzkf
Image result for Battleship Island
Ref : allkpop

#Unicode Version#

ကိုရီးယား သမိုင်းကြောင်းနောက်ခံ အက်ရှင်ရုပ်ရှင်ဇာတ်ကား Battleship Island ဟာ ပထမဦးဆုံးရုံတင်ပြသရက်မှာပဲ box office မှာ စံချိန်တင် ကြည့်ရှုသူများပြားခဲ့ပါတယ်။ Battleship Island ရုပ်ရှင်ဟာ ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေး သမိုင်းမှာ ကြည့်ရှုသူအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီး Box Office မှာ နံပါတ်တစ်နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဟာ ကြည့်ရှုသူ ၉ သိန်း ၇ သောင်းရှိခဲ့ပြီး ရုံတင်တဲ့ရက်မှာပဲ ကြည့်ရှုသူ ၁ သန်းနီးပါးရှိခဲ့တဲ့ ပထမဦးဆုံး ရုပ်ရှင်တစ်ခုလဲဖြစ်ပါတယ်။

Battleship Island ရုပ်ရှင်ဟာ ဂျပန်နိုင်ငံ ဟာရှီမာကျွန်းမှာရှိတဲ့ အလုပ်သမားစခန်းတစ်ခုမှာ ကျွန်တွေလိုစေခိုင်းခံခဲ့ရတဲ့ အလုပ်သမားတွေအကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဟာ ဆောင်းဂျွန်ကီ၊ ဆိုဂျီဆပ်နဲ့ လီဂျောင်ဟွန်းစတဲ့ နာမည်ကျော်မင်းသားသုံးလက် ပါဝင်ရိုက်ကူးထားတာကြောင့်လဲ နာမည်ကြီးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်စုငြိမ်း (မိုမိုလေး)
Ref : allkpop
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top