ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

Amazon.com ဝက္ဘ္ဆုိက္တည္ေထာင္သူ ဂ်က္ဖ္ဘီေဇာ့စ္က Microsoft ကုမၸဏီတည္ေထာင္သူ ဘီလ္ဂိတ္စ္ကုိ ေက်ာ္လြန္ကာ ကမာၻ႕အခ်မ္းသာဆုံး ပုဂၢဳိလ္ျဖစ္လာေၾကာင္း သိရပါတယ္။ ဘီေဇာ့စ္က ခ်မ္းသာၾကြယ္ဝမႈ အေမရိကန္ေဒၚလာ ၉၀.၆ ဘီလ်ံျဖင့္ ကမာၻ႕အခ်မ္းသာဆုံးပုဂၢဳိလ္ ျဖစ္လာခဲ့ပါတယ္။

အြန္လုိင္းေ႐ွာ့ပင္းဝက္ဘ္ဆုိက္ Amazon ရဲ႕ ႐ွယ္ယာေစ်းႏႈန္းမ်ား သိသာစြာ ျမင့္တက္လာျခင္းနဲ႕အတူ ဘီေဇာ့စ္ရဲ႕ ခ်မ္းသာၾကြယ္မႈဟာ အခ်ိန္ကာလအတန္ၾကာ ကမာၻ႕အခ်မ္းသာဆုံးပုဂၢဳိလ္ေနရာမွာ ရပ္တည္ေနခဲ့တဲ့ ဘီလ္ဂိတ္စ္ရဲ႕ ခ်မ္းသာၾကြယ္ဝမႈကုိ အေမရိကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္လြန္သြားခဲ့ေၾကာင္း Forbes မဂၢဇင္းက ဆုိပါတယ္။
Image result for jeff bezos with wife
Forbes မဂၢဇင္းရဲ႕ အဆုိအရ ဘီေဇာ့စ္ဟာ ကမာၻ႕အခ်မ္းသာဆုံးပုဂၢဳိလ္ ျဖစ္လာခဲ့ေပမဲ့ Amazon ရဲ႕ ေစ်းကြက္႐ွယ္ယာေစ်းႏႈန္း ျပန္က်သြားခဲ့ပါက ဘီလ္ဂိတ္စ္ကပင္ ကမာၻ႕အခ်မ္းသာဆုံးေနရာကုိ ျပန္လည္ရယူသြားႏုိင္မယ္လို႕လည္း သိရပါတယ္။ Microsoft တည္ေထာင္သူ ဘီလ္ဂိတ္စ္ရဲ႕ ခ်မ္းသာၾကြယ္ဝမႈဟာ ၉၀.၁ ဘီလ်ံ ျဖစ္တယ္လုိ႕ ဆုိပါတယ္။

အသက္ ၅၃ ႏွစ္အ႐ြယ္ နယူးမကၠစီကုိျပည္နယ္သား ဘီေဇာ့စ္ဟာ Amazon ရဲ႕ ႐ွယ္ယာ ၁၇ ရာခုိင္ႏႈန္းကုိ ပုိင္ဆုိင္ထားၿပီး အျခား လုပ္ငန္းေတြမွာလည္း ရင္းႏွီးျမွဳပ္ႏွံမႈေတြ ထည့္ဝင္ထားသူ ျဖစ္ပါတယ္။

လက္႐ွိ ႏွစ္မ်ားအတြင္းမွာေတာ့ ဘီေဇာ့စ္က ၎ရဲ႕ Blue Origin အာကာသဒုံးပ်ံလုပ္ငန္းနဲ႕ ဝါ႐ွင္တန္ပုိ႕စ္သတင္းစာလုပ္ငန္းေတြကုိ အဓိက အာ႐ုံစုိက္ေနေၾကာင္းလည္း သိရပါတယ္။ ဝါ႐ွင္တန္ပုိ႕စ္သတင္းစာလုပ္ငန္းကုိ ဘီေဇာ့စ္က ၂၀၁၃ ခုႏွစ္မွာ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

ဂ်က္ဖ္ဘီေဇာ့စ္နဲ႕ ခုႏွစ္သကၠရာဇ္မ်ား

    ၁၉၉၄ ခုႏွစ္ - Amazon ကုိ တည္ေထာင္ရန္ Wall Street ကေန အလုပ္ထြက္ခဲ့ပါတယ္။
    ၁၉၉၉ ခုႏွစ္ - Time မဂၢဇင္းရဲ႕ Person of the Year အျဖစ္ ေ႐ြးခ်ယ္ေဖာ္ျပခံရပါတယ္။
    ၂၀၀၀ ခုႏွစ္ - Blue Origin အာကာသဒုံးပ်ံလုပ္ငန္းကုိ စတင္ခဲ့ပါတယ္။
    ၂၀၁၃ ခုႏွစ္ - ဝါ႐ွင္တန္ပုိ႕စ္ (Washington Post) သတင္းစာလုပ္ငန္းကုိ ဝယ္ယူခဲ့ပါတယ္။
    ၂၀၁၅ ခုႏွစ္ - New York Times က Amazon မွာ အလုပ္လုပ္ကုိင္သူေတြရဲ႕ လုပ္ငန္းခြင္ပင္ပန္းမႈကုိ ထင္ဟပ္ေစတဲ့ သတင္းေဆာင္းပါး ေရးသားေဖာ္ျပခဲ့ပါတယ္။
    ၂၀၁၅ ခုႏွစ္ - ဆီယက္တဲလ္မွာ Amazon ရဲ႕ ပထမဆုံး စာအုပ္အေရာင္းဆုိင္ ဖြင့္လွစ္ခဲ့ပါတယ္။
    ၂၀၁၆ ခုႏွစ္ - ဝါ႐ွင္တန္ပုိ႕စ္နဲ႕ အခြန္အခ ကိစၥေတြနဲ႕ပတ္သက္ၿပီး လက္႐ွိ အေမရိကန္သမၼတ ေဒၚနယ္ထရန္႕နဲ႕ လူသိ႐ွင္ၾကား မေၾကလည္မႈ ျဖစ္ခဲ့ပါတယ္။
    ၂၀၁၇ ခုႏွစ္ - Amazon Studios က ထုတ္လုပ္ခဲ့တဲ့ 'Manchester By The Sea' ႐ုပ္႐ွင္ဇာတ္ကားက အေကာင္းဆုံးမင္းသားဆု အပါအဝင္ ေအာ္စကာဆု ၂ ဆု ရ႐ွိခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
Amazon.com ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်က Microsoft ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်စ်ကို ကျော်လွန်ကာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာကြောင်း သိရပါတယ်။ ဘီဇော့စ်က ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၉၀.၆ ဘီလျံဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက် Amazon ရဲ့ ရှယ်ယာဈေးနှုန်းများ သိသာစွာ မြင့်တက်လာခြင်းနဲ့အတူ ဘီဇော့စ်ရဲ့ ချမ်းသာကြွယ်မှုဟာ အချိန်ကာလအတန်ကြာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာမှာ ရပ်တည်နေခဲ့တဲ့ ဘီလ်ဂိတ်စ်ရဲ့ ချမ်းသာကြွယ်ဝမှုကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်လွန်သွားခဲ့ကြောင်း Forbes မဂ္ဂဇင်းက ဆိုပါတယ်။

Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ဘီဇော့စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပေမဲ့ Amazon ရဲ့ ဈေးကွက်ရှယ်ယာဈေးနှုန်း ပြန်ကျသွားခဲ့ပါက ဘီလ်ဂိတ်စ်ကပင် ကမ္ဘာ့အချမ်းသာဆုံးနေရာကို ပြန်လည်ရယူသွားနိုင်မယ်လို့လည်း သိရပါတယ်။ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၉၀.၁ ဘီလျံ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၅၃ နှစ်အရွယ် နယူးမက္ကစီကိုပြည်နယ်သား ဘီဇော့စ်ဟာ Amazon ရဲ့ ရှယ်ယာ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အခြား လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ထားသူ ဖြစ်ပါတယ်။

လက်ရှိ နှစ်များအတွင်းမှာတော့ ဘီဇော့စ်က ၎င်းရဲ့ Blue Origin အာကာသဒုံးပျံလုပ်ငန်းနဲ့ ဝါရှင်တန်ပို့စ်သတင်းစာလုပ်ငန်းတွေကို အဓိက အာရုံစိုက်နေကြောင်းလည်း သိရပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာလုပ်ငန်းကို ဘီဇော့စ်က ၂၀၁၃ ခုနှစ်မှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျက်ဖ်ဘီဇော့စ်နဲ့ ခုနှစ်သက္ကရာဇ်များ

    ၁၉၉၄ ခုနှစ် - Amazon ကို တည်ထောင်ရန် Wall Street ကနေ အလုပ်ထွက်ခဲ့ပါတယ်။
    ၁၉၉၉ ခုနှစ် - Time မဂ္ဂဇင်းရဲ့ Person of the Year အဖြစ် ရွေးချယ်ဖော်ပြခံရပါတယ်။
    ၂၀၀၀ ခုနှစ် - Blue Origin အာကာသဒုံးပျံလုပ်ငန်းကို စတင်ခဲ့ပါတယ်။
    ၂၀၁၃ ခုနှစ် - ဝါရှင်တန်ပို့စ် (Washington Post) သတင်းစာလုပ်ငန်းကို ဝယ်ယူခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ် - New York Times က Amazon မှာ အလုပ်လုပ်ကိုင်သူတွေရဲ့ လုပ်ငန်းခွင်ပင်ပန်းမှုကို ထင်ဟပ်စေတဲ့ သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ် - ဆီယက်တဲလ်မှာ Amazon ရဲ့ ပထမဆုံး စာအုပ်အရောင်းဆိုင် ဖွင့်လှစ်ခဲ့ပါတယ်။
    ၂၀၁၆ ခုနှစ် - ဝါရှင်တန်ပို့စ်နဲ့ အခွန်အခ ကိစ္စတွေနဲ့ပတ်သက်ပြီး လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ လူသိရှင်ကြား မကြေလည်မှု ဖြစ်ခဲ့ပါတယ်။
    ၂၀၁၇ ခုနှစ် - Amazon Studios က ထုတ်လုပ်ခဲ့တဲ့ 'Manchester By The Sea' ရုပ်ရှင်ဇာတ်ကားက အကောင်းဆုံးမင်းသားဆု အပါအဝင် အော်စကာဆု ၂ ဆု ရရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top