မုိးတိမ္ေတာင္သည္ ေလထုမၿငိမ္မသက္ျဖစ္ေလ့ရွိၿပီး ေလျပင္းႏွင့္ မုိးႀကီးအႏၲရာယ္ျဖစ္ေစႏုိင္သည္။
 ျမန္မာတစ္ႏုိင္ငံလုံးသုိ႔ အေနာက္ေတာင္မုတ္သုံေလ ၀င္ ခဲ့ၿပီးေနာက္ ျမန္မာႏုိင္ငံေဒသအႏွံ႔ တြင္ မုိးတိမ္ေတာင္အႏၲရာယ္ျမင့္ မားေနေၾကာင္း မုိးေလ၀သပညာ ရွင္ ေဒါက္တာထြန္းလြင္က သတိ ေပးသည္။

အေနာက္ေတာင္မုတ္သုံ ေလသည္ ဇြန္လ ၁ ရက္တြင္ ျမန္ မာတစ္ႏုိင္ငံလုံးသုိ႔ အၿပီးသတ္၀င္ ခဲ့သည္။

အေနာက္ေတာင္မုတ္သုံ ေလ၀င္ၿပီး တစ္ပတ္ခန္႔ၾကာသည္အထိ ေလထုမၿငိမ္မသက္ျဖစ္ေလ့ရွိၿပီး ေလျပင္းႏွင့္ မုိးႀကီးအႏၲရာယ္ျဖစ္ေစသည့္ မုိးတိမ္ေတာင္အႏၲရာယ္ရွိေနသည္။

ဇြန္လ ၃ ရက္တုိင္းတာခ်က္ မ်ားအရ ရန္ကုန္တိုင္းေဒသႀကီး ႏွင့္ ဧရာ၀တီတုိင္းတို႔တြင္ မုိးတိမ္ ေတာင္အေျခအေန အမ်ားဆုံး ျဖစ္ပြားေနကာ က်န္ေဒသမ်ား တြင္ သတိျပဳရန္ လိုအပ္ေၾကာင္း ေဒါက္တာထြန္းလြင္က ေျပာ သည္။



ျမန္မာႏုိင္ငံရာသီဥတုျဖစ္ စဥ္အရ ေႏြကာလ (မတ္လ)က စတင္ၿပီး ေလျပင္းႏွင့္ မုိးႀကိဳးအႏၲ ရာယ္ျဖစ္ေစသည့္ မုိးတိမ္ေတာင္ အႏၲရာယ္ စတင္ရင္ဆိုင္ရသည္။

တစ္ႏုိင္ငံလုံးသုိ႔ အေနာက္ ေတာင္မုတ္သုံေလ၀င္ေရာက္ၿပီး တစ္ပတ္ (ခုနစ္ရက္ခန္႔)ၾကာမွ သာ မုိးရာသီ ပီပီျပင္ျပင္ျဖစ္ၿပီး မုိး တိမ္ေတာင္အႏၲရာယ္ေလ်ာ့က် ျခင္းျဖစ္သည္။ ျမန္မာႏုိင္ငံ ေဒသအႏွံ႔တြင္ မတ္လ ၆ ရက္က စတင္ကာ ေလျပင္းတိုက္ခတ္ျခင္း ႏွင့္ မုိးႀကိဳးပစ္ျခင္းတို႔ ရင္ဆုိင္ခဲ့ရ ၿပီး ေမလကုန္အထိ မုိးႀကိဳးထိမွန္ ၍ လူ ၃၀ ေက်ာ္ေသဆုံးခဲ့ရကာ ၁၅ဦးဒဏ္ရာရၿပီး ေလျပင္းေၾကာင့္ ေနအိမ္ႏွင့္ သစ္ပင္ပိ၍ ေသဆုံးသူ ၃၀ ဦးခန္႔ရွိေၾကာင္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနမွ သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
မိုးတိမ်တောင်သည် လေထုမငြိမ်မသက်ဖြစ်လေ့ရှိပြီး လေပြင်းနှင့် မိုးကြီးအန္တရာယ်ဖြစ်စေနိုင်သည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

 မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင် ခဲ့ပြီးနောက် မြန်မာနိုင်ငံဒေသအနှံ့ တွင် မိုးတိမ်တောင်အန္တရာယ်မြင့် မားနေကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က သတိ ပေးသည်။

အနောက်တောင်မုတ်သုံ လေသည် ဇွန်လ ၁ ရက်တွင် မြန် မာတစ်နိုင်ငံလုံးသို့ အပြီးသတ်ဝင် ခဲ့သည်။

အနောက်တောင်မုတ်သုံ လေဝင်ပြီး တစ်ပတ်ခန့်ကြာသည်အထိ လေထုမငြိမ်မသက်ဖြစ်လေ့ရှိပြီး လေပြင်းနှင့် မိုးကြီးအန္တရာယ်ဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်ရှိနေသည်။

ဇွန်လ ၃ ရက်တိုင်းတာချက် များအရ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းတို့တွင် မိုးတိမ် တောင်အခြေအနေ အများဆုံး ဖြစ်ပွားနေကာ ကျန်ဒေသများ တွင် သတိပြုရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။

မြန်မာနိုင်ငံရာသီဥတုဖြစ် စဉ်အရ နွေကာလ (မတ်လ)က စတင်ပြီး လေပြင်းနှင့် မိုးကြိုးအန္တ ရာယ်ဖြစ်စေသည့် မိုးတိမ်တောင် အန္တရာယ် စတင်ရင်ဆိုင်ရသည်။

တစ်နိုင်ငံလုံးသို့ အနောက် တောင်မုတ်သုံလေဝင်ရောက်ပြီး တစ်ပတ် (ခုနစ်ရက်ခန့်)ကြာမှ သာ မိုးရာသီ ပီပီပြင်ပြင်ဖြစ်ပြီး မိုး တိမ်တောင်အန္တရာယ်လျော့ကျ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဒေသအနှံ့တွင် မတ်လ ၆ ရက်က စတင်ကာ လေပြင်းတိုက်ခတ်ခြင်း နှင့် မိုးကြိုးပစ်ခြင်းတို့ ရင်ဆိုင်ခဲ့ရ ပြီး မေလကုန်အထိ မိုးကြိုးထိမှန် ၍ လူ ၃၀ ကျော်သေဆုံးခဲ့ရကာ ၁၅ဦးဒဏ်ရာရပြီး လေပြင်းကြောင့် နေအိမ်နှင့် သစ်ပင်ပိ၍ သေဆုံးသူ ၃၀ ဦးခန့်ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top