ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×



သူသီဆုိလုိက္တဲ႔ သီခ်င္းတုိင္းက ပရိသတ္ေတြရဲ႕ပါးစပ္ဖ်ားမွာ အၿမဲတမ္းေရပန္းစားတဲ႔ အဆုိေတာ္တစ္ဦးရွိပါတယ္။ သူမကေတာ့ အရမ္းကုိခ်စ္စရာေကာင္းတဲ႔ အဆုိေတာ္မေလး မိစႏၵီပဲျဖစ္ပါတယ္။ 

အဆုိေတာ္မိစႏၵီက လာမယ့္ဇြန္လ ၁၇ရက္ေန႔ဆုိ သူရဲ႕အသဲေလးနဲ႔ ပရိသတ္မ်ားကုိ မိတ္ဆက္ေပးသြားေတာ့မွာပဲျဖစ္ပါတယ္။

မိစႏၵီရဲ႕အသဲေလးဆုိလုိ႔ မိစႏၵီခ်စ္ခ်စ္နဲ႔မ်ား မိတ္ဆက္ေပးမွာလားဆုိၿပီး စိတ္လႈပ္မရွားသြားနဲ႔ဦးေနာ္။ 

မိစႏၵီရဲ႕အသဲေလးဆုိတာ သူရဲ႕တတိယေျမာက္ စတူဒီယုိအယ္ဘမ္ရဲ႕ နာမည္ပဲျဖစ္ပါတယ္။

အသဲေလးအယ္ဘမ္ထဲမွာ မိစႏၵီရဲ႕ ေတးသီခ်င္းအသစ္ေတြကုိ တစ္ဝႀကီးခံစားရမွာျဖစ္ၿပီး သားသား ၊ X-box ၊ G-fatt ၊ နီနီခင္ေဇာ္နဲ႔ Bobby Soxer တုိ႔လုိ နာမည္ေက်ာ္ ေတးသံရွင္မ်ားကပါ Featuring အျဖစ္ ပါဝင္အားျဖည့္သီဆုိေပးထားပါတယ္။ 

ဒီေခြေလးထဲမွာ အဆုိေတာ္မိစႏၵီကုိယ္တုိင္ ေရးစပ္ထားတဲ႔ သီခ်င္းက စုစုေပါင္းဆယ္ပုဒ္အထိကုိ ပါဝင္ေနပါတယ္။ အဲ႔ဒီဆယ္ပုဒ္ထဲမွာ ေျခာက္ပုဒ္ေလာက္က မိစႏၵီတစ္ဦးတည္းသာ ေရးစပ္ထားတာျဖစ္ၿပီး က်န္တဲ႔ေလးပုဒ္ကေတာ့ မိစႏၵီနဲ႔ အျခား ေတေရးဆရာေတြ အဆုိေတာ္ေတြ ေပါင္းစပ္ေရးသားထားတာျဖစ္ပါတယ္။

မိစႏၵီကေတာ့ Title Song အသဲေလး အပါအဝင္ သီခ်င္းေတာ္ေတာ္မ်ားမ်ားက သူရဲ႕ကုိယ္ပုိင္ခံစားခ်က္ေတြလုိ႔ ေဖ့စ္ဘုတ္ေပၚကေန ထုတ္ေဖာ္ေျပာဆုိထားခဲ႔ပါတယ္။ 

အသဲေလး ေတးအယ္ဘမ္သစ္ပရုိမုိရွင္းကုိ လာမယ့္ဇြန္လ ၁၇ရက္ေန႔ ( စေနေန႔ ) လွည္းတန္းစင္တာရဲ႕ Indoor Arena မွာ အႏုပညာေမာင္ႏွမမ်ားနဲ႔အတူ စည္းကားသုိက္ၿမိဳက္စြာ က်င္းပသြားၾကမွာျဖစ္ပါတယ္။ 

လာေရာက္ၾကည့္ရွုၾကမယ့္ ပရိသတ္ေတြအတြက္ အမွတ္​တရလက္​​ေဆာင္​​ေတြနဲ႔ တျခား​ေပ်ာ္​စရာ အစီအစဥ္​​ေတြ အမ်ားႀကီး စီစဥ္​ထားတာမို႔ လာျဖစ္​​ေအာင္​ လာခဲ့ပါ​ၾကလုိ႔ မိစႏၵီက တုိက္တြန္းသြားပါတယ္ခင္ဗ်ာ။ 

Source From - Misandi's Facebook / Phothutaw Team (www.phothutaw.com)

U N I C O D E V E R S I O N #

သူသီဆိုလိုက်တဲ့ သီချင်းတိုင်းက ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ အမြဲတမ်းရေပန်းစားတဲ့ အဆိုတော်တစ်ဦးရှိပါတယ်။ သူမကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ အဆိုတော်မလေး မိစန္ဒီပဲဖြစ်ပါတယ်။ 

အဆိုတော်မိစန္ဒီက လာမယ့်ဇွန်လ ၁၇ရက်နေ့ဆို သူရဲ့အသဲလေးနဲ့ ပရိသတ်များကို မိတ်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။

မိစန္ဒီရဲ့အသဲလေးဆိုလို့ မိစန္ဒီချစ်ချစ်နဲ့များ မိတ်ဆက်ပေးမှာလားဆိုပြီး စိတ်လှုပ်မရှားသွားနဲ့ဦးနော်။ 

မိစန္ဒီရဲ့အသဲလေးဆိုတာ သူရဲ့တတိယမြောက် စတူဒီယိုအယ်ဘမ်ရဲ့ နာမည်ပဲဖြစ်ပါတယ်။

အသဲလေးအယ်ဘမ်ထဲမှာ မိစန္ဒီရဲ့ တေးသီချင်းအသစ်တွေကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး သားသား ၊ X-box ၊ G-fatt ၊ နီနီခင်ဇော်နဲ့ Bobby Soxer တို့လို နာမည်ကျော် တေးသံရှင်များကပါ Featuring အဖြစ် ပါဝင်အားဖြည့်သီဆိုပေးထားပါတယ်။ 

ဒီခွေလေးထဲမှာ အဆိုတော်မိစန္ဒီကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းက စုစုပေါင်းဆယ်ပုဒ်အထိကို ပါဝင်နေပါတယ်။ အဲ့ဒီဆယ်ပုဒ်ထဲမှာ ခြောက်ပုဒ်လောက်က မိစန္ဒီတစ်ဦးတည်းသာ ရေးစပ်ထားတာဖြစ်ပြီး ကျန်တဲ့လေးပုဒ်ကတော့ မိစန္ဒီနဲ့ အခြား တေရေးဆရာတွေ အဆိုတော်တွေ ပေါင်းစပ်ရေးသားထားတာဖြစ်ပါတယ်။

မိစန္ဒီကတော့ Title Song အသဲလေး အပါအဝင် သီချင်းတော်တော်များများက သူရဲ့ကိုယ်ပိုင်ခံစားချက်တွေလို့ ဖေ့စ်ဘုတ်ပေါ်ကနေ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ 

အသဲလေး တေးအယ်ဘမ်သစ်ပရိုမိုရှင်းကို လာမယ့်ဇွန်လ ၁၇ရက်နေ့ ( စနေနေ့ ) လှည်းတန်းစင်တာရဲ့ Indoor Arena မှာ အနုပညာမောင်နှမများနဲ့အတူ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားကြမှာဖြစ်ပါတယ်။ 

လာရောက်ကြည့်ရှုကြမယ့် ပရိသတ်တွေအတွက် အမှတ်တရလက်ဆောင်တွေနဲ့ တခြားပျော်စရာ အစီအစဉ်တွေ အများကြီး စီစဉ်ထားတာမို့ လာဖြစ်အောင် လာခဲ့ပါကြလို့ မိစန္ဒီက တိုက်တွန်းသွားပါတယ်ခင်ဗျာ။ 


Source From - Misandi's Facebook / Phothutaw Team (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top