အိႏၵိယႏုိင္ငံ ေဆး႐ုံတ႐ုံမွာ ေမြးကင္းစ ကေလးငယ္ တဦးဟာ ရင္ဘတ္ ၂ ခု၊ လက္ ၄ ဘက္၊ ေျခ ၄ ေခ်ာင္းပါၿပီး ထိတ္လန္႔ဖြယ္ အသြင္အျပင္နဲ႔ ေမြးဖြားလာခဲ့ၿပီးေနာက္ ေဒသတြင္း နာမည္ႀကီးေနခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဘီဟာခ႐ုိင္၊ လာခီဆ႐ုိင္ ေဒသထဲမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ခုလို ေမြးဖြားလာခဲ့တဲ့ သတင္း ပ်ံ႔ႏွံ႔ခဲ့ၿပီးတဲ့ေနာက္မွာ သူ႔ကို ၾကည့္႐ႈလိုသူေတြဟာ ေဆး႐ုံေရွ႕မွာ ဝုိင္းအံုေနခဲ့ၾကတယ္လို႔ ေမရာသတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ပံုပ်က္ပန္းပ်က္သြင္ျပင္နဲ႔ ေမြးကင္းစကေလးငယ္ဟာ ခႏၶာကိုယ္မွာ ေဆးကုသေရးကိရိယာေတြနဲ႔ ခ်ိတ္ဆက္လ်က္သား အေျခအေနနဲ႔ ေဆး႐ုံ အခန္းတြင္းမွာ ရွိေနခဲ့တာကို ေတြ႔ရပါတယ္။

အဲဒီ ကေလးငယ္ ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ေမြးၿပီး မၾကာခင္မွာပဲ ေသဆံုးသြားခဲ့တာပါ။

မိခင္ျဖစ္တဲ့ ဆာဗီတာေဒဝီ ကေတာ့ သူ႔ရဲ႕ သမီး ျဖစ္သူ ခုလို ဆံုး႐ႈံးခဲ့ရတဲ့အေပၚ တကယ့္ကို စိတ္ထိခိုက္ခဲ့ရတယ္လို႔ ေျပာပါတယ္။

“ဘာေတြပဲ ျဖစ္ခဲ့ပါေစ။ ဒါဟာ ေကာင္းဖို႔အတြက္ပဲလို႔ က်မ ထင္မိပါတယ္။ တကယ္လို႔မ်ား သမီးေလး ဟာ ခုလို ပံုပ်က္ပန္းပ်က္ အေျခအေနနဲ႔ အသက္ဆက္ရွင္ေနခဲ့ရမယ္ဆိုရင္လည္း ေန႔စဥ္ သူ႔ရဲ႕ ရွင္သန္မႈဟာ ေသဆံုးေနတာပါပဲ။”

လယ္သမားတဦးျဖစ္တဲ့ သူ႔ရဲ႕ခင္ပြန္းျဖစ္သူ ဆူရက္ရွ္ေဆာကေတာ့ ခုလိုအေျခအေနနဲ႔ ေမြးဖြားလာခဲ့တဲ့ သမီးငယ္ ဟာ နတ္ဘုရားက က်ိန္စာတိုက္တာျဖစ္တယ္လို႔ ေျပာလိုက္တာပါ။

“သမီးအတြက္ ဝမ္းနည္းရမလား၊ ဝမ္းသာရမလား က်ေနာ္မသိခဲ့ပါဘူး။ နတ္ဘုရား ေတြက က်ေနာ္တို႔အျပစ္ေတြအတြက္ က်ိန္စာတိုက္တာပဲျဖစ္ရမယ္။”

ကေလးငယ္ကို ေမြးဖြားၿပီးခ်င္း အထူးၾကပ္မတ္ ကုသေဆာင္ ဆီ ေရႊ႕ေျပာင္းကုသမႈေတြ ဆက္လက္လုပ္ေဆာင္ခဲ့ၾကေပမယ့္ မကယ္တင္ႏိုင္ခဲ့ပါဘူး။

ကေလးကို ေမြးဖြားေပးခဲ့တဲ့ ဆရာဝန္ ေဒါက္တာ မူကက္ရွ္ ကူးမားကေတာ့ ဒါဟာ ေမြးရာပါ မ်ိဳးဗီဇဆိုင္ရာ ေရာဂါတမ်ိဳးေၾကာင့္ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါဟာ မိခင္ ဝမ္းဗိုက္ တြင္းမွာ ဖြံ႔ၿဖိဳးသင့္သေလာက္ မဖြံ႔ၿဖိဳးခဲ့ဘဲ အႁမႊာကေလး ၂ ဦးအျဖစ္ ဆက္လက္မႀကီးထြားႏုိင္ျဖစ္ကာ ခုလိုအေျခအေနနဲ႔ ေမြးဖြားလာခဲ့တာလို႔ ေဒါက္တာ မူကက္ရွ္ ကူးမားက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#
အိန္ဒိယနိုင်ငံ ဆေးရုံတရုံမှာ မွေးကင်းစ ကလေးငယ် တဦးဟာ ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းပါပြီး ထိတ်လန့်ဖွယ် အသွင်အပြင်နဲ့ မွေးဖွားလာခဲ့ပြီးနောက် ဒေသတွင်း နာမည်ကြီးနေခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘီဟာခရိုင်၊ လာခီဆရိုင် aဒသထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ခုလို မွေးဖွားလာခဲ့တဲ့ သတင်း ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ သူ့ကို ကြည့်ရှုလိုသူတွေဟာ ဆေးရုံရှေ့မှာ ဝိုင်းအုံနေခဲ့ကြတယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပုံပျက်ပန်းပျက်သွင်ပြင်နဲ့ မွေးကင်းစကလေးငယ်ဟာ ခန္ဓာကိုယ်မှာ ဆေးကုသရေးကိရိယာတွေနဲ့ ချိတ်ဆက်လျက်သား အခြေအနေနဲ့ ဆေးရုံ အခန်းတွင်းမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

အဲဒီ ကလေးငယ် ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။

မိခင်ဖြစ်တဲ့ ဆာဗီတာဒေဝီ ကတော့ သူ့ရဲ့ သမီး ဖြစ်သူ ခုလို ဆုံးရှုံးခဲ့ရတဲ့အပေါ် တကယ့်ကို စိတ်ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဘာတွေပဲ ဖြစ်ခဲ့ပါစေ။ ဒါဟာ ကောင်းဖို့အတွက်ပဲလို့ ကျမ ထင်မိပါတယ်။ တကယ်လို့များ သမီးလေး ဟာ ခုလို ပုံပျက်ပန်းပျက် အခြေအနေနဲ့ အသက်ဆက်ရှင်နေခဲ့ရမယ်ဆိုရင်လည်း နေ့စဉ် သူ့ရဲ့ ရှင်သန်မှုဟာ သေဆုံးနေတာပါပဲ။”

လယ်သမားတဦးဖြစ်တဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဆူရက်ရှ်ဆောကတော့ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တဲ့ သမီးငယ် ဟာ နတ်ဘုရားက ကျိန်စာတိုက်တာဖြစ်တယ်လို့ ပြောလိုက်တာပါ။

“သမီးအတွက် ဝမ်းနည်းရမလား၊ ဝမ်းသာရမလား ကျနော်မသိခဲ့ပါဘူး။ နတ်ဘုရား တွေက ကျနော်တို့အပြစ်တွေအတွက် ကျိန်စာတိုက်တာပဲဖြစ်ရမယ်။”

ကလေးငယ်ကို မွေးဖွားပြီးချင်း အထူးကြပ်မတ် ကုသဆောင် ဆီ ရွှေ့ပြောင်းကုသမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပေမယ့် မကယ်တင်နိုင်ခဲ့ပါဘူး။

ကလေးကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန် ဒေါက်တာ မူကက်ရှ် ကူးမားကတော့ ဒါဟာ မွေးရာပါ မျိုးဗီဇဆိုင်ရာ ရောဂါတမျိုးကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ မိခင် ဝမ်းဗိုက် တွင်းမှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘဲ အမြွှာကလေး ၂ ဦးအဖြစ် ဆက်လက်မကြီးထွားနိုင်ဖြစ်ကာ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တာလို့ ဒေါက်တာ မူကက်ရှ် ကူးမားက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top