(၁)
`သူ´ တရားထုိင္ေနသည္။ ၀င္သက္ႏွင့္ ထြက္သက္ၾကားမွ ပါးလ်ေသာျငိမ္းေအးမႈတစ္မ်ိဳးကိုခံစားေနမိ၏။
ထုိစဥ္မွာပဲ ေကာင္းကင္မွက်ယ္ေလာင္ေသာ ေလယာဥ္သံကို ၾကားလိုက္သည္။ျပန္ျပီး စုစည္းမရေတာ့သည့္
အာရံုထဲသို႔ အေတြးတခ်ိဳ႕ ျဖတ္၀င္လာ၏။ ဒီေလာက္ ေတာၾကီးမ်က္မည္းထဲကိုဒီေလယာဥ္က
ဘာစိတ္ကူးေပါက္ျပီး ေရာက္လာပါလိမ့္။

အိုး…. ၂၁ ရာစုေတာင္ ေရာက္ေနမွပဲ ၊ ေတာထဲ ေလယာဥ္ေရာက္တာေလာက္ကေတာ့မဆန္းလွပါဘူးေလ။
ကိုယ့္ကိုယ္ကို ေျဖသိမ့္ရင္းမွ အမွတ္တမဲ့ မိုးေပၚေမာ့ၾကည့္လိုက္မိသည္။
အလို…. ေလယာဥ္ေပၚက လြင့္က်လာတာ ဘာပါလိမ့္။ စူးစမ္းခ်င္စိတ္ႏွင့္
ဘာမွန္းမသိေသာ အရာ၀တၳဳေလး ေျမေပၚက်အလာကို ေစာင့္ေနလိုက္သည္။
ထိုအရာ၀တၳဳေလးကလည္း သူ႔အနားကိုပဲ ဆိုက္ျမိဳက္စြာက်လာ၏။

`ေၾသာ္…. စာရြက္တစ္ရြက္ပဲ´
တစ္ေယာက္တည္းေရရြတ္ျပီး ဘာရယ္မဟုတ္ ေကာက္ယူၾကည့္လိုက္သည္။

`အိုး…´ စူးစူးနစ္နစ္ေရရြတ္ရင္း ခ်ာလည္သြားေသာ စိတ္ႏွလံုးကို
မနည္းျပန္ထိမ္းယူလိုက္ရ၏။ ဒါေတာင္ ခုနက တရားမွတ္ထားတဲ့
အခံရွိေပလို႔ဟုလည္း ေတြးမိေသး၏။

`သူ´ေကာက္ယူ ၾကည့္လိုက္မိေသာစာရြက္ထဲမွာက လွပေျပျပစ္လြန္းေသာ မိန္းမငယ္တစ္ဦး၏ ဓါတ္ပံု။ ေအာက္ဘက္မွာကကြန္ပ်ဴတာစာစီထားေသာ စာလံုးအခ်ိဳ႕။
`ရႊီး´ခနဲ ေလတစ္ခ်က္ခၽြန္ရင္း စာေၾကာင္းမ်ားကို ဖတ္ၾကည့္လုိက္သည္။
`ၾကင္ယာေတာ္ေရြးေလးတင္ပြဲ´
အထက္ပါဓါတ္ပံုရွင္ ဘုရင့္သမီးေတာ္ေလး သီတာေဒ၀ီ၏ ၾကင္ရာေတာ္ေရြး
ေလးတင္ပြဲကို ေအာက္ပါအစီအစဥ္ျဖင့္ က်င္းပမည္ျဖစ္ပါ၍ ဖိတ္စာႏွင့္တကြ
ၾကြေရာက္ပါရန္ ဖိတ္ၾကားအပ္္ပါသည္။
ေန႔ရက္ – ၁၄.၂.၂၀၀၈
အခ်ိန္ – နံနက္ ၉း၀၀ မွ ၁၂း၀၀
ေနရာ – နန္းရင္ျပင္ေတာ္ေရွ႕
လမ္းညႊန္ – ရွိသမွ်လိုင္းကား အကုန္ေရာက္သည္
`
အဟိ´
အဲဒီေလးရြင္ပြဲ…အဲေလ အဲဒီေလးတင္ပြဲကို ကို္ယ္ေရာက္ေအာင္လာခဲ့မယ္
အခ်စ္ရယ္။ မင္းရဲ႕ ႏွလံုးသားနန္းေဆာင္မွာ ေနခြင့္ရဖို႔
ကိုယ့္ရဲ႕လက္ရုံးရည္ကို ျပသလွည့္မယ္ကြဲ႕။ ကိုယ့္ရဲ႕ ေအာင္ႏုိင္ပြဲကို
ဂုဏ္ျပဳတဲ့အေနနဲ႔ မင္းရဲ႕အျပံဳးေတြကို နန္းရင္ျပင္ေရွ႕မွာ
အျပည့္ခင္းက်င္းထားပါ။ အျပန္ခရီးမွာ မင္းရဲ႕လက္ကေလးကို ဆုပ္ကိုင္လို႔
တို႔ရဲ႕အနာဂတ္ကို ရဲရင့္ေစၾကမယ္။ အခုေတာ့ အေလာတၾကီး
ရင့္မွည့္လာတဲ့ရင္ခုန္သံကို ျပန္လည္ထိန္းညွိဖုိ႔ ကိုယ့္ကို ကဗ်ာတစ္ပုဒ္
ရြတ္ခြင့္ျပဳပါ ခ်စ္သူ။
ျဖစ္တည္ခဲ့
ရင္မွာပ်ိိဳးတဲ့သစ္သီး
စားသံုးခ်ိန္နီးတဲ့အခါ
ခရီးျပင္းႏွင္ခဲ့မယ္ မင္းဆီ
ပ်ိဳျမစ္စြာ ၾကိဳဆိုလွည့္
တစ္ေယာက္တည္း အူျမဴးစြာျဖင့္ ေတာင္စဥ္ေရမရ ေလွ်ာက္ေျပာရင္းမွ ေခတ္ေပၚကဗ်ာ
တစ္ပုဒ္ကိုပါ ခပ္တည္တည္ ရြတ္ခ်လိုက္ေသး၏။ `သူ´ကား
အားလံုးသိျပီးျဖစ္ၾကသည့္အတုိင္း ဒႆဂီရိ ( ဒါမွမဟုတ္ သူ႔အေျပာအရ `၂၁ ရာစု
ဒႆဂီရိ´ ) ပင္ ျဖစ္ေလသည္။
—————————— ——————————
—————————————————-
(၂) နန္းရင္ျပင္ပတ္ပတ္လည္တြင္ ခုနစ္ျပည္ေထာင္ မင္းညီမင္းသားမ်ားႏွင့္
လူသူပရိသတ္မ်ား လွ်ံက်ေနသည္။ နန္းရင္ျပင္အလယ္တြင္ေတာ့ ဗိုလ္ေျခတစ္ေထာင္
မမွ ၾကြသည္ဟု နာမည္ၾကီးေသာ ေလးကိုင္းၾကီးကို စင္ျမင့္ေပၚတြင္တင္ထား၏။
ထုိေလးစင္၏ ခပ္လွမ္းလွမ္းတြင္ ဘုရင့္အကိုးကြယ္ခံ ဆရာရေသ့ၾကီး ၊
ရာမမင္းသားႏွင့္ လကၡဏမင္းသားတို႔ တန္းစီထိုင္ေနၾကသည္။ အခမ္းအနားကလည္း
မစေသးသျဖင့္ အသံဗလံေပါင္းစံုတို႔ တြတ္စီညံဆူေန၏။
`တို႔ဘုရင္ၾကီးက သူ႔သမီးေတာ္ေလးကို အပ်ိဳၾကီးျဖစ္ေစခ်င္တယ္ထင္ပါ့ ကိုရင္ရယ္´
`ဟ….. ဘာလို႔လဲ ရွင္မရ´
`အိုေတာ္… ဗိုလ္ေျခတစ္ေထာင္မမွ ဒီေလးက ၾကြပါတယ္ဆိုမွ ဘယ္သူကတစ္ေယာက္တည္း
မ,ႏုိင္မွာလဲေတာ္´
လူသူပရိသတ္မ်ားထဲမွ အခ်ီအခ် ျငင္းခုန္သံမ်ား ၊ အမ်ိဳးမ်ိဳးေသာ
ထင္ေၾကးေပးခ်က္မ်ားကပင္ အခမ္းအနားကို ပိုျပီးအသက္၀င္ေစသလို ထင္ရေလသည္။
ထိုအခ်ိန္မွာပင္ ျငိမ့္ေညာင္းလွေသာ စက္သံႏွင့္အတူ
အမည္းေရာင္ေျပာင္လက္ေနေသာ `ပါဂ်ဲရိုး´ ကားၾကီးတစ္စီး ထိုးစိုက္လာသည္။
ထို႔ေနာက္ ကားတံခါး ျဖည္းညင္းစြာပြင့္လာျပီး ကားေပၚမွ စမတ္က်က်
ကိုယ္လံုးကိုယ္ထည္ၾကီးၾကီး လူတစ္ေယာက္ဆင္းလာသည္။ မ်က္ႏွာကိုလည္း
ဖုန္မႈန္ေနေအာင္ ဘာေတြလိမ္းလာသည္မသိ။ အစြမ္းကုန္ကို ရူပါေၾကြးလာပံုရသည္။

တာ၀န္က် မွဴးမတ္တစ္ဦးက သူ႔အနားကပ္သြားျပီး….
`ဖိတ္စာျပပါ´
ဒါကိုပင္ `သူ´က လွည့္မၾကည့္ပဲ ေဘာင္းဘီအိတ္ထဲမွ ဖိတ္စာကို ဖ်တ္ခနဲ
ဆြဲထုတ္လိုက္ျပီး ဖိတ္စာေပၚရွိ ဓါတ္ပံုကို စိတ္မခ်သလို
တစ္ခ်က္ၾကည့္လိုက္ေသးသည္။ ျပီးူမွ မေပးခ်င္ေပးခ်င္ ပံုစံမ်ိဳးျဖင့္
ေပးလိုက္သည္။ အားလံုးေသာ ပရိသတ္ကလညး္ သူလုပ္သမွ်ကို ပါးစပ္အေဟာင္းသား
ေငးၾကည့္ေနၾက၏။ သူက အားလံုးကို တစ္ခ်က္ေ၀့ၾကည့္လိုက္ျပီး
ေအာင္ျမင္ထည္၀ါေသာ အသံႏွင့္…
`က်ဳပ္က ဒႆဂီရိ… သိန္းဃိုရ္ျပည္ကလာတာ… လာတဲ့ကိစၥကေတာ့ ေလးတင္ပြဲမွာ
၀င္ျပိဳင္မလို႔ ´
အားလံုး မင္တက္မိသလို ခဏေၾကာင္ေငးသြားၾကသည္။ ခဏေနေတာ့မွ အားလံုး
လႈပ္လႈပ္ရွားရွား ျပန္ျဖစ္လာ၏။ တီးတိုးေ၀ဖန္သံမ်ား ၊
ေ၀ခြဲမရသည့္အၾကည့္မ်ား ၊ ျပီးေတာ့ ဟုတ္ပါ့မလား ဆိုသည့္အသံမ်ား
ညံလာျပန္သည္။ စပ္စုတတ္ပံုရေသာ မင္းသားတစ္ပါးက မရဲတရဲထျပီး ေမးသည္။
`ခင္…ခင္ဗ်ားက ဒႆဂီရိသာဆိုတယ္ ဘယ္မွာလဲ ေနာက္ထပ္ေခါင္းကိုးလံုး…. ခုေတာ့
မ်က္ႏွာျပဲၾကီး တစ္ခုပဲေတြ႔တယ္´

ဒါကို `သူ´က တံုးလွခ်ည္လားဟူေသာအၾကည့္မ်ိဳးျဖင့္
ေစာင္ေပေပျပန္ၾကည့္လိုက္ေသးသည္။ ျပီးမွ ထုိမင္းသားပခံုးကို ဟန္ပါပါ
တစ္ခ်က္ပုတ္ျပီး ……
`ဒီမယ္…..ကိုယ့္လူ အခု ၂၁ ရာစုပဲေရာက္ေနျပီ ၊ မျဖစ္ႏိုင္ဘူးဆိုတာ
မရွိေတာ့ဘူး …. က်န္တဲ့ေခါင္းကိုးလံုးက ဘတ္လပ္ဘတ္လပ္နဲ႔ အေနအထိုင္
က်ဥ္းက်ပ္လြန္းလို႕ ဆာဂ်ရီလုပ္ျပီး ခြဲစိတ္ပစ္လိုက္ျပီ
…က်န္တဲ့ေခါင္းတစ္လံုးေတာင္ အဆစ္ခြဲစိ္တ္ေပးပါ့မယ္လုပ္ေနလို႔ မနည္း
ေတာင္းပန္လာခဲ့ရတာ´

`ဒါျဖင့္ ခင္ဗ်ားစီးေနက် ပန္းရထားၾကီးကေရာ´
ေက်နပ္ပံုမရေသးေသာ မင္းသားက ထပ္ေမးျပန္သည္။ `သူ´ စိတ္တိုသြားျပီး……..
`ကၽြတ္စ္….ခက္ေတာ့ေနျပီ ၂၁ ရာစုေရာက္ေနျပီလို႔ ကိုယ့္လူကို
ဘယ္ႏွစ္ခါေျပာရမလဲဗ်ဟင္ ၊ ပန္းရထားစီးရတာ မျငိမ့္လို႔ ပါဂ်ဲရိုး
ျငိမ့္ျငိမ့္ေလး ၀ယ္စီးတယ္ေလ ဘာျဖစ္လဲ… ပိုက္ဆံရွိရင္
ဘရစ္တနီစပီးယားကိုေတာင္ေခၚျပီး ကေလာ္ခိုင္းလို႔ရတယ္… နဖာေခ်း ၊
သိပ္မပိန္းစမ္းပါနဲ႔ ကိုယ့္လူရာ´

ထုိအခါက်မွ အားလံုး ဘ၀င္က်သြားသလို ေခါင္းတညိတ္ညိ္တ္ျဖစ္ကုန္၏။ သူက
ထပ္မံျပီး အားလံုးကို ေ၀့ၾကည့္လိုက္သည္။ ျပီးမွ….
`ကဲ ကဲ အခ်ိိန္သိပ္မရွိဘူး အရင္ေရာက္တဲ့သူေတြ ေလးတင္ၾကပါေလ က်ဳပ္ကေတာ့
ေနာက္ဆံုးမွ ေလးတင္ပါ့မယ္ ဟဲ…ဟဲ´
သူ႔စကားအဆံုးမွာ မင္းသားတစ္ပါး ျပံဳးျဖဲျဖဲႏွင့္ ထျပီး ….
`အဟီး…. ညီမတင္ေတာ့ပါဘူး ကိုၾကီးရာ ၊ မ,ႏုိင္မွာလည္းမဟုတ္ပါဘူး ၊
ကိုၾကီးအစြမ္းကိုပဲ ညီ ထုိင္ၾကည့္ေတာ့မယ္ေလ ေနာ္.. အဟဲ´
`ဟုတ္တယ္… ဟုတ္တယ္ ၊ သားတို႔လည္း ႏိုင္မွာမဟုတ္တဲ့အတူတူ ကိုၾကီးကိုပဲ
ထုိင္ၾကည့္ေတာ့မယ္´ ဟု က်န္မင္းသားေတြကပါ ပ်ာပ်ာသလဲ ေထာက္ခံၾကသည္။ ဒါကို
သူက…

`အာ…..မဟုတ္ေသးဘူးေလ ၊ က်ဳပ္တစ္ေယာက္တည္း ေလးတင္ရင္ မတရားရာက်ေနမွာေပါ့ ၊
ေနာက္မွ ကိုလူဆိုးၾကီး လို႔ အေျပာမခံႏ္ုိင္ေပါင္ ´ ဟုေျပာျပီး ရာမႏွင့္
လကၡဏတို႔ ထိုင္ေနရာသို႔ လွမ္းၾကည့္လိုက္သည္။ တဆက္တည္းမွာပဲ လကၡဏကို
လက္ညွိဳးထုိးျပီး….
`ေဟာဟိုက မ်က္ႏွာေရႊသြင္းထားတဲ့ ညီေတာ္ေလးကေရာ အစြမ္းျပဖို႔
စိတ္ကူးေလးမ်ား မရွိဘူးလား´
`ဟင့္အင္း…ဟင့္အင္း´
လကၡဏကလည္း ခ်က္ခ်င္းပင္ သြက္သြက္ခါေအာင္ ျငင္း၏။ သူက
စိတ္ပ်က္သလိုပံုစံမ်ိဳးႏွင့္ ေခါင္းတစ္ခ်က္ခါလိုက္ျပီး
`မျဖစ္ေသးဘူးေလဗ်ာ… တစ္ေယာက္တည္းျပိဳင္ျပီး ဆုရတယ္ဆိုရင္ က်ဳပ္က
ငေပါၾကီးျဖစ္သြားမွာေပါ့ ဒီလိုလုပ္မယ္ ၊ က်ဳပ္ကပဲ ယွဥ္ျပိဳင္ဘက္ကို္
ေရြးလိုက္မယ္ေလ ၊ အဲဒီ ေျပာင္ေျပာင္လက္လက္ ညီအစ္ကို ႏွစ္ေယာက္ထဲက
တစ္ေယာက္ေတာ့ ေလးေတာ္တင္ၾကည့္ပါ ၊ က်ဳပ္ဘက္ကေတာ့ ယံုၾကည္စိ္တ္ခ်မႈ
အျပည့္ရွိေနတာ ၊ နာမည္ကိုက အီဗာ… အဲေလ ဒႆဂီရိတဲ့´
ဟုဆိုျပီး ရာမႏွင့္လကၡဏကို လွမ္းျပီးစိမ္ေခၚ၏။ လကၡဏက မ်က္ႏွာငယ္ေလးႏွင့္
ရာမကို ၾကည့္ျပီးေျပာသည္။
`ကိုကိုပဲ တင္လိုက္ပါ ကိုကိုရယ္ ၊ ညီညီမေန႔က အစားမွားျပီးေတာ့
၀မ္းေလွ်ာေနလို႔ အားမရွိဘူး´
ရာမကလည္း အေၾကာက္အကန္ ျပန္ျငင္းသည္။
`အြန္… မင္း လည္သလိုလို အိမ္မကပ္သလိုလို မလုပ္နဲ႔ေလ ၊ အဲဒီလိုေျပာေၾကးဆို
ငါလည္း ေနမေကာင္းျဖစ္ေနတာၾကာျပီ ၊ ၾကည့္ပါလား …. မ်က္ႏွာေလးကိုက
ႏြမ္းဖတ္ဖတ္နဲ႔ အစိမ္းေရာင္သန္းေနတဲ႔ဟာကို ၊ အမေလး….
သနားစရာေကာင္းလိုက္တဲ့ လူမမာရာမေလးရယ္… ကၽြတ္..ကၽြတ္´ ဟုဆိုျပီး
မ်က္ႏွာကို အိုခ်ပစ္လိုက္သည္။ လကၡဏကလည္း အားက်မခံ….
`ဟင္.. ခင္ညားၾကီးလည္း ေဂၚလီလိုလို ေလာက္စာလံုးလိုလို မလုပ္နဲ႔ေလ ၊
က်ားဗုိလ္ဆြဲမယ္ ၊ ရႈံးတဲ့သူ သြားေၾကး ၊ လာ…. သြားဆြဲမယ္´
ဟုဆိုျပီး ရာမကို ဆြဲေခၚသြားသည္။ ခဏေနေတာ့ ရာမမင္းသား
မ်က္နွာၾကီးရႈံ႕မဲ့ကာ ျပန္ထြက္လာ၏။ ပါးစပ္ကလည္း ၾကိတ္မႏ္ုိင္ခဲမရႏွင့္
ပြစိပြစိ ေရရြတ္လာသည္။
`ဟင္… အလကား ခ်ဥ္ေပါင္ရိုးေကာင္ တုတ္ထိုးေကာင္ ပိန္တာရိုးေကာင္
ေတညွင္းဇိုးေကာင္ ေဖတစ္ရာေမာင္တစ္က်ိပ္ ဦးေလးအစိတ္နဲ႔ …င္ ျပတ္ေသမယ့္
မသာေကာင္ ´
ဆဲဆိုသံေပါင္းစံုႏွင့္ ေလးစင္ရွိရာသို႔ ေလွ်ာက္သြား၏။ ထို႔ေနာက္
မ်က္ႏွာၾကီး နီတြတ္လာသည္အထိ ေလးကိုင္းကို ဆြဲမသည္။ လံုး၀ မၾကြ ။ ထိုအခါမွ
စိတ္ေအးသြားပံုႏွင့္ ….
`ဟူး… ေတာ္ပါေသးရဲ႕ အဟီး´ ဟုဆိုကာျပန္လွည့္လာသည္။
သူကေတာ့ အဲဒီအျဖစ္အပ်က္ေတြကိုၾကည့္ျပီး နားမလည္ႏုိင္ေအာင္ ျဖစ္ေန၏။ ဒီလို
ဘုရင့္သမက္ ျဖစ္ရမွာကိုေတာင္ ဘာျဖစ္လို႔ အေၾကာက္အကန္ျငင္းေနၾကပါလိမ့္ ၊
အို..ဒါေတြထားပါေလ၊ အေရးၾကီးတာက ငါပဲ။ မင္းသမီးေလးကို ပိုင္ဆိုင္ရမယ့္
ဖူးစာရွင္က ငါမို႔လို႔ပဲေနမွာေပါ့။ ဟိုဟိုဒီဒီ ေလွ်ာက္ေတြးမေနေတာ့ပဲ
ေလးစင္ရွိရာသို႔သာ တစ္လွမ္းခ်င္းသြားလိုက္သည္။ ျပီးေတာ့ ပရိသတ္အားလံုးကို
လွမ္းၾကည့္လိုက္ေသး၏။ အားလံုး၏အာရုံေတြ သူ႔ဆီမွာပဲက်ေရာက္ေနသျဖင့္
ေက်နပ္သြားသည္။
ပထမဆံုး အာရုံမပ်ံ႕လြင့္ေအာင္ ထိန္းလုိက္သည္။ ျပီးေနာက္ ရွိသမွ်အားကို
အကုန္စုစည္း ထားလိုက္၏။ ဒီေလာက္အေလးၾကီးကို မဖို႔ ဒီလို
နည္းလမ္းေကာင္းေတြ လိုသည္ေလ။ ထို႕ေနာက္ ေလးကိုင္းကို လက္ႏွစ္ဖက္ႏွင့္
က်စ္က်စ္ပါေအာင္ ဆုပ္ထားလုိက္ျပီး အသက္ကို ၀ေအာင္ ရွဴသြင္းလိုက္သည္။
ေနာက္ဆံုးအဆင့္အေနနဲ႔ ေလးကိုင္းကို ရွိသမွ်အားသံုးျပီး ဆြဲမလိုက္သည္။
`ဟင္´
`ခ်ိန္ခြင္ေလာက္ေတာင္ မေလးဘူး´
ပါးစပ္က လႊတ္ခနဲထြက္သြားသည္။ လူကလညး ေနာက္သို႔ လန္သြား၏။ လက္ထဲမွာက
ရွိသမွ်အားနဲ႔ မလိုက္ရေသာ ခ်ိန္ခြင္ေလာက္ေတာင္မေလးလွသည့္ ေလးကိုင္းၾကီး။
ေၾကာင္စီစီႏွင့္ ခဏေလာက္ မွင္တက္မိေနသည္။ ျပီးမွ…

`မဟုတ္ေသးပါဘူး´ ဟုဆိုကာ ေလးကို္င္းကို စင္ေပၚျပန္တင္ထားလိုက္၏။
ျပီးေနာက္ ေလးကိုင္းကို ေနာက္တခါျပန္မၾကည့္သည္။ အလြယ္တကူ ပါလာျပန္၏။
သူလည္း ကိုယ့္ကိုယ္ကို မယံုႏိုင္သလို သူ႔လက္ထဲတြင္ရွိေသာ
ေလးကိုင္းကိုတလွည့္ၾကည့္လိုက္ လူပရိသတ္မ်ားကိုတလွည့္ ၾကည့္လိုက္ လုပ္ေန၏။

ထုိစဥ္မွုာပင္…
`လူစြမး္ေကာင္းဒႆဂီရိဟာ ေလးေတာ္ကို ႏွစ္ထပ္ကြမ္းတင္ႏုိင္ခဲ့ျပီ
ျဖစ္တဲ့အတြက္ ဘုရင့္သမီးေတာ္ သီတာေဒ၀ီ မင္းသမီးေလးရဲ႕ ၾကင္ယာေတာ္အျဖစ္
သတ္မွတ္လိုက္ျပီ ျဖစ္ပါတယ္ ´ ဟု မွဴးမတ္တစ္ဦးက ေၾကျငာလိုက္ေလသည္။
`ေဟး…..´
`ေျဖာင္း…ေျဖာင္း´
`ရႊီ….ရႊီ… ဒတ္ၾကီးကြ´
လက္ခုပ္သံေတြ အားေပးသံေတြ။ ဒါ..ဒါ ငါ့ကို ဂုဏ္ျပဳၾကတဲ့အသံေတြပဲ။ ရင္မွာ
လႈိက္ခနဲကို ၾကည္ႏူးရပါလား။ အားလံုးက ၀ုိင္းျပီး ခ်ီးေျမွာက္ခံလုိက္ရလို႔
၀မ္းသာပီတိျဖစ္မႈေတြ။ ခ်စ္သူကို ပိုင္ဆိုင္ခြင့္ရျပီဆိုတဲ့ အသိေတြ။ အို…
ဘယ္လို ေပ်ာ္ရႊင္မႈမိ်ဳးနဲ႔မွ ႏႈိင္းလို႔မရပါလား။

သူဘ၀င္က်သြားျပီး အားလံုးကို လက္ေ၀ွ႔ယမ္းျပလိုက္၏။ ရာမမင္းသားကလည္း
ထုိင္ေနရာမွ ထလာျပီး သူ႔အတြက္ဂုဏ္ယူပါတယ္ ဆိုေသာပံုစံမ်ိဳးျဖ်င့္
လက္ကမ္းေပးလာ၏။ သူ၀မ္းသာအားရပဲ လက္ဆြဲႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္မွ ….
`ကဲ..သီတာကို က်ဳပ္ ေခၚသြားလို႔ရျပီလား ၊ ရရင္လညး္ ေခၚသြားေတာ့မယ္ေလ ၊
က်ဳပ္တိုင္းျပည္မွာ ျပန္ျပီး ဧည့္ခံပြဲလုပ္ရဦးမွာ ´
တစ္ခ်ိန္လံုး ျငိမ္ေနေသာ ရေသ့ၾကီးက ၀င္ေျပာသည္။
`လာမွာပါေလ…. သိပ္မေလာပါနဲ႔ သြားေခၚေနပါျပီ´
ခဏေနေတာ့ အျဖဴဆြတ္ဆြတ္၀တ္စံုႏွင့္ မင္းသမီးေလး အေျခြအရံမ်ားႏွင့္
ေရာက္လာ၏။ မ်က္ႏွာကိုလည္း ပ၀ါျဖင့္အုပ္ထားေသးသည္။ အို….
မျမင္ရလည္းလွတာပါပဲလားကြယ္။ မင္းသမီးေလး သူ႔အနားလာရပ္ေတာ့ ရင္ခုန္သံက
ပိုျမန္လာ၏။ သူ ကတုန္ကယင္ႏွင့္ မ်က္ႏွာကို အုပ္ထားေသာ ပ၀ါစကိုဖယ္ရန္
လက္လွမ္းလိုက္သည္။ ဒါကို မင္းသမီးေလးက လက္ျဖင့္ဖမ္းထားျပီးတုိးညင္းေသာေလသံျဖင့္ ေျပာသည္။
`အို…. ရွက္ပါတယ္´
ဟုတ္သားပဲေလ။ သူရွက္ရွာေပမေပါ့။ ခုေလာေလာဆယ္ေတာ့ မၾကည့္ေတာ့ပါဘူး။
အိမ္ေရာက္မွပဲ အဟိ။ သူ အူျမဴးစြာေတြးရင္း မင္းသမီးကို လွမ္းေျပာသည္။
`ဒါဆိုလည္း သြားၾကရေအာင္ေနာ္´
မင္းသမီးေလးက ညင္သာစြာ ေခါင္းညိတ္လိုက္သည္ႏွင့္ ကားနားကို
အေျပးအလႊားသြားျပီး ကားတံခါး ဖြင့္ေပးလိုက္၏။ မင္းသမီးေလးက အိေျႏၵရစြာ
၀င္ထိုင္သည္။ သူလည္းအားလံုးကို ႏႈတ္ဆက္လက္ျပျပီး ကားထဲ၀င္ထိုင္ကာ
ညင္သာစြာ ကားကိုေမာင္းထြက္လိုက္၏။ ေအာ္ဟစ္အားေပးသံမ်ားက အေနာက္တြင္
တျဖည္းျဖည္းေ၀းက်န္ခဲ့ျပီ။
———————————————————————————————–
(၃)
အခန္းထဲမွာ သူ႔ရဲ႕ၾကင္ယာေတာ္ အသစ္စက္စက္ကေလးက ျငိမ္သက္စြာ
ထိုင္ေနေပလိမ့္မည္။ သူကေတာ့ အထဲမ၀င္ရဲေသးဘဲ အခန္း၀မွာ
ေခါက္တံု႔ေခါက္ျပန္ေလွ်ာက္ရင္း ရင္ေတြခုန္ကာေန၏။ အခ်စ္ဟာ အရာရာကို
ေၾကာက္စိတ္၀င္ေစႏုိင္တာပဲေလ။ ဟိုဟိုဒီဒီေတြးေနရင္းမွ
ဒီေန႔ျဖစ္ပ်က္ခဲ့ပံုေေတြကို ျပန္စဥ္းစားမိသည္။ ငါ့အတြက္ အရာရာဟာ
ဘာလို႔မ်ား လြယ္ကူေနခဲ့ပါလိမ့္။ အို…. မလိုပါဘူးေလ။ ငါက ၂၁ ရာစုဒႆဂီရိပဲ။
ငါ့ရဲ႕စြမ္းရည္ကိုက သူမ်ားေတြထက္ ပိုသာေနတာ ျဖစ္မွာေပါ့။ အေတြးစက
ၾကင္ယာေတာ္ေလးဆီ ျပန္ေရာက္သြား၏

အခ်စ္ဆိုတဲ့အရာဟာ ဒီေလာက္ပဲ တန္ခိုးၾကီးသလား မိသီတာ။ ဒါ့ေၾကာင့္လည္း
ခ်စ္ျခင္းတရားရဲ႕ ေရွ႕ေမွာက္မွာ ေခတ္အဆက္ဆက္ကလူေတြ ဒူးေထာက္ခဲ့ၾကရတာပဲ။
ငါ့ရဲ႕ရင္တစ္ခုလံုး ဟုန္းဟုန္းေတာက္ေနေအာင္ ျပဳစားရက္တယ္ မိသီတာ။
နင့္အတြက္ပဲ ေ၀ျမေနခဲ့တဲ့ ရင္ခုန္သံကို တဆိတ္ေလး နားစြင့္ၾကည့္ပါ။
ျပီးရင္ ေကာင္းကင္ကိုၾကည့္ပါဦး အခ်စ္။ လမင္းဟာ ငါ့ရဲ႕ နတ္သမီးျပပြဲကို
ဂုဏ္ယူစြာ ျပံဳးၾကည့္ေနလိမ့္မယ္။ ၾကယ္အစံုတို႔ရဲ႕ ေကာင္းခ်ီးၾသဘာသံဟာလည္း
ငါတို႔ႏွစ္ေယာက္အတြက္ နား၀င္ခ်ိဳတဲ့ ေတးသြားတစ္ခု ျဖစ္ေနလိမ့္မယ္။
ငါ့ရဲ႕အခ်စ္ေတြကို နင္ျမင္ႏုိင္ဖို႔အတြက္ နင့္မ်က္ႏွာေလးေပၚမွာ
ဖံုးအုပ္ထားတဲ့ ပ၀ါစကို ငါဖယ္ရွားပစ္ပါရေစ မိသီတာရယ္။
ရင္ခုန္သံေတြ က်ယ္လြင့္လာသည့္ၾကားမွပင္ အခန္းထဲသို႔ အရဲစြန္႔ျပီး
၀င္လိုက္၏။ ထို႔ေနာက္ သူမအနားသို႔ ကပ္သြားျပီး မ်က္ႏွာေပၚရွိ ပ၀ါစကို
အသာ`မ´ၾကည့္လုိက္သည္။ တစ္ေလာကလံုး ဆိတ္ျငိမ္သြားသလုိ ထင္လိုက္ရျပီးေနာက္
……..
တစ္စကၠန္႔….
ႏွစ္စကၠန္႔….
သံုးစကၠန္႔…..
`အား´
ေအာ္သံတစ္ခ်က္ၾကားလိုက္ရျပီး ခဏအၾကာတြင္ သတိလက္လြတ္ျဖစ္ေနေသာ
ရုပ္အေသၾကီးႏွင့္ သူထြက္လာေလသည္။ သူ႔မ်က္လံုးအစံုထဲတြင္ေတာ့….
ပံုရိပ္မ်ား…. ရာမႏွင့္ လကၡဏတို႔ အျပန္အလွန္ ျငင္းခံုေနၾကပံုမ်ား……
ေလးကို တင္လို႔မရသျဖင့္ စိတ္ေအးသြားေသာ ရာမမင္းသား၏ ပံုရိပ္မ်ား…..
ခ်ိန္ခြင္ေလာက္ေတာင္ မေလးေသာ ေလးကိုင္းအေကြးၾကီးပံုမ်ားကို အစီအရီ
ျမင္ေယာင္ေနေလသည္။
———————————————————————————————-
(အဆံုး)
သီတာေဒ၀ီ၏ ခမည္းေတာ္ဘုရင္ၾကီးက အထူးဧည့္ခံေသာ ညစာစားပြဲတြင္ ရာမမင္းသား ၊
လကၡဏ ၊ ဆရာရေသ့ၾကီးႏွင့္ ဘုရင္ၾကီးတို႔ စားရင္းေသာက္ရင္း
စကားေျပာေနၾကသည္။ ဘုရင္ၾကီးက…
`က်ဳပ္သမီးေတာ္ေလး လင္ေကာင္းသားေကာင္းရသြားတဲ့အတြက္ ၀မ္းသာတယ္ဗ်ာ ၊
ဒႆၾကီးရွိတဲ့ေတာထဲကို ေလယာဥ္နဲ႔ စာရြက္သြားပစ္ခ်ေပးတဲ့
လကၡဏမင္းသားကိုလည္း ေက်းဇူးတင္ပါတယ္’
ရာမမင္းသားကလည္း ၀င္ေျပာသည္။
`က်ေနာ္ေတာင္ ကံေကာင္းလို႔ဗ်ိဳ႕ ၊ သူက အတင္းေလးတင္ခိုင္းတာေလ ၊
ေတာ္ေသးတာေပါ့ ၊ မ`မ´ ႏိုင္တဲ့ပံုစံမ်ိဳးလုပ္တာ ပီျပင္သြားလိုိ႔ ၊
ႏို႔မို႔ဆိုရင္ေတာ့ အဟီး…..´
လကၡဏက……
`ဘာပဲေျပာေျပာေလ ၊ ေနာက္ဆံုးေတာ့ ဒႆဂီရိဟာ ကၽြန္ေတာ္တို႔ဆင္ထားတဲ့
အကြက္ထဲ ေရာက္လာရတာပဲ မဟုတ္လား´
ဘုရင္ၾကီးက စာရြက္ေပၚမွ ဓါတ္ပံုကို ေသခ်ာၾကည့္ျပီး ………
`က်ဳပ္ နားမလည္တာ တစ္ခုပဲရွိတယ္ ၊ ဒီေလာက္ ရုပ္ဆိုးတဲ့ က်ဳပ္သမီးေတာ္ကို
ဓါတ္ပံုထဲမွာ လွသြားေအာင္ ဘယ္လိုလုပ္ပစ္လိုက္သလဲ ဆိုတာကိုပါပဲ´
ထိုအခါမွ ရေသ့ၾကီးက ျပံဳးစစႏွင့္ ဂုဏ္ယူသလို ၀င္ေျပာသည္။
`ဘာခက္တာမွတ္လို႔ ဘုရင္ၾကီးရယ္ ၊ ဒႆဂီရိေျပာသလိုဆို ၂၁ ရာစုေလဗ်ာ ၊ ၂၁
ရာစု ၊ က်ဳပ္တပည့္ေလး ေမာင္ရာမက ဖိုတိုေရွာ့ဆိုတာကို
အလြန္ကၽြမ္းဆိုကိုးဗ် ၊ ဘုရင္ၾကီးသမီးေတာ္ေလး ပံုကို
ဒစ္ဂ်စ္တယ္ကင္မရာနဲ႔ရိုက္ ၊ ျပီးေတာ့ ကြန္ပ်ဴတာထဲမွာ လိုသလို
ပံုေျပာင္းလိုက္တာပါ ၊ ဟား…. ဟား……….´
`ေၾသာ္….. ၂၁ ရာစု ဒႆဂီရိလည္း ၂၁ ရာစု နည္းပညာနဲ႔
ထိပ္တိုက္တိုးသြားတာေပါ့ေလ ၊ ဟား … ဟား….ဟား……..´
အားလုံး၀ိုင္း၍ ရယ္ေမာသံက ေကာင္းကင္သို႔ပင္ လွ်ံတက္သြားသလို ထင္ရေလသည္။
—————————————————————————————————————-
(ေနာက္ဆက္တြဲ)
`အဲဒီလူၾကီးေတြမေကာင္းဘူး ၊ ေလာကၾကီးမွာ ဘီလူးေလာက္ေၾကာက္စရာေကာင္းတာ
ဘီလူးပဲရွိတယ္ ၊ ခုေတာ့ ဘီလူးေတာင္ ျပန္ေၾကာက္ရတဲ့ဟာၾကီးကို
ထည့္လႊတ္ေပးလိုက္တယ္ ဆုိကတည္းက အဲဒီလူၾကီးေတြ ေကာင္းမေကာင္း
စဥ္းစားသာၾကည့္ေတာ့ ၊ ဘယ့္ႏွယ့္ဗ်ာ….. က်ဳပ္အျဖစ္က `တစ္ခါတည္းပါေမာင္ရယ္
….. သံစံုတီး၀ိုင္းနဲ႔ ´ ဆိုသလိုျဖစ္ေနတယ္၊ ရာဇ၀င္ထဲက ဒႆဂီရိက
အသည္းပဲကြဲတာ ၊ က်ဳပ္ကြဲတာ ႏွစ္ခုေတာင္ …. အသည္းတင္မဟုတ္ဘူး ၊
အရွက္ပါကြဲတာ၊ အမ်ိဳးတူဘီလူးေတြကလည္း က်ဳပ္က္ိုလက္မခံၾကေတာ့ဘူးဗ်ာ ၊
ႏွင္လႊတ္လိုက္ၾကျပီဗ် ၊ အီး…ဟီး…. စိတ္နာလြန္းလို႔ သီခ်င္းေတာင္
ေရးထားေသးတယ္ ၊ ခင္ဗ်ားနားေထာင္ၾကည့္ ´
သင္လက္ဖက္ရည္ဆိုင္ထိုင္ေနခ်ိန္တြင္ေသာ္လည္းေကာင္း…
သင္လမ္းေလွ်ာက္ေနစဥ္ေသာ္လည္းေကာင္း သင့္ကို အထက္ပါစကားမ်ားေျပာျပီး
ေအာက္ပါသီခ်င္းတစ္ပုဒ္ကို ဆိုျပသည့္ သူတစ္ေယာက္ႏွင့္ေတြ႔သည္ဆိုပါဆို႔။
သူ႔လက္ထဲကို လွမ္းၾကည့္လိုက္ပါ။ လက္ထဲတြင္ ခ်ိန္ခြင္ေလာက္ေတာင္ မေလးေသာ
သံကိုင္းအေကြးၾကီးတစ္ခုကို လည္း ကိုင္ထားသည္ကိုေတြ႔ပါက သူသည္
ခင္ဗ်ားတို႔သိျပီးျဖစ္ၾကသည့္အတိုင္း ၂၁ ရာစု ဒႆဂီရိ သာျဖစ္ပါသည္။
`မယ္သီတာကို သံုးပိုင္းပိုင္းျပီး ေခါင္းပိုင္းမီးဖုတ္စား …..
က်န္တာေတြကို ဆားဆႏြင္းေရာျပီး ဖုတ္..သုပ္..ျပဳတ္ကာစား အခ်စ္ရႈံးသမား
ဒႆဂီရိ…. အီး…ဟီး..ဟီး..´
————————————————————————————–
(၂၀၀၇ ခုႏွစ္၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္မဂၢဇင္း အမွတ္ (၃) တြင္ ဆုရခဲ့ဖူးေသာ
ဟာသ၀တၳဳတိုအား ျပန္လည္ေဖာ္ျပလိုက္ပါသည္)


ဖိုးသူေတာ္ (www.phothutaw.com)
Credit : ေပ်ာ္ေပ်ာ္ရြွႈင္ရွြင္ မဂၢဇင္း

#Unicode Version#
(၁)
`သူ´ တရားထိုင်နေသည်။ ဝင်သက်နှင့် ထွက်သက်ကြားမှ ပါးလျသောငြိမ်းအေးမှုတစ်မျိုးကိုခံစားနေမိ၏။
ထိုစဉ်မှာပဲ ကောင်းကင်မှကျယ်လောင်သော လေယာဉ်သံကို ကြားလိုက်သည်။ပြန်ပြီး စုစည်းမရတော့သည့်
အာရုံထဲသို့ အတွေးတချို့ ဖြတ်ဝင်လာ၏။ ဒီလောက် တောကြီးမျက်မည်းထဲကိုဒီလေယာဉ်က
ဘာစိတ်ကူးပေါက်ပြီး ရောက်လာပါလိမ့်။

အိုး…. ၂၁ ရာစုတောင် ရောက်နေမှပဲ ၊ တောထဲ လေယာဉ်ရောက်တာလောက်ကတော့မဆန်းလှပါဘူးလေ။
ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းမှ အမှတ်တမဲ့ မိုးပေါ်မော့ကြည့်လိုက်မိသည်။
အလို…. လေယာဉ်ပေါ်က လွင့်ကျလာတာ ဘာပါလိမ့်။ စူးစမ်းချင်စိတ်နှင့်
ဘာမှန်းမသိသော အရာဝတ္ထုလေး မြေပေါ်ကျအလာကို စောင့်နေလိုက်သည်။
ထိုအရာဝတ္ထုလေးကလည်း သူ့အနားကိုပဲ ဆိုက်မြိုက်စွာကျလာ၏။

`သြော်…. စာရွက်တစ်ရွက်ပဲ´
တစ်ယောက်တည်းရေရွတ်ပြီး ဘာရယ်မဟုတ် ကောက်ယူကြည့်လိုက်သည်။

`အိုး…´ စူးစူးနစ်နစ်ရေရွတ်ရင်း ချာလည်သွားသော စိတ်နှလုံးကို
မနည်းပြန်ထိမ်းယူလိုက်ရ၏။ ဒါတောင် ခုနက တရားမှတ်ထားတဲ့
အခံရှိပေလို့ဟုလည်း တွေးမိသေး၏။

`သူ´ကောက်ယူ ကြည့်လိုက်မိသောစာရွက်ထဲမှာက လှပပြေပြစ်လွန်းသော မိန်းမငယ်တစ်ဦး၏ ဓါတ်ပုံ။ အောက်ဘက်မှာကကွန်ပျူတာစာစီထားသော စာလုံးအချို့။
`ရွှီး´ခနဲ လေတစ်ချက်ချွန်ရင်း စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။
`ကြင်ယာတော်ရွေးလေးတင်ပွဲ´
အထက်ပါဓါတ်ပုံရှင် ဘုရင့်သမီးတော်လေး သီတာဒေဝီ၏ ကြင်ရာတော်ရွေး
လေးတင်ပွဲကို အောက်ပါအစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်ပါ၍ ဖိတ်စာနှင့်တကွ
ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် – ၁၄.၂.၂၀၀၈
အချိန် – နံနက် ၉း၀၀ မှ ၁၂း၀၀
နေရာ – နန်းရင်ပြင်တော်ရှေ့
လမ်းညွှန် – ရှိသမျှလိုင်းကား အကုန်ရောက်သည်
`
အဟိ´
အဲဒီလေးရွင်ပွဲ…အဲလေ အဲဒီလေးတင်ပွဲကို ကိုယ်ရောက်အောင်လာခဲ့မယ်
အချစ်ရယ်။ မင်းရဲ့ နှလုံးသားနန်းဆောင်မှာ နေခွင့်ရဖို့
ကိုယ့်ရဲ့လက်ရုံးရည်ကို ပြသလှည့်မယ်ကွဲ့။ ကိုယ့်ရဲ့ အောင်နိုင်ပွဲကို
ဂုဏ်ပြုတဲ့အနေနဲ့ မင်းရဲ့အပြုံးတွေကို နန်းရင်ပြင်ရှေ့မှာ
အပြည့်ခင်းကျင်းထားပါ။ အပြန်ခရီးမှာ မင်းရဲ့လက်ကလေးကို ဆုပ်ကိုင်လို့
တို့ရဲ့အနာဂတ်ကို ရဲရင့်စေကြမယ်။ အခုတော့ အလောတကြီး
ရင့်မှည့်လာတဲ့ရင်ခုန်သံကို ပြန်လည်ထိန်းညှိဖို့ ကိုယ့်ကို ကဗျာတစ်ပုဒ်
ရွတ်ခွင့်ပြုပါ ချစ်သူ။
ဖြစ်တည်ခဲ့
ရင်မှာပျိုးတဲ့သစ်သီး
စားသုံးချိန်နီးတဲ့အခါ
ခရီးပြင်းနှင်ခဲ့မယ် မင်းဆီ
ပျိုမြစ်စွာ ကြိုဆိုလှည့်
တစ်ယောက်တည်း အူမြူးစွာဖြင့် တောင်စဉ်ရေမရ လျှောက်ပြောရင်းမှ ခေတ်ပေါ်ကဗျာ
တစ်ပုဒ်ကိုပါ ခပ်တည်တည် ရွတ်ချလိုက်သေး၏။ `သူ´ကား
အားလုံးသိပြီးဖြစ်ကြသည့်အတိုင်း ဒဿဂီရိ ( ဒါမှမဟုတ် သူ့အပြောအရ `၂၁ ရာစု
ဒဿဂီရိ´ ) ပင် ဖြစ်လေသည်။
—————————— ——————————
—————————————————-
(၂) နန်းရင်ပြင်ပတ်ပတ်လည်တွင် ခုနစ်ပြည်ထောင် မင်းညီမင်းသားများနှင့်
လူသူပရိသတ်များ လျှံကျနေသည်။ နန်းရင်ပြင်အလယ်တွင်တော့ ဗိုလ်ခြေတစ်ထောင်
မမှ ကြွသည်ဟု နာမည်ကြီးသော လေးကိုင်းကြီးကို စင်မြင့်ပေါ်တွင်တင်ထား၏။
ထိုလေးစင်၏ ခပ်လှမ်းလှမ်းတွင် ဘုရင့်အကိုးကွယ်ခံ ဆရာရသေ့ကြီး ၊
ရာမမင်းသားနှင့် လက္ခဏမင်းသားတို့ တန်းစီထိုင်နေကြသည်။ အခမ်းအနားကလည်း
မစသေးသဖြင့် အသံဗလံပေါင်းစုံတို့ တွတ်စီညံဆူနေ၏။
`တို့ဘုရင်ကြီးက သူ့သမီးတော်လေးကို အပျိုကြီးဖြစ်စေချင်တယ်ထင်ပါ့ ကိုရင်ရယ်´
`ဟ….. ဘာလို့လဲ ရှင်မရ´
`အိုတော်… ဗိုလ်ခြေတစ်ထောင်မမှ ဒီလေးက ကြွပါတယ်ဆိုမှ ဘယ်သူကတစ်ယောက်တည်း
မ,နိုင်မှာလဲတော်´
လူသူပရိသတ်များထဲမှ အချီအချ ငြင်းခုန်သံများ ၊ အမျိုးမျိုးသော
ထင်ကြေးပေးချက်များကပင် အခမ်းအနားကို ပိုပြီးအသက်ဝင်စေသလို ထင်ရလေသည်။
ထိုအချိန်မှာပင် ငြိမ့်ညောင်းလှသော စက်သံနှင့်အတူ
အမည်းရောင်ပြောင်လက်နေသော `ပါဂျဲရိုး´ ကားကြီးတစ်စီး ထိုးစိုက်လာသည်။
ထို့နောက် ကားတံခါး ဖြည်းညင်းစွာပွင့်လာပြီး ကားပေါ်မှ စမတ်ကျကျ
ကိုယ်လုံးကိုယ်ထည်ကြီးကြီး လူတစ်ယောက်ဆင်းလာသည်။ မျက်နှာကိုလည်း
ဖုန်မှုန်နေအောင် ဘာတွေလိမ်းလာသည်မသိ။ အစွမ်းကုန်ကို ရူပါကြွေးလာပုံရသည်။

တာဝန်ကျ မှူးမတ်တစ်ဦးက သူ့အနားကပ်သွားပြီး….
`ဖိတ်စာပြပါ´
ဒါကိုပင် `သူ´က လှည့်မကြည့်ပဲ ဘောင်းဘီအိတ်ထဲမှ ဖိတ်စာကို ဖျတ်ခနဲ
ဆွဲထုတ်လိုက်ပြီး ဖိတ်စာပေါ်ရှိ ဓါတ်ပုံကို စိတ်မချသလို
တစ်ချက်ကြည့်လိုက်သေးသည်။ ပြီးူမှ မပေးချင်ပေးချင် ပုံစံမျိုးဖြင့်
ပေးလိုက်သည်။ အားလုံးသော ပရိသတ်ကလည်း သူလုပ်သမျှကို ပါးစပ်အဟောင်းသား
ငေးကြည့်နေကြ၏။ သူက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
အောင်မြင်ထည်ဝါသော အသံနှင့်…
`ကျုပ်က ဒဿဂီရိ… သိန်းဃိုရ်ပြည်ကလာတာ… လာတဲ့ကိစ္စကတော့ လေးတင်ပွဲမှာ
ဝင်ပြိုင်မလို့ ´
အားလုံး မင်တက်မိသလို ခဏကြောင်ငေးသွားကြသည်။ ခဏနေတော့မှ အားလုံး
လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာ၏။ တီးတိုးဝေဖန်သံများ ၊
ဝေခွဲမရသည့်အကြည့်များ ၊ ပြီးတော့ ဟုတ်ပါ့မလား ဆိုသည့်အသံများ
ညံလာပြန်သည်။ စပ်စုတတ်ပုံရသော မင်းသားတစ်ပါးက မရဲတရဲထပြီး မေးသည်။
`ခင်…ခင်ဗျားက ဒဿဂီရိသာဆိုတယ် ဘယ်မှာလဲ နောက်ထပ်ခေါင်းကိုးလုံး…. ခုတော့
မျက်နှာပြဲကြီး တစ်ခုပဲတွေ့တယ်´

ဒါကို `သူ´က တုံးလှချည်လားဟူသောအကြည့်မျိုးဖြင့်
စောင်ပေပေပြန်ကြည့်လိုက်သေးသည်။ ပြီးမှ ထိုမင်းသားပခုံးကို ဟန်ပါပါ
တစ်ချက်ပုတ်ပြီး ……
`ဒီမယ်…..ကိုယ့်လူ အခု ၂၁ ရာစုပဲရောက်နေပြီ ၊ မဖြစ်နိုင်ဘူးဆိုတာ
မရှိတော့ဘူး …. ကျန်တဲ့ခေါင်းကိုးလုံးက ဘတ်လပ်ဘတ်လပ်နဲ့ အနေအထိုင်
ကျဉ်းကျပ်လွန်းလို့ ဆာဂျရီလုပ်ပြီး ခွဲစိတ်ပစ်လိုက်ပြီ
…ကျန်တဲ့ခေါင်းတစ်လုံးတောင် အဆစ်ခွဲစိတ်ပေးပါ့မယ်လုပ်နေလို့ မနည်း
တောင်းပန်လာခဲ့ရတာ´

`ဒါဖြင့် ခင်ဗျားစီးနေကျ ပန်းရထားကြီးကရော´
ကျေနပ်ပုံမရသေးသော မင်းသားက ထပ်မေးပြန်သည်။ `သူ´ စိတ်တိုသွားပြီး……..
`ကျွတ်စ်….ခက်တော့နေပြီ ၂၁ ရာစုရောက်နေပြီလို့ ကိုယ့်လူကို
ဘယ်နှစ်ခါပြောရမလဲဗျဟင် ၊ ပန်းရထားစီးရတာ မငြိမ့်လို့ ပါဂျဲရိုး
ငြိမ့်ငြိမ့်လေး ဝယ်စီးတယ်လေ ဘာဖြစ်လဲ… ပိုက်ဆံရှိရင်
ဘရစ်တနီစပီးယားကိုတောင်ခေါ်ပြီး ကလော်ခိုင်းလို့ရတယ်… နဖာချေး ၊
သိပ်မပိန်းစမ်းပါနဲ့ ကိုယ့်လူရာ´

ထိုအခါကျမှ အားလုံး ဘဝင်ကျသွားသလို ခေါင်းတညိတ်ညိတ်ဖြစ်ကုန်၏။ သူက
ထပ်မံပြီး အားလုံးကို ဝေ့ကြည့်လိုက်သည်။ ပြီးမှ….
`ကဲ ကဲ အချိန်သိပ်မရှိဘူး အရင်ရောက်တဲ့သူတွေ လေးတင်ကြပါလေ ကျုပ်ကတော့
နောက်ဆုံးမှ လေးတင်ပါ့မယ် ဟဲ…ဟဲ´
သူ့စကားအဆုံးမှာ မင်းသားတစ်ပါး ပြုံးဖြဲဖြဲနှင့် ထပြီး ….
`အဟီး…. ညီမတင်တော့ပါဘူး ကိုကြီးရာ ၊ မ,နိုင်မှာလည်းမဟုတ်ပါဘူး ၊
ကိုကြီးအစွမ်းကိုပဲ ညီ ထိုင်ကြည့်တော့မယ်လေ နော်.. အဟဲ´
`ဟုတ်တယ်… ဟုတ်တယ် ၊ သားတို့လည်း နိုင်မှာမဟုတ်တဲ့အတူတူ ကိုကြီးကိုပဲ
ထိုင်ကြည့်တော့မယ်´ ဟု ကျန်မင်းသားတွေကပါ ပျာပျာသလဲ ထောက်ခံကြသည်။ ဒါကို
သူက…

`အာ…..မဟုတ်သေးဘူးလေ ၊ ကျုပ်တစ်ယောက်တည်း လေးတင်ရင် မတရားရာကျနေမှာပေါ့ ၊
နောက်မှ ကိုလူဆိုးကြီး လို့ အပြောမခံနိုင်ပေါင် ´ ဟုပြောပြီး ရာမနှင့်
လက္ခဏတို့ ထိုင်နေရာသို့ လှမ်းကြည့်လိုက်သည်။ တဆက်တည်းမှာပဲ လက္ခဏကို
လက်ညှိုးထိုးပြီး….
`ဟောဟိုက မျက်နှာရွှေသွင်းထားတဲ့ ညီတော်လေးကရော အစွမ်းပြဖို့
စိတ်ကူးလေးများ မရှိဘူးလား´
`ဟင့်အင်း…ဟင့်အင်း´
လက္ခဏကလည်း ချက်ချင်းပင် သွက်သွက်ခါအောင် ငြင်း၏။ သူက
စိတ်ပျက်သလိုပုံစံမျိုးနှင့် ခေါင်းတစ်ချက်ခါလိုက်ပြီး
`မဖြစ်သေးဘူးလေဗျာ… တစ်ယောက်တည်းပြိုင်ပြီး ဆုရတယ်ဆိုရင် ကျုပ်က
ငပေါကြီးဖြစ်သွားမှာပေါ့ ဒီလိုလုပ်မယ် ၊ ကျုပ်ကပဲ ယှဉ်ပြိုင်ဘက်ကို
ရွေးလိုက်မယ်လေ ၊ အဲဒီ ပြောင်ပြောင်လက်လက် ညီအစ်ကို နှစ်ယောက်ထဲက
တစ်ယောက်တော့ လေးတော်တင်ကြည့်ပါ ၊ ကျုပ်ဘက်ကတော့ ယုံကြည်စိတ်ချမှု
အပြည့်ရှိနေတာ ၊ နာမည်ကိုက အီဗာ… အဲလေ ဒဿဂီရိတဲ့´
ဟုဆိုပြီး ရာမနှင့်လက္ခဏကို လှမ်းပြီးစိမ်ခေါ်၏။ လက္ခဏက မျက်နှာငယ်လေးနှင့်
ရာမကို ကြည့်ပြီးပြောသည်။
`ကိုကိုပဲ တင်လိုက်ပါ ကိုကိုရယ် ၊ ညီညီမနေ့က အစားမှားပြီးတော့
ဝမ်းလျှောနေလို့ အားမရှိဘူး´
ရာမကလည်း အကြောက်အကန် ပြန်ငြင်းသည်။
`အွန်… မင်း လည်သလိုလို အိမ်မကပ်သလိုလို မလုပ်နဲ့လေ ၊ အဲဒီလိုပြောကြေးဆို
ငါလည်း နေမကောင်းဖြစ်နေတာကြာပြီ ၊ ကြည့်ပါလား …. မျက်နှာလေးကိုက
နွမ်းဖတ်ဖတ်နဲ့ အစိမ်းရောင်သန်းနေတဲ့ဟာကို ၊ အမလေး….
သနားစရာကောင်းလိုက်တဲ့ လူမမာရာမလေးရယ်… ကျွတ်..ကျွတ်´ ဟုဆိုပြီး
မျက်နှာကို အိုချပစ်လိုက်သည်။ လက္ခဏကလည်း အားကျမခံ….
`ဟင်.. ခင်ညားကြီးလည်း ဂေါ်လီလိုလို လောက်စာလုံးလိုလို မလုပ်နဲ့လေ ၊
ကျားဗိုလ်ဆွဲမယ် ၊ ရှုံးတဲ့သူ သွားကြေး ၊ လာ…. သွားဆွဲမယ်´
ဟုဆိုပြီး ရာမကို ဆွဲခေါ်သွားသည်။ ခဏနေတော့ ရာမမင်းသား
မျက်နှာကြီးရှုံ့မဲ့ကာ ပြန်ထွက်လာ၏။ ပါးစပ်ကလည်း ကြိတ်မနိုင်ခဲမရနှင့်
ပွစိပွစိ ရေရွတ်လာသည်။
`ဟင်… အလကား ချဉ်ပေါင်ရိုးကောင် တုတ်ထိုးကောင် ပိန်တာရိုးကောင်
တေညှင်းဇိုးကောင် ဖေတစ်ရာမောင်တစ်ကျိပ် ဦးလေးအစိတ်နဲ့ …င် ပြတ်သေမယ့်
မသာကောင် ´
ဆဲဆိုသံပေါင်းစုံနှင့် လေးစင်ရှိရာသို့ လျှောက်သွား၏။ ထို့နောက်
မျက်နှာကြီး နီတွတ်လာသည်အထိ လေးကိုင်းကို ဆွဲမသည်။ လုံး၀ မကြွ ။ ထိုအခါမှ
စိတ်အေးသွားပုံနှင့် ….
`ဟူး… တော်ပါသေးရဲ့ အဟီး´ ဟုဆိုကာပြန်လှည့်လာသည်။
သူကတော့ အဲဒီအဖြစ်အပျက်တွေကိုကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်နေ၏။ ဒီလို
ဘုရင့်သမက် ဖြစ်ရမှာကိုတောင် ဘာဖြစ်လို့ အကြောက်အကန်ငြင်းနေကြပါလိမ့် ၊
အို..ဒါတွေထားပါလေ၊ အရေးကြီးတာက ငါပဲ။ မင်းသမီးလေးကို ပိုင်ဆိုင်ရမယ့်
ဖူးစာရှင်က ငါမို့လို့ပဲနေမှာပေါ့။ ဟိုဟိုဒီဒီ လျှောက်တွေးမနေတော့ပဲ
လေးစင်ရှိရာသို့သာ တစ်လှမ်းချင်းသွားလိုက်သည်။ ပြီးတော့ ပရိသတ်အားလုံးကို
လှမ်းကြည့်လိုက်သေး၏။ အားလုံး၏အာရုံတွေ သူ့ဆီမှာပဲကျရောက်နေသဖြင့်
ကျေနပ်သွားသည်။
ပထမဆုံး အာရုံမပျံ့လွင့်အောင် ထိန်းလိုက်သည်။ ပြီးနောက် ရှိသမျှအားကို
အကုန်စုစည်း ထားလိုက်၏။ ဒီလောက်အလေးကြီးကို မဖို့ ဒီလို
နည်းလမ်းကောင်းတွေ လိုသည်လေ။ ထို့နောက် လေးကိုင်းကို လက်နှစ်ဖက်နှင့်
ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး အသက်ကို ဝအောင် ရှူသွင်းလိုက်သည်။
နောက်ဆုံးအဆင့်အနေနဲ့ လေးကိုင်းကို ရှိသမျှအားသုံးပြီး ဆွဲမလိုက်သည်။
`ဟင်´
`ချိန်ခွင်လောက်တောင် မလေးဘူး´
ပါးစပ်က လွှတ်ခနဲထွက်သွားသည်။ လူကလညး နောက်သို့ လန်သွား၏။ လက်ထဲမှာက
ရှိသမျှအားနဲ့ မလိုက်ရသော ချိန်ခွင်လောက်တောင်မလေးလှသည့် လေးကိုင်းကြီး။
ကြောင်စီစီနှင့် ခဏလောက် မှင်တက်မိနေသည်။ ပြီးမှ…

`မဟုတ်သေးပါဘူး´ ဟုဆိုကာ လေးကိုင်းကို စင်ပေါ်ပြန်တင်ထားလိုက်၏။
ပြီးနောက် လေးကိုင်းကို နောက်တခါပြန်မကြည့်သည်။ အလွယ်တကူ ပါလာပြန်၏။
သူလည်း ကိုယ့်ကိုယ်ကို မယုံနိုင်သလို သူ့လက်ထဲတွင်ရှိသော
လေးကိုင်းကိုတလှည့်ကြည့်လိုက် လူပရိသတ်များကိုတလှည့် ကြည့်လိုက် လုပ်နေ၏။

ထိုစဉ်မှုာပင်…
`လူစွမ်းကောင်းဒဿဂီရိဟာ လေးတော်ကို နှစ်ထပ်ကွမ်းတင်နိုင်ခဲ့ပြီ
ဖြစ်တဲ့အတွက် ဘုရင့်သမီးတော် သီတာဒေဝီ မင်းသမီးလေးရဲ့ ကြင်ယာတော်အဖြစ်
သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ် ´ ဟု မှူးမတ်တစ်ဦးက ကြေငြာလိုက်လေသည်။
`ဟေး…..´
`ဖြောင်း…ဖြောင်း´
`ရွှီ….ရွှီ… ဒတ်ကြီးကွ´
လက်ခုပ်သံတွေ အားပေးသံတွေ။ ဒါ..ဒါ ငါ့ကို ဂုဏ်ပြုကြတဲ့အသံတွေပဲ။ ရင်မှာ
လှိုက်ခနဲကို ကြည်နူးရပါလား။ အားလုံးက ဝိုင်းပြီး ချီးမြှောက်ခံလိုက်ရလို့
ဝမ်းသာပီတိဖြစ်မှုတွေ။ ချစ်သူကို ပိုင်ဆိုင်ခွင့်ရပြီဆိုတဲ့ အသိတွေ။ အို…
ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့မှ နှိုင်းလို့မရပါလား။

သူဘဝင်ကျသွားပြီး အားလုံးကို လက်ဝှေ့ယမ်းပြလိုက်၏။ ရာမမင်းသားကလည်း
ထိုင်နေရာမှ ထလာပြီး သူ့အတွက်ဂုဏ်ယူပါတယ် ဆိုသောပုံစံမျိုးဖြျင့်
လက်ကမ်းပေးလာ၏။ သူဝမ်းသာအားရပဲ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက်မှ ….
`ကဲ..သီတာကို ကျုပ် ခေါ်သွားလို့ရပြီလား ၊ ရရင်လည်း ခေါ်သွားတော့မယ်လေ ၊
ကျုပ်တိုင်းပြည်မှာ ပြန်ပြီး ဧည့်ခံပွဲလုပ်ရဦးမှာ ´
တစ်ချိန်လုံး ငြိမ်နေသော ရသေ့ကြီးက ဝင်ပြောသည်။
`လာမှာပါလေ…. သိပ်မလောပါနဲ့ သွားခေါ်နေပါပြီ´
ခဏနေတော့ အဖြူဆွတ်ဆွတ်ဝတ်စုံနှင့် မင်းသမီးလေး အခြွေအရံများနှင့်
ရောက်လာ၏။ မျက်နှာကိုလည်း ပဝါဖြင့်အုပ်ထားသေးသည်။ အို….
မမြင်ရလည်းလှတာပါပဲလားကွယ်။ မင်းသမီးလေး သူ့အနားလာရပ်တော့ ရင်ခုန်သံက
ပိုမြန်လာ၏။ သူ ကတုန်ကယင်နှင့် မျက်နှာကို အုပ်ထားသော ပဝါစကိုဖယ်ရန်
လက်လှမ်းလိုက်သည်။ ဒါကို မင်းသမီးလေးက လက်ဖြင့်ဖမ်းထားပြီးတိုးညင်းသောလေသံဖြင့် ပြောသည်။
`အို…. ရှက်ပါတယ်´
ဟုတ်သားပဲလေ။ သူရှက်ရှာပေမပေါ့။ ခုလောလောဆယ်တော့ မကြည့်တော့ပါဘူး။
အိမ်ရောက်မှပဲ အဟိ။ သူ အူမြူးစွာတွေးရင်း မင်းသမီးကို လှမ်းပြောသည်။
`ဒါဆိုလည်း သွားကြရအောင်နော်´
မင်းသမီးလေးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်နှင့် ကားနားကို
အပြေးအလွှားသွားပြီး ကားတံခါး ဖွင့်ပေးလိုက်၏။ မင်းသမီးလေးက အိနြေ္ဒရစွာ
ဝင်ထိုင်သည်။ သူလည်းအားလုံးကို နှုတ်ဆက်လက်ပြပြီး ကားထဲဝင်ထိုင်ကာ
ညင်သာစွာ ကားကိုမောင်းထွက်လိုက်၏။ အော်ဟစ်အားပေးသံများက အနောက်တွင်
တဖြည်းဖြည်းဝေးကျန်ခဲ့ပြီ။
———————————————————————————————–
(၃)
အခန်းထဲမှာ သူ့ရဲ့ကြင်ယာတော် အသစ်စက်စက်ကလေးက ငြိမ်သက်စွာ
ထိုင်နေပေလိမ့်မည်။ သူကတော့ အထဲမဝင်ရဲသေးဘဲ အခန်းဝမှာ
ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရင်တွေခုန်ကာနေ၏။ အချစ်ဟာ အရာရာကို
ကြောက်စိတ်ဝင်စေနိုင်တာပဲလေ။ ဟိုဟိုဒီဒီတွေးနေရင်းမှ
ဒီနေ့ဖြစ်ပျက်ခဲ့ပုံေတွေကို ပြန်စဉ်းစားမိသည်။ ငါ့အတွက် အရာရာဟာ
ဘာလို့များ လွယ်ကူနေခဲ့ပါလိမ့်။ အို…. မလိုပါဘူးလေ။ ငါက ၂၁ ရာစုဒဿဂီရိပဲ။
ငါ့ရဲ့စွမ်းရည်ကိုက သူများတွေထက် ပိုသာနေတာ ဖြစ်မှာပေါ့။ အတွေးစက
ကြင်ယာတော်လေးဆီ ပြန်ရောက်သွား၏

အချစ်ဆိုတဲ့အရာဟာ ဒီလောက်ပဲ တန်ခိုးကြီးသလား မိသီတာ။ ဒါ့ကြောင့်လည်း
ချစ်ခြင်းတရားရဲ့ ရှေ့မှောက်မှာ ခေတ်အဆက်ဆက်ကလူတွေ ဒူးထောက်ခဲ့ကြရတာပဲ။
ငါ့ရဲ့ရင်တစ်ခုလုံး ဟုန်းဟုန်းတောက်နေအောင် ပြုစားရက်တယ် မိသီတာ။
နင့်အတွက်ပဲ ဝေမြနေခဲ့တဲ့ ရင်ခုန်သံကို တဆိတ်လေး နားစွင့်ကြည့်ပါ။
ပြီးရင် ကောင်းကင်ကိုကြည့်ပါဦး အချစ်။ လမင်းဟာ ငါ့ရဲ့ နတ်သမီးပြပွဲကို
ဂုဏ်ယူစွာ ပြုံးကြည့်နေလိမ့်မယ်။ ကြယ်အစုံတို့ရဲ့ ကောင်းချီးသြဘာသံဟာလည်း
ငါတို့နှစ်ယောက်အတွက် နားဝင်ချိုတဲ့ တေးသွားတစ်ခု ဖြစ်နေလိမ့်မယ်။
ငါ့ရဲ့အချစ်တွေကို နင်မြင်နိုင်ဖို့အတွက် နင့်မျက်နှာလေးပေါ်မှာ
ဖုံးအုပ်ထားတဲ့ ပဝါစကို ငါဖယ်ရှားပစ်ပါရစေ မိသီတာရယ်။
ရင်ခုန်သံတွေ ကျယ်လွင့်လာသည့်ကြားမှပင် အခန်းထဲသို့ အရဲစွန့်ပြီး
ဝင်လိုက်၏။ ထို့နောက် သူမအနားသို့ ကပ်သွားပြီး မျက်နှာပေါ်ရှိ ပဝါစကို
အသာ`မ´ကြည့်လိုက်သည်။ တစ်လောကလုံး ဆိတ်ငြိမ်သွားသလို ထင်လိုက်ရပြီးနောက်
……..
တစ်စက္ကန့်….
နှစ်စက္ကန့်….
သုံးစက္ကန့်…..
`အား´
အော်သံတစ်ချက်ကြားလိုက်ရပြီး ခဏအကြာတွင် သတိလက်လွတ်ဖြစ်နေသော
ရုပ်အသေကြီးနှင့် သူထွက်လာလေသည်။ သူ့မျက်လုံးအစုံထဲတွင်တော့….
ပုံရိပ်များ…. ရာမနှင့် လက္ခဏတို့ အပြန်အလှန် ငြင်းခုံနေကြပုံများ……
လေးကို တင်လို့မရသဖြင့် စိတ်အေးသွားသော ရာမမင်းသား၏ ပုံရိပ်များ…..
ချိန်ခွင်လောက်တောင် မလေးသော လေးကိုင်းအကွေးကြီးပုံများကို အစီအရီ
မြင်ယောင်နေလေသည်။
———————————————————————————————-
(အဆုံး)
သီတာဒေဝီ၏ ခမည်းတော်ဘုရင်ကြီးက အထူးဧည့်ခံသော ညစာစားပွဲတွင် ရာမမင်းသား ၊
လက္ခဏ ၊ ဆရာရသေ့ကြီးနှင့် ဘုရင်ကြီးတို့ စားရင်းသောက်ရင်း
စကားပြောနေကြသည်။ ဘုရင်ကြီးက…
`ကျုပ်သမီးတော်လေး လင်ကောင်းသားကောင်းရသွားတဲ့အတွက် ဝမ်းသာတယ်ဗျာ ၊
ဒဿကြီးရှိတဲ့တောထဲကို လေယာဉ်နဲ့ စာရွက်သွားပစ်ချပေးတဲ့
လက္ခဏမင်းသားကိုလည်း ကျေးဇူးတင်ပါတယ်’
ရာမမင်းသားကလည်း ဝင်ပြောသည်။
`ကျနော်တောင် ကံကောင်းလို့ဗျို့ ၊ သူက အတင်းလေးတင်ခိုင်းတာလေ ၊
တော်သေးတာပေါ့ ၊ မ`မ´ နိုင်တဲ့ပုံစံမျိုးလုပ်တာ ပီပြင်သွားလို့ ၊
နို့မို့ဆိုရင်တော့ အဟီး…..´
လက္ခဏက……
`ဘာပဲပြောပြောလေ ၊ နောက်ဆုံးတော့ ဒဿဂီရိဟာ ကျွန်တော်တို့ဆင်ထားတဲ့
အကွက်ထဲ ရောက်လာရတာပဲ မဟုတ်လား´
ဘုရင်ကြီးက စာရွက်ပေါ်မှ ဓါတ်ပုံကို သေချာကြည့်ပြီး ………
`ကျုပ် နားမလည်တာ တစ်ခုပဲရှိတယ် ၊ ဒီလောက် ရုပ်ဆိုးတဲ့ ကျုပ်သမီးတော်ကို
ဓါတ်ပုံထဲမှာ လှသွားအောင် ဘယ်လိုလုပ်ပစ်လိုက်သလဲ ဆိုတာကိုပါပဲ´
ထိုအခါမှ ရသေ့ကြီးက ပြုံးစစနှင့် ဂုဏ်ယူသလို ဝင်ပြောသည်။
`ဘာခက်တာမှတ်လို့ ဘုရင်ကြီးရယ် ၊ ဒဿဂီရိပြောသလိုဆို ၂၁ ရာစုလေဗျာ ၊ ၂၁
ရာစု ၊ ကျုပ်တပည့်လေး မောင်ရာမက ဖိုတိုရှော့ဆိုတာကို
အလွန်ကျွမ်းဆိုကိုးဗျ ၊ ဘုရင်ကြီးသမီးတော်လေး ပုံကို
ဒစ်ဂျစ်တယ်ကင်မရာနဲ့ရိုက် ၊ ပြီးတော့ ကွန်ပျူတာထဲမှာ လိုသလို
ပုံပြောင်းလိုက်တာပါ ၊ ဟား…. ဟား……….´
`သြော်….. ၂၁ ရာစု ဒဿဂီရိလည်း ၂၁ ရာစု နည်းပညာနဲ့
ထိပ်တိုက်တိုးသွားတာပေါ့လေ ၊ ဟား … ဟား….ဟား……..´
အားလုံးဝိုင်း၍ ရယ်မောသံက ကောင်းကင်သို့ပင် လျှံတက်သွားသလို ထင်ရလေသည်။
—————————————————————————————————————-
(နောက်ဆက်တွဲ)
`အဲဒီလူကြီးတွေမကောင်းဘူး ၊ လောကကြီးမှာ ဘီလူးလောက်ကြောက်စရာကောင်းတာ
ဘီလူးပဲရှိတယ် ၊ ခုတော့ ဘီလူးတောင် ပြန်ကြောက်ရတဲ့ဟာကြီးကို
ထည့်လွှတ်ပေးလိုက်တယ် ဆိုကတည်းက အဲဒီလူကြီးတွေ ကောင်းမကောင်း
စဉ်းစားသာကြည့်တော့ ၊ ဘယ့်နှယ့်ဗျာ….. ကျုပ်အဖြစ်က `တစ်ခါတည်းပါမောင်ရယ်
….. သံစုံတီးဝိုင်းနဲ့ ´ ဆိုသလိုဖြစ်နေတယ်၊ ရာဇဝင်ထဲက ဒဿဂီရိက
အသည်းပဲကွဲတာ ၊ ကျုပ်ကွဲတာ နှစ်ခုတောင် …. အသည်းတင်မဟုတ်ဘူး ၊
အရှက်ပါကွဲတာ၊ အမျိုးတူဘီလူးတွေကလည်း ကျုပ်ကိုလက်မခံကြတော့ဘူးဗျာ ၊
နှင်လွှတ်လိုက်ကြပြီဗျ ၊ အီး…ဟီး…. စိတ်နာလွန်းလို့ သီချင်းတောင်
ရေးထားသေးတယ် ၊ ခင်ဗျားနားထောင်ကြည့် ´
သင်လက်ဖက်ရည်ဆိုင်ထိုင်နေချိန်တွင်သော်လည်းကောင်း…
သင်လမ်းလျှောက်နေစဉ်သော်လည်းကောင်း သင့်ကို အထက်ပါစကားများပြောပြီး
အောက်ပါသီချင်းတစ်ပုဒ်ကို ဆိုပြသည့် သူတစ်ယောက်နှင့်တွေ့သည်ဆိုပါဆို့။
သူ့လက်ထဲကို လှမ်းကြည့်လိုက်ပါ။ လက်ထဲတွင် ချိန်ခွင်လောက်တောင် မလေးသော
သံကိုင်းအကွေးကြီးတစ်ခုကို လည်း ကိုင်ထားသည်ကိုတွေ့ပါက သူသည်
ခင်ဗျားတို့သိပြီးဖြစ်ကြသည့်အတိုင်း ၂၁ ရာစု ဒဿဂီရိ သာဖြစ်ပါသည်။
`မယ်သီတာကို သုံးပိုင်းပိုင်းပြီး ခေါင်းပိုင်းမီးဖုတ်စား …..
ကျန်တာတွေကို ဆားဆနွင်းရောပြီး ဖုတ်..သုပ်..ပြုတ်ကာစား အချစ်ရှုံးသမား
ဒဿဂီရိ…. အီး…ဟီး..ဟီး..´
————————————————————————————–
(၂၀၀၇ ခုနှစ်၊ ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း အမှတ် (၃) တွင် ဆုရခဲ့ဖူးသော
ဟာသဝတ္ထုတိုအား ပြန်လည်ဖော်ပြလိုက်ပါသည်)



ဖိုးသူတော် (www.phothutaw.com)
Credit : ပျော်ပျော်ရွှှုင်ရှွင် မဂ္ဂဇင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top