ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: Duwun

#Unicode Version#

အွန်လိုင်းကနေတစ်ဆင့် ဟိုတယ်ဘိုကင်ပြုလုပ်တဲ့သူတွေထဲက ရာခိုင်နှုန်း ၇၀ ကပြည်တွင်းခရီးသွားများဖြစ်ပြီး တော့ ဈေးသက်သာတဲ့ ဟိုတယ်တွေကိုသာရွေးချယ်ဘိုကင်ပြုလုပ်ကြတာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှုဝက်ဘ်ဆိုဒ် jovago က ထုတ်ပြန်ထားပါတယ်။

ဝက်ဘ်ဆိုဒ်ကနေတစ်ဆင့် အွန်လိုင်းဘွတ်ကင်ပြုလုပ်သူများအနေနဲ့ ပုဂံ၊မန္တလေးနဲ့ ဘားအံတို့မှာ ပြည်တွင်းခရီးသွားတွေအကြားမှာ လူကြိုက်များပြီး အွန်လိုင်းဘွတ်ကင်ပြုလုပ်မှုအများဆုံးဖြစ်နေပြီးတော့ အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အတွင်းက ဝက်ဘ်ဆိုဒ်အသုံးပြုမှု အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဆီမှာ ခရီးသွားအများစုက အခြားသော facility တွေထက် ဈေးသက်သာတဲ့ဟိုတယ်တွေကိုပဲ ဘွတ်ကင်တင်တာ များပါတယ်" လို့ Jovago Myanmar ရဲ့မန်းနေးဂျင်းဒါရိုက်တာ Mr.Frans Maas က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လည်ပတ်ဖို့ အကောင်းဆုံးဒေသတွေအဖြစ် ပုဂံ၊အင်းလေး၊ကလော၊တောင်ကြီး၊ သီပေါ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင်၊ထားဝယ်၊ ငပလီ၊ ဘားအံ၊ကော့သောင်းနဲ့ မြိတ်ကျွန်းစုတို့က ခရီးသွားတွေကို ဆွဲဆောင်ရာဒေသတွေအဖြစ် ရပ်တည်နေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top