မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×



လူငယ်အဆိုရှင် X Box က ''9'' ဆိုတဲ့ Audio CD ကိုမိတ်ဆက်ထားပြီးဖြစ်သလို အခုတော့ မေလ 20 ရက်နေ့ မှာကျရောက်မဲ့ မွေးနေ့ ကိုရည်စူးပြီးတော့ လူငယ်ဒါရိုက်တာတွေရဲ့ ရိုက်ချက်တွေနဲ့ အတူ ''9'' ကို Music Video အဖြစ်အသက်သွင်းပုံဖေါ်လိုက်ပြန်ပါပြီ။

''9 ပေါက်'' Music Video သတင်းစာရှင်းလင်းပွဲကိုတော့ မေလ 11 ရက်နေ့ က Novotel Hotel မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့ မိတ်ဆက်လိုက်ပါပြီ။

ဒီအခွေကိုထုတ်ဖြစ်တာကလည်း သူ့ ရဲ့ ရူးသွပ်မူတစ်ခုဖြစ်နေတဲ့အတွက် အကောင်ထည်ဖော်ဖြစ်တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

''လူငယ်အဆိုတော်တစ်ယောက်လည်းဖြစ်တယ်။ အားပေးတဲ့လူငယ်ပရိတ်သတ်တွေလည်းအများကြီးရှိတယ်။ ဒါပေမယ့် သရုပ်ဆောင်လုပ်တဲ့အခါမှာကော?? ပရိတ်သတ်ကိုဘယ်လိုရသတွေပေးစွမ်းနိုင်မလဲ?? အဲ့ဒီအတွေး ၀င်ခဲ့ဖူးတယ်။ ဒါပေမယ့်လည်း တချို့ ကလိုင်းကြောင်သွားတယ်လို့ ပြောမလား။ မဆိုင်တော့ မဆိုင်ပါဘူး။ နိုင်ငံခြားမှာဆိုရင်လည်း သရုပ်ဆောင်ရင်း သီချင်းဆိုနေတဲ့သူတွေရှိတာပဲလေ။ အဲ့တော့ ဒါကို ကျွန်တော်က စိန်ခေါ်မူတစ်ခုအနေနဲ့ ကော ရူးသွပ်မူတစ်ခုအနေနဲ့ ကော...အကောင်ထည်ဖော်လိုက်ခြင်းဖြစ်ပါတယ်။ ဒါရိုက်တွေနဲ့ လည်း သေချာတိုင်ပင်ပြီးတော့ အကောင်းဆုံးဖြစ်အောင် သေချာအကောင်ထည်ဖော်ထားလိုက်ပါတယ်။ ရုပ်ရှင်မင်းသားတွေလောက်တော့ သရုပ်ဆောင်တာ ကောင်းချင်မှကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်အကောင်းဆုံး အတတ်နိုင်ဆုံးကြိုးစားထားပါတယ်''

ဒီအခွေမှာတော့ သီချင်း 13 ပုဒ်မှာဖြစ်ပြီးတော့ X Box နဲ့ အတူ ၀ါဆိုမိုးဦး၊ ခင်ဝင့်ဝါ၊ နန်းဆုဦး၊ Sofia၊ မေရတီဇော် တို့ က ပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။

X Box က သူ့ ရဲ့ မွေးနေ့ ဖြစ်တဲ့ မေလ 20 ရက်နေ့ မှာ ရန်ကုန်မြို့ Junction Square မှာ အမှတ်တရလက်မှတ်ရေးထိုး ရောင်းချပေးသွားမှာဖြစ်ပြီးတော့ မန္တလေးမှာလည်းသွားရောက်ဖျော်ဖြေဖို့ ရှိနေပါတယ်။

X Box ရဲ့ ''တနေ့ '' ဆိုတဲ့သီချင်းကို ရိုက်ကူးပေးခဲ့တဲ့ လူငယ်ဒါရိုက်တာ ''ကာယံ'' ကတော့ ''ဒီသီချင်းမှာ X Box ရဲ့ ငယ်ဘ၀ကိုတွေ့ ရလိမ့်မယ်လို့ ပြောပါတယ်။

''တစ်နေ့ ဆိုတဲ့ သီချင်းကို ကျွန်တော် စထွက်ကတည်းကကြိုက်ပါတယ်။ အဲ့လိုနဲ့ ဒီသီချင်းကို ရိုက်ကူးဖို့ အတွက်လည်း ကမ်းလှမ်းခံရတယ်။ အဲ့အတွက် ဘယ်လိုအကောင်းဆုံးဖြစ်အောင်ကြိုးစားမလဲဆိုတာ စဉ်းစားခဲ့တယ်။ အဲ့အချိန်မှာလည်း X Box ကသူ့ ရဲ့ ငယ်ဘ၀အကြောင်းလည်း နည်းနည်းပါချင်တယ်လို့ ပြောပါတယ်။ အဲ့တော့ သူ့ ရဲ့ ငယ်ဘ၀နဲ့ ဒီဘက်ခေတ်လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ချို့ ကို ပေါင်းပြီးတော့ အကောင်းဆုံးပုံဖော်ရိုက်ကူးပေးထားပါတယ်။ အဲ့သီချင်းကို ထွက်လာရင်တော့ သေချာစောင့်ကြည့်ပေးပါလို့ ပြောချင်ပါတယ်''

Credit : Kamayut Media
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top