×



အားလပ္ရက္မွာ အပန္းေျဖဥယ်ာဥ္ေတြသြားၿပီး အပန္းေျဖ လုိသူေတြအတြက္ အခမဲ့ေဖ်ာ္ေျဖေရးအစီအစဥ္ေတြရွိတဲ့ ေနရာေတြကုိ စုစည္းေဖာ္ျပလုိက္ပါတယ္။

ျပည္သူ႕ဥယ်ာဥ္မွာေတာ့ ရာသီဥတုအေျခအေနအေပၚ မူတည္ၿပီး ညေနတုိင္းမွာ ေရပန္း႐ုပ္ရွင္ကုိ ျပသေပးမွာျဖစ္ၿပီးစေနေန႔မွာ ျမန္မာ့႐ုိးရာအက တင္ဆက္မႈအစီအစဥ္ေတြနဲ႔ ေဖ်ာ္ေျဖေပးမွာ ျဖစ္ပါတယ္။

ဦးဥတၱမပန္းၿခံ Happy World ကေလးကစားကြင္းမွာ ေတာ့ စေန၊ တနဂၤေႏြ အားလပ္ရက္ေတြမွာမ်က္လွည့္တင္ဆက္မႈေတြ၊ အကအဖြဲ႕ေတြရဲ႕ တင္ဆက္မႈေတြကုိ နံနက္ ၁၁ နာရီကေနစၿပီး အခမဲ့ေဖ်ာ္ေျဖေပးမွာ ျဖစ္ပါတယ္။ ကရ၀ိက္ဥယ်ာဥ္ကမၻာရဲ႕ Souvenir ဧရိယာမွာေတာ့ ဒီတစ္ပတ္ စေန၊ တနဂၤေႏြ ႏွစ္ရက္စလုံး YGN Fashion ရဲ႕ မုိးရာသီ အထူးေစ်းပြဲေတာ္ကုိ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ကန္သာယာပန္းၿခံမွာေတာ့ ဒီတစ္ပတ္ တနဂၤေႏြေန႔မွာ Music Peace Re-volution ပြဲကုိ ျပဳလုပ္မွာ ျဖစ္ပါတယ္။

− အပန္းေျဖဥယ်ာဥ္ေတြကုိ မသြားဘဲ ေစ်း၀ယ္စင္တာေတြကုိ သြားခ်င္တဲ့သူေတြအတြက္ ပ႐ုို မုိးရွင္းပြဲေလးေတြလည္း ရွိပါတယ္။

Junction Square ရဲ႕ Aqua Hall မွာေတာ့ ဒီတစ္ပတ္ စေန၊ တနဂၤေႏြႏွစ္ရက္စလုံး Ford ကားကုမၸဏီရဲ႕ ပ႐ုိမုိးရွင္းပြဲ ျပဳလုပ္မွာျဖစ္ပါတယ္။ Marine Hall မွာေတာ့ ဒီတစ္ပတ္ စေန၊ တနဂၤေႏြႏွစ္ရက္စလုံး ေဂ်ာ္ဒါႏုိးအမွတ္ တံဆိပ္ရဲ႕ အထူူးေစ်းေရာင္းပြဲကုိ ျပဳလုပ္မွာ ျဖစ္ပါတယ္။

Water Fountain ဧရိယာမွာေတာ့ ဒီတစ္ပတ္ စေနေန႔မွာ EXO အဖြဲ႕ရဲ႕ လက္မွတ္ေရးထုိးပြဲ ျပဳလုပ္မွာ ျဖစ္ပါတယ္။

Junction Mawtin မွာေတာ့ ဒီတစ္ပတ္ စေန၊ တနဂၤေႏြႏွစ္ရက္စလုံး L’OREAL နဲ႔ Maybelline အလွကုန္ေတြရဲ႕ ပ႐ိုမုိးရွင္းပြဲကုိ ျပဳလုပ္မွာ ျဖစ္ပါတယ္။

စိန္ေဂဟာ(ပါရမီ)ေစ်း၀ယ္စင္တာမွာေတာ့ ဒီတစ္ပတ္တနဂၤေႏြေန႔မွာ Thingyan Lucky Draw Program 2017 ရဲ႕ ေနာက္ဆုံးအဆင့္ ေရြးခ်ယ္ပြဲကုိ ျပဳလုပ္မွာျဖစ္ပါတယ္။

မဟာဗႏၶဳလပန္းၿခံမွာေတာ့ ဒီတစ္ပတ္ တနဂၤေႏြေန႔မွာ ေမတၱာရိပ္ေရြ႕လ်ားစာၾကည့္တိုက္ရဲ႕ May Books Activity ကုိ ျပဳလုပ္မွာ ျဖစ္ပါတယ္။

ေျမနီကုန္း ခုံးေက်ာ္တံတားေအာက္မွာေတာ့ ဒီတစ္ပတ္ တနဂၤေႏြေန႔မွာ MBC Beatbox Battle 2017 ပြဲကုိ ျပဳလုပ္မွာ ျဖစ္ပါတယ္။

ဗုိလ္တေထာင္ဆိပ္ကမ္း Vintage Luxury Yatch Hotel ၀င္းအတြင္းမွာေတာ့ ဒီတစ္ပတ္ စေန၊ တနဂၤေႏြႏွစ္ရက္စလုံး ဘန္ေကာက္ညေစ်းကုိ ျပဳလုပ္မွာ ျဖစ္ ပါတယ္။        

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Days

Unicode Version#

အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေ လိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့ နေရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင်ကို ပြသပေးမှာဖြစ်ပြီးစနေနေ့မှာ မြန်မာ့ရိုးရာအက တင်ဆက်မှုအစီအစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာ တော့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာမျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ ကရဝိက်ဥယျာဉ်ကမ္ဘာရဲ့ Souvenir ဧရိယာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး YGN Fashion ရဲ့ မိုးရာသီ အထူးဈေးပွဲတော်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံမှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ Music Peace Re-volution ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

အပန်းဖြေဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရို မိုးရှင်းပွဲလေးတွေလည်း ရှိပါတယ်။

Junction Square ရဲ့ Aqua Hall မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Ford ကားကုမ္ပဏီရဲ့ ပရိုမိုးရှင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။ Marine Hall မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး ဂျော်ဒါနိုးအမှတ် တံဆိပ်ရဲ့ အထူူးဈေးရောင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Water Fountain ဧရိယာမှာတော့ ဒီတစ်ပတ် စနေနေ့မှာ EXO အဖွဲ့ရဲ့ လက်မှတ်ရေးထိုးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

Junction Mawtin မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး L’OREAL နဲ့ Maybelline အလှကုန်တွေရဲ့ ပရိုမိုးရှင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

စိန်ဂေဟာ(ပါရမီ)ဈေးဝယ်စင်တာမှာတော့ ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ Thingyan Lucky Draw Program 2017 ရဲ့ နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံမှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်ရဲ့ May Books Activity ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

မြေနီကုန်း ခုံးကျော်တံတားအောက်မှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ MBC Beatbox Battle 2017 ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဗိုလ်တထောင်ဆိပ်ကမ်း Vintage Luxury Yatch Hotel ဝင်းအတွင်းမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး ဘန်ကောက်ညဈေးကို ပြုလုပ်မှာ ဖြစ် ပါတယ်။    

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Days
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top