ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

EDM Festival အတြက္ ႀကိဳတင္ျပင္ဆင္ေနစဥ္(ဓာတ္ပံု−စိုင္းေဇာ္)
                
ရန္ကုန္သႀကၤန္သည္ သည္ ႏွစ္ေတာ့ ယခင္ႏွစ္ မ်ားႏွင့္ ကဲြျပားစြာ က်င္းပျဖစ္လိမ့္မည္ဟု သႀကၤန္ခ်စ္သူမ်ားက က်ိန္းေသတြက္ဆေနၾကသည္။ အထူးသျဖင့္ လူငယ္မ်ားျဖစ္သည္။

‘‘မ႑ပ္ေတြနဲ႔ ကားေတြနဲ႔က ႏွစ္တုိင္းလုိလိုျဖစ္ေနၿပီ။ ဒီႏွစ္က မ႑ပ္ေတြ အေရအတြက္နည္း လာတာလည္းပါတယ္။ အရင္လို ပံုစံေတြက ႐ိုးေနၿပီဆုိေတာ့ သႀကၤန္တြင္း EDM Festival ေတြ မွာ ေပ်ာ္ဖို႔စီစဥ္ထားပါတယ္’’ဟု တတိယႏွစ္ေက်ာင္းသူ မခ်ိဳလဲ့ ရည္ေသြးက ၎၏ သႀကၤန္အစီ အစဥ္အေၾကာင္းေျပာသည္။

သူေျပာသည့္ EDM ပဲြေတာ္ မ်ားဆုိသည္မွာ ယခုႏွစ္ သႀကၤန္ အတြက္ ထူးျခားမႈျဖစ္သည္။ ယခု ႏွစ္သႀကၤန္က ေရကစားကြင္းမ်ား ႏွင့္ ေန႔ႏွင့္ည ႏွစ္ခ်ိန္စလံုး ကခုန္ ရႊင္ျမဴးႏုိင္မည့္ EDM သႀကၤန္ကုိ လူငယ္မ်ားက ပို၍ စိတ္၀င္စား လာျခင္းျဖစ္သည္။


အမွန္ေတာ့ သႀကၤန္မွာ ႐ိုးရာအေငြ႕အသက္အနည္းငယ္သာ ရွိေတာ့ေသာ ပဲြေတာ္တစ္ခုျဖစ္ သည္မွာ လြန္ခဲ့သည့္ ႏွစ္မ်ားက တည္းကျဖစ္သည္။ သို႔ေသာ္ ေပ်ာ္ပဲြရႊင္ပဲြတစ္ခုအျဖစ္ကေတာ့ အားေကာင္းစြာရွိေနဆဲပင္။ ႏွစ္ စဥ္ သႀကၤန္ဆုိလွ်င္ ကမၻာေအး ဘုရားလမ္းႏွင့္ ျပည္လမ္းမ႑ပ္ ႀကီးမ်ားတြင္ မ႑ပ္ထိုင္ ေရက စားရင္း၊ လည္သူကလည္ရင္း တစ္ၿမိဳ႕လံုး ေရပက္ၾက၊ ကၾကခုန္ ၾကရင္း ျဖတ္သန္းသည္မွာ အစဥ္ အလာျဖစ္ေနၿပီျဖစ္သည္။

ႏွစ္စဥ္ ေရကစားမ႑ပ္မ်ား၊ ျမဴးႂကြသည့္ သံစဥ္မ်ားႏွင့္ ယိမ္း ထိုးကခုန္စရာ ယဥ္ေက်းမႈပဲြေတာ္ ကို ယခုႏွစ္ပိုင္းတြင္ေတာ့ ေခတ္ ေပၚေရစီးေၾကာင္းတစ္ခုကို လႊမ္း မိုး၍ လာသည္။ Electro Dance Music (EDM) ဟုေခၚသည့္ ေရ စီးတစ္ခုပင္ျဖစ္သည္။ သႀကၤန္ တြင္း EDM မ်ားဖြင့္၍ မ႑ပ္မ်ား အေပၚ ကၾကခုန္ၾကရင္း သႀကၤန္ ၏ သေကၤတျဖစ္ေသာ ယိမ္းအ က၊ သံခ်ပ္ႏွင့္ ေငြငန္းျဖဴ အလွျပ ယာဥ္မ်ားကို ေမ့ထားသည္မွာ ႏွစ္ အေတာ္ၾကာၿပီျဖစ္သည္။

သည္ႏွစ္တြင္ေတာ့ အဆိုပါ EDM ေရစီးကပို၍ အားေကာင္း သည္မွာ ေသခ်ာသြားၿပီျဖစ္၏။ သႀကၤန္မတိုင္မီ ၂၀၁၆ မွာပင္ ရန္ကုန္ၿမိဳ႕အတြင္း တစ္ႏွစ္လံုး တြင္ နာမည္ႀကီး EDM ေဖ်ာ္ေျဖပဲြေပါင္းရွစ္ခုရွိခဲ့ၿပီး ပဲြတိုင္း၌ လည္း ၀င္ေရာက္ဆင္ႏႊဲသူမ်ားျဖင့္ ျပည့္လွ်ံေနခဲ့သည္။ သည္ေရစီးက လူငယ္တို႔၏ သည္းေျခႀကိဳက္ျဖစ္ လာသည္။ ထို႔ေၾကာင့္ တစ္ႏုိင္ငံ လံုးက အားခဲထားသည့္ သႀကၤန္ပဲြတြင္လည္း EDM က မပါမျဖစ္ ေနရာယူလာဖြယ္ရွိေနသည္။

‘‘အရင္ႏွစ္ေတြက ဒီျပည္ လမ္းက မ႑ပ္ေတြမွာ စည္တယ္။ ဒီ ၂ ႏွစ္က လံုး၀ေျပာင္းလဲသြား ေတာ့ လူငယ္ေတြကလည္း ေပ်ာ္ ဖို႔ေနရာရွာၾကတယ္။ အဲဒီမွာ EDM Festival ေတြရွိလာေတာ့ အဆင္ေျပသြားတာေပါ့။ နဂုိက တည္းက EDM ပဲြေတြမွာ လူမ်ား ေနက်။ အခုသႀကၤန္နဲ႔ေပါင္းလုိက္ ေတာ့ ပိုမိုက္သြားတယ္’’ဟု ဗဟန္း ၿမိဳ႕နယ္မွ ကိုစုိးေ၀လင္းထြဋ္က ေျပာသည္။ ကိုစုိးေ၀လင္းထြဋ္မွာ ႏွစ္စဥ္ မ႑ပ္ထိုင္ေရကစားေနက် ျဖစ္ၿပီးသည္ႏွစ္ေတာ့ EDM Fest-ival တြင္ရွိမည္ဟု ဆုိသည္။

သည္သႀကၤန္ EDM ေရစီး မွာ တိုင္းအစိုးရအဖဲြ႕၏ အစီအ စဥ္တခ်ိဳ႕ေၾကာင့္  ပိုမုိအားေကာင္း ေစခဲ့သည္။ အေၾကာင္းမွာ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္က လူစု လူေ၀းႏွင့္ ေရကစားရန္ဆုိသည့္ ေခါင္းစဥ္ႏွင့္ ေရကစားကြင္းမ်ား ခြင့္ျပဳျခင္းေၾကာင့္ျဖစ္သည္။

သႀကၤန္က်သည့္ လူစုလူေ၀း ကို လူအမ်ားႀကီးဆံ့ေသာ ကြင္း ထဲတြင္ မွ်ထည့္ကာ ေရကစားေစ မည့္ အစီအစဥ္ျဖစ္သည္။ ဤသို႔ ျဖစ္ရန္လည္း လမ္းမေပၚက မ႑ပ္မ်ားကို အေရအတြက္ ေလွ်ာ့ခ်ထားသည္။ အစိုးရသစ္စ  တက္သည့္ ယမန္ႏွစ္ကလည္း မ႑ပ္အေရအတြက္မ်ားကို ေလွ်ာ့ခ်ခဲ့သျဖင့္ လႈပ္လႈပ္ရွားရွား ျဖစ္သြားခဲ့ရသည္။ သည္ႏွစ္ေတာ့ မႏွစ္ကထက္ပင္ မ႑ပ္အေရအ တြက္မွာ ထက္၀က္ခန္႔ ေလ်ာ့က် သြားရာ မ႑ပ္ႀကီး ၁၆ ခုသာရွိ ေတာ့မည္ျဖစ္သည္။ အဆုိပါ ၁၆ ခုတြင္ အမ်ားျပည္သူေရကစားႏုိင္ မည့္ မ႑ပ္က ခုနစ္ခုခန္႔သာ ျဖစ္ သည္။

တိုင္းအစိုးရက သု၀ဏၰမွ ေဖ်ာ္ေျဖပဲြကြင္း၊ ကန္ေတာ္ႀကီး ေမွ်ာ္စင္ကၽြန္း၊ ျပည္သူ႔ရင္ျပင္ႏွင့္ ေနရာအခ်ိဳ႕တြင္ ေရကစားကြင္း မ်ား က်င္းပရန္ ေလွ်ာက္လႊာ မ်ားလက္ခံခဲ့သည္။ လမ္းမေပၚ တြင္ စီးပြားျဖစ္မ႑ပ္မ်ားကို ခြင့္ မျပဳဟုဆုိထားသည္။ ဤသို႔ျဖင့္ မ႑ပ္ႀကီးအခ်ိဳ႕ကလည္း လမ္း ေပၚတြင္ ေဆာက္မရသည့္အတူတူ ေရကစားကြင္းထဲသို႔ ေရာက္လာသည္။

‘‘ကၽြန္ေတာ္တုိ႔ ကြင္းထဲမွာ က မ႑ပ္ေတြႏွစ္ခု၊ သံုးခုရွိမယ္။ ဂိမ္းေတြရွိမယ္။ နာမည္ႀကီး DJ Player ေတြနဲ႔ Rave လို႔ရမယ္။ ေစ်းတန္းလည္း ထားေပးမယ္။ EDM ကေတာ့ တစ္ေနကုန္ဖြင့္ေန မွာပါ။ ဟိုဘက္ဒီဘက္ အၿပိဳင္အ ဆုိင္မျဖစ္ေအာင္လည္း ညိႇထား ပါတယ္။ ဒီႏွစ္မွ ပထမဆံုးျဖစ္တဲ့ အတြက္ အခက္အခဲေတြေတာ့ ရွိ ႏုိင္ပါတယ္။ သႀကၤန္ပံုစံေျပာင္း သြားတာေပ့ါ’’ဟု ကုိသူရိန္ေဖ၀င္း က ေျပာသည္။ သူက သု၀ဏၰဘူမိ Event Park ေဖ်ာ္ေျဖေရးကြင္း တြင္ တည္ေဆာက္မည့္ TMF မ႑ပ္၌ အဖဲြ႕၀င္တစ္ဦး ျဖစ္ သည္။ TMF က ယခုႏွစ္တြင္ Music Festival သႀကၤန္ပဲြေတာ္ ႀကီးအျဖစ္ တစ္မူထူးျခားစြာ က်င္း ပမည္ဟု ေၾကာ္ျငာထားၿပီး ေန႔ ပိုင္းႏွင့္ညပိုင္း ႏွစ္ခ်ိန္ခဲြ၍ ေဖ်ာ္ေျဖမည္ျဖစ္ရာ EDM မ်ားဖြင့္၍တစ္ေနကုန္ ေပ်ာ္ပါးႏုိင္မည္ျဖစ္သည္။

ထို႔အျပင္ ႏွစ္စဥ္နာမည္ႀကီး ေရကစားမ႑ပ္ျဖစ္သည့္ Bar-rack မ႑ပ္ကလည္း ကန္ ေတာ္ႀကီးေမွ်ာ္စင္ကၽြန္းတြင္ EDM သႀကၤန္ဆင္ႏႊဲမည္ဟု ေၾကာ္ျငာ ထားသည္။

‘‘ကၽြန္ေတာ္တုိ႔ဘက္က သီး ျခားေတာ့ျဖစ္သြားတယ္။ ကန္ ပတ္လမ္းမွာက တျခားမ႑ပ္မရွိ ေတာ့ေလ။ အတတ္ႏုိင္ဆံုး စည္ ကားေအာင္ေတာ့ အေကာင္းဆံုး ႀကိဳးစားထားတယ္။ ေဖ်ာ္ေျဖပဲြ ေတြ၊ EDM ေတြ ခပ္စိပ္စိပ္ထည့္ ထားတယ္။ ႏုိင္ငံတကာမွ နာမည္ ရွိတဲ့ Player ေတြပါပဲ’’ဟု အဆို ပါမ႑ပ္မွ စီစဥ္သူ ကိုၿဖိဳးေလးက ေျပာသည္။

ယခုႏွစ္အဖို႔ လမ္းမေပၚက သႀကၤန္မွာလည္း လံုးလံုးလ်ား လ်ား လြတ္လပ္စြာခြင့္မျပဳသျဖင့္ သႀကၤန္ကေတာ့ ေရကစားကြင္း မ်ားႏွင့္ EDM ၏ လႊမ္းမုိးမႈေအာက္ လံုးလံုးေရာက္ေနၿပီဟု ဆုိႏုိုင္ သည္။ ထို႔အျပင္ ရရွိေသာသတင္း မ်ားအရ မ႑ပ္အမ်ားစုတြင္ တီး ခတ္သည့္ Player မ်ားမွာလည္း ႏုိင္ငံတကာတြင္ နာမည္ရသူမ်ား ကို ေစ်းႀကီးေပး ငွားရမ္းထားျခင္း ျဖစ္သည္။ DJ ႏွင့္ EDM တုိ႔က တစ္ကမၻာလံုးတြင္ ေခတ္စားေန ေသာ ဂီတအမ်ိဳးအစားျဖစ္ၿပီး ေနာက္ထပ္ေရစီးေျပာင္းသြား လွ်င္လည္း သႀကၤန္မွာ ထုိေရစီးေနာက္ ထပ္လိုက္ပါဦးမည္ျဖစ္ေၾကာင္း DJ Wine က ေျပာသည္။

‘‘EDM က အခုမွ ေခတ္စား တာမဟုတ္ဘူး။ ကၽြန္ေတာ္တုိ႔ ငယ္ငယ္တုန္းကတည္းက နား ေထာင္တာေတြလည္း Electronic Dance Music ေတြ ပဲ။ ဟိုးေခတ္ကတည္းကရွိတာ။ အခုမွ ေပါက္လာတာ။ ဒီဘက္ေခတ္မွာ တစ္ကမၻာလံုးမွာလည္း EDM Festival ေတြက မ်ားလာေတာ့ EDM Music Culture က ေပါက္သြားတဲ့ သေဘာပါ’’ဟု DJ Wine က ေျပာသည္။

သႀကၤန္မ႑ပ္မ်ားနည္းပါး လာျခင္းသည္ အႏုပညာရွင္မ်ား အတြက္လည္း အက်ိဳးသက္ ေရာက္မႈရွိခဲ့သည္။ ယခင္က သႀကၤန္ကာလသည္ အႏုပညာ ရွင္မ်ားအတြက္ ေငြေၾကးရွာေဖြ ႏုိင္သည့္ ေစ်းကြက္တစ္ခုျဖစ္ သည္။ သို႔ေသာ္ ယခုႏွစ္တြင္ စီးပြားျဖစ္မ႑ပ္လုပ္ကိုင္သူနည္း ပါးခဲ့ေသာေၾကာင့္ အႏုပညာရွင္ မ်ားအတြက္ သက္ေရာက္မႈရွိခဲ့ သည္။

 ‘‘အႏုပညာသမားေတြကို တံတားလို ေပါင္းကူးအျဖစ္ခ်နင္း ၿပီး အႏုပညာသမားေတြရဲ႕ အ လုပ္လုပ္တဲ့ရာသီစာသႀကၤန္မွာ မ႑ပ္ေတြ မဟားတရား စည္း ကမ္းက်ပ္လိုက္ေတာ့ စင္ေတြ နည္းကုန္ၿပီ။ အဲဒီတာ့ မွတ္ပလား အဲဒါ အစ႐ိုးတဲ့ အစိုးရကြ၊ ေပၚ တင္ႀကီးေျပာင္းလဲပစ္တာ။ ပုံမွန္ လည္ပတ္ေနတာကို ရပ္တန္႔ပစ္ ၿပီး ျပန္စဆုိရင္ အခ်ိန္ေတြ အား ေတြ ျပန္စရမွာပဲ။ လြယ္ကူတာ ေတာ့ မဟုတ္ဘူး...အခုမွ ပဲြလွမွာ အိမ္မွာ ယပ္ခတ္ၿပီး ထိုင္ၾကည့္ေန တာ ေကာင္းတယ္...’’ဟု အဆုိ ေတာ္ ထူးအယ္လင္းက မတ္လ ၂၉ ရက္တြင္ ၎၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာ၌ ေရးသားထားသည္။

ထို႔အျပင္ လက္ရွိ မ႑ပ္မ်ား မွာလည္း ႏုိင္ငံတကာ ဒီေဂ်မ်ား ကို ေခၚယူကာ အီလက္ထရြန္နစ္ ဂီတမ်ားျဖင့္ ေဖ်ာ္ေျဖေပးျခင္းျဖစ္ ၍ အႏုပညာရွင္မ်ားအတြက္ ေစ်း ကြက္ေပ်ာက္ခဲ့သည္။ အခ်ိဳ႕အႏု ပညာရွင္မ်ားကလည္း အႏုပညာ ေၾကးညိႇႏိႈင္း၍ မရေသာေၾကာင့္ ယခုႏွစ္ သႀကၤန္ကုိ ေပ်ာ္ေပ်ာ္ရႊင္ ရႊင္သာျဖတ္သန္းမည္ဟု ေဖ့စ္ ဘြတ္ခ္မ်ားတြင္ ေရးသားထား သည္။

‘‘အႏုပညာရွင္ေတြရဲ႕ တန္ ဖုိးေတြ အက်ခံၿပီးေတာ့ စင္ေပၚ မတက္ဘူးရွင့္...။သႀကၤန္မဆုိရ လည္း မိဘကို ျပဳစုရင္း ကုသုိလ္ ယူလိုက္မယ္။ ပရိသတ္ေတြအ တြက္ ေျပာခ်င္တဲ့ ေမတၱာစကား က...ေရမစိုဘဲ ေနပူစာလႈံရသလို မျဖစ္ေအာင္ ကိုယ့္အိမ္နားမွာ ေရ ပက္ခံထြက္ၾကပါလုိ႔’’ဟု အဆုိ ေတာ္ စိုးျပည့္ျပည့္စံက ၎၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္  သႀကၤန္ႏွင့္ပတ္သက္၍ ခံစားခ်က္ ကို ေရးသားထားသည္။

 သႀကၤန္သံခ်ပ္မင္းသား ေဗလု၀ကေတာ့ ျမန္မာ့႐ိုးရာပဲြ ေတာ္ျဖစ္၍ ပဲြေတာ္ဓေလ့မ်ားကို ေတာ့ မေပ်ာက္ပ်က္ေစလို ေၾကာင္းေျပာသည္။ ‘‘အကေတြ အခုန္ေတြနဲ႔လုပ္ၾကတယ္။ ေပ်ာ္ စရာလည္းေကာင္းပါတယ္။ လူ အမ်ားစုကလည္း ဒါမ်ိဳးေတြ သေဘာက်ၾကတာကိုး။ ဒါေပမဲ့ ႐ိုးရာကို ႏွစ္သက္တဲ့၊ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းျဖတ္သန္းခ်င္တဲ့လူေတြ လည္းရွိေနပါေသးတယ္လုိ႔။ ႐ိုးရာကိုလည္း အားေပးအား ေျမႇာက္ရွိဖုိ႔ ေမွ်ာ္လင့္ပါတယ္’’ဟု ဆုိသည္။

လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ား ဆီက သႀကၤန္ပံုရိပ္မ်ားတြင္ ေငြ ငန္းျဖဴႏွင့္ မႏၲေလးၿမိဳ႕မတီး၀ိုင္းတို႔ က ေခတ္စားဖူးသလို Rock တီး ၀ိုင္းအၿပိဳင္အဆိုင္ၾကား ဂ်စ္ကား ႏွင့္ လည္သည့္ သႀကၤန္ကုိလည္း ျဖတ္သန္းဖူးၾကၿပီျဖစ္သည္။ ေခတ္ ေရစီးက သႀကၤန္ကို EDM အေရြ႕ သို႔ ေခၚေဆာင္သြားၿပီျဖစ္ရာ ယခု ႏွစ္သႀကၤန္မွာေတာ့ သႀကၤန္ေရ ႏွင့္အတူ ျမဴးႂကြသည့္ EDM ေတးသံမ်ားက တစ္ၿမိဳ႕လံုး လႊမ္း ၿခံဳေနမည္ျဖစ္သည္။ တစ္ႏုိင္ငံလံုး မွ သႀကၤန္ခ်စ္သူမ်ားအၾကား အ ေဟာင္းမ်ားၾကားမွ အေကာင္းကို ျပန္တမ္းတရင္း တစ္ႏွစ္ထက္တစ္ ႏွစ္ အသြင္ေျပာင္းလာေသာ သႀကၤန္ကို မႏွစ္သက္သူမ်ား လည္းရွိေနသည္။ မည္သုိ႔ပင္ျဖစ္ ေစ ၿမိဳ႕ျပသႀကၤန္ကေတာ့ EDM မ်ားႏွင့္ ျမဴးႂကြဖို႔ စိုင္းျပင္းေန ၿပီျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
EDM Festival အတွက် ကြိုတင်ပြင်ဆင်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

ရန်ကုန်သင်္ကြန်သည် သည် နှစ်တော့ ယခင်နှစ် များနှင့် ကွဲပြားစွာ ကျင်းပဖြစ်လိမ့်မည်ဟု သင်္ကြန်ချစ်သူများက ကျိန်းသေတွက်ဆနေကြသည်။ အထူးသဖြင့် လူငယ်များဖြစ်သည်။

‘‘မဏ္ဍပ်တွေနဲ့ ကားတွေနဲ့က နှစ်တိုင်းလိုလိုဖြစ်နေပြီ။ ဒီနှစ်က မဏ္ဍပ်တွေ အရေအတွက်နည်း လာတာလည်းပါတယ်။ အရင်လို ပုံစံတွေက ရိုးနေပြီဆိုတော့ သင်္ကြန်တွင်း EDM Festival တွေ မှာ ပျော်ဖို့စီစဉ်ထားပါတယ်’’ဟု တတိယနှစ်ကျောင်းသူ မချိုလဲ့ ရည်သွေးက ၎င်း၏ သင်္ကြန်အစီ အစဉ်အကြောင်းပြောသည်။

သူပြောသည့် EDM ပွဲတော် များဆိုသည်မှာ ယခုနှစ် သင်္ကြန် အတွက် ထူးခြားမှုဖြစ်သည်။ ယခု နှစ်သင်္ကြန်က ရေကစားကွင်းများ နှင့် နေ့နှင့်ည နှစ်ချိန်စလုံး ကခုန် ရွှင်မြူးနိုင်မည့် EDM သင်္ကြန်ကို လူငယ်များက ပို၍ စိတ်ဝင်စား လာခြင်းဖြစ်သည်။


အမှန်တော့ သင်္ကြန်မှာ ရိုးရာအငွေ့အသက်အနည်းငယ်သာ ရှိတော့သော ပွဲတော်တစ်ခုဖြစ် သည်မှာ လွန်ခဲ့သည့် နှစ်များက တည်းကဖြစ်သည်။ သို့သော် ပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ်ကတော့ အားကောင်းစွာရှိနေဆဲပင်။ နှစ် စဉ် သင်္ကြန်ဆိုလျှင် ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းမဏ္ဍပ် ကြီးများတွင် မဏ္ဍပ်ထိုင် ရေက စားရင်း၊ လည်သူကလည်ရင်း တစ်မြို့လုံး ရေပက်ကြ၊ ကကြခုန် ကြရင်း ဖြတ်သန်းသည်မှာ အစဉ် အလာဖြစ်နေပြီဖြစ်သည်။

နှစ်စဉ် ရေကစားမဏ္ဍပ်များ၊ မြူးကြွသည့် သံစဉ်များနှင့် ယိမ်း ထိုးကခုန်စရာ ယဉ်ကျေးမှုပွဲတော် ကို ယခုနှစ်ပိုင်းတွင်တော့ ခေတ် ပေါ်ရေစီးကြောင်းတစ်ခုကို လွှမ်း မိုး၍ လာသည်။ Electro Dance Music (EDM) ဟုခေါ်သည့် ရေ စီးတစ်ခုပင်ဖြစ်သည်။ သင်္ကြန် တွင်း EDM များဖွင့်၍ မဏ္ဍပ်များ အပေါ် ကကြခုန်ကြရင်း သင်္ကြန် ၏ သင်္ကေတဖြစ်သော ယိမ်းအ က၊ သံချပ်နှင့် ငွေငန်းဖြူ အလှပြ ယာဉ်များကို မေ့ထားသည်မှာ နှစ် အတော်ကြာပြီဖြစ်သည်။

သည်နှစ်တွင်တော့ အဆိုပါ EDM ရေစီးကပို၍ အားကောင်း သည်မှာ သေချာသွားပြီဖြစ်၏။ သင်္ကြန်မတိုင်မီ ၂၀၁၆ မှာပင် ရန်ကုန်မြို့အတွင်း တစ်နှစ်လုံး တွင် နာမည်ကြီး EDM ဖျော်ဖြေပွဲပေါင်းရှစ်ခုရှိခဲ့ပြီး ပွဲတိုင်း၌ လည်း ဝင်ရောက်ဆင်နွှဲသူများဖြင့် ပြည့်လျှံနေခဲ့သည်။ သည်ရေစီးက လူငယ်တို့၏ သည်းခြေကြိုက်ဖြစ် လာသည်။ ထို့ကြောင့် တစ်နိုင်ငံ လုံးက အားခဲထားသည့် သင်္ကြန်ပွဲတွင်လည်း EDM က မပါမဖြစ် နေရာယူလာဖွယ်ရှိနေသည်။

‘‘အရင်နှစ်တွေက ဒီပြည် လမ်းက မဏ္ဍပ်တွေမှာ စည်တယ်။ ဒီ ၂ နှစ်က လုံးဝပြောင်းလဲသွား တော့ လူငယ်တွေကလည်း ပျော် ဖို့နေရာရှာကြတယ်။ အဲဒီမှာ EDM Festival တွေရှိလာတော့ အဆင်ပြေသွားတာပေါ့။ နဂိုက တည်းက EDM ပွဲတွေမှာ လူများ နေကျ။ အခုသင်္ကြန်နဲ့ပေါင်းလိုက် တော့ ပိုမိုက်သွားတယ်’’ဟု ဗဟန်း မြို့နယ်မှ ကိုစိုးဝေလင်းထွဋ်က ပြောသည်။ ကိုစိုးဝေလင်းထွဋ်မှာ နှစ်စဉ် မဏ္ဍပ်ထိုင်ရေကစားနေကျ ဖြစ်ပြီးသည်နှစ်တော့ EDM Fest-ival တွင်ရှိမည်ဟု ဆိုသည်။

သည်သင်္ကြန် EDM ရေစီး မှာ တိုင်းအစိုးရအဖွဲ့၏ အစီအ စဉ်တချို့ကြောင့်  ပိုမိုအားကောင်း စေခဲ့သည်။ အကြောင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က လူစု လူဝေးနှင့် ရေကစားရန်ဆိုသည့် ခေါင်းစဉ်နှင့် ရေကစားကွင်းများ ခွင့်ပြုခြင်းကြောင့်ဖြစ်သည်။

သင်္ကြန်ကျသည့် လူစုလူဝေး ကို လူအများကြီးဆံ့သော ကွင်း ထဲတွင် မျှထည့်ကာ ရေကစားစေ မည့် အစီအစဉ်ဖြစ်သည်။ ဤသို့ ဖြစ်ရန်လည်း လမ်းမပေါ်က မဏ္ဍပ်များကို အရေအတွက် လျှော့ချထားသည်။ အစိုးရသစ်စ  တက်သည့် ယမန်နှစ်ကလည်း မဏ္ဍပ်အရေအတွက်များကို လျှော့ချခဲ့သဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။ သည်နှစ်တော့ မနှစ်ကထက်ပင် မဏ္ဍပ်အရေအ တွက်မှာ ထက်ဝက်ခန့် လျော့ကျ သွားရာ မဏ္ဍပ်ကြီး ၁၆ ခုသာရှိ တော့မည်ဖြစ်သည်။ အဆိုပါ ၁၆ ခုတွင် အများပြည်သူရေကစားနိုင် မည့် မဏ္ဍပ်က ခုနစ်ခုခန့်သာ ဖြစ် သည်။

တိုင်းအစိုးရက သုဝဏ္ဏမှ ဖျော်ဖြေပွဲကွင်း၊ ကန်တော်ကြီး မျှော်စင်ကျွန်း၊ ပြည်သူ့ရင်ပြင်နှင့် နေရာအချို့တွင် ရေကစားကွင်း များ ကျင်းပရန် လျှောက်လွှာ များလက်ခံခဲ့သည်။ လမ်းမပေါ် တွင် စီးပွားဖြစ်မဏ္ဍပ်များကို ခွင့် မပြုဟုဆိုထားသည်။ ဤသို့ဖြင့် မဏ္ဍပ်ကြီးအချို့ကလည်း လမ်း ပေါ်တွင် ဆောက်မရသည့်အတူတူ ရေကစားကွင်းထဲသို့ ရောက်လာသည်။

‘‘ကျွန်တော်တို့ ကွင်းထဲမှာ က မဏ္ဍပ်တွေနှစ်ခု၊ သုံးခုရှိမယ်။ ဂိမ်းတွေရှိမယ်။ နာမည်ကြီး DJ Player တွေနဲ့ Rave လို့ရမယ်။ ဈေးတန်းလည်း ထားပေးမယ်။ EDM ကတော့ တစ်နေကုန်ဖွင့်နေ မှာပါ။ ဟိုဘက်ဒီဘက် အပြိုင်အ ဆိုင်မဖြစ်အောင်လည်း ညှိထား ပါတယ်။ ဒီနှစ်မှ ပထမဆုံးဖြစ်တဲ့ အတွက် အခက်အခဲတွေတော့ ရှိ နိုင်ပါတယ်။ သင်္ကြန်ပုံစံပြောင်း သွားတာပေ့ါ’’ဟု ကိုသူရိန်ဖေဝင်း က ပြောသည်။ သူက သုဝဏ္ဏဘူမိ Event Park ဖျော်ဖြေရေးကွင်း တွင် တည်ဆောက်မည့် TMF မဏ္ဍပ်၌ အဖွဲ့ဝင်တစ်ဦး ဖြစ် သည်။ TMF က ယခုနှစ်တွင် Music Festival သင်္ကြန်ပွဲတော် ကြီးအဖြစ် တစ်မူထူးခြားစွာ ကျင်း ပမည်ဟု ကြော်ငြာထားပြီး နေ့ ပိုင်းနှင့်ညပိုင်း နှစ်ချိန်ခွဲ၍ ဖျော်ဖြေမည်ဖြစ်ရာ EDM များဖွင့်၍တစ်နေကုန် ပျော်ပါးနိုင်မည်ဖြစ်သည်။

ထို့အပြင် နှစ်စဉ်နာမည်ကြီး ရေကစားမဏ္ဍပ်ဖြစ်သည့် Bar-rack မဏ္ဍပ်ကလည်း ကန် တော်ကြီးမျှော်စင်ကျွန်းတွင် EDM သင်္ကြန်ဆင်နွှဲမည်ဟု ကြော်ငြာ ထားသည်။

‘‘ကျွန်တော်တို့ဘက်က သီး ခြားတော့ဖြစ်သွားတယ်။ ကန် ပတ်လမ်းမှာက တခြားမဏ္ဍပ်မရှိ တော့လေ။ အတတ်နိုင်ဆုံး စည် ကားအောင်တော့ အကောင်းဆုံး ကြိုးစားထားတယ်။ ဖျော်ဖြေပွဲ တွေ၊ EDM တွေ ခပ်စိပ်စိပ်ထည့် ထားတယ်။ နိုင်ငံတကာမှ နာမည် ရှိတဲ့ Player တွေပါပဲ’’ဟု အဆို ပါမဏ္ဍပ်မှ စီစဉ်သူ ကိုဖြိုးလေးက ပြောသည်။

ယခုနှစ်အဖို့ လမ်းမပေါ်က သင်္ကြန်မှာလည်း လုံးလုံးလျား လျား လွတ်လပ်စွာခွင့်မပြုသဖြင့် သင်္ကြန်ကတော့ ရေကစားကွင်း များနှင့် EDM ၏ လွှမ်းမိုးမှုအောက် လုံးလုံးရောက်နေပြီဟု ဆိုနိုင် သည်။ ထို့အပြင် ရရှိသောသတင်း များအရ မဏ္ဍပ်အများစုတွင် တီး ခတ်သည့် Player များမှာလည်း နိုင်ငံတကာတွင် နာမည်ရသူများ ကို ဈေးကြီးပေး ငှားရမ်းထားခြင်း ဖြစ်သည်။ DJ နှင့် EDM တို့က တစ်ကမ္ဘာလုံးတွင် ခေတ်စားနေ သော ဂီတအမျိုးအစားဖြစ်ပြီး နောက်ထပ်ရေစီးပြောင်းသွား လျှင်လည်း သင်္ကြန်မှာ ထိုရေစီးနောက် ထပ်လိုက်ပါဦးမည်ဖြစ်ကြောင်း DJ Wine က ပြောသည်။

‘‘EDM က အခုမှ ခေတ်စား တာမဟုတ်ဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတည်းက နား ထောင်တာတွေလည်း Electronic Dance Music တွေ ပဲ။ ဟိုးခေတ်ကတည်းကရှိတာ။ အခုမှ ပေါက်လာတာ။ ဒီဘက်ခေတ်မှာ တစ်ကမ္ဘာလုံးမှာလည်း EDM Festival တွေက များလာတော့ EDM Music Culture က ပေါက်သွားတဲ့ သဘောပါ’’ဟု DJ Wine က ပြောသည်။

သင်္ကြန်မဏ္ဍပ်များနည်းပါး လာခြင်းသည် အနုပညာရှင်များ အတွက်လည်း အကျိုးသက် ရောက်မှုရှိခဲ့သည်။ ယခင်က သင်္ကြန်ကာလသည် အနုပညာ ရှင်များအတွက် ငွေကြေးရှာဖွေ နိုင်သည့် ဈေးကွက်တစ်ခုဖြစ် သည်။ သို့သော် ယခုနှစ်တွင် စီးပွားဖြစ်မဏ္ဍပ်လုပ်ကိုင်သူနည်း ပါးခဲ့သောကြောင့် အနုပညာရှင် များအတွက် သက်ရောက်မှုရှိခဲ့ သည်။

 ‘‘အနုပညာသမားတွေကို တံတားလို ပေါင်းကူးအဖြစ်ချနင်း ပြီး အနုပညာသမားတွေရဲ့ အ လုပ်လုပ်တဲ့ရာသီစာသင်္ကြန်မှာ မဏ္ဍပ်တွေ မဟားတရား စည်း ကမ်းကျပ်လိုက်တော့ စင်တွေ နည်းကုန်ပြီ။ အဲဒီတာ့ မှတ်ပလား အဲဒါ အစရိုးတဲ့ အစိုးရကွ၊ ပေါ် တင်ကြီးပြောင်းလဲပစ်တာ။ ပုံမှန် လည်ပတ်နေတာကို ရပ်တန့်ပစ် ပြီး ပြန်စဆိုရင် အချိန်တွေ အား တွေ ပြန်စရမှာပဲ။ လွယ်ကူတာ တော့ မဟုတ်ဘူး...အခုမှ ပွဲလှမှာ အိမ်မှာ ယပ်ခတ်ပြီး ထိုင်ကြည့်နေ တာ ကောင်းတယ်...’’ဟု အဆို တော် ထူးအယ်လင်းက မတ်လ ၂၉ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားထားသည်။

ထို့အပြင် လက်ရှိ မဏ္ဍပ်များ မှာလည်း နိုင်ငံတကာ ဒီဂျေများ ကို ခေါ်ယူကာ အီလက်ထရွန်နစ် ဂီတများဖြင့် ဖျော်ဖြေပေးခြင်းဖြစ် ၍ အနုပညာရှင်များအတွက် ဈေး ကွက်ပျောက်ခဲ့သည်။ အချို့အနု ပညာရှင်များကလည်း အနုပညာ ကြေးညှိနှိုင်း၍ မရသောကြောင့် ယခုနှစ် သင်္ကြန်ကို ပျော်ပျော်ရွှင် ရွှင်သာဖြတ်သန်းမည်ဟု ဖေ့စ် ဘွတ်ခ်များတွင် ရေးသားထား သည်။

‘‘အနုပညာရှင်တွေရဲ့ တန် ဖိုးတွေ အကျခံပြီးတော့ စင်ပေါ် မတက်ဘူးရှင့်...။သင်္ကြန်မဆိုရ လည်း မိဘကို ပြုစုရင်း ကုသိုလ် ယူလိုက်မယ်။ ပရိသတ်တွေအ တွက် ပြောချင်တဲ့ မေတ္တာစကား က...ရေမစိုဘဲ နေပူစာလှုံရသလို မဖြစ်အောင် ကိုယ့်အိမ်နားမှာ ရေ ပက်ခံထွက်ကြပါလို့’’ဟု အဆို တော် စိုးပြည့်ပြည့်စံက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်  သင်္ကြန်နှင့်ပတ်သက်၍ ခံစားချက် ကို ရေးသားထားသည်။

 သင်္ကြန်သံချပ်မင်းသား ဗေလုဝကတော့ မြန်မာ့ရိုးရာပွဲ တော်ဖြစ်၍ ပွဲတော်ဓလေ့များကို တော့ မပျောက်ပျက်စေလို ကြောင်းပြောသည်။ ‘‘အကတွေ အခုန်တွေနဲ့လုပ်ကြတယ်။ ပျော် စရာလည်းကောင်းပါတယ်။ လူ အများစုကလည်း ဒါမျိုးတွေ သဘောကျကြတာကိုး။ ဒါပေမဲ့ ရိုးရာကို နှစ်သက်တဲ့၊ ငြိမ်းငြိမ်း ချမ်းချမ်းဖြတ်သန်းချင်တဲ့လူတွေ လည်းရှိနေပါသေးတယ်လို့။ ရိုးရာကိုလည်း အားပေးအား မြှောက်ရှိဖို့ မျှော်လင့်ပါတယ်’’ဟု ဆိုသည်။

လွန်ခဲ့သော ဆယ်စုနှစ်များ ဆီက သင်္ကြန်ပုံရိပ်များတွင် ငွေ ငန်းဖြူနှင့် မန္တလေးမြို့မတီးဝိုင်းတို့ က ခေတ်စားဖူးသလို Rock တီး ဝိုင်းအပြိုင်အဆိုင်ကြား ဂျစ်ကား နှင့် လည်သည့် သင်္ကြန်ကိုလည်း ဖြတ်သန်းဖူးကြပြီဖြစ်သည်။ ခေတ် ရေစီးက သင်္ကြန်ကို EDM အရွေ့ သို့ ခေါ်ဆောင်သွားပြီဖြစ်ရာ ယခု နှစ်သင်္ကြန်မှာတော့ သင်္ကြန်ရေ နှင့်အတူ မြူးကြွသည့် EDM တေးသံများက တစ်မြို့လုံး လွှမ်း ခြုံနေမည်ဖြစ်သည်။ တစ်နိုင်ငံလုံး မှ သင်္ကြန်ချစ်သူများအကြား အ ဟောင်းများကြားမှ အကောင်းကို ပြန်တမ်းတရင်း တစ်နှစ်ထက်တစ် နှစ် အသွင်ပြောင်းလာသော သင်္ကြန်ကို မနှစ်သက်သူများ လည်းရှိနေသည်။ မည်သို့ပင်ဖြစ် စေ မြို့ပြသင်္ကြန်ကတော့ EDM များနှင့် မြူးကြွဖို့ စိုင်းပြင်းနေ ပြီဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top