ရန္ကင္းျမိဳ ႔နယ္ရွိ ႏိုင္ငံတကာအဆင့္မီ GOLDEN CITY အေရာင္းျပပြဲၾကီး
×

   Possible Travels and Tours
                                
 သႀကၤန္ကာလ ပိတ္ရက္ရွည္ ခရီးထြက္ဖို႔ စိတ္ကူးကိုယ္စီနဲ႔ ျပည္တြင္း၊ ျပည္ပခရီးစဥ္ေတြ စီစဥ္ထားၾကသူေတြ ရွိသလို ပူျပင္းတဲ့ေႏြကာလမွာ ေရမကစားဘဲသဘာ၀႐ႈခင္းအလွအပေတြကို ခံစားၿပီး အပန္းေျဖခရီးထြက္လိုသူေတြ အတြက္ခရီးသြား ကုမၸဏီေတြကို ေမးျမန္းထားတဲ့ လည္ပတ္သင့္တဲ့ခရီးစဥ္ခုနစ္ခုကို ေဖာ္ျပလိုက္ပါတယ္။

ရာသီဥတု မွ်တၿပီး သြား ေရာက္လည္ပတ္ဖို႔ အေကာင္းဆံုး ခရီးစဥ္ေတြထဲမွာ ကနဦး ေဖာ္ျပလိုတာက ကေလာေတာင္တက္ခရီးစဥ္ (Trekking) ျဖစ္ၿပီး ေအးျမလတ္ဆတ္တဲ့ နံနက္ခင္းေလးကို တဝႀကီးခံစားၿပီး ထင္း႐ွဴးပင္ မ်ားၾကားမွာ ေတာင္တက္တဲ့ အေတြ႕အႀကံဳကို ခံစားခ်င္သူမ်ားအတြက္ အထူးသင့္ေတာ္တဲ့ ခရီးစဥ္တစ္ခု ျဖစ္ပါတယ္။

ကေလာ Trekking ခရီးစဥ္မွာ ေတာင္တက္တာအျပင္ ကေလာေစ်း၊ ႏွီးဘုရား၊ ေရႊဥမင္လိုဏ္ဂူ၊ ျမင္းမထိလိုဏ္ဂူ၊ ရြာငံ ေရျပာအုိင္၊ ျမသပိတ္ေရျပာအိုင္၊ ေတာက်ယ္ေရတံခြန္၊ မိန္းမရဲသခင္မေတာင္ အစရွိတဲ့ ေနရာေတြကို ခရီးစဥ္တစ္ခုတည္းမွာ လည္ပတ္ႏိုင္မွာ ျဖစ္ပါတယ္။

ဒုတိယေျမာက္ ခရီးစဥ္ကေတာ့ ရာသီဥတုသာယာၿပီး တစ္မူထူးျခားတဲ့ သဘာ၀႐ႈခင္းေတြရွိရာ နာမည္ေက်ာ္ ျမစ္ဆံုေဒသႏွင့္ ကခ်င္လူမ်ိဳးမ်ား၏ ႐ိုးရာဓေလ့တို႔ကို ေလ့လာႏိုင္မယ့္ ျမစ္ႀကီးနားခရီးစဥ္ျဖစ္ၿပီး ရက္ရွည္ခရီးထြက္ လိုသူမ်ားအတြက္ သင့္ေတာ္တဲ့ခရီးစဥ္တစ္ခုပါ။


Possible Travels and Tours

ျမစ္ႀကီးနားခရီးစဥ္မွာ ဧရာ၀တီတိုင္း စတင္ေမြးဖြားရာ ေမခ၊ မလိခ ျမစ္ႏွစ္ခု ေပါင္းဆံုတဲ့ ျမစ္ဆံုေဒသ၊ အင္းေတာ္ႀကီးအုိင္၊ မေနာပြဲက်င္းပရာ မေနာဥယ်ာဥ္၊ ဆဒံုးေရတံခြန္၊ ကခ်င္ေခ်ာင္းသာ၊ ကရိန္ေနာ အပန္းေျဖဥယ်ာဥ္၊ တန္ခိုးႀကီး ေရႊြမၪၨဴဘုရားအစရွိတဲ့ ေနရာစံုကို သြားေရာက္လည္ပတ္ႏိုင္မွာ ျဖစ္ပါတယ္။

တတိယအေနနဲ႔ေတာ့ တိမ္ေတြအေပၚ ထိုးထြက္ေနတဲ့ေတာင္တန္းစိမ္းေတြရွိရာ ခ်င္းျပည္နယ္ခရီးစဥ္ျဖစ္ၿပီး ေခၚႏူစုမ္ (ေခၚ) နတ္မေတာင္နဲ႔ သဘာ၀အတိုင္း အသည္းပံုသဏၭာန္ျဖစ္ေပၚေနၿပီး မိုးမခပင္မ်ား  ပတ္လည္၀ိုင္းေနတဲ့ ရိဒ္ေရကန္တို႔ဆီကိုသြားၿပိီး ေအးျမတဲ့ သဘာ၀႐ႈခင္းေတြကို ခံစားရမယ့္ ခရီးစဥ္ပဲ ျဖစ္ပါတယ္။

အပူေရွာင္တဲ့အေနနဲ႔လည္ပတ္သင့္တဲ့ ခရီးစဥ္ေတြထဲမွာ သာယာတဲ့႐ႈခင္းေတြနဲ႔အတူ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကစလို႔ ဖြံ႕ၿဖိဳးလာတဲ့ ကယားျပည္နယ္လည္း တစ္ခုအပါအ၀င္ပါ။

ကယားျပည္နယ္ ခရီးစဥ္မွာေတာ့ ေတာင္ကြဲေစတီ၊ ကန္ခုနစ္ဆင့္ ေရကန္၊ ဒီးေမာ့ဆိုၿမိဳ႕၏ အလွတရား တစ္ခုျဖစ္တဲ့ ေငြေတာင္ဆည္၊ နတ္သမီးခုနစ္ေဖာ္ ေရကစားတဲ့ ထီးပြင့္ကန္၊ ပေဒါင္လူ မ်ိဳးမ်ား၏ ဓေလ့ကို ေလ့လာႏိုင္မည့္ ပန္ပတ္ရြာ၊ ေက်ာက္စက္ပန္းဆြဲမ်ားျဖင့္ ထူးျခားတဲ့ ပင္းတယလိုဏ္ဂူ၊ က်တ္ဂူ၊ ေဒြးမယ္ေနာ္ႏွင့္ ညီအစ္မခုနစ္ေဖာ္တို႔ ေရကစားခဲ့ေသာ ပုန္းတလုတ္ကန္အစရွိတဲ့ ေနရာေတြက ထူးျခားတဲ့ခရီးသြား အေတြ႕အႀကံဳကို ေပးႏိုင္မွာပါ။

ႏွစ္စဥ္ လူသြားအမ်ားဆံုး ခရီးစဥ္ေတြထဲမွာ ပါ၀င္ၿပီး သာယာလွပတဲ့ အင္းေလးကန္နဲ႔ ေအးခ်မ္းတဲ့ရာသီဥတုရွိတဲ့ ေတာင္ႀကီးခရီးစဥ္ကလည္း ခ်န္မထားသင့္တဲ့ ခရီးစဥ္တစ္ခုျဖစ္ပါတယ္။

ေတာင္ႀကီး ခရီးစဥ္မွာေတာ့ အင္းေလးကန္၊ သဘာ၀ထမ္စမ္းဂူ၊ စူဠာမုနိဘုရား၊ ေမြေတာ္ကကၠဴ ေဖာင္ေတာ္ဦးဘုရား၊ အလိုေတာ္ေပါက္ဘုရား၊ ပင္းတယလိုဏ္ဂူအစရွိတဲ့ ေနရာေတြကို ေအးေအးခ်မ္းခ်မ္း သြားေရာက္လည္ပတ္ႏိုင္မွာ ျဖစ္ပါတယ္။

ေတာင္ေပၚ႐ႈခင္းေတြ၊ ေရတံခြန္ေတြေၾကာင့္ နာမည္ေက်ာ္တဲ့ ျပင္ဦးလြင္ခရီးစဥ္က ေႏြကာလအပန္းေျဖသူမ်ားတဲ့ ေနရာတစ္ခုျဖစ္ၿပီး ပိတ္ခ်င္းေျမႇာင္လိုဏ္ဂူ၊ ပြဲေကာက္ေရတံခြန္၊ မဟာအံ့ထူးကံသာဘုရား၊ ႐ုကၡေဗဒဥယ်ာဥ္ (ကန္ေတာ္ႀကီး)၊ ဒီဇင္ဘာၿခံ၊ တိုင္းရင္းသားေက်းရြာ၊ ကမၻာေက်ာ္ဂုတ္ထိပ္တံတား အစရွိတဲ့ေနရာမ်ားကို သြားေရာက္လည္ပတ္ႏိုင္မွာပါ။

လတ္ဆတ္တဲ့ ပင္လယ္စာေတြစားသံုးရင္း ေအးေအးေဆးေဆး ေရကူးအပန္းေျဖအနားယူႏိုင္တဲ့ ကမ္းေျခအပန္းေျဖခရီးစဥ္ေတြလည္း သြားေရာက္လည္ပတ္ဖို႔ ေရြးခ်ယ္သင့္တဲ့အထဲမွာပါၿပီး ေခ်ာင္းသာ၊ ေငြေဆာင္ႏွင့္ ငပလီကမ္းေျခ အျပင္ႏွစ္အနည္းငယ္အတြင္း လူသိမ်ားလာတဲ့့ ေဂၚရင္ဂ်ီကြၽန္းနဲ႔ င႐ုတ္ေကာင္းကမ္းေျခတို႔ကိုလည္း သြားၾကည့္သင့္ပါတယ္။      ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
 သင်္ကြန်ကာလ ပိတ်ရက်ရှည် ခရီးထွက်ဖို့ စိတ်ကူးကိုယ်စီနဲ့ ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေ စီစဉ်ထားကြသူတွေ ရှိသလို ပူပြင်းတဲ့နွေကာလမှာ ရေမကစားဘဲသဘာဝရှုခင်းအလှအပတွေကို ခံစားပြီး အပန်းဖြေခရီးထွက်လိုသူတွေ အတွက်ခရီးသွား ကုမ္ပဏီတွေကို မေးမြန်းထားတဲ့ လည်ပတ်သင့်တဲ့ခရီးစဉ်ခုနစ်ခုကို ဖော်ပြလိုက်ပါတယ်။

ရာသီဥတု မျှတပြီး သွား ရောက်လည်ပတ်ဖို့ အကောင်းဆုံး ခရီးစဉ်တွေထဲမှာ ကနဦး ဖော်ပြလိုတာက ကလောတောင်တက်ခရီးစဉ် (Trekking) ဖြစ်ပြီး အေးမြလတ်ဆတ်တဲ့ နံနက်ခင်းလေးကို တဝကြီးခံစားပြီး ထင်းရှူးပင် များကြားမှာ တောင်တက်တဲ့ အတွေ့အကြုံကို ခံစားချင်သူများအတွက် အထူးသင့်တော်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

ကလော Trekking ခရီးစဉ်မှာ တောင်တက်တာအပြင် ကလောဈေး၊ နှီးဘုရား၊ ရွှေဥမင်လိုဏ်ဂူ၊ မြင်းမထိလိုဏ်ဂူ၊ ရွာငံ ရေပြာအိုင်၊ မြသပိတ်ရေပြာအိုင်၊ တောကျယ်ရေတံခွန်၊ မိန်းမရဲသခင်မတောင် အစရှိတဲ့ နေရာတွေကို ခရီးစဉ်တစ်ခုတည်းမှာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယမြောက် ခရီးစဉ်ကတော့ ရာသီဥတုသာယာပြီး တစ်မူထူးခြားတဲ့ သဘာဝရှုခင်းတွေရှိရာ နာမည်ကျော် မြစ်ဆုံဒေသနှင့် ကချင်လူမျိုးများ၏ ရိုးရာဓလေ့တို့ကို လေ့လာနိုင်မယ့် မြစ်ကြီးနားခရီးစဉ်ဖြစ်ပြီး ရက်ရှည်ခရီးထွက် လိုသူများအတွက် သင့်တော်တဲ့ခရီးစဉ်တစ်ခုပါ။


Possible Travels and Tours

မြစ်ကြီးနားခရီးစဉ်မှာ ဧရာဝတီတိုင်း စတင်မွေးဖွားရာ မေခ၊ မလိခ မြစ်နှစ်ခု ပေါင်းဆုံတဲ့ မြစ်ဆုံဒေသ၊ အင်းတော်ကြီးအိုင်၊ မနောပွဲကျင်းပရာ မနောဥယျာဉ်၊ ဆဒုံးရေတံခွန်၊ ကချင်ချောင်းသာ၊ ကရိန်နော အပန်းဖြေဥယျာဉ်၊ တန်ခိုးကြီး ရွှွေမဉ္ဇူဘုရားအစရှိတဲ့ နေရာစုံကို သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

တတိယအနေနဲ့တော့ တိမ်တွေအပေါ် ထိုးထွက်နေတဲ့တောင်တန်းစိမ်းတွေရှိရာ ချင်းပြည်နယ်ခရီးစဉ်ဖြစ်ပြီး ခေါ်နူစုမ် (ခေါ်) နတ်မတောင်နဲ့ သဘာဝအတိုင်း အသည်းပုံသဏ္ဌာန်ဖြစ်ပေါ်နေပြီး မိုးမခပင်များ  ပတ်လည်ဝိုင်းနေတဲ့ ရိဒ်ရေကန်တို့ဆီကိုသွားပြီး အေးမြတဲ့ သဘာဝရှုခင်းတွေကို ခံစားရမယ့် ခရီးစဉ်ပဲ ဖြစ်ပါတယ်။

အပူရှောင်တဲ့အနေနဲ့လည်ပတ်သင့်တဲ့ ခရီးစဉ်တွေထဲမှာ သာယာတဲ့ရှုခင်းတွေနဲ့အတူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဖွံ့ဖြိုးလာတဲ့ ကယားပြည်နယ်လည်း တစ်ခုအပါအဝင်ပါ။

ကယားပြည်နယ် ခရီးစဉ်မှာတော့ တောင်ကွဲစေတီ၊ ကန်ခုနစ်ဆင့် ရေကန်၊ ဒီးမော့ဆိုမြို့၏ အလှတရား တစ်ခုဖြစ်တဲ့ ငွေတောင်ဆည်၊ နတ်သမီးခုနစ်ဖော် ရေကစားတဲ့ ထီးပွင့်ကန်၊ ပဒေါင်လူ မျိုးများ၏ ဓလေ့ကို လေ့လာနိုင်မည့် ပန်ပတ်ရွာ၊ ကျောက်စက်ပန်းဆွဲများဖြင့် ထူးခြားတဲ့ ပင်းတယလိုဏ်ဂူ၊ ကျတ်ဂူ၊ ဒွေးမယ်နော်နှင့် ညီအစ်မခုနစ်ဖော်တို့ ရေကစားခဲ့သော ပုန်းတလုတ်ကန်အစရှိတဲ့ နေရာတွေက ထူးခြားတဲ့ခရီးသွား အတွေ့အကြုံကို ပေးနိုင်မှာပါ။

နှစ်စဉ် လူသွားအများဆုံး ခရီးစဉ်တွေထဲမှာ ပါဝင်ပြီး သာယာလှပတဲ့ အင်းလေးကန်နဲ့ အေးချမ်းတဲ့ရာသီဥတုရှိတဲ့ တောင်ကြီးခရီးစဉ်ကလည်း ချန်မထားသင့်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။

တောင်ကြီး ခရီးစဉ်မှာတော့ အင်းလေးကန်၊ သဘာဝထမ်စမ်းဂူ၊ စူဠာမုနိဘုရား၊ မွေတော်ကက္ကူ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ပင်းတယလိုဏ်ဂူအစရှိတဲ့ နေရာတွေကို အေးအေးချမ်းချမ်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

တောင်ပေါ်ရှုခင်းတွေ၊ ရေတံခွန်တွေကြောင့် နာမည်ကျော်တဲ့ ပြင်ဦးလွင်ခရီးစဉ်က နွေကာလအပန်းဖြေသူများတဲ့ နေရာတစ်ခုဖြစ်ပြီး ပိတ်ချင်းမြှောင်လိုဏ်ဂူ၊ ပွဲကောက်ရေတံခွန်၊ မဟာအံ့ထူးကံသာဘုရား၊ ရုက္ခဗေဒဥယျာဉ် (ကန်တော်ကြီး)၊ ဒီဇင်ဘာခြံ၊ တိုင်းရင်းသားကျေးရွာ၊ ကမ္ဘာကျော်ဂုတ်ထိပ်တံတား အစရှိတဲ့နေရာများကို သွားရောက်လည်ပတ်နိုင်မှာပါ။

လတ်ဆတ်တဲ့ ပင်လယ်စာတွေစားသုံးရင်း အေးအေးဆေးဆေး ရေကူးအပန်းဖြေအနားယူနိုင်တဲ့ ကမ်းခြေအပန်းဖြေခရီးစဉ်တွေလည်း သွားရောက်လည်ပတ်ဖို့ ရွေးချယ်သင့်တဲ့အထဲမှာပါပြီး ချောင်းသာ၊ ငွေဆောင်နှင့် ငပလီကမ်းခြေ အပြင်နှစ်အနည်းငယ်အတွင်း လူသိများလာတဲ့ ဂေါ်ရင်ဂျီကျွန်းနဲ့ ငရုတ်ကောင်းကမ်းခြေတို့ကိုလည်း သွားကြည့်သင့်ပါတယ်။      ။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top