ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

(ဓာတ္ပံု − ျဖဴေဖြးသန္႔)
                             
 ျမန္မာအိုင္ေဒါ၏ ဒိုင္ တစ္ဦးျဖစ္ေသာ ျမန္မာျပည္သိန္း တန္က ၿပိဳင္ပြဲဝင္မ်ားကုိ မွတ္ခ်က္ျပဳ ဆံုးျဖတ္ေပးသည့္ ေပၚျပဴလာျဖစ္ခဲ့ေသာ စကားလံုး ‘No ပါ အန္ကယ္ကေတာ့ No ပါ’ စကား လံုးကို သီခ်င္းအျဖစ္ေရးသား သီဆုိထားကာ ဧၿပီ ၃ ရက္တြင္ ျဖန္႔ခ်ိမည္ျဖစ္သည္။

‘‘လူႀကိဳက္မ်ားေအာင္ ျဖစ္ လာဖို႔အတြက္ သီခ်င္းတစ္ပုဒ္ကို ေရးစပ္ရတဲ့၊ ဖန္တီးရတဲ့ေနရာမွာ မလြယ္ပါဘူး။ သႀကၤန္အပုဒ္ တစ္ ရာေလာက္ေရးမွ တစ္ပုဒ္ေလာက္က ပရိသတ္ရင္ထဲထိၿပီး ေရရွည္ အားေပးတာကို ခံရပါတယ္။ အခ်ိန္တိုတိုနဲ႔ သီခ်င္းတစ္ပုဒ္ ပရိသတ္ရင္ထဲ တိုးဝင္ဖို႔ဆုိတာ ခက္ခဲပါတယ္။ ဒီေနရာမွာေတာ့ ေမာင္စိန္လင္းရဲ႕ ဖန္တီးလိုက္တဲ့ ‘No ပါ အန္ကယ္ကေတာ့ Noပါ’ ပဲ ဆုိတာေလးက ေမာင္စိန္လင္း ကေန ေမာင္ဗ်ဴဟာေလး (ေတး ေရး)ကို အိုင္ဒီယာေလးေတြေပး ေတာ့ ပရိသတ္ေတြ သေဘာက် တဲ့ သီခ်င္းေလးတစ္ပုဒ္ျဖစ္ခဲ့တာ ပါ’’ဟု ျမန္မာျပည္သိန္းတန္က ေျပာသည္။

‘No ပါ အန္ကယ္ကေတာ့ No ပါ’ သီခ်င္းကို ေတးေရးဗ်ဴဟာ က ေရးစပ္ၿပီး ျမန္မာျပည္သိန္း တန္ႏွင့္အတူ ေတးသံရွင္ စိန္လင္းက တြဲဖက္သီဆိုကာ ရတနာၿမိဳင္ေတးသံသြင္းက တစ္ခ်ပ္လွ်င္ တစ္ ေထာင္က်ပ္ျဖင့္ ေရာင္းခ်မည္ျဖစ္ သည္။

‘‘အရင္တုန္းကလည္း တြဲဆုိ ခဲ့ဖူးပါတယ္။ ဒုတိယစီးရီးမွာ တြဲ ဆုိမယ္လုိ႔ စိတ္ကူးထားခဲ့တာပါ။ လူငယ္ေတြၾကားမွာ ဟစ္ျဖစ္ေန တဲ့ သီခ်င္းေခါင္းစဥ္ကို စဥ္းစားခဲ့ ပါတယ္။ ဒါေၾကာင့္ အစ္ကိုႀကီးနဲ႔ အကူအညီေတာင္းၿပီးေတာ့ စီးရီး လုပ္ျဖစ္ခဲ့တာပါ’’ဟု ေတးသံရွင္ စိန္လင္းက ေျပာသည္။

အဆုိပါ သီခ်င္း အမ္တီဗီကို သႀကၤန္အၿပီး ဆက္လက္႐ိုက္ကူး ပံုေဖာ္မည္ျဖစ္ကာ ႐ုပ္ရွင္ဇာတ္ ကားပါ ထပ္မံ႐ိုက္ကူးရန္ရွိ ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
(ဓာတ်ပုံ − ဖြူဖွေးသန့်)

 မြန်မာအိုင်ဒေါ၏ ဒိုင် တစ်ဦးဖြစ်သော မြန်မာပြည်သိန်း တန်က ပြိုင်ပွဲဝင်များကို မှတ်ချက်ပြု ဆုံးဖြတ်ပေးသည့် ပေါ်ပြူလာဖြစ်ခဲ့သော စကားလုံး ‘No ပါ အန်ကယ်ကတော့ No ပါ’ စကား လုံးကို သီချင်းအဖြစ်ရေးသား သီဆိုထားကာ ဧပြီ ၃ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။

‘‘လူကြိုက်များအောင် ဖြစ် လာဖို့အတွက် သီချင်းတစ်ပုဒ်ကို ရေးစပ်ရတဲ့၊ ဖန်တီးရတဲ့နေရာမှာ မလွယ်ပါဘူး။ သင်္ကြန်အပုဒ် တစ် ရာလောက်ရေးမှ တစ်ပုဒ်လောက်က ပရိသတ်ရင်ထဲထိပြီး ရေရှည် အားပေးတာကို ခံရပါတယ်။ အချိန်တိုတိုနဲ့ သီချင်းတစ်ပုဒ် ပရိသတ်ရင်ထဲ တိုးဝင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီနေရာမှာတော့ မောင်စိန်လင်းရဲ့ ဖန်တီးလိုက်တဲ့ ‘No ပါ အန်ကယ်ကတော့ Noပါ’ ပဲ ဆိုတာလေးက မောင်စိန်လင်း ကနေ မောင်ဗျူဟာလေး (တေး ရေး)ကို အိုင်ဒီယာလေးတွေပေး တော့ ပရိသတ်တွေ သဘောကျ တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့တာ ပါ’’ဟု မြန်မာပြည်သိန်းတန်က ပြောသည်။

‘No ပါ အန်ကယ်ကတော့ No ပါ’ သီချင်းကို တေးရေးဗျူဟာ က ရေးစပ်ပြီး မြန်မာပြည်သိန်း တန်နှင့်အတူ တေးသံရှင် စိန်လင်းက တွဲဖက်သီဆိုကာ ရတနာမြိုင်တေးသံသွင်းက တစ်ချပ်လျှင် တစ် ထောင်ကျပ်ဖြင့် ရောင်းချမည်ဖြစ် သည်။

‘‘အရင်တုန်းကလည်း တွဲဆို ခဲ့ဖူးပါတယ်။ ဒုတိယစီးရီးမှာ တွဲ ဆိုမယ်လို့ စိတ်ကူးထားခဲ့တာပါ။ လူငယ်တွေကြားမှာ ဟစ်ဖြစ်နေ တဲ့ သီချင်းခေါင်းစဉ်ကို စဉ်းစားခဲ့ ပါတယ်။ ဒါကြောင့် အစ်ကိုကြီးနဲ့ အကူအညီတောင်းပြီးတော့ စီးရီး လုပ်ဖြစ်ခဲ့တာပါ’’ဟု တေးသံရှင် စိန်လင်းက ပြောသည်။

အဆိုပါ သီချင်း အမ်တီဗီကို သင်္ကြန်အပြီး ဆက်လက်ရိုက်ကူး ပုံဖော်မည်ဖြစ်ကာ ရုပ်ရှင်ဇာတ် ကားပါ ထပ်မံရိုက်ကူးရန်ရှိ ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top