ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လန္ဒန္ − အက္ဖ္ေအဖလားဆီမီးဖိုင္နယ္တြင္ အာဆင္နယ္က မန္စီးတီးကုိ အခ်ိန္ပုိကစားၿပီး ၂-၁ ဂုိးျဖင့္ အႏုိင္ယူကာ ဗိုလ္လုပဲြသုိ႔ တက္ေရာက္ခဲ့ၿပီး ခ်ယ္လ္ဆီးႏွင့္ ရင္ဆုိင္ရမည္ျဖစ္သည္။

မိနစ္ ၉၀ ကစားခ်ိန္တြင္ တစ္ဂုိးစီသေရက်ခဲ့ၿပီးေနာက္ အာဆင္နယ္ႏွင့္ မန္စီးတီးတို႔အခ်ိန္ပုိ ဆက္ကစားခဲ့ရသည္။ အဂူ႐ုိ၏ အဖြင့္ဂုိးကို နာခ်ိဳက ေခ်ပၿပီး တစ္ဂုိးစီသေရ က်ေနခဲ့ျခင္းျဖစ္သည္။

အခ်ိန္ပုိ ၁၀၁ မိနစ္တြင္ အလက္ဆီဆန္းခ်က္ဇ္က အာ ဆင္နယ္အတြက္ အႏုိင္ဂုိး သြင္းယူခဲ့ၿပီးေနာက္ အာစင္၀င္းဂါး၏ အဖဲြ႕သားမ်ား အက္ဖ္ေအဖလား ဗိုလ္လုပဲြသို႔ တက္ေရာက္သြားခဲ့ ၿပီး ယမန္ေန႔က စပါးကုိ အႏုိင္ ရရိွခဲ့ေသာ ခ်ယ္လ္ဆီးႏွင့္ ေမလ၂၇ ရက္တြင္ ဖလား လုရေတာ့မည္ျဖစ္သည္။

ဘန္ေလကုိ အႏုိင္ယူၿပီး မန္ ယူအသင္းက ထိပ္ဆံုး ေလးသင္းကုိ ဆက္လက္ဖိအားေပးႏုိင္ခဲ့ ေသာ ပဲြတြင္ ၀ိန္ရြန္းေနက ဇန္န ၀ါရီေနာက္ပုိင္း ပထမဆံုးဂုိးသြင္းယူခဲ့သည္။

အီဗရာဟီမိုဗစ္ဒဏ္ရာရရိွ သြားသျဖင့္ ပြဲစကတည္းက ပါ၀င္ ကစားခဲ့ေသာ ရြန္းေနသည္ မာ ရွယ္၏ တန္ျပန္တုိက္စစ္အဖြင့္ဂုိး အတြက္ အဓိကေနရာမွ ပါ၀င္ခဲ့ ၿပီး ပထမပုိင္းမၿပီးမီ ကိုယ္တုိင္ တစ္ဂုိးသြင္းယူခဲ့သည္။

မန္ယူသည္ ယခုပြဲအႏိုင္ရ ခဲ့သျဖင့္ ၆၃ မွတ္ရရိွသြားကာ နံပါတ္ (၄)ေနရာရိွ မန္စီးတီးႏွင့္ တစ္မွတ္သာ ကြာဟေတာ့သည္။ ဘန္ေလအေပၚ ႏုိင္ပြဲႏွင့္အတူ မန္ယူ႐ႈံးပဲြမႀကံဳေသးေသာ ပဲြ ၂၃ပြဲအထိ ရိွလာၿပီး မာရွယ္၏ ဂုိးကမန္ယူအတြက္ ၂၅ ဂုိးေျမာက္ျဖစ္ သည္။

ဘန္ေလသည္ ကစားရခက္ ေသာ အသင္းျဖစ္ၿပီး မိမိတို႔က မိနစ္ ၉၀ လံုး ထိန္းခ်ဳပ္ႏုိင္ခဲ့သ ျဖင့္ အႏုိင္ႏွင့္ ထိုက္တန္သည္ဟု မန္ယူနည္းျပ ေမာ္ရင္ဟုိက ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
လန်ဒန် − အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် အာဆင်နယ်က မန်စီးတီးကို အချိန်ပိုကစားပြီး ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ချယ်လ်ဆီးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မိနစ် ၉၀ ကစားချိန်တွင် တစ်ဂိုးစီသရေကျခဲ့ပြီးနောက် အာဆင်နယ်နှင့် မန်စီးတီးတို့အချိန်ပို ဆက်ကစားခဲ့ရသည်။ အဂူရို၏ အဖွင့်ဂိုးကို နာချိုက ချေပပြီး တစ်ဂိုးစီသရေ ကျနေခဲ့ခြင်းဖြစ်သည်။

အချိန်ပို ၁၀၁ မိနစ်တွင် အလက်ဆီဆန်းချက်ဇ်က အာ ဆင်နယ်အတွက် အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် အာစင်ဝင်းဂါး၏ အဖွဲ့သားများ အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ ပြီး ယမန်နေ့က စပါးကို အနိုင် ရရှိခဲ့သော ချယ်လ်ဆီးနှင့် မေလ၂၇ ရက်တွင် ဖလား လုရတော့မည်ဖြစ်သည်။

ဘန်လေကို အနိုင်ယူပြီး မန် ယူအသင်းက ထိပ်ဆုံး လေးသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ သော ပွဲတွင် ဝိန်ရွန်းနေက ဇန်န ဝါရီနောက်ပိုင်း ပထမဆုံးဂိုးသွင်းယူခဲ့သည်။

အီဗရာဟီမိုဗစ်ဒဏ်ရာရရှိ သွားသဖြင့် ပွဲစကတည်းက ပါဝင် ကစားခဲ့သော ရွန်းနေသည် မာ ရှယ်၏ တန်ပြန်တိုက်စစ်အဖွင့်ဂိုး အတွက် အဓိကနေရာမှ ပါဝင်ခဲ့ ပြီး ပထမပိုင်းမပြီးမီ ကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့သည်။

မန်ယူသည် ယခုပွဲအနိုင်ရ ခဲ့သဖြင့် ၆၃ မှတ်ရရှိသွားကာ နံပါတ် (၄)နေရာရှိ မန်စီးတီးနှင့် တစ်မှတ်သာ ကွာဟတော့သည်။ ဘန်လေအပေါ် နိုင်ပွဲနှင့်အတူ မန်ယူရှုံးပွဲမကြုံသေးသော ပွဲ ၂၃ပွဲအထိ ရှိလာပြီး မာရှယ်၏ ဂိုးကမန်ယူအတွက် ၂၅ ဂိုးမြောက်ဖြစ် သည်။

ဘန်လေသည် ကစားရခက် သော အသင်းဖြစ်ပြီး မိမိတို့က မိနစ် ၉၀ လုံး ထိန်းချုပ်နိုင်ခဲ့သ ဖြင့် အနိုင်နှင့် ထိုက်တန်သည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြော ကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top