တကယ်ချစ်လို့ပါ။
ယောက်ျားလေးတစ်ယောက် ငိုတာဟာ
တကယ် မခွဲနိုင်လို့ပါ။



မခွဲနိုင်လို့ ငိုငို ၊ တကယ်ချစ်မြတ်နိုးလို့ပဲ ငိုငို

(၁) အတ္တတွေကို လျော့ပါ
(၃) သစ္စာရှိပါ
(၅) နားလည်မှူလွဲသွားရင် အကြောင်းအရင်းကို ရှာပါ

တစ်ခါတလေမှာ…

ပျက်တတ်ပါတယ်။


ဥာဏ်ဆိုတဲ့ဆင်ခြင်တုံတရား ရှိရင် မျက်ရည်ဆိုတာကလည်း


Credit: ငွေတာရီ

#Unicode Version
မိန်းကလေးတစ်ယောက် ငိုတာဟာ
တကယ်ချစ်လို့ပါ။
ယောကျ်ားလေးတစ်ယောက် ငိုတာဟာ
တကယ် မခွဲနိူင်လို့ပါ။

လူတစ်ယောက်က အပြုံးကို ဟန်ဆောင်ပြုံးပြလို့ရပေမယ့်
မျက်ရည်ကိုတော့ ဟန်ဆောင်ငိုပြဖို့ မလွယ်ပါဘူး။

အပြုံးဆိုတာ လူတိုင်းအတွက် ဖြစ်ပေမယ့်
မျက်ရည်ဆိုတာကတော့ ကိုယ်တန်ဖိုးထားရသူအတွက်ပါ။

မခွဲနိူင်လို့ ငိုငို ၊ တကယ်ချစ်မြတ်နိုူးလို့ပဲ ငိုငို
ကိုယ်တန်ဖိုးထားရသူတွေ မဆုံးရူံးရအောင်….

(၁) အတ္တတွေကို လျော့ပါ
(၂) စကားတစ်လုံးကို ဆုံးအောင်နားထောင်ပါ
(၃) သစ္စာရှိပါ
(၄) ကြားစကား ၊ ဘေးပြောစကားထက် ချစ်သူစကားကို
အကုန်သိအောင် နားထောင်ပေးပါ။
(၅) နားလည်မူှလွဲသွားရင် အကြောင်းအရင်းကို ရှာပါ
(၆) စိတ်ဆိုးချိန်မှာ စကားမမှားအောင် သတိထားပြောပါ
(၇) သံသယစိတ်ဝင်လာရင် အမြန်ဆုံးရှင်းလင်းပါ ၊ ပွင့်လင်းပါ

တစ်ခါတလေမှာ…
ဘေးလူပြောသော စကားကြောင့် ကိုယ်တကယ်
ချစ်မြတ်နိုးအပေါ်အထင်လွဲ စွပ်စွဲတာက ကိုယ်ချစ်ရသူကို
အခြားသူပေးသောဓါး နဲ့ ထိုးလိုက်သလိုပါပဲ။

အရာအားလုံးမှာ အကြောင်းတရားကြောင့်
အကျိုးဖြစ်ထွန်းသလိုအကျိုးတရားကြောင့်လည်း
ပျက်တတ်ပါတယ်။

ဖြစ်ပြီးရင် ပျက်တတ်တယ်ဆိုပေမယ့် အချိန်မတန်ခင်
ပျက်စီးသွားရင်တော့ အချစ်ဆိုတာက ဘာမဟုတ်တဲ့ အကြောင်းတရားတစ်ခုကြောင့်အကျိုးတရားဆိုတဲ့
အမုန်းဆုံး သူစိမ်းတွေဖြစ်သွားတတ်တယ်။

ကံကံ၏ အကျိုး ဆိုပေမယ့် ကံဆိုတဲ့ အရာအပေါ်
ဉာဏ်ဆိုတဲ့ဆင်ခြင်တုံတရား ရှိရင် မျက်ရည်ဆိုတာကလည်း
သုခ မျက်ရည်၊ဝမ်းသာ မျက်ရည် ဖြစ်သွားတတ်တယ်။

ချစ်သူတိုင်း(သို့)အိမ်ထောင်သည်တိုင်း
ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: ငွေတာရီ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top