AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

 မန္စီးတီးအသင္းကုိ ကုိင္တြယ္သည့္ ပထမဆံုးရာသီတြင္ ဖလားတစ္လံုးမွ် မရယူႏိုင္ပါက က်႐ႈံးမႈတစ္ခုအျဖစ္ မွတ္ယူရမည္ ျဖစ္ကာ ၎အေနျဖင့္ အသင္း တြင္ အခ်ိန္ၾကာၾကာဆက္ရိွမည္မဟုတ္ဟု မန္စီးတီးနည္းျပ ဂြါဒီ ယုိလာက ေျပာၾကားသည္။

ဂြါဒီယုိလာသည္ ဘာစီလို နာႏွင့္ ဘုိင္ယန္အသင္းတုိ႔ႏွင့္အတူ ေအာင္ျမင္မႈမ်ားစြာရရိွခဲ့ၿပီး ေနာက္ ၿပီးခဲ့သည့္ေႏြရာသီက မန္စီးတီးသို႔ ေရာက္လာခဲ့ရာ ၎ တို႔အသင္းသည္ ပရီးမီးယားလိဂ္ တြင္ လက္က်န္ ၁၁ ပြဲကစားရန္ က်န္ေသာ အေျခအေန၌ ထိပ္ ဆံုးရိွ ခ်ယ္လ္ဆီးထက္ ၁၀ မွတ္ ေလ်ာ့နည္းေနသည္။


သို႔ေသာ္ မန္စီးတီးသည္ အက္ဖ္ေအဖလားႏွင့္ ခ်န္ပီယံ လိဂ္ဖလားတို႔တြင္ ဆက္လက္ ယွဥ္ၿပိဳင္ခြင့္ရဆဲျဖစ္သည္။

‘‘ကြၽန္ေတာ္ ဖလားမရရင္ ဒီမွာ အခ်ိန္အၾကာႀကီး ရိွေနမွာ မဟုတ္ပါဘူး။ နည္းျပျဖစ္ရတာ ရလဒ္ေတြအေပၚမွာ မူတည္ပါ တယ္’’ဟု ဂြါဒီယုိလာက ေျပာ သည္။

မန္စီးတီးသည္ အက္ဖ္ေအ ဖလားကြာတားဖုိင္နယ္တြင္ မစ္ ဒယ္ဘေရာ့ႏွင့္ ယွဥ္ၿပိဳင္ၿပီးေနာက္ ခ်န္ပီယံလိဂ္ေနာက္ဆံုး ၁၆ သင္း အဆင့္ ဒုတိယအေက်ာ့အတြက္ မိုနာကိုအသင္းသို႔ သြားေရာက္ ရင္ဆုိင္ရမည္ျဖစ္သည္။

ယင္းေနာက္ သီတင္းပတ္ ကုန္တြင္ ထိပ္တန္းေလးေနရာ ၿပိဳင္ဘက္ လီဗာပူးႏွင့္ ရင္ဆုိင္ရ မည္ျဖစ္သည္။

 ယခုသီတင္းပတ္ပြဲစဥ္မ်ား သည္ အလြန္အေရးႀကီးၿပီး သံုးပြဲသည္ လာမည့္ႏွစ္လတြင္ ျဖစ္ပ်က္မည့္ အေျခအေနအတြက္ အဆံုးအျဖတ္ျဖစ္မည္ဟု ဂြါဒီယုိလာက ဆိုသည္။

ထိုအေတာအတြင္း အသင္း ေခါင္းေဆာင္ ကြန္ပနီ ေလ့က်င့္ ခန္းျပန္ဆင္းေနၿပီဟု ဂြါဒီယုိလာ ကေျပာၿပီး မန္စီးတီးတြင္ မိမိအနာဂတ္အေျခအေနသည္ ဖလားမ်ားရရိွမႈအေပၚ မူတည္သည္ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မန်စီးတီးအသင်းကို ကိုင်တွယ်သည့် ပထမဆုံးရာသီတွင် ဖလားတစ်လုံးမျှ မရယူနိုင်ပါက ကျရှုံးမှုတစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်ကာ ၎င်းအနေဖြင့် အသင်း တွင် အချိန်ကြာကြာဆက်ရှိမည်မဟုတ်ဟု မန်စီးတီးနည်းပြ ဂွါဒီ ယိုလာက ပြောကြားသည်။

ဂွါဒီယိုလာသည် ဘာစီလို နာနှင့် ဘိုင်ယန်အသင်းတို့နှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့ပြီး နောက် ပြီးခဲ့သည့်နွေရာသီက မန်စီးတီးသို့ ရောက်လာခဲ့ရာ ၎င်း တို့အသင်းသည် ပရီးမီးယားလိဂ် တွင် လက်ကျန် ၁၁ ပွဲကစားရန် ကျန်သော အခြေအနေ၌ ထိပ် ဆုံးရှိ ချယ်လ်ဆီးထက် ၁၀ မှတ် လျော့နည်းနေသည်။


သို့သော် မန်စီးတီးသည် အက်ဖ်အေဖလားနှင့် ချန်ပီယံ လိဂ်ဖလားတို့တွင် ဆက်လက် ယှဉ်ပြိုင်ခွင့်ရဆဲဖြစ်သည်။

‘‘ကျွန်တော် ဖလားမရရင် ဒီမှာ အချိန်အကြာကြီး ရှိနေမှာ မဟုတ်ပါဘူး။ နည်းပြဖြစ်ရတာ ရလဒ်တွေအပေါ်မှာ မူတည်ပါ တယ်’’ဟု ဂွါဒီယိုလာက ပြော သည်။

မန်စီးတီးသည် အက်ဖ်အေ ဖလားကွာတားဖိုင်နယ်တွင် မစ် ဒယ်ဘရော့နှင့် ယှဉ်ပြိုင်ပြီးနောက် ချန်ပီယံလိဂ်နောက်ဆုံး ၁၆ သင်း အဆင့် ဒုတိယအကျော့အတွက် မိုနာကိုအသင်းသို့ သွားရောက် ရင်ဆိုင်ရမည်ဖြစ်သည်။

ယင်းနောက် သီတင်းပတ် ကုန်တွင် ထိပ်တန်းလေးနေရာ ပြိုင်ဘက် လီဗာပူးနှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။

 ယခုသီတင်းပတ်ပွဲစဉ်များ သည် အလွန်အရေးကြီးပြီး သုံးပွဲသည် လာမည့်နှစ်လတွင် ဖြစ်ပျက်မည့် အခြေအနေအတွက် အဆုံးအဖြတ်ဖြစ်မည်ဟု ဂွါဒီယိုလာက ဆိုသည်။

ထိုအတောအတွင်း အသင်း ခေါင်းဆောင် ကွန်ပနီ လေ့ကျင့် ခန်းပြန်ဆင်းနေပြီဟု ဂွါဒီယိုလာ ကပြောပြီး မန်စီးတီးတွင် မိမိအနာဂတ်အခြေအနေသည် ဖလားများရရှိမှုအပေါ် မူတည်သည်ဟု ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top