ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကမၻာေက်ာ္ နည္းပညာကုမၸဏီၾကီး ျဖစ္တဲ့ Google ဟာ ၾသစေၾတးလ်မွ အေတာ္ဆံုးအထက္ျမက္ဆံုးဆိုတဲ့ ဟက္ကာပညာရွင္မ်ားကို ငွားရမ္းသြားေတာ့မယ္လို ့သိရပါတယ္။ အဓိကအားျဖင့္ Google ဟာ ၾသစေၾတးလ်မွ ဆိုက္ဘာလံုျခံဳေရးရာထူးမ်ားမွာ ခန္ ့အပ္သြားဖို ့လံုျခံဳေရးကြ်မ္းက်င္ပညာရွင္ဟက္ကာမ်ားကို ငွားရမ္းသြားခ်င္ေနတာ ျဖစ္ပါတယ္။ ဒီထဲမွာ ၾသစေၾတးလ်တကၠသိုလ္မ်ားမွ ေက်ာင္းသားမ်ားကိုလည္း အလုပ္ေခၚသြားဖို ့ရိွပါတယ္။

Google ရဲ့ အလုပ္ေခၚဆိုမႈေၾကာင့္ IT ကြ်မ္းက်င္ပညာရွင္အရင္းအျမစ္ အားနည္းေနတဲ့ ၾသစေၾတးလ်အစိုးရဌာနပိုင္းအတြက္ ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာဖို ့ရိွပါတယ္။ Google လံုျခံဳေရးကြ်မ္းက်င္ပညာရွင္ ပါရီဆာတဘ္ဘရစ္ဇ္မွ ABC Australia ကို ေျပာၾကားရာမွာ “ကြ်န္ေတာ္ထင္တယ္ ။ စနစ္တစ္ခုကို ခ်ိဳးေဖာက္ဝင္ေရာက္ႏိုင္ျပီး ေစတနာေကာင္းေကာင္းနဲ ့ကြန္ပ်ဴတာစနစ္လံုျခံဳေရးကို လံုျခံဳေအာင္ထိန္းခ်ဳပ္လိုတဲ့ ကြ်မ္းက်င္ပညာရွင္တစ္ေယာက္ဟာ ကြ်န္ေတာ္တို ့လို ေဆာ့ဖ္ဝဲလ္ကုမၸဏီၾကီးမွာ အလုပ္လုပ္ဖို ့ဆႏၵရိွမွာပါ။ တစ္ခုရိွတာက လူေတာ္လူေကာင္းကိစၥပါပဲ။” တပ္ဘရစ္ဇ္ဟာ Google Chrome အတြက္ လံုျခံဳေရးအၾကီးအကဲ အျဖစ္တာဝန္ယူေနသူျဖစ္ျပီး Google မွာ ၂၀၀၇ ခုနွစ္ကတည္းက အလုပ္ဝင္လာသူျဖစ္ပါတယ္။ “ဆစ္ဒနီဟာ လံုုျခံဳေရးပညာရွင္ေကာင္းေတြရွာဖို ့ေနရာေကာင္းတစ္ခုျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ဒီမွာရိွတဲ့ တကၠသိုလ္ေတြက ေက်ာင္းသားေတြကို ဆိုက္ဘာလံုျခံဳေရးပညာရွင္အဆင့္အထိ တတ္ေျမာက္ေအာင္ ကူညီေပးၾကလို ့ပါ။”
တစ္ခုရိွတာက အစိုးရအဖဲြ ့အေနနဲ ့ၾကည့္ရင္ တစ္ကမၻာလံုးက ပညာရွင္ေတြဟာ ပုဂၢလိက ေဆာ့ဖ္ဝဲလ္ကုမၸဏီၾကီးမ်ားမွာပဲ အလုပ္ဝင္ေနၾကတာျဖစ္လို ့ႏိုင္ငံေတာ္အေနနဲ ့ကြ်မ္းက်င္ပညာရွင္ ခ်ိဳ ့တဲ့မႈျဖစ္ပြားေနၾကပါတယ္။ လစာပဲၾကည့္ၾကည့္ အခြင့္အလမ္းနဲ ့လုပ္ငန္းခြင္အေျခအေနပဲ ၾကည့္ၾကည့္ ပုဂၢလိကကုမၸဏီမ်ားရဲ့ ပံ့ပိုးေပးမႈကို အစိုးရအဖဲြ ့အေနနဲ ့ဘယ္လိုမွ လိုက္မီဖို ့မလြယ္ပါဘူး။ ဒါ့ေၾကာင့္ပဲ ပညာရွင္ဟက္ကာမ်ား ၊ ပရိုဂရမ္မာမ်ားဟာ အစိုးရဌာနေတြကေန ေရွာင္ခြာၾကကုန္တာ ျဖစ္ပါတယ္။ ဒီအခ်က္ကိုလည္း ၾသစေၾတးလ် အစိုးရအဖဲြ ့မွ ဝန္ခံထားရပါတယ္။

ေရရွည္မွာ ဆိုက္ဘာလံုျခံဳေရး အေရးအခင္းမ်ားနဲ ့ၾကံဳလာရင္ အစိုးရအေနနဲ ့အခက္ေတြ ့ဖို ့ရိွေနပါတယ္။ ကြ်မ္းက်င္အိုင္တီပညာရွင္မ်ားရဲ့ အခန္းက႑ျမင့္မားလာသေလာက္ ဆိုက္ဘာလံုျခံဳေရးစိတ္မေအးစရာ ျဖစ္ေနခ်ိန္မွာ အစိုးရအေနနဲ ့လူေမြးဖို ့ဆိုတာလည္း မလြယ္ကူႏိုင္ပါဘူး။ အထူးသျဖင့္ ၾသစေၾတးလ်တကၠသိုလ္ေတြမွာ သီးသန္ ့ကြ်မ္းက်င္သင္တန္းေတြ ဖြင့္လွစ္ထားေပမယ့္ ဒီဘာသာရပ္ကို အထူးတလည္စိတ္ဝင္စားသူေတြက လိုအပ္တာထက္ နည္းေနပါေသးတယ္။
တကယ္ေတာ္တဲ့ ေက်ာင္းသားေတြကို သင္ၾကားေပးေနတယ္ဆိုတဲ့ ေက်ာင္းေတြမွာလည္း လူအေရအတြက္က နည္းနည္းေလးပဲ ရိွေနပါေသးတယ္။ လူ ့စြမ္းအားအရင္းအျမစ္ရွားပါးတဲ့ ျပႆနာကို ျမန္ျမန္ဆန္ဆန္ ေျဖရွင္းလို ့ရႏုိင္မယ့္ အလြယ္နည္းလမ္း မရိွေသးေပမယ့္ ဒီလိုဆိုက္ဘာလံုျခံဳေရးသင္တန္းေတြကို ေက်ာင္းသားေတြ စိတ္ဝင္စားလာေအာင္ လံႈ ့ေဆာ္သြားရမွာပါ။ UK ႏိုင္ငံဟာ အနာဂါတ္နည္းပညာကာကြယ္ေရးအစီအစဥ္မ်ားကို တင္ၾကိဳခ်မွတ္လိုက္တဲ့ အေနနဲ ့အဂၤလန္မွ ေက်ာင္းေနအရြယ္ကေလးငယ္မ်ားအတြက္ ဆုိက္ဘာလံုျခံဳေရးသင္ရိုးမ်ား ထည့္သြင္းသင္ၾကားေပးေတာ့မယ္လို ့သိရပါတယ္။ အသက္ ၁၄ ႏွစ္ကေန ၁၈ ႏွစ္အရြယ္ ကေလးငယ္ေပါင္း ၅၇၀၀ ကို ေရြးခ်ယ္ျပီး တစ္ပတ္လ်ွင္ တစ္နာရီႏႈန္းနဲ ့ငါးႏွစ္အထိ ဒီဘာသာရပ္ကို ေလ့က်င့္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ ဒီအတြက္ စာသင္ခန္းနဲ ့အြန္လိုင္းေလ့လာခ်က္မ်ား ၊ လုပ္ငန္းခြင္ အေတြ ့အၾကံဳကြင္းဆင္းေလ့လာမႈမ်ားကို လာမယ့္ စက္တင္ဘာလကစျပီး သင္ယူရေတာ့မွာပါ။

ကမၻာ့ႏိုင္ငံမ်ားမွာ အိုင္တီပညာရွင္လိုအပ္ခ်က္ျမင့္မားလာေနခ်ိန္မွာ နည္းပညာကုမၸဏီမ်ားမွလည္း လစာေကာင္းေကာင္းနဲ ့မက္လံုးေပးျပီး အလုပ္ခန္ ့ေနျခင္းေၾကာင့္ ႏိုင္ငံတကာမွ အစိုးရမ်ား အၾကပ္ရိုက္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :duwun

#Unicode Version

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Google ဟာ သြစတြေးလျမှ အတော်ဆုံးအထက်မြက်ဆုံးဆိုတဲ့ ဟက်ကာပညာရှင်များကို ငှားရမ်းသွားတော့မယ်လို့သိရပါတယ်။ အဓိကအားဖြင့် Google ဟာ သြစတြေးလျမှ ဆိုက်ဘာလုံခြုံရေးရာထူးများမှာ ခန့်အပ်သွားဖို့လုံခြုံရေးကျွမ်းကျင်ပညာရှင်ဟက်ကာများကို ငှားရမ်းသွားချင်နေတာ ဖြစ်ပါတယ်။ ဒီထဲမှာ သြစတြေးလျတက္ကသိုလ်များမှ ကျောင်းသားများကိုလည်း အလုပ်ခေါ်သွားဖို့ရှိပါတယ်။

Google ရဲ့ အလုပ်ခေါ်ဆိုမှုကြောင့် IT ကျွမ်းကျင်ပညာရှင်အရင်းအမြစ် အားနည်းနေတဲ့ သြစတြေးလျအစိုးရဌာနပိုင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာဖို့ရှိပါတယ်။ Google လုံခြုံရေးကျွမ်းကျင်ပညာရှင် ပါရီဆာတဘ်ဘရစ်ဇ်မှ ABC Australia ကို ပြောကြားရာမှာ “ကျွန်တော်ထင်တယ် ။ စနစ်တစ်ခုကို ချိုးဖောက်ဝင်ရောက်နိုင်ပြီး စေတနာကောင်းကောင်းနဲ့ကွန်ပျူတာစနစ်လုံခြုံရေးကို လုံခြုံအောင်ထိန်းချုပ်လိုတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဟာ ကျွန်တော်တို့လို ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးမှာ အလုပ်လုပ်ဖို့ဆန္ဒရှိမှာပါ။ တစ်ခုရှိတာက လူတော်လူကောင်းကိစ္စပါပဲ။” တပ်ဘရစ်ဇ်ဟာ Google Chrome အတွက် လုံခြုံရေးအကြီးအကဲ အဖြစ်တာဝန်ယူနေသူဖြစ်ပြီး Google မှာ ၂၀၀၇ ခုနှစ်ကတည်းက အလုပ်ဝင်လာသူဖြစ်ပါတယ်။ “ဆစ်ဒနီဟာ လုံုခြုံရေးပညာရှင်ကောင်းတွေရှာဖို့နေရာကောင်းတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ ဒီမှာရှိတဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေကို ဆိုက်ဘာလုံခြုံရေးပညာရှင်အဆင့်အထိ တတ်မြောက်အောင် ကူညီပေးကြလို့ပါ။”
တစ်ခုရှိတာက အစိုးရအဖွဲ့အနေနဲ့ကြည့်ရင် တစ်ကမ္ဘာလုံးက ပညာရှင်တွေဟာ ပုဂ္ဂလိက ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးများမှာပဲ အလုပ်ဝင်နေကြတာဖြစ်လို့နိုင်ငံတော်အနေနဲ့ကျွမ်းကျင်ပညာရှင် ချို့တဲ့မှုဖြစ်ပွားနေကြပါတယ်။ လစာပဲကြည့်ကြည့် အခွင့်အလမ်းနဲ့လုပ်ငန်းခွင်အခြေအနေပဲ ကြည့်ကြည့် ပုဂ္ဂလိကကုမ္ပဏီများရဲ့ ပံ့ပိုးပေးမှုကို အစိုးရအဖွဲ့အနေနဲ့ဘယ်လိုမှ လိုက်မီဖို့မလွယ်ပါဘူး။ ဒါ့ကြောင့်ပဲ ပညာရှင်ဟက်ကာများ ၊ ပရိုဂရမ်မာများဟာ အစိုးရဌာနတွေကနေ ရှောင်ခွာကြကုန်တာ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း သြစတြေးလျ အစိုးရအဖွဲ့မှ ဝန်ခံထားရပါတယ်။

ရေရှည်မှာ ဆိုက်ဘာလုံခြုံရေး အရေးအခင်းများနဲ့ကြုံလာရင် အစိုးရအနေနဲ့အခက်တွေ့ဖို့ရှိနေပါတယ်။ ကျွမ်းကျင်အိုင်တီပညာရှင်များရဲ့ အခန်းကဏ္ဍမြင့်မားလာသလောက် ဆိုက်ဘာလုံခြုံရေးစိတ်မအေးစရာ ဖြစ်နေချိန်မှာ အစိုးရအနေနဲ့လူမွေးဖို့ဆိုတာလည်း မလွယ်ကူနိုင်ပါဘူး။ အထူးသဖြင့် သြစတြေးလျတက္ကသိုလ်တွေမှာ သီးသန့်ကျွမ်းကျင်သင်တန်းတွေ ဖွင့်လှစ်ထားပေမယ့် ဒီဘာသာရပ်ကို အထူးတလည်စိတ်ဝင်စားသူတွေက လိုအပ်တာထက် နည်းနေပါသေးတယ်။
တကယ်တော်တဲ့ ကျောင်းသားတွေကို သင်ကြားပေးနေတယ်ဆိုတဲ့ ကျောင်းတွေမှာလည်း လူအရေအတွက်က နည်းနည်းလေးပဲ ရှိနေပါသေးတယ်။ လူ့စွမ်းအားအရင်းအမြစ်ရှားပါးတဲ့ ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းလို့ရနိုင်မယ့် အလွယ်နည်းလမ်း မရှိသေးပေမယ့် ဒီလိုဆိုက်ဘာလုံခြုံရေးသင်တန်းတွေကို ကျောင်းသားတွေ စိတ်ဝင်စားလာအောင် လှုံ့ဆော်သွားရမှာပါ။ UK နိုင်ငံဟာ အနာဂါတ်နည်းပညာကာကွယ်ရေးအစီအစဉ်များကို တင်ကြိုချမှတ်လိုက်တဲ့ အနေနဲ့အင်္ဂလန်မှ ကျောင်းနေအရွယ်ကလေးငယ်များအတွက် ဆိုက်ဘာလုံခြုံရေးသင်ရိုးများ ထည့်သွင်းသင်ကြားပေးတော့မယ်လို့သိရပါတယ်။ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အရွယ် ကလေးငယ်ပေါင်း ၅၇၀၀ ကို ရွေးချယ်ပြီး တစ်ပတ်လျှင် တစ်နာရီနှုန်းနဲ့ငါးနှစ်အထိ ဒီဘာသာရပ်ကို လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် စာသင်ခန်းနဲ့အွန်လိုင်းလေ့လာချက်များ ၊ လုပ်ငန်းခွင် အတွေ့အကြုံကွင်းဆင်းလေ့လာမှုများကို လာမယ့် စက်တင်ဘာလကစပြီး သင်ယူရတော့မှာပါ။

ကမ္ဘာ့နိုင်ငံများမှာ အိုင်တီပညာရှင်လိုအပ်ချက်မြင့်မားလာနေချိန်မှာ နည်းပညာကုမ္ပဏီများမှလည်း လစာကောင်းကောင်းနဲ့မက်လုံးပေးပြီး အလုပ်ခန့်နေခြင်းကြောင့် နိုင်ငံတကာမှ အစိုးရများ အကြပ်ရိုက်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit :duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top