iMyanmarHouse.com - Best Property Website for Myanmar
×

ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၆) အျဖစ္ ဇယားထိပ္မွာရပ္တည္ေနတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ဆြမ္ဆီးအသင္းတို႔ဟာ စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ည (၉း၃၀) နာရီတြင္ စတမ္းဖို႔ဒ္ဘေရခ်္ကြင္းထဲမွာ ယွဥ္ျပိဳင္ကစားသြားၾကမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ အိမ္ကြင္း ေနာက္ဆံုး (၁၂) ပြဲမွာ (၁၁) ပြဲအထိ အႏိုင္ရ႐ိွခဲ့ျပီး ေပးဂိုးမေပးခဲ့ရသည့္ပြဲ (၇) ပြဲအထိ႐ိွလာခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းကလည္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတဲ့ အသင္းျဖစ္တဲ့အျပင္ အသင္းရဲ႕စုစည္းမႈလည္း အားေကာင္းေနပါတယ္။
Image result for chelsea vs swansea 2017

ဆြမ္ဆီးအသင္းကလည္း ပရီးမီးယားလိဂ္ ေနာက္ဆံုးသံုးပြဲမွာ ႏွစ္ပြဲမွာ အႏိုင္ရ႐ိွေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ျပီး တစ္ပြဲသာ႐ံႈးနိမ့္ခဲ့ပါတယ္။ ဆြမ္ဆီးအသင္းဟာ တန္ဆင္းဇုန္အႏၱာရာယ္နဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ဒီပြဲကုိ ကစားသမား အစံုအလင္နဲ႔ ပြဲထြက္ကစားလာႏိုင္မွာ ျဖစ္ပါတယ္။ ဆြမ္ဆီးအသင္းသည္ ျပိဳင္ပြဲစံု ေနာက္ဆံုး (၈) ပြဲမွာ (၄) ပြဲအႏိုင္ရ႐ိွထားခဲ့သလို (၄) ပြဲ႐ံႈးနိမ့္ထားတာလည္း ျဖစ္ပါတယ္။
Image result for chelsea vs swansea 2017

ခ်ဲလ္ဆီးတိုက္စစ္မွဴး ေကာ္စတာဟာ ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္ေနခဲ့ေပမယ့္လည္း ဝုလ္အသင္းနဲ႔ ယွဥ္ျပိဳင္ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္တြင္ ဂိုးေပါက္ျပန္ေတြ႔သြားခဲ့တာ ျဖစ္ပါတယ္။ ဟာဇက္၊ ဖာဖရီဂတ္စ္၊ ဝီလီလ်ံတို႔လို ကစားသမားေတြေၾကာင့္ ဆြမ္ဆီးအသင္းရဲ႕ ခံစစ္ကို ဒုကၡေပးသြားႏိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္မို႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူဖို႔ေရပန္းစားေနတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ တန္ဆင္းဇုန္ကေန ႐ုန္းထြက္ဖို႔ သူတို႔ႏွစ္သင္းရဲ႕ အားျပိဳင္မႈကိုေစာင့္ၾကည့္သြားရေတာ့မွာ ျဖစ္ပါတယ္။

ခန္႔မွန္းရလဒ္ ခ်ဲလ္ဆီး (၃-၁) ဆြမ္ဆီး

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Momolay

#Unicode Version
ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) အဖြစ် ဇယားထိပ်မှာရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ဟာ စနေနေ့ည မြန်မာစံတော်ချိန် ည (၉း၃၀) နာရီတွင် စတမ်းဖို့ဒ်ဘရေချ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး (၁၂) ပွဲမှာ (၁၁) ပွဲအထိ အနိုင်ရရှိခဲ့ပြီး ပေးဂိုးမပေးခဲ့ရသည့်ပွဲ (၇) ပွဲအထိရှိလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်တဲ့အပြင် အသင်းရဲ့စုစည်းမှုလည်း အားကောင်းနေပါတယ်။


ဆွမ်ဆီးအသင်းကလည်း ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲမှာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး တစ်ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။ ဆွမ်ဆီးအသင်းဟာ တန်ဆင်းဇုန်အန္တာရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဒီပွဲကို ကစားသမား အစုံအလင်နဲ့ ပွဲထွက်ကစားလာနိုင်မှာ ဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး (၈) ပွဲမှာ (၄) ပွဲအနိုင်ရရှိထားခဲ့သလို (၄) ပွဲရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။


ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာဟာ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေခဲ့ပေမယ့်လည်း ဝုလ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တွင် ဂိုးပေါက်ပြန်တွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်၊ ဖာဖရီဂတ်စ်၊ ဝီလီလျံတို့လို ကစားသမားတွေကြောင့် ဆွမ်ဆီးအသင်းရဲ့ ခံစစ်ကို ဒုက္ခပေးသွားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ရေပန်းစားနေတဲ့ ချဲလ်ဆီးအသင်းနဲ့ တန်ဆင်းဇုန်ကနေ ရုန်းထွက်ဖို့ သူတို့နှစ်သင်းရဲ့ အားပြိုင်မှုကိုစောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။


ခန့်မှန်းရလဒ် ချဲလ်ဆီး (၃-၁) ဆွမ်ဆီး


ဖိုးသူတော် (www.phothutaw.com)
Credit:Momolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top