မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×



Image result for rooney




Image result for rooney




• FA Cup: 2016





• Played: 549

• Goals: 250



Credit: Momolay

#Unicode Version
အင်္ဂလန်အသင်းနဲ့ မန်ယူအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဝိန်းရွန်းနီကို အသင်းကနေထွယ်ခွာဖို့ မီးစိမ်းပြလိုက် ပါပြီး။ ဒါ့အပြင် မန်ယူအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ရွန်းနီဟာ အသင်းရဲ့ဂန္တဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ဘော်ဘီချာလ်တန်ရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖြတ်ပြီး ပွဲပေါင်း (၅၄၉) ပွဲပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး (၂၅၀) နဲ့ မန်ယူအသင်းရဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် စံချိန်တင်သွားခဲ့တာ ဖြစ်ပါတယ်။
Vhl6garjqt2mf04z8fcy

မန်ယူအသင်းနဲ့ (၁၃) နှစ်ကြာ လက်တွဲကစားလာခဲ့တဲ့ ရွန်းနီကတော့ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင် ကစားမယ့် အင်္ဂလန်လိဂ်ဖလား ဖိုင်နယ်ပွဲစဉ်ဟာ သူ့ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။ အသက် (၃၁) နှစ်ရှိပြီးဖြစ်တဲ့ ရွန်းနီဟာ ဒီနှစ် (၂၀၁၆-၁၇) ဘောလုံးရာသီမှာတော့ နည်းပြသစ် မော်ရင်ညိုရဲ့ လက်အောက်မှာ ပွဲထွက်ကစားခွင့် အခွင့်အရေးနည်းပါးလာခဲ့တာလည်း ဖြစ်ပါတယ်။
H2mivlr1i8chwabmkprg

မန်ယူအသင်းရဲ့ အမှူဆောင်အရာရှိတစ်ဦးဖြစ်တဲ့ (Ed Woodward)က ရွန်းနီရဲ့ အေးဂျင့်ဖြစ်သူ (Paul Stretford) ကို တရုတ်စူပါလိဂ်အသင်းနဲ့ ရွန်းနီရဲ့ အပြောင်းအရွှေ့ကို ဆွေးနွေးခွင့်ပြုထားတယ်လို့ သိရပါ တယ်။ မန်ယူအသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်က ရွန်းနီကို အဲဗာတန်အသင်းကနေ ပေါင် (၂၇) သန်းနဲ့ မန်ယူအသင်းကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
Pnxbjscx8rlavpfzalpi

ရွန်းနီရဲ့ ပြောင်းရွှေ့ကြေးကို တရုတ်ကလပ်က ပေါင်သန်း (၃၀) ဝန်းကျင်နဲ့ ခေါ်ယူမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင်မန်ယူအသင်းဟာ တရုတ်ကလပ်ကို ရောက်ရှိသွားခဲ့မယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင်သန်း (၇၅၀,၀၀၀) ရရှိမှာဖြစ်ပြီး မန်ယူအသင်းမှာရရှိတဲ့ လစာထက်နှစ်ဆလောက် ရရှိသွားမှာဖြစ်ပါတယ်။ ရွန်းနီဟာ တစ်ပတ်လုပ်ခ ပေါင်သန်း (၇၅၀,၀၀၀) ရရှိခဲ့မယ်ဆိုရင် ကစားသမားတွေမှာ ကမ္ဘာလစာအများဆုံး ကစားသမား တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
Pht8zmejuo1u86g0xsek

ရွန်းနီတစ်ယောက် မန်ယူအသင်းမှာ စွမ်းဆောင်ခဲ့တဲ့ ဆုဖလားများနဲ့ မှတ်တမ်းကောင်းများ
• Premier League: 2007, 2008, 2009, 2011, 2013

• FA Cup: 2016

• Football League Cup: 2006, 2010

• FA Community Shield: 2007, 2010, 2011, 2016

• UEFA Champions League: 2008

• FIFA Club World Cup: 2008

• Played: 549

• Goals: 250


Wayne Rooney Bicycle Kick Goal vs Manchester City

https://youtu.be/GpSwJWr-hMI



ဖိုးသူတော် (www.phothutaw.com)
Credit: Momolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top