ေစ်းဝယ္ထြက္တဲ့အခါ ေပးခ်င္တဲ့အၾကံကေတာ့ အခ်ိန္ေပးဖို႔ပါပဲ။ အမ်ိဳးသမီးေတြကေတာ့ နဂိုတည္းက စိတ္ၾကိဳက္ေျခတိုေအာင္ ေမႊတတ္တာဆိုေတာ့ ေထြေထြထူးထူးေျပာစရာေတာ့ မလိုပါဘူး။ ခုဆို ေရွာ့ပင္ထြက္မယ္ဆိုၿပီးေတာ့ကို ေရွာ့ပင္ထြက္စတိုင္လ္အျဖစ္ လွလွပပ၊ ေခတ္မီမီ ဝတ္စားျပင္ဆင္ၿပီး ထြက္တတ္လာၾကတာ ေတြ႔ရတယ္။ ပြင့္လင္းရာသီအမီ အလွအပနဲ႔ ဖက္ရွင္အတြက္ သင္လည္း ေစ်းဝယ္ထြက္ျဖစ္မယ္ ထင္ပါတယ္။ ေရွာ့ပင္သြားၿပီဆိုရင္ ဒီအခ်က္ေတြကိုေတာ့ မေမ့ေစခ်င္ပါဘူး။

ဘာဝယ္မွာလဲ ၾကိဳေတြးသြားပါ

လွပတဲ့ အေရာင္အေသြး၊ အဆင္ဒီဇိုင္းေတြနဲ႔ ေကာင္းတဲ့ ဆိုင္ေတြကလည္း သင့္ကိုဆြဲေဆာင္ေနမွာပဲ။ တစ္ခုရွိတာက ေရြးစရာေတြ သိပ္မ်ားေနရင္လည္း ဆံုးျဖတ္ရခက္တတ္တယ္။ အကုန္လံုးက လွေနသလို၊ ႀကိဳက္ေနတာခ်ည္းပဲ။ ကိုယ္က ဘယ္လို အဝတ္အစား၊ ဖက္ရွင္၊ အသံုးအေဆာင္ကို လိုအပ္ေနတာလဲ။ အေရာင္ကအစ ကိုယ္က ႀကိဳၿပီးစဥ္းစားထားရမယ္။ လက္ရမ္းမွန္းၿပီး ရွာေနရင္ အဆင္ေျပမွာမဟုတ္ဘူး။ ဝယ္ျဖစ္ရင္လည္း တကယ္ႏွစ္သက္ႏိုင္ဖို႔ ခဲယဥ္းတယ္။ ကိုယ္က ဘယ္လို အေျခအေန၊ ဘယ္လို အခ်ိန္မွာ ဝတ္ဆင္ဖို႔ လိုအပ္တာလဲ။ ဒါကိုသိထားၿပီးသား ျဖစ္မွာပါ။ ဝတ္စံုနဲ႔လိုက္ဖက္မယ့္ Accessories, Shoes နဲ႔ Bag ကအစ ႀကိဳျမင္ထားရမယ္။ မသိရင္ အြန္လိုင္းေစ်းဝယ္ဝက္ဘ္ဆိုဒ္ေတြမွာ ရွာၾကည့္ပါ။ တျခားအမ်ိဳးအစားေတြ Review ေတြ ေလွ်ာက္ဖတ္ၾကည့္ပါ။ တကယ္ဝယ္ေတာ့မယ္ဆိုရင္ ဆံုးျဖတ္ရလြယ္ကူသြားတာေပါ့။

အဝတ္လဲခန္းမွာ ဝတ္ၾကည့္ပါ

အက်ႌတစ္ထည္ အတြက္ပဲျဖစ္ျဖစ္၊ Dress တစ္စံုအတြက္ပဲျဖစ္ျဖစ္ အခ်ိန္ယူ ေလ့လာၾကည့္႐ႈၿပီးမွ ဝယ္သင့္တယ္။ အေသအခ်ာ ၾကည့္႐ႈပါ။ ႀကိဳက္ႏွစ္သက္တဲ့ အေရာင္ျဖစ္သလား၊ အဆင္ဒီဇိုင္းက ကိုယ့္ရဲ႕ခႏၶာကိုယ္ေပၚမွာ တင္လိုက္ရင္ အဆင္ေျပရဲ႕လား ေသခ်ာေရြးပါ။

ေစ်းႏႈန္းကိုလည္း ၾကည့္ပါ

ဒီဝတ္စံုက ကိုယ့္မွာရွိၿပီးသား ဝတ္စံုေတြထက္ သာရဲ႕လား။ ဆင္တူေနမလား စသျဖင့္ ေတြးၾကည့္ေပါ့။ ေစ်းကိုလည္း သိပ္ျမင့္ေနသလား၊ သိပ္ကို ေစ်းခ်ိဳေနသလား ေသေသခ်ာခ်ာၾကည့္ပါ။ ေစ်းသိပ္ျမင့္တိုင္း မိမိကိုယ္တုိင္နဲ႔ အဆင္ေျပမွာလား။ Branded ဆိုလည္း အစစ္အမွန္ ဟုတ္ရဲ႕လား။

အားမနာပါနဲ႔

အားနာတတ္သူေတြက ေစ်းမဝယ္တာ အေကာင္းဆံုးပဲ။ ကိုယ္နဲ႔သိတဲ့ ဆိုင္ျဖစ္ေနလို႔၊ မဝယ္ရင္ မေကာင္းတတ္လို႔၊ ဝန္ေဆာင္မႈေတြ ဒီေလာက္ေကာင္းေနတာမဝယ္ဘဲ ျပန္ထြက္သြားလို႔ မျဖစ္ပါဘူး ဆိုၿပီး ေတြေဝအားနာတတ္သူေတြ ရွိပါတယ္။ ေစ်းႀကီးမွန္းသိေပမယ့္ အားနာလို႔ မဆစ္ဘဲ ဝယ္သူေတြရွိတယ္။ ကိုယ္ႏွစ္သက္မွ၊ ကိုယ္နဲ႔အဆင္ေျပမွ၊ ကိုယ္သံုးမယ့္ေငြနဲ႔ အဆင္ေျပသင့္ေလ်ာ္မွ ဝယ္သင့္တယ္။ ဝယ္ၿပီးမွ ဒီအတိုင္းပစ္ထားရင္ တန္ဖိုးဆံုးတာေပါ့။ ေစ်းဝယ္ၿပီဆိုရင္ေတာ့ စိတ္ၾကိဳက္ေရြးထားတာကို တန္ရာတန္ေၾကးေပးဝယ္မွာမို႔ သိပ္အားနာ မေနပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : duwun

#Unicode Version

ဈေးဝယ်ထွက်တဲ့အခါ ပေးချင်တဲ့အကြံကတော့ အချိန်ပေးဖို့ပါပဲ။ အမျိုးသမီးတွေကတော့ နဂိုတည်းက စိတ်ကြိုက်ခြေတိုအောင် မွှေတတ်တာဆိုတော့ ထွေထွေထူးထူးပြောစရာတော့ မလိုပါဘူး။ ခုဆို ရှော့ပင်ထွက်မယ်ဆိုပြီးတော့ကို ရှော့ပင်ထွက်စတိုင်လ်အဖြစ် လှလှပပ၊ ခေတ်မီမီ ဝတ်စားပြင်ဆင်ပြီး ထွက်တတ်လာကြတာ တွေ့ရတယ်။ ပွင့်လင်းရာသီအမီ အလှအပနဲ့ ဖက်ရှင်အတွက် သင်လည်း ဈေးဝယ်ထွက်ဖြစ်မယ် ထင်ပါတယ်။ ရှော့ပင်သွားပြီဆိုရင် ဒီအချက်တွေကိုတော့ မမေ့စေချင်ပါဘူး။

ဘာဝယ်မှာလဲ ကြိုတွေးသွားပါ

လှပတဲ့ အရောင်အသွေး၊ အဆင်ဒီဇိုင်းတွေနဲ့ ကောင်းတဲ့ ဆိုင်တွေကလည်း သင့်ကိုဆွဲဆောင်နေမှာပဲ။ တစ်ခုရှိတာက ရွေးစရာတွေ သိပ်များနေရင်လည်း ဆုံးဖြတ်ရခက်တတ်တယ်။ အကုန်လုံးက လှနေသလို၊ ကြိုက်နေတာချည်းပဲ။ ကိုယ်က ဘယ်လို အဝတ်အစား၊ ဖက်ရှင်၊ အသုံးအဆောင်ကို လိုအပ်နေတာလဲ။ အရောင်ကအစ ကိုယ်က ကြိုပြီးစဉ်းစားထားရမယ်။ လက်ရမ်းမှန်းပြီး ရှာနေရင် အဆင်ပြေမှာမဟုတ်ဘူး။ ဝယ်ဖြစ်ရင်လည်း တကယ်နှစ်သက်နိုင်ဖို့ ခဲယဉ်းတယ်။ ကိုယ်က ဘယ်လို အခြေအနေ၊ ဘယ်လို အချိန်မှာ ဝတ်ဆင်ဖို့ လိုအပ်တာလဲ။ ဒါကိုသိထားပြီးသား ဖြစ်မှာပါ။ ဝတ်စုံနဲ့လိုက်ဖက်မယ့် Accessories, Shoes နဲ့ Bag ကအစ ကြိုမြင်ထားရမယ်။ မသိရင် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုဒ်တွေမှာ ရှာကြည့်ပါ။ တခြားအမျိုးအစားတွေ Review တွေ လျှောက်ဖတ်ကြည့်ပါ။ တကယ်ဝယ်တော့မယ်ဆိုရင် ဆုံးဖြတ်ရလွယ်ကူသွားတာပေါ့။

အဝတ်လဲခန်းမှာ ဝတ်ကြည့်ပါ

အကျႌတစ်ထည် အတွက်ပဲဖြစ်ဖြစ်၊ Dress တစ်စုံအတွက်ပဲဖြစ်ဖြစ် အချိန်ယူ လေ့လာကြည့်ရှုပြီးမှ ဝယ်သင့်တယ်။ အသေအချာ ကြည့်ရှုပါ။ ကြိုက်နှစ်သက်တဲ့ အရောင်ဖြစ်သလား၊ အဆင်ဒီဇိုင်းက ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ တင်လိုက်ရင် အဆင်ပြေရဲ့လား သေချာရွေးပါ။

ဈေးနှုန်းကိုလည်း ကြည့်ပါ

ဒီဝတ်စုံက ကိုယ့်မှာရှိပြီးသား ဝတ်စုံတွေထက် သာရဲ့လား။ ဆင်တူနေမလား စသဖြင့် တွေးကြည့်ပေါ့။ ဈေးကိုလည်း သိပ်မြင့်နေသလား၊ သိပ်ကို ဈေးချိုနေသလား သေသေချာချာကြည့်ပါ။ ဈေးသိပ်မြင့်တိုင်း မိမိကိုယ်တိုင်နဲ့ အဆင်ပြေမှာလား။ Branded ဆိုလည်း အစစ်အမှန် ဟုတ်ရဲ့လား။

အားမနာပါနဲ့

အားနာတတ်သူတွေက ဈေးမဝယ်တာ အကောင်းဆုံးပဲ။ ကိုယ်နဲ့သိတဲ့ ဆိုင်ဖြစ်နေလို့၊ မဝယ်ရင် မကောင်းတတ်လို့၊ ဝန်ဆောင်မှုတွေ ဒီလောက်ကောင်းနေတာမဝယ်ဘဲ ပြန်ထွက်သွားလို့ မဖြစ်ပါဘူး ဆိုပြီး တွေဝေအားနာတတ်သူတွေ ရှိပါတယ်။ ဈေးကြီးမှန်းသိပေမယ့် အားနာလို့ မဆစ်ဘဲ ဝယ်သူတွေရှိတယ်။ ကိုယ်နှစ်သက်မှ၊ ကိုယ်နဲ့အဆင်ပြေမှ၊ ကိုယ်သုံးမယ့်ငွေနဲ့ အဆင်ပြေသင့်လျော်မှ ဝယ်သင့်တယ်။ ဝယ်ပြီးမှ ဒီအတိုင်းပစ်ထားရင် တန်ဖိုးဆုံးတာပေါ့။ ဈေးဝယ်ပြီဆိုရင်တော့ စိတ်ကြိုက်ရွေးထားတာကို တန်ရာတန်ကြေးပေးဝယ်မှာမို့ သိပ်အားနာ မနေပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit : duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top