iMyanmarHouse.com - Best Property Website for Myanmar
×

Area51 ဆုိတာ လ်ဳိ႕၀ွက္ခ်က္ေတြနဲ႔ ၿပည့္ေနတဲ့ ေနရာတစ္ခုပဲၿဖစ္ပါတယ္။ Area51 ဟာ အေမရိကန္ၿပည္  Las Vegas ၿမဳိ႕ရဲ႕အေနာက္ေၿမာက္ ၈၀မုိင္ အကြာက Nevada သဲကႏာၱရထဲမွာရွိၿပီး အစုိးရရဲ႕ထိန္းခ်ဳပ္မႈ ေအာက္ကေန လ်ဳိ႕၀ွက္သုေတသနလုပ္ငန္းေတြကုိ လုပ္ေဆာင္ေနတဲ့ေနရာၿဖစ္ပါတယ္။ အေမရိကန္ရဲ႕ အလ်ဳိ႕၀ွက္ဆုံး၊ လုံၿခဳံမႈ႕အရွိဆုံးေနရာ ဆုိရင္လည္း မမွားပါဘူး။ ဒီေနရာမွာ ဘာေတြရွိတယ္ ဘာေတြလုပ္ေနတယ္ ဆုိတာကေတာ့ ထိပ္တန္း အရာရွိ၂၀ေလာက္ကလြဲရင္ ဘယ္သူမွ အေသအခ်ာမသိႀကပါဘူး။ ဒါေႀကာင့္လည္းဒီေနရာဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၅၀)ေက်ာ္တည္းက လူစိတ္၀င္စားမႈ အမ်ားဆုံးခံရတဲ့ ေနရာတစ္ခုၿဖစ္ခဲ့ပါတယ္။


 ဒီေနရာဟာ ၁၉၅၅ခုႏွစ္တုန္းက United States Air Force ရဲ႕ေနရာ ၿဖစ္ခဲ့ၿပီး စတင္ေဆာက္လုပ္ခဲ့ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ Lockheed U-2 aircraftေတြကုိ စမ္းသပ္ဖုိ႔အတြက္ၿဖစ္ပါတယ္။

- ဒီေန႔အထိ area51မွာ ဘာေတြလုပ္ေနတယ္ဆုိတာကုိ အေမရိကန္ အစုိးရက ခ်မၿပေသးပါဘူး။ တစ္ခ်ဳိ႕ကေတာ့ ဒီေနရာမွာ ထူးဆန္းတဲ့ လက္နက္ေတြနဲ႔ယာဥ္ေတြကုိ စမ္းသပ္ေနတယ္လုိ႔ဆုိပါတယ္။ ဒါဟာ မၿဖစ္ႏုိင္ဘူးလုိ႔ ဆုိလုိ႔မရပါဘူး။ ကမာၻမွာေတြ႔ရတဲ့ UFO ေတြဟာ Area51 ကလ်ဳိ႕၀ွက္စမ္းသပ္ထားတဲ့ ယာဥ္ေတြၿဖစ္တယ္လုိ႔ အရင္ႏွစ္ေတြက သတင္းေတြထြက္လာဖူးပါတယ္။


 - Area51 ဟာေတာင္တစ္လုံးကုိေဖာက္ၿပီး စခန္းအၿဖစ္ တည္ေဆာက္ထား တာၿဖစ္ပါတယ္။ ဒီအေဆာက္ အအုံမွာအထပ္၆ထပ္ရွိၿပီး ပထမ ထပ္ကုိသာ သာမန္၀န္ထမ္း၀င္ခြင့္ရွိပါတယ္။ က်န္အထပ္ေတြကုိေတာ့
Alien မွလြဲ၍ လုံး၀မ၀င္ရဆုိတဲ့စာတန္းကုိ တရား၀င္ကပ္ထားတယ္လုိ႔ ဆုိပါတယ္။ ဒီအခ်က္ဟာ စဥ္းစားစရာပါ

- ဒီေနရာကုိ လုံၿခဳံေရးၿမင့္မားစြာခ်ထားတဲ့အတြက္ ၿဂဳိလ္သားေတြ၊ UFO (Unidentified flying object) ေတြနဲ႔ ဆက္စပ္ေနလိမ့္မယ္လုိ႔လည္း ယုံႀကည္ေနႀကပါတယ္။

- လူေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီေနရာမွာၿဂဳိလ္သားေတြရွိၿပီး ၿဂဳိလ္သား ေတြဆီကေနေခတ္လြန္နည္းပညာေတြကုိ သင္ယူေနတယ္လုိ႔ဆုိႀကပါတယ္။


 - လမ္းမွားၿပီးေရာက္သြားခဲ့တဲ့ ေလယာဥ္မွဴးႏွစ္ေယာက္ကလည္း ဒီေန ရာမွာပန္းကန္းၿပားပ်ံေတြ ဆင္းသက္ေနတာကုိ ၿမင္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

- ၁၉၈၉ခုႏွစ္က Area51 ရဲ႕ Sector4 မွာအလုပ္လုပ္ခဲ့သူ Bob Lazar ကေတာ့ သူဟာၿဂဳိလ္သားယာဥ္ပ်ံေတြနဲ႔ အလုပ္လုပ္ခဲ့ရတယ္လုိ႔ ေၿပာပါတယ္။


- ေနာက္ Area51ရဲ႕၀န္ထမ္းတစ္ေယာက္ၿဖစ္ခဲ့သူ Dan Durish ကလည္း သူဟာ J-Rod လုိ႔ေခၚတဲ့ၿဂဳိလ္သားနဲ ကပ္လ်က္အလုပ္လုပ္ခဲ့ရတယ္ဆုိၿပီး သတင္းေတြထြက္ခဲ့ပါတယ္။

၂၁ရာစု ေနာက္ပုိင္းမွာ UFO သတင္းေတြဟာ ခဏခဏ ႀကားေနရပါၿပီ။ area51 ဟာၿဂဳိလ္သားေတြနဲ႔ ပါတ္သတ္မသတ္ အတိအက်ေၿပာလုိ႔မရေပမယ့္ အဆန္းၿပားဆုံးလက္နက္ေတြ၊ယာဥ္ပ်ံေတြနဲ႔ နည္းပညာေတြဟာ ဒီေနရာကထြက္ရွိလာတာကေတာ့ အမွန္ပဲၿဖစ္ပါတယ္ ။ ေနာက္တစ္ခ်ိန္မွာ ဒီေနရာကေနဘယ္လုိ ဆန္းၿပားတဲ့ နည္းပညာေတြ ထပ္မံထြက္ရွိလာဦးမလဲ ဆုိတာကုိ ေစာင့္ႀကည့္ေနရဦးမွာပဲၿဖစ္ပါတယ္။


 
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thutazone

#Unicode Version
Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ Area51 ဟာ အမေရိကန်ပြည်  Las Vegas မြို့ရဲ့အနောက်မြောက် ၈၀မိုင် အကွာက Nevada သဲကန္တာရထဲမှာရှိပြီး အစိုးရရဲ့ထိန်းချုပ်မှု အောက်ကနေ လျို့ဝှက်သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အလျို့ဝှက်ဆုံး၊ လုံခြုံမှု့အရှိဆုံးနေရာ ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ ဘာတွေရှိတယ် ဘာတွေလုပ်နေတယ် ဆိုတာကတော့ ထိပ်တန်း အရာရှိ၂၀လောက်ကလွဲရင် ဘယ်သူမှ အသေအချာမသိကြပါဘူး။ ဒါကြောင့်လည်းဒီနေရာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀)ကျော်တည်းက လူစိတ်ဝင်စားမှု အများဆုံးခံရတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။


 ဒီနေရာဟာ ၁၉၅၅ခုနှစ်တုန်းက United States Air Force ရဲ့နေရာ ဖြစ်ခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ Lockheed U-2 aircraftတွေကို စမ်းသပ်ဖို့အတွက်ဖြစ်ပါတယ်။

- ဒီနေ့အထိ area51မှာ ဘာတွေလုပ်နေတယ်ဆိုတာကို အမေရိကန် အစိုးရက ချမပြသေးပါဘူး။ တစ်ချို့ကတော့ ဒီနေရာမှာ ထူးဆန်းတဲ့ လက်နက်တွေနဲ့ယာဉ်တွေကို စမ်းသပ်နေတယ်လို့ဆိုပါတယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ဆိုလို့မရပါဘူး။ ကမ္ဘာမှာတွေ့ရတဲ့ UFO တွေဟာ Area51 ကလျို့ဝှက်စမ်းသပ်ထားတဲ့ ယာဉ်တွေဖြစ်တယ်လို့ အရင်နှစ်တွေက သတင်းတွေထွက်လာဖူးပါတယ်။


 - Area51 ဟာတောင်တစ်လုံးကိုဖောက်ပြီး စခန်းအဖြစ် တည်ဆောက်ထား တာဖြစ်ပါတယ်။ ဒီအဆောက် အအုံမှာအထပ်၆ထပ်ရှိပြီး ပထမ ထပ်ကိုသာ သာမန်ဝန်ထမ်းဝင်ခွင့်ရှိပါတယ်။ ကျန်အထပ်တွေကိုတော့
Alien မှလွဲ၍ လုံးဝမ၀င်ရဆိုတဲ့စာတန်းကို တရားဝင်ကပ်ထားတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ စဉ်းစားစရာပါ

- ဒီနေရာကို လုံခြုံရေးမြင့်မားစွာချထားတဲ့အတွက် ဂြိုလ်သားတွေ၊ UFO (Unidentified flying object) တွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

- လူတော်တော်များများကတော့ ဒီနေရာမှာဂြိုလ်သားတွေရှိပြီး ဂြိုလ်သား တွေဆီကနေခေတ်လွန်နည်းပညာတွေကို သင်ယူနေတယ်လို့ဆိုကြပါတယ်။


 - လမ်းမှားပြီးရောက်သွားခဲ့တဲ့ လေယာဉ်မှူးနှစ်ယောက်ကလည်း ဒီနေ ရာမှာပန်းကန်းပြားပျံတွေ ဆင်းသက်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

- ၁၉၈၉ခုနှစ်က Area51 ရဲ့ Sector4 မှာအလုပ်လုပ်ခဲ့သူ Bob Lazar ကတော့ သူဟာဂြိုလ်သားယာဉ်ပျံတွေနဲ့ အလုပ်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။


- နောက် Area51ရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့သူ Dan Durish ကလည်း သူဟာ J-Rod လို့ခေါ်တဲ့ဂြိုလ်သားနဲ ကပ်လျက်အလုပ်လုပ်ခဲ့ရတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။

၂၁ရာစု နောက်ပိုင်းမှာ UFO သတင်းတွေဟာ ခဏခဏ ကြားနေရပါပြီ။ area51 ဟာဂြိုလ်သားတွေနဲ့ ပါတ်သတ်မသတ် အတိအကျပြောလို့မရပေမယ့် အဆန်းပြားဆုံးလက်နက်တွေ၊ယာဉ်ပျံတွေနဲ့ နည်းပညာတွေဟာ ဒီနေရာကထွက်ရှိလာတာကတော့ အမှန်ပဲဖြစ်ပါတယ် ။ နောက်တစ်ချိန်မှာ ဒီနေရာကနေဘယ်လို ဆန်းပြားတဲ့ နည်းပညာတွေ ထပ်မံထွက်ရှိလာဦးမလဲ ဆိုတာကို စောင့်ကြည့်နေရဦးမှာပဲဖြစ်ပါတယ်။






ဖိုးသူတော် (www.phothutaw.com)
Credit:Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top