Expo Singapore
×

ယာဥ္မေတာ္တဆမႈ အသက္အႏၲရာယ္ ကင္းရွင္းေရး အခ်က္မ်ားတြင္ လူမ်ား သတိမမူ ျဖစ္တတ္တဲ့ အရာကေတာ့ ထိုင္ခုံခါးပတ္ပါပဲ။ ထိုင္ခုံခါးပတ္ဟာ ယာဥ္မေတာ္တဆမႈမ်ားတြင္ အသက္ေသဆုံးမႈႏႈန္း၊ ဒါဏ္ရာျပင္းထန္စြာရရွိႏူန္းမ်ားကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ အဓိကအခ်က္တစ္ခု ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ထိုင္ခုံခါးပတ္ဟာ ျပည္သူ ၁၀,၀၀၀ ေက်ာ္ရဲ ့ အသက္ကို ႏွစ္စဥ္ ကယ္တင္ေပးေနတာပါ။

၀မ္းနည္းစရာေကာင္းတဲ့ အခ်က္ကေတာ့ ယေန ့ထိေအာင္ ယာဥ္မေတာ္တဆမႈမ်ားႏွင့္ ႏွစ္စဥ္ လူေပါင္းမ်ားစြာ ေသဆုံးေနတာပါပဲ။ ကားတစ္စီးဟာ အရွိန္တစ္ခုႏွင့္ ေမာင္းေနရာက တစ္ခုခုႏွင့္ တိုက္မိပါက ယာဥ္ထဲမွာပါလာတဲ့ လူကလဲ အဲဒီအရွိန္ႏွင့္ ဆက္ေရြ ့လ်ားပါတယ္။ ထိုင္ခုံခါးပတ္ပတ္မထားတဲ့ လူေတြက အဲဒီအရွိန္ႏွင့္ပဲ ကားလက္ကိုင္စတီယာရင္၊ ကားမွန္၊ ကားအတြင္းက ပစၥည္းေတြႏွင့္ တိုက္မိခိုက္မိပါတယ္။

ထိုင္ခုံခါးပတ္ဟာ ယာဥ္မေတာ္တဆမႈမ်ားအတြက္ အေကာင္းဆုံး ကာကြယ္မႈတစ္ခုပါပဲ။ ယာဥ္တိုက္မႈေၾကာင့္ ျဖစ္လာတဲ့ ထိခိုက္ခံစားရမယ့္ အားအရွိန္ အႏၲရာယ္ေတြရန္က လူ ့ခႏၶာကိုယ္ရဲ ့ တင္ပါး၊ ပုခုံး၊ ရင္အုပ္ စတဲ့ အစိပ္အပိုင္းေတြကို ထိန္းခ်ဳပ္ျခင္းႏွင့္ ကာကြယ္ေပးဖို ့ ပုံစံထုတ္ထားတာပါ။ လူကို ထိုင္ခုံတြင္ ၿမဲၿမံစြာ ရွိေစျခင္းႏွင့္ မ်က္ႏွာ၊ ေခါင္း၊ ရင္အုပ္ေတြႏွင့္ ကားမွန္၊ ဒက္ရွ္ဘုတ္၊ ကားအတြင္းပိုင္းတစ္ခုခု သို ့မဟုတ္ ကားေပၚပါလာသူအခ်င္းခ်င္း ျပင္းထန္စြာ ထိခိုက္မိျခင္း မရွိေအာင္ ကာကြယ္ေပးပါတယ္။ ေရွ ့ခုံတြင္ ထိုင္သူ ၄၅% ကို အသက္ဆုံးရႈံးမႈက ကာကြယ္ေပးၿပီး ၅၀% ကို ဒါဏ္ရာျပင္းထန္စြာ ရရွိျခင္းမွ ကာကြယ္ေပးပါတယ္။ ေနာက္ခုံတြင္ ထိုင္သူ ၇၃% ကို အသက္ဆုံးရႈံးမႈမွ ကာကြယ္ေပးႏိုင္ပါတယ္။ ကားေပၚပါလာသူမ်ားကို ယာဥ္အျပင္ကို လႊင့္စင္ ထြက္က်မသြားေအာင္လဲ ထိန္းခ်ဳပ္ေပးပါတယ္။ ကားမေတာ္တဆမႈတြင္ ယာဥ္အျပင္ကို ထြက္က်သြားသူ ၇၇% ဟာ အသက္ဆုံးရႈံးမႈ ျဖစ္ပါတယ္တဲ့။

တစ္နာရီကို မိုင္၃၀ႏူန္းႏွင့္ ေမာင္းလာတဲ့ ကားတစ္စီးဟာ တစ္စုံတစ္ခုႏွင့္ တိုက္မိလို ့ ရပ္တန္ ့သြားတယ္ ဆိုေပမယ့္ ကားေပၚပါလာတဲ့ လူက တစ္နာရီကို မိုင္၃၀ႏူန္းႏွင့္ အေရွ ့ကို ဆက္လက္ေရြ ့ပါတယ္။ အဲဒီအရွိန္ဟာ လူတစ္ေယာက္ ၃ထပ္တိုက္ တစ္တိုက္ေပၚက ေျမျပင္ေပၚကို ျပဳတ္က်တဲ့ အရွိန္ပါပဲတဲ့။ ထိုင္ခုံခါးပတ္ ပတ္မထားတဲ့ လူဟာ ၃ထပ္တိုက္ တစ္တိုက္ေပၚက ျပဳတ္က်သတဲ့သို ့ ထိခိုက္ဒါဏ္ရာရႏိုင္တယ္ ဆိုတဲ့ သေဘာပါ။

ထိုင္ခုံခါးပတ္ ပတ္သင့္တဲ့ အခ်က္ႀကီး ၄ခ်က္ရွိပါတယ္။
(၁) ထိုင္ခုံခါးပတ္ဟာ ယာဥ္မေတာ္တဆမႈျဖစ္စဥ္မွာ သင့္ကို အသက္ဆုံးရႈံးမည့္ေဘးအႏၲရာယ္မွ ကာကြယ္ေပးပါတယ္။
(၂) ထိုင္ခုံခါးပတ္ဟာ ယာဥ္မေတာ္တဆမႈ ျဖစ္စဥ္မွာ သင့္ကို ဒါဏ္ရာျပင္းထန္စြာ ရမည့္ ေဘးအႏၲရာယ္မွ ကာကြယ္ေပးပါတယ္။
(၃) ထိုင္ခုံခါးပတ္သာ ပတ္ထားခဲ့ၾကရင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ႏွစ္စဥ္ေသဆုံးေနၾကတဲ့ လူေထာင္ေပါင္းမ်ားစြာဟာ အခုအခ်ိန္ထိ သက္ရွိထင္ရွား ရွိေနၾကမွာ ျဖစ္ပါတယ္။
(၄) ထိုင္ခုံခါးပတ္ ပတ္တာ လြယ္လြယ္ေလးပါ။ ၃စကၠန္ ့သာ ၾကာတာပါ။

ခရီးမသြားမွီ ထိုင္ခုံခါးပတ္ကို စစ္ေဆးသင့္ပါတယ္။ ထိုင္ခုံခါးပတ္ဟာ ေဆြးျမည့္ေနတာမ်ိဳး၊ ခ်ဳပ္ရိုးေတြ ျပဳတ္ထြက္ေနတာမ်ိဳး၊ ခါးပတ္ျပားက ျပတ္ေနတာ၊ ေပါက္ၿပဲေနတာမ်ိဳးေတြ ရွိႏိုင္ပါတယ္။ သက္တမ္းရင့္တဲ့ ေမာ္ေတာ္ယာဥ္မ်ား ျဖစ္ပါက ပိုမိုဂရုတစိုက္ စစ္ေဆးရပါမယ္။

ကားအသက္ကယ္ေလအိတ္မ်ားဟာ အေရွ ့က ၀င္တိုက္မွသာ ပြင့္တာမို ့ မိမိကားကို ေဘးမွ ၀င္တိုက္တာ၊ ကားလွိမ့္သြားတာမ်ိဳးမွာ ထိုင္ခုံခါးပတ္ကသာ ယာဥ္ေပၚပါေသာ လူမ်ားရဲ ့ အသက္ကို ကယ္တင္ေပးႏိုင္မွာပါလို ့ ဆိုပါတယ္။

အေကာင္းဆုံးကေတာ့ ကားထဲ၀င္ထိုင္လိုက္တာႏွင့္ ဘာတစ္ခုမွ မလုပ္ေသးခင္ ထိုင္ခုံခါးပတ္ကို တန္းၿပီး ေကာက္တပ္တဲ့ အေလ့အက်င့္ရေအာင္ လုပ္ထားသင့္တယ္လို ့ ယာဥ္မေတာ္တဆမႈ ေဘးအႏၲရာယ္ကင္းရွင္းေရး ပညာရွင္ေတြက အႀကံဥာဏ္ေပးၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yangon-Mandalay Expressway

Unicode Version

ယာဉ်မတော်တဆမှု အသက်အန္တရာယ် ကင်းရှင်းရေး အချက်များတွင် လူများ သတိမမူ ဖြစ်တတ်တဲ့ အရာကတော့ ထိုင်ခုံခါးပတ်ပါပဲ။ ထိုင်ခုံခါးပတ်ဟာ ယာဉ်မတော်တဆမှုများတွင် အသက်သေဆုံးမှုနှုန်း၊ ဒါဏ်ရာပြင်းထန်စွာရရှိနူန်းများကို လျှော့ချပေးနိုင်တဲ့ အဓိကအချက်တစ်ခု ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ထိုင်ခုံခါးပတ်ဟာ ပြည်သူ ၁၀,၀၀၀ ကျော်ရဲ့ အသက်ကို နှစ်စဉ် ကယ်တင်ပေးနေတာပါ။

ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ ယနေ့ထိအောင် ယာဉ်မတော်တဆမှုများနှင့် နှစ်စဉ် လူပေါင်းများစွာ သေဆုံးနေတာပါပဲ။ ကားတစ်စီးဟာ အရှိန်တစ်ခုနှင့် မောင်းနေရာက တစ်ခုခုနှင့် တိုက်မိပါက ယာဉ်ထဲမှာပါလာတဲ့ လူကလဲ အဲဒီအရှိန်နှင့် ဆက်ရွေ့လျားပါတယ်။ ထိုင်ခုံခါးပတ်ပတ်မထားတဲ့ လူတွေက အဲဒီအရှိန်နှင့်ပဲ ကားလက်ကိုင်စတီယာရင်၊ ကားမှန်၊ ကားအတွင်းက ပစ္စည်းတွေနှင့် တိုက်မိခိုက်မိပါတယ်။

ထိုင်ခုံခါးပတ်ဟာ ယာဉ်မတော်တဆမှုများအတွက် အကောင်းဆုံး ကာကွယ်မှုတစ်ခုပါပဲ။ ယာဉ်တိုက်မှုကြောင့် ဖြစ်လာတဲ့ ထိခိုက်ခံစားရမယ့် အားအရှိန် အန္တရာယ်တွေရန်က လူ့ခန္ဓာကိုယ်ရဲ့ တင်ပါး၊ ပုခုံး၊ ရင်အုပ် စတဲ့ အစိပ်အပိုင်းတွေကို ထိန်းချုပ်ခြင်းနှင့် ကာကွယ်ပေးဖို့ ပုံစံထုတ်ထားတာပါ။ လူကို ထိုင်ခုံတွင် မြဲမြံစွာ ရှိစေခြင်းနှင့် မျက်နှာ၊ ခေါင်း၊ ရင်အုပ်တွေနှင့် ကားမှန်၊ ဒက်ရှ်ဘုတ်၊ ကားအတွင်းပိုင်းတစ်ခုခု သို့မဟုတ် ကားပေါ်ပါလာသူအချင်းချင်း ပြင်းထန်စွာ ထိခိုက်မိခြင်း မရှိအောင် ကာကွယ်ပေးပါတယ်။ ရှေ့ခုံတွင် ထိုင်သူ ၄၅% ကို အသက်ဆုံးရှုံးမှုက ကာကွယ်ပေးပြီး ၅၀% ကို ဒါဏ်ရာပြင်းထန်စွာ ရရှိခြင်းမှ ကာကွယ်ပေးပါတယ်။ နောက်ခုံတွင် ထိုင်သူ ၇၃% ကို အသက်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ကားပေါ်ပါလာသူများကို ယာဉ်အပြင်ကို လွှင့်စင် ထွက်ကျမသွားအောင်လဲ ထိန်းချုပ်ပေးပါတယ်။ ကားမတော်တဆမှုတွင် ယာဉ်အပြင်ကို ထွက်ကျသွားသူ ၇၇% ဟာ အသက်ဆုံးရှုံးမှု ဖြစ်ပါတယ်တဲ့။

တစ်နာရီကို မိုင်၃၀နူန်းနှင့် မောင်းလာတဲ့ ကားတစ်စီးဟာ တစ်စုံတစ်ခုနှင့် တိုက်မိလို့ ရပ်တန့်သွားတယ် ဆိုပေမယ့် ကားပေါ်ပါလာတဲ့ လူက တစ်နာရီကို မိုင်၃၀နူန်းနှင့် အရှေ့ကို ဆက်လက်ရွေ့ပါတယ်။ အဲဒီအရှိန်ဟာ လူတစ်ယောက် ၃ထပ်တိုက် တစ်တိုက်ပေါ်က မြေပြင်ပေါ်ကို ပြုတ်ကျတဲ့ အရှိန်ပါပဲတဲ့။ ထိုင်ခုံခါးပတ် ပတ်မထားတဲ့ လူဟာ ၃ထပ်တိုက် တစ်တိုက်ပေါ်က ပြုတ်ကျသတဲ့သို့ ထိခိုက်ဒါဏ်ရာရနိုင်တယ် ဆိုတဲ့ သဘောပါ။

ထိုင်ခုံခါးပတ် ပတ်သင့်တဲ့ အချက်ကြီး ၄ချက်ရှိပါတယ်။
(၁) ထိုင်ခုံခါးပတ်ဟာ ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ သင့်ကို အသက်ဆုံးရှုံးမည့်ဘေးအန္တရာယ်မှ ကာကွယ်ပေးပါတယ်။
(၂) ထိုင်ခုံခါးပတ်ဟာ ယာဉ်မတော်တဆမှု ဖြစ်စဉ်မှာ သင့်ကို ဒါဏ်ရာပြင်းထန်စွာ ရမည့် ဘေးအန္တရာယ်မှ ကာကွယ်ပေးပါတယ်။
(၃) ထိုင်ခုံခါးပတ်သာ ပတ်ထားခဲ့ကြရင် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်သေဆုံးနေကြတဲ့ လူထောင်ပေါင်းများစွာဟာ အခုအချိန်ထိ သက်ရှိထင်ရှား ရှိနေကြမှာ ဖြစ်ပါတယ်။
(၄) ထိုင်ခုံခါးပတ် ပတ်တာ လွယ်လွယ်လေးပါ။ ၃စက္ကန့်သာ ကြာတာပါ။

ခရီးမသွားမှီ ထိုင်ခုံခါးပတ်ကို စစ်ဆေးသင့်ပါတယ်။ ထိုင်ခုံခါးပတ်ဟာ ဆွေးမြည့်နေတာမျိုး၊ ချုပ်ရိုးတွေ ပြုတ်ထွက်နေတာမျိုး၊ ခါးပတ်ပြားက ပြတ်နေတာ၊ ပေါက်ပြဲနေတာမျိုးတွေ ရှိနိုင်ပါတယ်။ သက်တမ်းရင့်တဲ့ မော်တော်ယာဉ်များ ဖြစ်ပါက ပိုမိုဂရုတစိုက် စစ်ဆေးရပါမယ်။

ကားအသက်ကယ်လေအိတ်များဟာ အရှေ့က ဝင်တိုက်မှသာ ပွင့်တာမို့ မိမိကားကို ဘေးမှ ဝင်တိုက်တာ၊ ကားလှိမ့်သွားတာမျိုးမှာ ထိုင်ခုံခါးပတ်ကသာ ယာဉ်ပေါ်ပါသော လူများရဲ့ အသက်ကို ကယ်တင်ပေးနိုင်မှာပါလို့ ဆိုပါတယ်။

အကောင်းဆုံးကတော့ ကားထဲဝင်ထိုင်လိုက်တာနှင့် ဘာတစ်ခုမှ မလုပ်သေးခင် ထိုင်ခုံခါးပတ်ကို တန်းပြီး ကောက်တပ်တဲ့ အလေ့အကျင့်ရအောင် လုပ်ထားသင့်တယ်လို့ ယာဉ်မတော်တဆမှု ဘေးအန္တရာယ်ကင်းရှင်းရေး ပညာရှင်တွေက အကြံဉာဏ်ပေးကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Yangon-Mandalay Expressway
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top