Property Expo
×

Joe Jonas ႏွင့္ Sophie Turner တြဲေနတယ္လို႔ ေကာလဟာလထြက္ခဲ့တာ အခ်ိန္အတိုင္းအတာတစ္ခုေတာ့ရွိခဲ့ပါၿပီ။ အခုတစ္ေခါက္မွာ မိတ္ေဆြတစ္ေယာက္ရဲ႔ မဂၤလာေဆာင္ကို အတူတြဲတက္ခဲ့တာကေတာ့ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ အတည္ျပဳခ်က္ပဲျဖစ္ႏိုင္ပါတယ္။

Instagram ဓာတ္ပံုအခ်ဳိ႕ရဲ႔ေက်းဇူးေၾကာင့္ သူတို႔မိတ္ေဆြရဲ႔ မဂၤလာေဆာင္မွာ Joe ႏွင့္ Sophie တို႕က ေဘးခ်င္းယွဉ္တြဲလ်က္ရွိေနတယ္ဆိုတာ သိခဲ့ရပါတယ္။

ဓာတ္ပံုေတြကို တင္ခဲ့တာကေတာ့ Nick Jonas ျဖစ္ၿပီး “မေန႔ညက စားပြဲနံပါတ္ ၅ မွ ရူးသြပ္မွုမ်ား” လို႔ ေရးသားထားၿပီး Nick ရဲ႔ဓာတ္ပံုထဲမွာ tag လုပ္ထားတဲ့ တျခားဧည့္သည္တစ္ေယာက္က Joe ႏွင့္ Sophie တို႔ သိသိသာသာ ေႏြးေထြးသက္ေသာင့္သက္သာျဖစ္ေနတဲ့ပံုကို တင္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္တြဲေနတယ္ဆိုတာ ဓာတ္ပံုေတြက သက္ေသမျပႏိုင္ေပပမယ့္လည္း ဆက္စပ္ၾကည့္ရင္ေတာ့ ေတာ္ေတာ္သိသာေနပါတယ္။

ေနာက္တစ္ခုကေတာ့ မၾကာခင္ကထြက္ခဲ့တဲ့ LIVE! With Kelly အင္တာဗ်ဴးမွာ Joe က Thanksgiving မွာ ႏွင္းေလွ်ာသြားစီးမယ္လို႔ေျပာခဲ့ပါတယ္။ သူႏွင့္ ညီျဖစ္သူ Nick တို႔က Mammoth, California မွာ အိမ္တစ္လံုးရွိပါတယ္။

 ေနာက္ေတာ့ အဲ့ဒီအခ်ိန္ေလာက္မွာပဲ Sophie က ႏွင္းေလွ်ာစီးဝတ္စံုဝတ္ထားတဲ့ ဓာတ္ပံုကိုတင္ခဲ့ၿပီး တည္ေနရာကိုေတာ့ “Mammonth Mountain” လို႔ေဖာ္ျပထားပါတယ္။ တိုက္ဆိုင္တာ မဟုတ္ဘူးလို႔ေတာ့ စိတ္ခ်လက္ခ်ေျပာလို႔ရမယ္ထင္ပါတယ္။ မဂၤလာေဆာင္ ဓာတ္ပံုေတြက အေပၚယံပဲဆိုေပမယ့္ အေရးပါတဲ့အားလပ္ရက္ကို အတူကုုန္ဆံုးတာကေတာ့ အတည္တြဲေနတဲ့သူေတြမွ လုပ္ၾကတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Joe Jonas နှင့် Sophie Turner တွဲနေတယ်လို့ ကောလဟာလထွက်ခဲ့တာ အချိန်အတိုင်းအတာတစ်ခုတော့ရှိခဲ့ပါပြီ။ အခုတစ်ခေါက်မှာ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို အတူတွဲတက်ခဲ့တာကတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ အတည်ပြုချက်ပဲဖြစ်နိုင်ပါတယ်။

Instagram ဓာတ်ပုံအချို့ရဲ့ကျေးဇူးကြောင့် သူတို့မိတ်ဆွေရဲ့ မင်္ဂလာဆောင်မှာ Joe နှင့် Sophie တို့က ဘေးချင်းယှဉ်တွဲလျက်ရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။

ဓာတ်ပုံတွေကို တင်ခဲ့တာကတော့ Nick Jonas ဖြစ်ပြီး “မနေ့ညက စားပွဲနံပါတ် ၅ မှ ရူးသွပ်မှုများ” လို့ ရေးသားထားပြီး Nick ရဲ့ဓာတ်ပုံထဲမှာ tag လုပ်ထားတဲ့ တခြားဧည့်သည်တစ်ယောက်က Joe နှင့် Sophie တို့ သိသိသာသာ နွေးထွေးသက်သောင့်သက်သာဖြစ်နေတဲ့ပုံကို တင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာ ဓာတ်ပုံတွေက သက်သေမပြနိုင်ပေပမယ့်လည်း ဆက်စပ်ကြည့်ရင်တော့ တော်တော်သိသာနေပါတယ်။

နောက်တစ်ခုကတော့ မကြာခင်ကထွက်ခဲ့တဲ့ LIVE! With Kelly အင်တာဗျူးမှာ Joe က Thanksgiving မှာ နှင်းလျှောသွားစီးမယ်လို့ပြောခဲ့ပါတယ်။ သူနှင့် ညီဖြစ်သူ Nick တို့က Mammoth, California မှာ အိမ်တစ်လုံးရှိပါတယ်။

 နောက်တော့ အဲ့ဒီအချိန်လောက်မှာပဲ Sophie က နှင်းလျှောစီးဝတ်စုံဝတ်ထားတဲ့ ဓာတ်ပုံကိုတင်ခဲ့ပြီး တည်နေရာကိုတော့ “Mammonth Mountain” လို့ဖော်ပြထားပါတယ်။ တိုက်ဆိုင်တာ မဟုတ်ဘူးလို့တော့ စိတ်ချလက်ချပြောလို့ရမယ်ထင်ပါတယ်။ မင်္ဂလာဆောင် ဓာတ်ပုံတွေက အပေါ်ယံပဲဆိုပေမယ့် အရေးပါတဲ့အားလပ်ရက်ကို အတူကုုန်ဆုံးတာကတော့ အတည်တွဲနေတဲ့သူတွေမှ လုပ်ကြတာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top