Property Expo
×

ယံုၾကည္ရတဲ့ သတင္းရင္းျမစ္တစ္ခုအရ Harry Styles က သီခ်င္းေလာကထဲက နာမည္ေက်ာ္ေတြႏွင့္အတူ သီခ်င္းသစ္ေတြလုပ္ေနပါတယ္။

ဒါေတာ့ မၾကာခင္က Belfast Telegraph ႏွင့္ အင္တာဗ်ဴးမွာ ၿဗိတိန္ေပါ့ပ္စတား Robbie Williams က ေျပာျပခဲ့တာပါ။ One Direction အဆိုေတာ္ႏွင့္ ေတြ႔ဆံုတုန္း မစတင္ရေသးတဲ့ တစ္ကိုယ္ေတာ္လွုပ္ရွားမွုႏွင့္ ပတ္သက္ၿပီးသိခဲ့ရတာလို႔ေျပာပါတယ္။

“ကၽြန္ေတာ္ မႏွစ္က Bruno Mars ႏွင့္အတူ သီခ်င္းလုပ္ဖို႔ႀကိဳးစားေသးတယ္။ ဒါေပမယ့္ သူဆီက ဘာမွအေၾကာင္းမျပန္ပါဘူး။ ကၽြန္ေတာ့္ကို ျပန္မဆက္သြယ္ၾကတာပါ။ ေနာက္ေတာ့မွ ေလဆိပ္မွာ Harry Styles နဲ႔ ဆံုမိတယ္။ ‘သီခ်င္းေတြ ေရးေနတာလား Harry? ေကာင္းတာေပါ့ ဘယ္သူနဲ႔လဲ?’ လို႔ေမးေတာ့ သူက ‘Bruno Mars နဲ႔အတူ တစ္ပတ္ေလာက္ ေရးျဖစ္ခဲ့တယ္။ Max Martin နဲ႔လည္း တစ္ပတ္ေလာက္ ေရးျဖစ္မယ္’ လို႔ေျပာတယ္” လို႔ Williams ကေျပာျပခဲ့ပါတယ္။

Bruno Mars အေၾကာင္းကေတာ့ ေျပာစရာမလိုေတာ့ေပမယ့္ Martin က ထုတ္လုပ္သူအျဖစ္ Taylor Swift, Katy Perry, Britney Spears, Celine Dion, The Weekend, Ariana Grande, Christina Aguilera ႏွင့္ မ်ားစြာေသာအႏုပညာရွင္ေတြရဲ႔ သီခ်င္းေတြကို ထုတ္လုပ္ေပးခဲ့တာ အျပစ္အနာအဆာမရွိပါပဲ။

“ကၽြန္ေတာ့္အထင္ေတာ့ Harry Styles က Harry Styles ျဖစ္ေနတာနဲ႔တင္ တစ္ကမာၻလံုးကို ေပ်ာ္ရႊင္ေစႏိုင္ပါတယ္။ သူ႔မွာ David Beckham စတိုင္အရည္အေသြးမ်ဳိးရွိတယ္။ အဲ့ဒီမွာတင္ သူက အႏိုင္ရေနၿပီ။ သူ႔အတြက္ ေနရာတစ္ခုေတာ့ရွိေပမယ့္ သီခ်င္းကေတာ့ ေကာင္းမွျဖစ္မယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ယုံကြည်ရတဲ့ သတင်းရင်းမြစ်တစ်ခုအရ Harry Styles က သီချင်းလောကထဲက နာမည်ကျော်တွေနှင့်အတူ သီချင်းသစ်တွေလုပ်နေပါတယ်။

ဒါတော့ မကြာခင်က Belfast Telegraph နှင့် အင်တာဗျူးမှာ ဗြိတိန်ပေါ့ပ်စတား Robbie Williams က ပြောပြခဲ့တာပါ။ One Direction အဆိုတော်နှင့် တွေ့ဆုံတုန်း မစတင်ရသေးတဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုနှင့် ပတ်သက်ပြီးသိခဲ့ရတာလို့ပြောပါတယ်။

“ကျွန်တော် မနှစ်က Bruno Mars နှင့်အတူ သီချင်းလုပ်ဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် သူဆီက ဘာမှအကြောင်းမပြန်ပါဘူး။ ကျွန်တော့်ကို ပြန်မဆက်သွယ်ကြတာပါ။ နောက်တော့မှ လေဆိပ်မှာ Harry Styles နဲ့ ဆုံမိတယ်။ ‘သီချင်းတွေ ရေးနေတာလား Harry? ကောင်းတာပေါ့ ဘယ်သူနဲ့လဲ?’ လို့မေးတော့ သူက ‘Bruno Mars နဲ့အတူ တစ်ပတ်လောက် ရေးဖြစ်ခဲ့တယ်။ Max Martin နဲ့လည်း တစ်ပတ်လောက် ရေးဖြစ်မယ်’ လို့ပြောတယ်” လို့ Williams ကပြောပြခဲ့ပါတယ်။

Bruno Mars အကြောင်းကတော့ ပြောစရာမလိုတော့ပေမယ့် Martin က ထုတ်လုပ်သူအဖြစ် Taylor Swift, Katy Perry, Britney Spears, Celine Dion, The Weekend, Ariana Grande, Christina Aguilera နှင့် များစွာသောအနုပညာရှင်တွေရဲ့ သီချင်းတွေကို ထုတ်လုပ်ပေးခဲ့တာ အပြစ်အနာအဆာမရှိပါပဲ။

“ကျွန်တော့်အထင်တော့ Harry Styles က Harry Styles ဖြစ်နေတာနဲ့တင် တစ်ကမ္ဘာလုံးကို ပျော်ရွှင်စေနိုင်ပါတယ်။ သူ့မှာ David Beckham စတိုင်အရည်အသွေးမျိုးရှိတယ်။ အဲ့ဒီမှာတင် သူက အနိုင်ရနေပြီ။ သူ့အတွက် နေရာတစ်ခုတော့ရှိပေမယ့် သီချင်းကတော့ ကောင်းမှဖြစ်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top