Property Expo
×




Credit : Duwun


#Unicode Version

၂၀၁၆ခုနှစ်အတွင်း Instagram အကောင့်ရဲ့ Follower အများဆုံးမော်ဒယ်အဖြစ် Gigi Hadid က ဦးဆောင်နေကြောင်း မီဒီယာတွေက ရေးသားဖော်ပြလာကြပါတယ်။ သူမဟာ၂၀၁၆ခုနှစ်အတွင်း ပရိသတ်တွေ၊ မော်ဒယ်၊ ဒီဇိုင်နာပေါင်း များစွာရဲ့ follow လုပ်တာခံခဲ့ရပြီး မော်ဒယ်တွေကြား ပရိသတ်အများဆုံးရခဲ့သူလို့တောင် ဆိုရပါလိမ့်မယ်။

အရင် follower အရေအတွက်ထက် နှစ်ဆပိုများသွားတဲ့ သူမရဲ့ instagram အကောင့်ကို နေ့စဉ်နဲ့အမျှစောင့်ကြည့်နေကြတဲ့ follower ပေါင်း ၂၆သန်းကျော်ရှိပါတယ်။  သူမက ထိပ်ဆုံးကနေ follower အများဆုံးရရှိသူ မော်ဒယ်အဖြစ်ဦးဆောင်နေချိန်မှာ အခြား follower ၁၀သန်းကျော် ရရှိထားသူ ၉ယောက်ကတော့  Cara Delevingne၊ Hailey Baldwin၊ Bella Hadid၊ Emily Ratajkowski၊ Victoria Beckham၊ Chrissy Teigen ၊ Gisele Bundchen၊ Taylor Hill နဲ့ Candice Swanepoel တို့ပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဒီဆယ်ယောက်ထဲမှာ Kendall Jenner ပါမလာတာပါပဲ။ ဒါကလည်း မကြာသေးခင်က သူ နေ့စဉ်ဖုန်းကို အချိန်နဲ့မပြတ် ထိတွေ့နေရတာကနေ ခဏနားချင်တယ်ဆိုပြီး ဘာ app မှ မသုံးတော့ပဲ နေလိုက်တဲ့အချိန်တွေကြောင့်သာ ခုလို top 10 စားရင်းထဲ မပါဝင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top