Cheese puff ဟာ ကမာၻမွာ လူသိမ်ားထင္ရွားတဲ့ အဆာေျပအစားအစာေတြထဲမွာ ပါဝင္ပါတယ္။ Cheese puff ကို ဘယ္လုိလုပ္ထားလဲဆုိတဲ့ ထူးျခားျဖစ္အင္က ပိုလုိ႔ေတာင္ စိတ္ဝင္စားစရာ ေကာင္းေစပါတယ္။ Cheese puff က တိရိစာၦန္အစာထုတ္ စက္ရုံက ေဘးထြက္ပစၥည္းေတြပဲ ျဖစ္ပါတယ္။
အင္မတန္အေရာင္ေတာက္ပတဲ့ ဒီအဆာေျပ အစားအစာေတြဟာ အေမရိကႏုိင္ငံ Wisconsin ျပည္နယ္ Beloit ျမိဳ႕က တိရိစာၦန္အစာ ထုတ္လုပ္တဲ့ စက္ရုံမွာ Flakall Corporation က ၁၉၃၅ ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့ပါတယ္။ တိရိစာၦန္အစာေတြ ျပဳလုပ္ဖုိ႔ ၾကိတ္စက္နဲ႔ ေျပာင္းဖူးအခ်ပ္လႊာေတြ ျပဳလုပ္ခဲ့ပါတယ္။ စက္ကိုသန္႔ရွင္းေစဖုိ႔ ဝန္ထမ္းေတြဟာ ၾကိတ္စက္ထဲကို စိုေနတဲ့ ေျပာင္းဖူးေစ့ေတြ ထည့္သြင္းခဲ့ၾကပါတယ္။ ဒီျပဳလုပ္ေနျခင္းက အရည္ပ်စ္ အစက္ျဖစ္ေပၚေစခဲ့ကာ စက္ရုံ လုပ္သားေတြ တအံ့တၾသျဖစ္ခဲ့ၾကပါတယ္။ ဒီလုိနဲ႔ ပထမဦးဆုံး ေျပာင္းဖူးပါ့ဖ္ corn puff ျဖစ္လာပါေတာ့တယ္။
Edward Wilson ဆိုသူ ဝန္ထမ္းတစ္ဦးက အဲဒီ puff ရဲ႕အလားအလာကို ျမင္ျပီး အေမႊးအၾကိဳင္ေတြေပါင္းထည့္ဖုိ႔ အိမ္ကို အနည္းငယ္ယူသြားခဲ့ကာ လူေတြစားလုိ႔ ရမရ စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ Flakall စက္ရုံဟာ တိရိစာၦန္နဲ႔ လူေတြအတြက္ပါ တုိးခ်ဲ႕ထုတ္လုပ္ကာ ေအာင္ျမင္မႈ ရရိွခဲ့ပါတယ္။ ကုမၸဏီနာမည္ကိုလည္း Adam Corporation အျဖစ္ေ ေျပာင္းလဲခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar
Unicode Version
Cheese puff ဟာ ကမ္ဘာမှာ လူသိများထင်ရှားတဲ့ အဆာပြေအစားအစာတွေထဲမှာ ပါဝင်ပါတယ်။ Cheese puff ကို ဘယ်လိုလုပ်ထားလဲဆိုတဲ့ ထူးခြားဖြစ်အင်က ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းစေပါတယ်။ Cheese puff က တိရိစ္ဆာန်အစာထုတ် စက်ရုံက ဘေးထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
အင်မတန်အရောင်တောက်ပတဲ့ ဒီအဆာပြေ အစားအစာတွေဟာ အမေရိကနိုင်ငံ Wisconsin ပြည်နယ် Beloit မြို့က တိရိစ္ဆာန်အစာ ထုတ်လုပ်တဲ့ စက်ရုံမှာ Flakall Corporation က ၁၉၃၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ တိရိစ္ဆာန်အစာတွေ ပြုလုပ်ဖို့ ကြိတ်စက်နဲ့ ပြောင်းဖူးအချပ်လွှာတွေ ပြုလုပ်ခဲ့ပါတယ်။ စက်ကိုသန့်ရှင်းစေဖို့ ဝန်ထမ်းတွေဟာ ကြိတ်စက်ထဲကို စိုနေတဲ့ ပြောင်းဖူးစေ့တွေ ထည့်သွင်းခဲ့ကြပါတယ်။ ဒီပြုလုပ်နေခြင်းက အရည်ပျစ် အစက်ဖြစ်ပေါ်စေခဲ့ကာ စက်ရုံ လုပ်သားတွေ တအံ့တသြဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ပထမဦးဆုံး ပြောင်းဖူးပါ့ဖ် corn puff ဖြစ်လာပါတော့တယ်။
Edward Wilson ဆိုသူ ဝန်ထမ်းတစ်ဦးက အဲဒီ puff ရဲ့အလားအလာကို မြင်ပြီး အမွှေးအကြိုင်တွေပေါင်းထည့်ဖို့ အိမ်ကို အနည်းငယ်ယူသွားခဲ့ကာ လူတွေစားလို့ ရမရ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Flakall စက်ရုံဟာ တိရိစ္ဆာန်နဲ့ လူတွေအတွက်ပါ တိုးချဲ့ထုတ်လုပ်ကာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ကုမ္ပဏီနာမည်ကိုလည်း Adam Corporation အဖြစ်ေ ပြောင်းလဲခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
Home
»
စားေသာက္ဖြယ္
»
ဗဟုသုတ
»
ႏိုင္ငံတကာ
» Cheese puff ကို တိရိစာၦန္အစားအစာထုတ္ စက္ရုံကေန ျပဳလုပ္တာျဖစ္
Cheese puff ကို တိရိစာၦန္အစားအစာထုတ္ စက္ရုံကေန ျပဳလုပ္တာျဖစ္
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။