Property Expo
×







၎ - အတင်းစကားတွေကို ရှောင်


Credit:Duwun

Unicode Version

၁ - သူငယ်ချင်းလို ဆက်ရှိနေမယ်လို့ ကတိမပေးပါနဲ့

ခွဲပြီဆိုပေမဲ့ သဘောကျစရာ အချက်အချို့ကြောင့် တွဲခဲ့ကြတာပါ။ သူငယ်ချင်းလို ဆက်ရှိနေမယ်ဆိုတာ ရေရှည်အတွက် ကောင်းပါတယ်။ ဒါပေမဲ့ လမ်းခွဲစကားပြောတဲ့အချိန်၊ လမ်းခွဲခါစ အချိန်တွေမှာ သူငယ်ချင်းဆက်ဆံရေးမျိုး ဆက်ရှိနေမယ်လို့ မပြောပါနဲ့။

၂ - ဖေ့စ်ဘွတ်ခ်ကို သတိထားပါ

သူနဲ့ပြတ်ပြီး တစ်လ နှစ်လလောက်မှာ နောက်တစ်ယောက်နဲ့တွဲနေလည်း ဖေ့စ်ဘွတ်ခ်ကို တင်တာမျိုး မလုပ်သင့်ပါဘူး။ စာတွေ ဘာတွေလည်း မရေးသင့်ပါဘူး။ ကိုယ်နောက်တစ်ယောက်နဲ့ တွဲနေပြီဆိုတာကို လျှို့ဝှက်ခိုင်းတာ မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်ခ်မှာပဲ မတင်ရုံ၊မရေးရုံပါ။

၃ - သံသယကို ထုတ်မပြောပါနဲ့

သူနဲ့ပြတ်ပြီးမှ လွမ်းနေတာ၊ လမ်းခွဲတာ မှားပြီလားလို့ တွေးမိနေတာတွေကို သူ့ကို သွားမပြောပါနဲ့။ ပြန်ဆက်ချင်တယ်ဆို ကိုယ့်ဘာကိုယ်ပဲ အချိန်ယူပြီး သေချာစဉ်းစားပါ။ သူနဲ့ကိုယ်နဲ့ နှစ်ယောက်စလုံးခင်တဲ့ သူငယ်ချင်းတွေကိုလည်း မပြောပါနဲ့။

၄ - အတင်းစကားတွေကို ရှောင်

လမ်းခွဲလိုက်ရတဲ့ အတွေ့အကြုံကို သင်ရင်ဖွင့်ချင်မှာပါပဲ။ ဒါပေမဲ့ တကယ်အရင်းကြီးဆိုတဲ့ သူငယ်ချင်းတွေကိုပဲ ပြောပါ။ သူနဲ့ကိုယ်နဲ့ နှစ်ယောက်ပဲ သိတဲ့အကြောင်းတွေဟာ လမ်းခွဲပြီးမှ အတင်းစကားတွေအဖြစ် အသိုင်းအဝိုင်းထဲ မပြန့်နှံ့ပါစေနဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun

 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top