Kantharyar Centre
×

အသက္ ၄၀ အရြယ္ ဂၽြန္႐ိုင္တင္းနဲ႔ အသက္ ၃၇ ႏွစ္အရြယ္ မီခ်လာပိုက္ခ္တို႔ဟာ ခ်စ္တင္းေႏွာစဥ္မွာ အေႏွာင့္အယွက္မျဖစ္ေအာင္ ေပါ့ပီဝစ္ဒီဆန္ဆိုတဲ့ ကေလးငယ္ေလးကို ကီတာမင္း၊ မက္သာဒုန္းနဲ႔ ဒိုင္ယာဇီပင္တုိ႔ကို တိုက္ေကၽြးခဲ့တယ္လို႔ သိရပါတယ္။

"သူ႔ကို ဘလူးစမက္သီ (ဒိုင္ယာဇီပင္) တစ္ျပားတုိက္ၿပီး အိပ္ခုိင္းလိုက္မယ္" လို႔ မိခင္ျဖစ္သူက သူမရဲ႕ခ်စ္သူ ဂၽြန္႐ိုင္တင္းကို စာပို႔ထားခဲ့ပါတယ္။

"သူႀကိိဳက္တဲ့ ဘလူးစမက္သီရလာၿပီ" လို႔ ႐ိုင္တင္းက ပိုက္ခ္ကို စာျပန္ပို႔ထားတာကိုလည္း ေတြ႕ရွိထားပါတယ္။

ေပါ့ပီဟာ ယူေကရွိ ရွယ္ဖီးလ္ကေလးေဆး႐ံုမွာ ႏွလံုးေရာဂါေဖာက္ၿပီး ၂၀၁၃ ခုႏွစ္ ဇြန္လ ၁၀ ရက္ေန႔မွာ ေသဆံုးသြားခဲ့တာျဖစ္ေပမဲ့ သူမ ေသဆံုးရျခင္းအေၾကာင္းအရာနဲ႔ ပတ္သက္လို႔ မရွင္းမလင္းရွိေနဆဲပဲလုိ႔ တရား႐ံုးက ၾကားနာခဲ့ရပါတယ္။ ေပါ့ပီဆံုးပါးၿပီး လမ်ားစြာအၾကာ သူမရဲ႕ဆံပင္ကို စစ္ေဆးခ်ိန္မွာ ဘိန္းျဖဴနဲ႔ ဘန္ဇိုဒိုင္ယာဇဖင္းအပါအဝင္ မူးယစ္ေဆး ၅ မ်ဳိးကို ေတြ႕ရွိခဲ့ရေပမဲ့ ေသဆံုးျခင္းအေၾကာင္းအရာနဲ႔ မကိုက္ညီခဲ့ပါဘူး။

ပိုက္ခ္က ေပါ့ပီကို ဆဲဆုိသံကို ၾကားခဲ့ဖူးၿပီး သူမရဲ႕လက္ေမာင္းမွာလည္း အ႐ႈိးရာေတြျမင္ေၾကာင္း အိမ္နီးခ်င္းတစ္ဦးက ထြက္ဆုိခဲ့ပါတယ္။ မိခင္ျဖစ္သူ ပိုက္ခ္ကေတာ့ သူမရဲ႕သမီးကို ဆံုးမတဲ့အေနနဲ႔ တင္ပါးနဲ႔ လက္ကိုသာ ႐ုိက္ဖူးေၾကာင္း ေျပာပါတယ္။

အခု ပိုက္ခ္နဲ႔ ႐ိုင္တင္းတုိ႔ဟာ ျပတ္သြားၾကၿပီျဖစ္ၿပီး ႏွစ္ေယာက္စလံုးကို ကေလးသူငယ္ႏွိပ္စက္ညႇင္းပန္းမႈနဲ႔ တရားစြဲထားပါတယ္။

ႏွစ္ဦးစလံုးက ယင္းတရားစြဲဆုိမႈကို ျငင္းဆန္ထားတဲ့အျပင္ ကေလးကို မူးယစ္ေဆးေကၽြးတယ္ဆုိတာလည္း မဟုတ္ေၾကာင္း ထြက္ဆိုထားပါတယ္။ ယင္းအမႈကို ဆက္လက္ၾကားနာသြားဦးမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အသက် ၄၀ အရွယ် ဂျွန်ရိုင်တင်းနဲ့ အသက် ၃၇ နှစ်အရွယ် မီချလာပိုက်ခ်တို့ဟာ ချစ်တင်းနှောစဉ်မှာ အနှောင့်အယှက်မဖြစ်အောင် ပေါ့ပီဝစ်ဒီဆန်ဆိုတဲ့ ကလေးငယ်လေးကို ကီတာမင်း၊ မက်သာဒုန်းနဲ့ ဒိုင်ယာဇီပင်တို့ကို တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

"သူ့ကို ဘလူးစမက်သီ (ဒိုင်ယာဇီပင်) တစ်ပြားတိုက်ပြီး အိပ်ခိုင်းလိုက်မယ်" လို့ မိခင်ဖြစ်သူက သူမရဲ့ချစ်သူ ဂျွန်ရိုင်တင်းကို စာပို့ထားခဲ့ပါတယ်။

"သူကြိုက်တဲ့ ဘလူးစမက်သီရလာပြီ" လို့ ရိုင်တင်းက ပိုက်ခ်ကို စာပြန်ပို့ထားတာကိုလည်း တွေ့ရှိထားပါတယ်။

ပေါ့ပီဟာ ယူကေရှိ ရှယ်ဖီးလ်ကလေးဆေးရုံမှာ နှလုံးရောဂါဖောက်ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပေမဲ့ သူမ သေဆုံးရခြင်းအကြောင်းအရာနဲ့ ပတ်သက်လို့ မရှင်းမလင်းရှိနေဆဲပဲလို့ တရားရုံးက ကြားနာခဲ့ရပါတယ်။ ပေါ့ပီဆုံးပါးပြီး လများစွာအကြာ သူမရဲ့ဆံပင်ကို စစ်ဆေးချိန်မှာ ဘိန်းဖြူနဲ့ ဘန်ဇိုဒိုင်ယာဇဖင်းအပါအဝင် မူးယစ်ဆေး ၅ မျိုးကို တွေ့ရှိခဲ့ရပေမဲ့ သေဆုံးခြင်းအကြောင်းအရာနဲ့ မကိုက်ညီခဲ့ပါဘူး။

ပိုက်ခ်က ပေါ့ပီကို ဆဲဆိုသံကို ကြားခဲ့ဖူးပြီး သူမရဲ့လက်မောင်းမှာလည်း အရှိုးရာတွေမြင်ကြောင်း အိမ်နီးချင်းတစ်ဦးက ထွက်ဆိုခဲ့ပါတယ်။ မိခင်ဖြစ်သူ ပိုက်ခ်ကတော့ သူမရဲ့သမီးကို ဆုံးမတဲ့အနေနဲ့ တင်ပါးနဲ့ လက်ကိုသာ ရိုက်ဖူးကြောင်း ပြောပါတယ်။

အခု ပိုက်ခ်နဲ့ ရိုင်တင်းတို့ဟာ ပြတ်သွားကြပြီဖြစ်ပြီး နှစ်ယောက်စလုံးကို ကလေးသူငယ်နှိပ်စက်ညှင်းပန်းမှုနဲ့ တရားစွဲထားပါတယ်။

နှစ်ဦးစလုံးက ယင်းတရားစွဲဆိုမှုကို ငြင်းဆန်ထားတဲ့အပြင် ကလေးကို မူးယစ်ဆေးကျွေးတယ်ဆိုတာလည်း မဟုတ်ကြောင်း ထွက်ဆိုထားပါတယ်။ ယင်းအမှုကို ဆက်လက်ကြားနာသွားဦးမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top