Property Expo
×

နယူးေယာ့ခ္ ၿမိဳ႕မွာေနထိုင္တဲ့ စီးပြားေရးသမားတစ္ဦးဟာ တစ္ပတ္ကို ေဒၚလာ ၁၀၀၀ ၀င္ေငြရလာေအာင္ ရိုးရွင္းေသာ နည္းလမ္းနဲ႔ ၀န္ေဆာင္မႈ ေပးၿပီး အသက္ေမြး၀မ္းေၾကာင္းျပဳတယ္လို႔ ဆိုလာပါတယ္။ သူရဲ႕၀န္ေဆာင္မႈကေတာ့ အခေၾကးေငြရယူၿပီး တန္းစီတာပဲျဖစ္ပါတယ္။

သူဟာ တစ္ေယာက္တည္း အလုပ္လုပ္ သူတစ္ေယာက္ေတာ့မဟုတ္ပါဘူး။ Same Ole Line Dudes ဆိုတဲ့ စီးပြားေရးလုပ္ငန္းကို တည္ေထာင္ထားတဲ့ Robert Samuel ဟာ သူနဲ႔သူ႔အဖြဲ႕သားေတြနဲ႔ အတူတစ္ပတ္ကို ေဒၚလာ ၁၀၀၀ ၀င္ေငြရေအာင္ ကုန္ပစၥည္း အသစ္ ထုတ္လုပ္ျခင္း ၊ နမူနာ ေရာင္းခ်ျခင္း ၊ စေနေန႔ည ရိႈးပြဲေတြနဲ႔အျခားလူမ်ားတဲ့အခမ္းအနားေတြရဲ႕တန္းစီရတဲ့ေနရာေတြမွာ သူနဲ႔ သူ႕လူေတြက ေနရာယူၿပီး ထိုေနရာ ေတြကို ျပန္လည္ေရာင္းခ်တာပဲ ျဖစ္ပါတယ္။

Samuelရဲ႕ ေျပာၾကားခ်က္အရေတာ့သူနဲ႔သူ႕အဖြဲ႕သားေတြဟာပေရာ္ဖက္ရွင္နယ္ ေစာင့္စား
သူေတြျဖစ္ၾကၿပီး ပထမဆံုး တန္းစီေပးရတဲ့ ၁ နာရီအတြက္ ေဒၚလာ ၂၅ ေဒၚလာ က်သင့္သလို ေနာက္ပိုင္းထပ္မံတန္းစီေပးရတဲ့ၾကာခ်ိန္အတြက္ နာရီ၀က္တိုင္းကို ၁၀ ေဒၚလာ အခေၾကး ေငြရယူတယ္လို႔ သိရပါတယ္။

Salon သတင္းဌာနကို Samuel က ေျပာျပခဲ့တာကေတာ့ လက္ရွိမွာ သူဟာ Apple စတိုးဆိုင္ေရွ႕မွာ ၂၄ နာရီ တန္းစီၿပီး iPhone 6s ၀ယ္ယူမယ့္ သူေတြအတြက္ ၀န္ေဆာင္မႈ ေပးျခင္းနဲ႔ ေဒၚလာ ၁၀၀၀ ၀င္ေငြ ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။သူ႔ရဲ႕ စီးပြားေရးကိုလည္း Samuel က Uber နဲ႔တူတယ့္ တန္းစီျခင္း လုပ္ငန္း လို႔ အမႊန္းတင္ထားၿပီး သူရဲ႕ တန္းစီတဲ့ လွ်ိဳ႕၀ွက္ခ်က္ေတြကိုလည္း ထုတ္ေဖာ္ေျပာျပခ့ဲပါတယ္။

"လိုင္း ၂ လိုင္းတန္းစီတဲ့အခါမွာ သင္ဟာ ဘယ္ဘက္ကိုသာအားသန္ေနမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔အားလံုးရဲ႕ အဓိက အရာက ညာသန္ေတြျဖစ္ၾကတဲ့အတြက္ ညာဘက္လိုင္းဟာ အရွည္ဆံုးလိုင္းျဖစ္ေကာင္းျဖစ္ေနမွာပါ။ ဒါေပမယ့္ သဘာ၀ အရေတာ့ ကၽြန္ေတာ္တို႔ ညာဘက္လိုင္းမွာပဲ တန္းစီမွာပါ" လို႔ Samuel က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
နယူးယော့ခ် မြို့မှာနေထိုင်တဲ့ စီးပွားရေးသမားတစ်ဦးဟာ တစ်ပတ်ကို ဒေါ်လာ ၁၀၀၀ ဝင်ငွေရလာအောင် ရိုးရှင်းသော နည်းလမ်းနဲ့ ဝန်ဆောင်မှု ပေးပြီး အသက်မွေးဝမ်းကြောင်းပြုတယ်လို့ ဆိုလာပါတယ်။ သူရဲ့ဝန်ဆောင်မှုကတော့ အခကြေးငွေရယူပြီး တန်းစီတာပဲဖြစ်ပါတယ်။

သူဟာ တစ်ယောက်တည်း အလုပ်လုပ် သူတစ်ယောက်တော့မဟုတ်ပါဘူး။ Same Ole Line Dudes ဆိုတဲ့ စီးပွားရေးလုပ်ငန်းကို တည်ထောင်ထားတဲ့ Robert Samuel ဟာ သူနဲ့သူ့အဖွဲ့သားတွေနဲ့ အတူတစ်ပတ်ကို ဒေါ်လာ ၁၀၀၀ ဝင်ငွေရအောင် ကုန်ပစ္စည်း အသစ် ထုတ်လုပ်ခြင်း ၊ နမူနာ ရောင်းချခြင်း ၊ စနေနေ့ည ရှိုးပွဲတွေနဲ့အခြားလူများတဲ့အခမ်းအနားတွေရဲ့တန်းစီရတဲ့နေရာတွေမှာ သူနဲ့ သူ့လူတွေက နေရာယူပြီး ထိုနေရာ တွေကို ပြန်လည်ရောင်းချတာပဲ ဖြစ်ပါတယ်။

Samuelရဲ့ ပြောကြားချက်အရတော့သူနဲ့သူ့အဖွဲ့သားတွေဟာပရော်ဖက်ရှင်နယ် စောင့်စား

သူတွေဖြစ်ကြပြီး ပထမဆုံး တန်းစီပေးရတဲ့ ၁ နာရီအတွက် ဒေါ်လာ ၂၅ ဒေါ်လာ ကျသင့်သလို နောက်ပိုင်းထပ်မံတန်းစီပေးရတဲ့ကြာချိန်အတွက် နာရီဝက်တိုင်းကို ၁၀ ဒေါ်လာ အခကြေး ငွေရယူတယ်လို့ သိရပါတယ်။

Salon သတင်းဌာနကို Samuel က ပြောပြခဲ့တာကတော့ လက်ရှိမှာ သူဟာ Apple စတိုးဆိုင်ရှေ့မှာ ၂၄ နာရီ တန်းစီပြီး iPhone 6s ဝယ်ယူမယ့် သူတွေအတွက် ဝန်ဆောင်မှု ပေးခြင်းနဲ့ ဒေါ်လာ ၁၀၀၀ ဝင်ငွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။သူ့ရဲ့ စီးပွားရေးကိုလည်း Samuel က Uber နဲ့တူတယ့် တန်းစီခြင်း လုပ်ငန်း လို့ အမွှန်းတင်ထားပြီး သူရဲ့ တန်းစီတဲ့ လျှို့ဝှက်ချက်တွေကိုလည်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

"လိုင်း ၂ လိုင်းတန်းစီတဲ့အခါမှာ သင်ဟာ ဘယ်ဘက်ကိုသာအားသန်နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးရဲ့ အဓိက အရာက ညာသန်တွေဖြစ်ကြတဲ့အတွက် ညာဘက်လိုင်းဟာ အရှည်ဆုံးလိုင်းဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမယ့် သဘာ၀ အရတော့ ကျွန်တော်တို့ ညာဘက်လိုင်းမှာပဲ တန်းစီမှာပါ" လို့ Samuel က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top