Kantharyar Centre
×
တပည့်ဖြစ်သူ ကျောင်းသားတွေထံ မတော်တရော် ဓာတ်ပုံတွေ ပို့ပေးခဲ့တဲ့ ကျောင်းဆရာမတစ်ဦးဟာ ထောင်ဒဏ်ကျခံရဖွယ် ရှိနေကြောင်း သိရပါတယ်။
Credit:Duwun
Unicode Version
တပည့်ဖြစ်သူ ကျောင်းသားတွေထံ မေတော်တရော် ဓာတ်ပုံတွေ ပို့ပေးခဲ့တဲ့ ကျောင်းဆရာမတစ်ဦးဟာ ထောင်ဒဏ်ကျခံရဖွယ် ရှိနေကြောင်း သိရပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျောင်းဆရာမ အယ်လီဆန်မားချက်စ်ဟာ အင်္ဂလိပ်စာသင်ကြားပေးတဲ့ ကျောင်းဆရာမ ဖြစ်ပါတယ်။ သူ့ရဲ့ကျောင်းသား အချို့ထံကို လူမှုကွန်ယက်ကတဆင့် လိင်အသားအပေး မက်ဆေ့ချ်တွေ ပို့ခဲ့သလို အတွင်းခံသာ ဝတ်ထားတဲ့ သူမရဲ့ ဆယ်ဖီဓာတ်ပုံတွေကိုလည်း ပေးပို့ခဲ့ကြောင်း သိရပါတယ်။
ဒီဆရာမရဲ့ အမှုကို တရားရုံးမှာ ကြာနေနေပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကော်နက်တိကက်ပြည်နယ်က စာသင်ကျောင်းမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ ဆရာမ ဓာတ်ပုံပေးပို့ခဲ့တဲ့ ကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးသူဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဆရာမဟာ အသက် ၁၄ နှစ်သာရှိသေးတဲ့ ကျောင်းသားတစ်ဦးနဲ့လည်း လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှု ရှိခဲ့တယ်လို့ တရားရုံးမှာ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။
ကျောင်းသားကို နေ့လည်စာအတူသွားစားဖို့ ကမ်းလှမ်းခဲ့တဲ့အပြင် သူမဟာ ကျောင်းမှာ အလုပ်ကို အာရုံစိုက်လို့မရပဲ ဖြစ်ကြောင်း၊ အဲဒါဟာ အဆိုပါကျောင်းသားက အရမ်းကြည့်ကောင်းပြီး သူ့စိတ်ထဲ စွဲနေလို့ဖြစ်ကြောင်း စာတွေရေးသားပေးဖို့ခဲ့တယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top