Shwe Zabu River View Condominium Promotion
×

အသက္ ၂၂ ႏွစ္အရြယ္ ကေနဒီယန္ေပါ့ပ္အဆုိေက်ာ္ ဂ်က္စတင္ဘီဘာဟာ ၾသဂုတ္လတုန္းက အင္စတာဂရမ္အေကာင့္ကို ဖ်က္ခဲ့တာျဖစ္ၿပီး လန္ဒန္ၿမိဳ႕မွာ ေဖ်ာ္ေျဖေနစဥ္ အင္စတာဂရမ္နဲ႔ ပတ္သက္ၿပီး မေက်မနပ္ ဆိုခဲ့ပါတယ္။

"ကၽြန္ေတာ္ အင္စတာဂရမ္ျပန္သံုးသင့္တယ္လုိ႔ ဘယ္သူထင္လဲ" လုိ႔ သူက လန္ဒန္ၿမိဳ႕ရွိ O2 အားကစားကြင္းထဲမွာ ပရိသတ္ကို ေမးခဲ့ပါတယ္။

"ကၽြန္ေတာ္ကေတာ့ အင္စတာဂရမ္ကို ျပန္မသံုးခ်င္ဘူး။ အင္စတာဂရမ္က မေကာင္းဆုိးဝါးေတြအတြက္ပဲ" လို႔ သူက ဆုိပါတယ္။

"ကၽြန္ေတာ္ကေတာ့ ငရဲဆုိတာ အင္စတာဂရမ္ကို ေျပာတာလို႔ ထင္တယ္။ ၉၀ ရာခုိင္ႏႈန္းေသခ်ာတယ္ဗ်ာ။ ကၽြန္ေတာ္တုိ႔ေတြ ငရဲကို အပို႔ခံရတယ္။ အင္စတာဂရမ္ဆာဗာထဲမွာ ပိတ္မိသြားတယ္" လို႔ ေဂ်ဘီက စိတ္ပ်က္လက္ပ်က္ဆုိခဲ့တာပါ။

ဂ်က္စတင္ဘီဘာဟာ ၾသဂုတ္လတုန္းက တြဲခဲ့တဲ့ ဆုိဖီယာရစ္ခ်ီနဲ႔အတူ တြဲၿပီး အင္စတာဂရမ္မွာ တင္ခဲ့ၿပီးေနာက္ ပရိသတ္ရဲ႕အဆိုးျမင္မွတ္ခ်က္ေတြေၾကာင့္ အင္စတာဂရမ္ကို မသံုးေတာ့ဖုိ႔ ဆံုးျဖတ္ခဲ့တာပါ။

အမုန္းစကားေတြ မရပ္ဘူးဆုိရင္ အင္စတာဂရမ္အေကာင့္ကို Private ထားလိုက္ေတာ့မယ္လို႔ ေဂ်ဘီက ၿခိမ္းေျခာက္ခဲ့ၿပိးတဲ့ေနာက္ အေကာင့္ကို လံုးဝဖ်က္ခ်လိုက္တာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

အသက် ၂၂ နှစ်အရွယ် ကနေဒီယန်ပေါ့ပ်အဆိုကျော် ဂျက်စတင်ဘီဘာဟာ သြဂုတ်လတုန်းက အင်စတာဂရမ်အကောင့်ကို ဖျက်ခဲ့တာဖြစ်ပြီး လန်ဒန်မြို့မှာ ဖျော်ဖြေနေစဉ် အင်စတာဂရမ်နဲ့ ပတ်သက်ပြီး မကျေမနပ် ဆိုခဲ့ပါတယ်။

"ကျွန်တော် အင်စတာဂရမ်ပြန်သုံးသင့်တယ်လို့ ဘယ်သူထင်လဲ" လို့ သူက လန်ဒန်မြို့ရှိ O2 အားကစားကွင်းထဲမှာ ပရိသတ်ကို မေးခဲ့ပါတယ်။

"ကျွန်တော်ကတော့ အင်စတာဂရမ်ကို ပြန်မသုံးချင်ဘူး။ အင်စတာဂရမ်က မကောင်းဆိုးဝါးတွေအတွက်ပဲ" လို့ သူက ဆိုပါတယ်။

"ကျွန်တော်ကတော့ ငရဲဆိုတာ အင်စတာဂရမ်ကို ပြောတာလို့ ထင်တယ်။ ၉၀ ရာခိုင်နှုန်းသေချာတယ်ဗျာ။ ကျွန်တော်တို့တွေ ငရဲကို အပို့ခံရတယ်။ အင်စတာဂရမ်ဆာဗာထဲမှာ ပိတ်မိသွားတယ်" လို့ ဂျေဘီက စိတ်ပျက်လက်ပျက်ဆိုခဲ့တာပါ။

ဂျက်စတင်ဘီဘာဟာ သြဂုတ်လတုန်းက တွဲခဲ့တဲ့ ဆိုဖီယာရစ်ချီနဲ့အတူ တွဲပြီး အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် ပရိသတ်ရဲ့အဆိုးမြင်မှတ်ချက်တွေကြောင့် အင်စတာဂရမ်ကို မသုံးတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမုန်းစကားတွေ မရပ်ဘူးဆိုရင် အင်စတာဂရမ်အကောင့်ကို Private ထားလိုက်တော့မယ်လို့ ဂျေဘီက ခြိမ်းခြောက်ခဲ့ပြိးတဲ့နောက် အကောင့်ကို လုံးဝဖျက်ချလိုက်တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top