Property Expo
×

ကင္ဆာေရာဂါဟာ လူတိုင္းမွာ ျဖစ္ေပၚႏုိင္တဲ့အရာ ျဖစ္ပါတယ္။ ဒီေတာ့ သင္ေရြးခ်ယ္တဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္က ကင္ဆာေရာဂါျဖစ္လြယ္တဲ့ အလုပ္မ်ဳိးဆုိရင္ သင္ဘာလုပ္မလဲ။ ဥာဏအလုပ္အကုိင္ေတြ ကင္ဆာေရာဂါအႏၱရာယ္ေလွ်ာ့နည္းေစလိမ့္လုိ႔ သင္ယူဆပါက ဒီအခ်က္ေတြကို အေလးထား ဖတ္ရႈေစလုိပါတယ္။ တစ္ေနရာတည္းမွာ အခ်ိန္ၾကာျမင့္စြာ ထုိင္ေနျခင္းနဲ႔ ကိုယ္ကာယလႈပ္ရွားမႈ နည္းပါးျခင္းတုိ႔က အေရးၾကီးကင္ဆာေရာဂါျဖစ္ေစတဲ့ အေၾကာင္းရင္းေတြလုိ႔ သိရပါတယ္။

ေအာက္ေဖာ္ျပပါ အခ်က္ေတြက ကင္ဆာေရာဂါ အမွန္တကယ္ ရရိွေစႏုိင္တဲ့ အလုပ္အကုိင္ေတြ ျဖစ္ပါတယ္။ ဒီေတာ့ မိမိဟာ ဒီအလုပ္အကိုင္တစ္ခုခုမွာ လုပ္ကိုင္ေနသူတစ္ေယာက္ျဖစ္ပါက ႏွစ္ဆဂရုစိုက္ေပးပါ။

ညဆုိင္း အလုပ္လုပ္သူမ်ား

ညနက္ထိ အလုပ္လုပ္တာက ကင္ဆာေရာဂါအႏၱရာယ္ စတင္ျဖစ္ေပၚေစႏုိင္တယ္လုိ႔ ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။ ဒါဟာ ခႏၶာကိုယ္အတြင္း circadian rhythm အေႏွာင့္အယွက္ျဖစ္ေစလုိ႔ပဲ ျဖစ္ပါတယ္။ အမ်ဳိးသမီးေတြမွာ ရင္သားကင္ဆာနဲ႔ အမ်ဳိးသားေတြမွာ အဆုတ္ကင္ဆာနဲ႔ ဆက္စပ္ေနပါတယ္။ ဒါ့ေၾကာင့္ ညဆုိင္းအတြက္ ေရြးခ်ယ္လုပ္ကိုင္သူေတြအေနနဲ႔ ပိုမို ဂရုတစုိက္ရိွသင့္ပါတယ္။

ထုိင္လုပ္ရတဲ့ ဝန္ထမ္းမ်ား

စားပြဲခုံနဲ႔မခြာ အလုပ္လုပ္ကိုင္ေနသူေတြ၊ ကိုယ္လက္လႈပ္ရွားမႈမရိွသူေတြဟာ couch potato syndrome ပိုျဖစ္ေလ့ရိွေၾကာင္း ေလ့လာမႈေတြက ေတြ႔ရိွခဲ့ပါတယ္။ အူမၾကီး၊ ရင္သားနဲ႔ အဆုတ္ကင္ဆာေရာဂါအႏၱရာယ္ဟာ ကြန္ပ်ဴတာနဲ႔ အလုပ္လုပ္ကိုင္သူေတြမွာ ျမင့္မားပါတယ္။

ေလယာဥ္မွဴးေတြနဲ႔ ေလယာဥ္အမႈထမ္းမ်ား

ေလယာဥ္မွဴးေတြနဲ႔ ေလယာဥ္အမႈထမ္းေတြ ခရမ္းလြန္ေရာင္ျခည္နဲ႔ ေကာ့စ္မစ္ေရာင္ျခည္ေတြနဲ႔ အလြန္အကြ်ံ ထိေတြ႔ၾကတယ္လုိ႔ သိပၸံပညာရွင္ေတြက အခုိင္အမာဆုိပါတယ္။ ပင္လယ္ျပင္ထက္ အျမင့္မွာ အခ်ိန္ၾကၾကာ ရိွေနၾကလုိ႔ျဖစ္ျပီး အဲဒီအခ်က္က ကင္ဆာေရာဂါအႏၱရာယ္ ျမင့္တက္ေစပါတယ္။

ယာဥ္ေမာင္းမ်ား

ဒီဇယ္အခုိးအေငြ႔ေတြက သဘာဝအေလ်ာက္ ကင္ဆာေရာဂါျဖစ္ေစေၾကာင္း ႏုိင္ငံတကာကင္ဆာေရာဂါသုေတသနအဖြဲ႕က သက္ေသျပခဲ့ပါတယ္။ ဒါ့ေၾကာင့္ ယာဥ္ေမာင္းေတြဟာ ဒီအခုိးအေငြ႔ေတြၾကာၾကာရွဴရလုိ႔ အဆုတ္ကင္ဆာ ခံစားႏုိင္ေျခပိုမ်ားပါတယ္။

သတၱဳထည္လုပ္ငန္း အလုပ္သမားမ်ား

ဒီအလုပ္သမားေတြမွာ ေက်ာက္ကပ္နဲ႔ အသံအုိး ကင္ဆာေရာဂါအႏၱရာယ္ ပိုမ်ားၾကပါတယ္။ ဒီလုပ္ငန္းခြင္မွာ လုပ္ကုိင္ေနသူ အမ်ဳိးသမီးေတြဟာ ရင္သားကင္ဆာျဖစ္ပြားႏုိင္ေျခ ၇၅% ပိုမ်ားေၾကာင္း အေသးစိတ္သုေတသနျပဳခ်က္တစ္ခုက ေတြ႔ရိွခဲ့ပါတယ္။

သတၱဳတြင္းအလုပ္သမားမ်ား

သတၱဳတြင္းလုပ္သားေတြ အဆိပ္သင့္သတၱဳမ်ားစြာနဲ႔ ထိေတြ႔ေနၾကတာပါ။ ဒီလုပ္ငန္းမွာ လုပ္ကိုင္သူေတြမွာ အစာအိမ္၊ ဦးေႏွာက္ သုိ႔မဟုတ္ သုိင္းရိြဳက္ကင္ဆာေရာဂါအႏၱရာယ္ပိုမ်ားၾကပါတယ္။

ပလတ္စတစ္စက္ရုံလုပ္သားမ်ား

ဒီစက္ရုံအလုပ္သမားေတြဟာ အသည္း၊ ေက်ာက္ကပ္နဲ႔႔ အသံအုိးကင္ဆာေရာဂါ ျဖစ္လြယ္ပါတယ္။ သစ္သားမႈန္႔၊ ကက္ဒမီယံနဲ႔ အျခားအဆိပ္သင့္ အခုိးအေငြ႔မ်ားစြာတုိ႔နဲ႔ အလြန္အကြ်ံထိေတြ႔ေနၾကလို႔ပဲ ျဖစ္ပါတယ္။

ဆံပင္ညွပ္သမား

ဒီအခ်က္က မယုံႏုိင္စရာျဖစ္ေပမယ့္ သိပ္အေရးၾကီးပါတယ္။ ဆံပင္အလွျပဳျပင္သူေတြဟာ ဆုိးေဆးေတြမွာ ပါဝင္တဲ့ အႏၱရာယ္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြနဲ႔ အျမဲမျပတ္ ထိေတြ႔ေနရပါတယ္။ ဒါ့ေၾကာင့္ သူတို႔ေတြဟာ ဆီးအိတ္၊ အသံအိုးနဲ႔ အဆုတ္ကင္ဆာေရာဂါေတြ ပိုျဖစ္ေလ့ရိွပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

 ကင်ဆာရောဂါဟာ လူတိုင်းမှာ ဖြစ်ပေါ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒီတော့ သင်ရွေးချယ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က ကင်ဆာရောဂါဖြစ်လွယ်တဲ့ အလုပ်မျိုးဆိုရင် သင်ဘာလုပ်မလဲ။ ဉာဏအလုပ်အကိုင်တွေ ကင်ဆာရောဂါအန္တရာယ်လျှော့နည်းစေလိမ့်လို့ သင်ယူဆပါက ဒီအချက်တွေကို အလေးထား ဖတ်ရှုစေလိုပါတယ်။ တစ်နေရာတည်းမှာ အချိန်ကြာမြင့်စွာ ထိုင်နေခြင်းနဲ့ ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်းတို့က အရေးကြီးကင်ဆာရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေလို့ သိရပါတယ်။

အောက်ဖော်ပြပါ အချက်တွေက ကင်ဆာရောဂါ အမှန်တကယ် ရရှိစေနိုင်တဲ့ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။ ဒီတော့ မိမိဟာ ဒီအလုပ်အကိုင်တစ်ခုခုမှာ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါက နှစ်ဆဂရုစိုက်ပေးပါ။

ညဆိုင်း အလုပ်လုပ်သူများ

ညနက်ထိ အလုပ်လုပ်တာက ကင်ဆာရောဂါအန္တရာယ် စတင်ဖြစ်ပေါ်စေနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်း circadian rhythm အနှောင့်အယှက်ဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ရင်သားကင်ဆာနဲ့ အမျိုးသားတွေမှာ အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ညဆိုင်းအတွက် ရွေးချယ်လုပ်ကိုင်သူတွေအနေနဲ့ ပိုမို ဂရုတစိုက်ရှိသင့်ပါတယ်။

ထိုင်လုပ်ရတဲ့ ဝန်ထမ်းများ

စားပွဲခုံနဲ့မခွာ အလုပ်လုပ်ကိုင်နေသူတွေ၊ ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေဟာ couch potato syndrome ပိုဖြစ်လေ့ရှိကြောင်း လေ့လာမှုတွေက တွေ့ရှိခဲ့ပါတယ်။ အူမကြီး၊ ရင်သားနဲ့ အဆုတ်ကင်ဆာရောဂါအန္တရာယ်ဟာ ကွန်ပျူတာနဲ့ အလုပ်လုပ်ကိုင်သူတွေမှာ မြင့်မားပါတယ်။

လေယာဉ်မှူးတွေနဲ့ လေယာဉ်အမှုထမ်းများ

လေယာဉ်မှူးတွေနဲ့ လေယာဉ်အမှုထမ်းတွေ ခရမ်းလွန်ရောင်ခြည်နဲ့ ကော့စ်မစ်ရောင်ခြည်တွေနဲ့ အလွန်အကျွံ ထိတွေ့ကြတယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာဆိုပါတယ်။ ပင်လယ်ပြင်ထက် အမြင့်မှာ အချိန်ကြကြာ ရှိနေကြလို့ဖြစ်ပြီး အဲဒီအချက်က ကင်ဆာရောဂါအန္တရာယ် မြင့်တက်စေပါတယ်။

ယာဉ်မောင်းများ

ဒီဇယ်အခိုးအငွေ့တွေက သဘာဝအလျောက် ကင်ဆာရောဂါဖြစ်စေကြောင်း နိုင်ငံတကာကင်ဆာရောဂါသုတေသနအဖွဲ့က သက်သေပြခဲ့ပါတယ်။ ဒါ့ကြောင့် ယာဉ်မောင်းတွေဟာ ဒီအခိုးအငွေ့တွေကြာကြာရှူရလို့ အဆုတ်ကင်ဆာ ခံစားနိုင်ခြေပိုများပါတယ်။

သတ္တုထည်လုပ်ငန်း အလုပ်သမားများ

ဒီအလုပ်သမားတွေမှာ ကျောက်ကပ်နဲ့ အသံအိုး ကင်ဆာရောဂါအန္တရာယ် ပိုများကြပါတယ်။ ဒီလုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ၇၅% ပိုများကြောင်း အသေးစိတ်သုတေသနပြုချက်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

သတ္တုတွင်းအလုပ်သမားများ

သတ္တုတွင်းလုပ်သားတွေ အဆိပ်သင့်သတ္တုများစွာနဲ့ ထိတွေ့နေကြတာပါ။ ဒီလုပ်ငန်းမှာ လုပ်ကိုင်သူတွေမှာ အစာအိမ်၊ ဦးနှောက် သို့မဟုတ် သိုင်းရွိုက်ကင်ဆာရောဂါအန္တရာယ်ပိုများကြပါတယ်။

ပလတ်စတစ်စက်ရုံလုပ်သားများ

ဒီစက်ရုံအလုပ်သမားတွေဟာ အသည်း၊ ကျောက်ကပ်နဲ့ အသံအိုးကင်ဆာရောဂါ ဖြစ်လွယ်ပါတယ်။ သစ်သားမှုန့်၊ ကက်ဒမီယံနဲ့ အခြားအဆိပ်သင့် အခိုးအငွေ့များစွာတို့နဲ့ အလွန်အကျွံထိတွေ့နေကြလို့ပဲ ဖြစ်ပါတယ်။

ဆံပင်ညှပ်သမား

ဒီအချက်က မယုံနိုင်စရာဖြစ်ပေမယ့် သိပ်အရေးကြီးပါတယ်။ ဆံပင်အလှပြုပြင်သူတွေဟာ ဆိုးဆေးတွေမှာ ပါဝင်တဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ အမြဲမပြတ် ထိတွေ့နေရပါတယ်။ ဒါ့ကြောင့် သူတို့တွေဟာ ဆီးအိတ်၊ အသံအိုးနဲ့ အဆုတ်ကင်ဆာရောဂါတွေ ပိုဖြစ်လေ့ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top