Kantharyar Centre
×

ၾသစႀတီးယား ျပည္သူ႕လႊတ္ေတာ္ ျပည္ထဲေရး ေကာ္မတီ က ႏိုဝင္ဘာ ၃၀ ရက္ေန႔တြင္ ျပည္ထဲေရး ဝန္ႀကီး Sobotka မွ အဆိုျပဳတင္သြင္းသည့္ နာဇီ ဂ်ာမဏီ ႏိုင္ငံ ၏ ေခါင္းေဆာင္ ဟစ္တလာ ၏ ေမြးဖြားရာ ေနအိမ္ကို ႏိုင္ငံ ပိုင္အျဖစ္ သိမ္းဆည္းမည့္ အဆိုကို အတည္ျပဳ ခဲ့သည္။

ဟစ္တလာ သည္ ၁၈၈၉ ခုႏွစ္တြင္ ဂ်ာမနီ ႏိုင္ငံ ၏ အိမ္နီးခ်င္း ႏိုင္ငံ ျဖစ္သည့္ ၾသစႀတီးယား ႏိုင္ငံ ၏ Braunau ၿမိဳ႕ရွိ သံုးထပ္ အိမ္တြင္ ေမြးဖြားခဲ့ျခင္းျဖစ္သည္။ဟစ္တလာ ၃ ႏွစ္အရြယ္တြင္ တစ္မိသားစု လံုးသည္ ထိုၿမိဳ႕ငယ္ေလး မွ ေျပာင္းေရြ႕ ခဲ့ၾကၿပီး ထိုအေဆာက္အဦ ၏ ပိုင္ရွင္မွာ ဂ်ာမနီ ႏိုင္ငံ Bavaria တြင္ ေနထိုင္သည့္ အဖြားအို တစ္ဦးျဖစ္သည္။ယင္း အေဆာက္အဦသည္ ႏွစ္လရွည္ၾကာစြာ လူေနထိုင္ျခင္းမရွိေသာ အေဆာက္အဦတစ္ခု ျဖစ္ခဲ့သည္။ ၾသစႀတီးယား အစိုးရ မွ ထိုအေဆာက္အဦး ကို ဝယ္ယူရန္ စီစဥ္ခဲ့ေသာ္လည္း အဖြားအိုမွ ေရာင္းခ်ရန္ ျငင္းဆန္ခဲ့သည္။ထိုအေဆာက္အဦကို ႏိုင္ငံ ပိုင္အျဖစ္သိမ္းဆည္းရျခင္း၏ ရည္ရြယ္ခ်က္မွာ ဤထူးျခားသည့္ အေဆာက္အဦးအား ျပဳျပင္မြမ္းမံရန္ရည္ရြယ္ရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

ၾသစႀတီးယား သတင္းဌာန ၏ ေဖာ္ျပခ်က္အရ ႏိုင္ငံပိုင္အျဖစ္သိမ္းဆည္း ၿပီးလွ်င္ Sobotka က ယင္းအေဆာက္အဦ အသံုးခ်မႈ အေပၚညႇိႏႈိင္းေဆြးေႏြးမႈ မ်ားကို ေဆာင္ရြက္သြားမည္ ျဖစ္ၿပီး အေဆာက္အဦ မ်က္ႏွာစာ ျပဳျပင္မြန္းမံရန္ အတြက္လည္း တင္ဒါ ေခၚယူသြားမည္ျဖစ္ေၾကာင္း ၊ ယခုကဲ့သို႕ေဆာင္ရြက္ရသည့္ ရည္ရြယ္ခ်က္မွာ ေခတ္သစ္နာဇီဝါဒ ႏွင့္ အစြန္းေရာက္ လက္ယာသမားမ်ား၏ အထြဋ္အျမတ္ေနရာ တစ္ခုမျဖစ္ေစရန္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ၾကသည္။

Sobotka သည္ ေအာက္တိုဘာ ၁၇ ရက္ေန႔တြင္ ပညာရွင္ေကာ္မတီ တစ္ခု၏ အၾကံေပးခ်က္အရ အစိုးရမွ ဟစ္တလာ ၏ ေမြးဖြာရာ ေနအိမ္ကို ႏိုင္ငံပိုင္အျဖစ္ သိမ္းဆည္းမည္ျဖစ္ၿပီး  အလံုးစံု ျပဳျပင္မြမ္းမံမႈမ်ားျပဳလုပ္မည္ျဖစ္ကာ နာဇီ ဝါဒကို ကိုယ္စားျပဳသည့္ သေကၤတ အၾကြင္းအက်န္မ်ားကို ဖ်က္စီးမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ ေၾကညာ ခဲ့သည္။သို႔ေသာ္ ဟစ္တလာ ၏ ေမြးဖြားရာေနအိမ္ ကို မည္သို႔ေဆာင္ရြက္မည္ကို သေဘာထား အျမင္အမ်ိဳးမ်ိဳးရွိခဲ့ၾကသည္။အခ်ိဳ႕မွာ ထိုအေဆာက္အဦအား နာဇီ မ်ား၏ အျပစ္မ်ားကို ျပန္လည္ သံုးသပ္ရန္ အထိမ္းအမွတ္ေနရာ အျဖစ္ထားရွိလိုၾကေသာလည္း ဆန္႔က်င္သူမ်ားက ယင္းထူးျခားသည့္ အေဆာက္အဦးသည္ ေခတ္သစ္နာဇီဝါဒ အတြက္ အထြဋ္အျမတ္ေနရာ ျဖစ္တည္သြား  မည္ကို စိုးရိမ္ၾကသည္။ အခ်ိဳ႕သူမ်ားက အၿပီးပိုင္ဖ်က္ဆီး ရန္လိုလားၾကေသာ္လည္း ဆန္႔က်င္သူမ်ားက နာဇီ မ်ား၏ အျပစ္မ်ားကို ျပန္လည္ သံုးသပ္ရန္ သေကၤတ တစ္ခု မရွိေတာ့မည္ ကို စိုးရိမ္ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

သြစတြီးယား ပြည်သူ့လွှတ်တော် ပြည်ထဲရေး ကော်မတီ က နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီး Sobotka မှ အဆိုပြုတင်သွင်းသည့် နာဇီ ဂျာမဏီ နိုင်ငံ ၏ ခေါင်းဆောင် ဟစ်တလာ ၏ မွေးဖွားရာ နေအိမ်ကို နိုင်ငံ ပိုင်အဖြစ် သိမ်းဆည်းမည့် အဆိုကို အတည်ပြု ခဲ့သည်။

ဟစ်တလာ သည် ၁၈၈၉ ခုနှစ်တွင် ဂျာမနီ နိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် သြစတြီးယား နိုင်ငံ ၏ Braunau မြို့ရှိ သုံးထပ် အိမ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ဟစ်တလာ ၃ နှစ်အရွယ်တွင် တစ်မိသားစု လုံးသည် ထိုမြို့ငယ်လေး မှ ပြောင်းရွေ့ ခဲ့ကြပြီး ထိုအဆောက်အဦ ၏ ပိုင်ရှင်မှာ ဂျာမနီ နိုင်ငံ Bavaria တွင် နေထိုင်သည့် အဖွားအို တစ်ဦးဖြစ်သည်။ယင်း အဆောက်အဦသည် နှစ်လရှည်ကြာစွာ လူနေထိုင်ခြင်းမရှိသော အဆောက်အဦတစ်ခု ဖြစ်ခဲ့သည်။ သြစတြီးယား အစိုးရ မှ ထိုအဆောက်အဦး ကို ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း အဖွားအိုမှ ရောင်းချရန် ငြင်းဆန်ခဲ့သည်။ထိုအဆောက်အဦကို နိုင်ငံ ပိုင်အဖြစ်သိမ်းဆည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဤထူးခြားသည့် အဆောက်အဦးအား ပြုပြင်မွမ်းမံရန်ရည်ရွယ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

သြစတြီးယား သတင်းဌာန ၏ ဖော်ပြချက်အရ နိုင်ငံပိုင်အဖြစ်သိမ်းဆည်း ပြီးလျှင် Sobotka က ယင်းအဆောက်အဦ အသုံးချမှု အပေါ်ညှိနှိုင်းဆွေးနွေးမှု များကို ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆောက်အဦ မျက်နှာစာ ပြုပြင်မွန်းမံရန် အတွက်လည်း တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ ခေတ်သစ်နာဇီဝါဒ နှင့် အစွန်းရောက် လက်ယာသမားများ၏ အထွဋ်အမြတ်နေရာ တစ်ခုမဖြစ်စေရန်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။

Sobotka သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ပညာရှင်ကော်မတီ တစ်ခု၏ အကြံပေးချက်အရ အစိုးရမှ ဟစ်တလာ ၏ မွေးဖွာရာ နေအိမ်ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး  အလုံးစုံ ပြုပြင်မွမ်းမံမှုများပြုလုပ်မည်ဖြစ်ကာ နာဇီ ဝါဒကို ကိုယ်စားပြုသည့် သင်္ကေတ အကြွင်းအကျန်များကို ဖျက်စီးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။သို့သော် ဟစ်တလာ ၏ မွေးဖွားရာနေအိမ် ကို မည်သို့ဆောင်ရွက်မည်ကို သဘောထား အမြင်အမျိုးမျိုးရှိခဲ့ကြသည်။အချို့မှာ ထိုအဆောက်အဦအား နာဇီ များ၏ အပြစ်များကို ပြန်လည် သုံးသပ်ရန် အထိမ်းအမှတ်နေရာ အဖြစ်ထားရှိလိုကြသောလည်း ဆန့်ကျင်သူများက ယင်းထူးခြားသည့် အဆောက်အဦးသည် ခေတ်သစ်နာဇီဝါဒ အတွက် အထွဋ်အမြတ်နေရာ ဖြစ်တည်သွား  မည်ကို စိုးရိမ်ကြသည်။ အချို့သူများက အပြီးပိုင်ဖျက်ဆီး ရန်လိုလားကြသော်လည်း ဆန့်ကျင်သူများက နာဇီ များ၏ အပြစ်များကို ပြန်လည် သုံးသပ်ရန် သင်္ကေတ တစ်ခု မရှိတော့မည် ကို စိုးရိမ်ကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top