Kantharyar Centre
×

တကယ္ေတာ့ အားလံုးသိၿပီးသား ျဖစ္ႏုိင္ပါတယ္။ ေမ့ေလ်ာ့ေနတယ္ဆိုရင္ ဒီေန႔ကစၿပီး အာ႐ံုစိုက္ၿပီး လုပ္လိုက္ပါ။ တစ္ပတ္ေလာက္ အက်င့္လုပ္လုိက္တာနဲ႔ ေနာက္ပိုင္းမွာ အခက္အခဲမရွိ သူ႔အလုိလို အဆင္ေျပသြားပါလိမ့္မယ္။ သင္လည္း လိုခ်င္တဲ့ ခႏၶာကိုယ္ေလး မၾကာခင္ ပိုင္ဆုိင္ရေတာ့မွာေပါ့။

၁။ ေရမ်ားမ်ား ေသာက္

ေငြလည္းမကုန္ လူလည္း မပင္ပန္းပါဘူး။ ေရဗူးတစ္ဗူးေဘးမွာ ခ်ထားၿပီး သတိရတုိင္းေသာက္ပါ။ ေနာက္ၿပီး အစာမစားမီ ေရတစ္ခြက္ေသာက္ပါ။ ဒါမွ ဗိုက္ထဲမွာ ေရနဲ႔ ျပည့္ေနၿပီး အစာသိပ္ၿပီးေတာ့ မဝင္ေတာ့ဘူးေပါ့။

၂။ အစာကို ေၾကညက္ေအာင္ဝါး

ကိုယ္အေလးခ်ိန္က်ဖို႔ ေနာက္ထပ္ အေရးႀကီးတဲ့အခ်က္ပါပဲ။ အစားအစာေၾကညက္ေအာင္ ဝါးစားရင္ အစာကို လိုအပ္တာထက္ ပိုၿပီးမစားျဖစ္တဲ့အတြက္ေၾကာင့္ပါ။ အစာက ေၾကညက္သြားတဲ့အတြက္ က်န္းမာေရးနဲ႔လည္း ညီညြတ္ပါတယ္။

၃။ အစာစားၿပီး လမ္းေလွ်ာက္

အစားစားၿပီးၿပီးခ်င္း တန္းၿပီး အလုပ္ထုိင္လုပ္မယ္ဆုိရင္ ဗိုက္မွာ အဆီစုတတ္တာ အားလံုးအသိပါ။ အစာစားၿပီးတဲ့ေနာက္ ျဖည္းျဖည္းသက္သာလမ္းေလွ်ာက္တာဟာ ကိုယ္အေလးခ်ိန္ မက်ဘူးဆုိရင္ေတာင္ ကိုယ္အေလးခ်ိန္ တက္မလာေအာင္ေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

၄။ ေအးေအာင္ေန
ဒီနည္းက နည္းနည္းေတာ့ ထူးဆန္းပါတယ္။ ခႏၶာကိုယ္မွာ အဆီေတြက လိုအပ္တဲ့ ပမာဏထက္ မ်ားလာတဲ့အတြက္ ကိုယ္အေလးခ်ိန္တိုးရတာပါ။ အဲဒီအဆီေတြကို အေအးဓာတ္နဲ႔ ထိေတြ႕ၿပီး ေလာင္ကၽြမ္းေစႏုိင္ပါတယ္တဲ့။ ေအးေအာင္ ေနရမယ့္ နည္းလမ္းကေတာ့ မနက္တစ္ခါ ညေနတစ္ခါ ပံုမွန္ေရခ်ဳိးၿပီး အကႌ်ပါးပါးဝတ္လို႔ ေအးျမတဲ့ ေနရာေတြမွာ ေနထိုင္ဖို႔ပါပဲ။ အပူခ်ိ္န္မျပင္းတဲ့ မနက္နဲ႔ ညေနပိုင္းေတြမွာ ေရခဲေရလည္း ေသာက္ႏုိင္ပါတယ္တဲ့။ အဆီစုတတ္တဲ့ ေနရာေတြမွာ ေရခဲနဲ႔ ကပ္ေပးတာမ်ဳိး၊ ေရေအးနဲ႔ ေရခ်ဳိးတာမ်ဳိးလည္း လုပ္သင့္ပါတယ္။

၅။ ေစာေစာအိပ္ ေစာေစာထ

ဒါလည္း အားလံုးသိၿပီးသားအခ်က္ပါပဲ။ တတ္ႏိုင္သေလာက္ ေစာေစာအိပ္ ေစာေစာထပါ။ ဒါဟာ ကိုယ္အေလးခ်ိန္က်ဖို႔ အေကာင္းဆံုး နည္းလမ္းတစ္ခုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

တကယ်တော့ အားလုံးသိပြီးသား ဖြစ်နိုင်ပါတယ်။ မေ့လျော့နေတယ်ဆိုရင် ဒီနေ့ကစပြီး အာရုံစိုက်ပြီး လုပ်လိုက်ပါ။ တစ်ပတ်လောက် အကျင့်လုပ်လိုက်တာနဲ့ နောက်ပိုင်းမှာ အခက်အခဲမရှိ သူ့အလိုလို အဆင်ပြေသွားပါလိမ့်မယ်။ သင်လည်း လိုချင်တဲ့ ခန္ဓာကိုယ်လေး မကြာခင် ပိုင်ဆိုင်ရတော့မှာပေါ့။

၁။ ရေများများ သောက်

ငွေလည်းမကုန် လူလည်း မပင်ပန်းပါဘူး။ ရေဗူးတစ်ဗူးဘေးမှာ ချထားပြီး သတိရတိုင်းသောက်ပါ။ နောက်ပြီး အစာမစားမီ ရေတစ်ခွက်သောက်ပါ။ ဒါမှ ဗိုက်ထဲမှာ ရေနဲ့ ပြည့်နေပြီး အစာသိပ်ပြီးတော့ မဝင်တော့ဘူးပေါ့။

၂။ အစာကို ကြေညက်အောင်ဝါး

ကိုယ်အလေးချိန်ကျဖို့ နောက်ထပ် အရေးကြီးတဲ့အချက်ပါပဲ။ အစားအစာကြေညက်အောင် ဝါးစားရင် အစာကို လိုအပ်တာထက် ပိုပြီးမစားဖြစ်တဲ့အတွက်ကြောင့်ပါ။ အစာက ကြေညက်သွားတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

၃။ အစာစားပြီး လမ်းလျှောက်

အစားစားပြီးပြီးချင်း တန်းပြီး အလုပ်ထိုင်လုပ်မယ်ဆိုရင် ဗိုက်မှာ အဆီစုတတ်တာ အားလုံးအသိပါ။ အစာစားပြီးတဲ့နောက် ဖြည်းဖြည်းသက်သာလမ်းလျှောက်တာဟာ ကိုယ်အလေးချိန် မကျဘူးဆိုရင်တောင် ကိုယ်အလေးချိန် တက်မလာအောင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

၄။ အေးအောင်နေ
ဒီနည်းက နည်းနည်းတော့ ထူးဆန်းပါတယ်။ ခန္ဓာကိုယ်မှာ အဆီတွေက လိုအပ်တဲ့ ပမာဏထက် များလာတဲ့အတွက် ကိုယ်အလေးချိန်တိုးရတာပါ။ အဲဒီအဆီတွေကို အအေးဓာတ်နဲ့ ထိတွေ့ပြီး လောင်ကျွမ်းစေနိုင်ပါတယ်တဲ့။ အေးအောင် နေရမယ့် နည်းလမ်းကတော့ မနက်တစ်ခါ ညနေတစ်ခါ ပုံမှန်ရေချိုးပြီး အင်္ကျီပါးပါးဝတ်လို့ အေးမြတဲ့ နေရာတွေမှာ နေထိုင်ဖို့ပါပဲ။ အပူချိန်မပြင်းတဲ့ မနက်နဲ့ ညနေပိုင်းတွေမှာ ရေခဲရေလည်း သောက်နိုင်ပါတယ်တဲ့။ အဆီစုတတ်တဲ့ နေရာတွေမှာ ရေခဲနဲ့ ကပ်ပေးတာမျိုး၊ ရေအေးနဲ့ ရေချိုးတာမျိုးလည်း လုပ်သင့်ပါတယ်။

၅။ စောစောအိပ် စောစောထ

ဒါလည်း အားလုံးသိပြီးသားအချက်ပါပဲ။ တတ်နိုင်သလောက် စောစောအိပ် စောစောထပါ။ ဒါဟာ ကိုယ်အလေးချိန်ကျဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top