Property Expo
×

အခ်ိဳးအစားလွေအာင္ ေဆးေသာက္လို႔ရတယ္လို႔ ႀကားဖူးပါတယ္။ အက်ိဳး-အၿပစ္ေတြကို သိခ်င္ပါတယ္ရွင္။ ေလ့က်င့္ခန္းလုပ္ဖို႔ အဆင္မေၿပလို႔ပါရွင္။ အေမ ေမြးေပးထားတဲ့ ရုပ္အဂၤါကို ျပင္ခ်င္တာဟာ အခက္ဆံုးေတြထဲမွာ ပါတယ္။

ဒါကို ဆရာဝန္က ေျပာတာပါ။ ဆရာဝန္က ေဆးေပးမယ္၊ နည္းလမ္းေပးမယ္၊ ခြဲစိတ္ေပးမယ္။ ခြဲစိတ္တာကိုေတာ့ ဆရာဝန္ဘက္က ပိုင္ပိုင္ႏိုင္ႏိုင္ လုပ္ႏိုင္တာေပါ့။ က်န္တာကို လုိက္နာရမွာက ကာယကံရွင္ ျဖစ္တယ္။ ညႊန္းတဲ့ေဆး ေသာက္တာ၊ ေလ့က်င့္ခန္း လုပ္တာ၊ ေရွာင္စရာ-ေဆာင္စရာေတြကို လုိက္နာဘို႔ကေတာ့ ေကာင္းခ်င္၊ ေပ်ာက္ခ်င္သူေတြက လုပ္ၾကရတယ္။ ဆရာဝန္ေတြမွာလဲ လုပ္ေပးႏိုင္တာထက္ မလုပ္ႏိုင္တာေတြက ပိုမ်ားမလားဘဲ။
ပိန္ခ်င္၊ ဝခ်င္၊ လွခ်င္၊ ရွည္ခ်င္၊ ျဖဴခ်င္၊ ညိဳတိုတို ျဖစ္ခ်င္၊ ေသးတာကိုၾကီးခ်င္၊ ၾကီးတာကိုေသးခ်င္ လိုအင္ဆႏၵေတြ လူမ်ိဳးတိုင္းမွာရွိတယ္။ က်ား-မ မေရြးလဲရွိတယ္။ အရြယ္ မေရြးလဲ ရွိေသးတာဘဲ။ ျဖစ္ခ်င္သူကို အျပစ္ျမင္စရာ မရွိသင့္ၾကပါ။ ဆရာဝန္ ညႊန္တာကို ရခ်င္တာလဲ ေကာင္းတာဘဲ။ အက်ိဳး-အျပစ္ သိခ်င္တာလဲ ပညာရွိရာက်တယ္။

ၾကြက္သားကိုေတာ့ ဖြံ႔ထြားေစဘို႔ မခက္လွပါ။ အေလးမသူေတြသာ ၾကည့္ပါ။ ၾကြက္သား မဟုတ္တဲ့ အရိုး၊ အဆီ နဲ႔ တျခား (တစ္ရွဴး) ေတြကို ဖြံ႔ထြား၊ မ်ားျပားလာဘို႔ ေလ့က်င့္ခန္းနဲ႔ေတာ့ မရပါ။ ရင္သားက ၾကြက္သား မဟုတ္ဘူး။ အေထာက္အကူ ျပဳႏိုင္တာေတြေတာ့ ရွိပါတယ္။ ဒါေၾကာင့္ ရင္သား၊ တင္ပါးအတြက္ နည္းေတြ ေရးထားပါတယ္။ ေမးတဲ့သူက အေျခအေန မေပးလို႔ ေလ့က်င့္ခန္း လုပ္မရေတာ့ ခက္ျပန္ေပါ့။ ခက္တာကို ရေအာင္ယူႏိုင္ရင္ လူေတာ္လို႔ ဆိုၾကတာမို႔ ေတာ္ခ်င္လိုက္စမ္းပါ။ တခုေလးေတာ့ သတိေပးပါရေစ။ ျဖစ္သင့္တာကိုသာ ရခ်င္သင့္တယ္။

မရႏိုင္တာ၊ မရေသးတာအတြက္ စိတ္ပ်က္မေနပါနဲ႔။ ကံတရား အားကိုးႏိုင္ေသးတာဘဲ။ ကံေကာင္းခ်င္ရင္ စိတ္ေကာင္း အရင္ေမြးလို႔ ဆရာေတာ္မ်ားက ဆံုးမေလ့ရွိတယ္။ ေဆးပဲ ေသာက္ခ်င္သူကေမးလို႔ ေဆးကိုသာ အဓိကထား ေရးပါရေစ။ ေဆးေတြလဲ ရွိပါတယ္။ (ေအလိုပက္သစ္) ေဆး၊ (ဟိုမီယိုပက္သစ္) ေဆး၊ (အာယုေဗဒ) ေဆး၊ တိုင္းရင္းေဆး၊ (ဟာဗယ္) ေဆး၊ တရုပ္ေဆး၊ အိႏၵိယေဆး၊ အစံုပါဘဲ။ ေၾကာ္ညာေတြက အမ်ားၾကီး။ တျခားေဆးနည္းေတြကို သင္မထားရလို႔ မေျပာႏိုင္ပါ။ ကိုယ့္ေဆးပညာနဲ႔ ဆိုင္တာဘဲ ေရးပါမယ္။ Anabolic steroids (အင္နာေဘာလစ္-စတီရြိဳက္) ေတြရွိတယ္။ ၁၉၃ဝ ေက်ာ္ကတည္းက သံုးလာတယ္။ Medical uses ေဆးကုရာမွာ အသံုးျပဳႏိုင္တာေတြက - Bone marrow stimulation ရိုးတြင္းျခင္ဆီ ေစ့ေဆာ္ေပးျခင္း၊ - Growth stimulation ၾကီးထြားေစေအာင္ ေစ့ေဆာ္ေပးျခင္း၊ - Stimulation of appetite and preservation and increase of muscle mass စားခ်င္စိတ္ကဲေစျပီး၊ ၾကြက္သား ထုထည္ ၾကီးေစျခင္း၊ - Induction of male puberty ေယာက္်ားေလး ေစာေစာ လူပ်ိဳျဖစ္ေစျခင္း၊ - Male contraception (Testosterone enanthate) ေယာက္်ားသံုး သားသမီးမရေဆး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ္ခႏၶာေသးေနသူေတြကို ေစ့ေဆာ္ေပးျခင္း နဲ႔ အသက္ၾကီးသူေတြမွာ အရိုးပ်က္စီးတာ သက္သာေစျခင္း၊ - Hormone replacement for men ေယာက္်ား-ေဟာ္မုန္း အစားထိုးကုသျခင္း၊ - Gender Identity Disorder ေယာက္်ား-မိန္းမ ပီသေစျခင္း၊ Ergogenic use and abuse တလြဲ အသံုးျပဳေနတာလဲရွိတယ္။ အေမရိကားမွာ လူဦးေရရဲ႕ ၁% ဟာ ဒီေဆးမ်ိဳးကို တလြဲသံုးေနၾကတယ္။ လူလတ္တန္းစားေတြကေန အားကစား ျပိဳင္ပြဲဝင္ဘို႔ မဟုတ္ဘဲ Cosmetic purposes ကိုယ္ခႏၶာလွခ်င္လို႔ လုပ္ၾကတာျဖစ္တယ္။ ဒီေဆးမ်ိဳးသံုးသူေတြဟာ မီဒီယာမွာ ေဖၚျပတာေတြကို ၾကည့္-ဖတ္ျပီး စိတ္ထဲ တလြဲထင္မွတ္ေနၾကတယ္။ အားကစား နယ္ပယ္မွာေတာ့ ေယာက္်ားေတြေရာ မိန္းမေတြပါ ကိုယ္ကာယ၊ အေလးမ၊ သံလံုးျပစ္၊ ေျပး-ခုန္-ျပစ္၊ စက္ဘီးစီး၊ (ေဘ့စ္-ေဘာလ္)၊ နဘမ္းသတ္၊ သိုင္း၊ လက္ေဝွ႔၊ ေဘာလံုး၊ ခရစ္ကက္၊ အားကစား နည္းေတြမွာ သံုးၾကတယ္။ ဒီလို လူမ်ိဳးေတြထဲက ၅၆% ဟာ ဆရာဝန္ေတြ ေျပာတာကို မယံုၾကဘူး။ ေဆးေတြကို လူသာမက တိရစၧာန္ေတြကိုပါ သံုးတာရွိတယ္။ ဆိုင္ကၾကက္သား ဝယ္မစားရဲေအာင္ တခ်ိဳ႕ေနရာေတြမွာ ျဖစ္ေနျပီ။ ျမန္မာေတြကေတာ့ အေကာင္အတြက္ေဆး လူသံုးလို႔ အေကာင္နဲ႔ တူသူေတြ မ်က္ေစ့ေအာက္မွာတင္ ရွိတယ္။

သဘာဝ ေဟာ္မုန္း (၃) မ်ိဳး (Estradiol, Testosterone, and Progesterone) နဲ႔ တည္ေဆာက္ ေဟာ္မုန္း ၃ မ်ိဳး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) ေတြကို တိရစၧာန္ေတြကို အသားတိုးေအာင္ ထိုးေပးတယ္။ Bodybuilding drug ကိုယ္ခႏၶာ သန္မာၾကံ့ခိုင္ေအာင္ သံုးၾကတဲ့ေဆးေတြကို ဆရာဝန္ေတြေတာင္မွ အံ့ၾသရတယ္။ ေဆး နမူနာ (၃) ခုေရးျပပါမယ္။ (၁) Lasix ဆီးေဆးလို႔ အလြယ္ေခၚတဲ့ ကိုယ္ေရာင္ေနသူ၊ ေသြးတိုးရွိသူ၊ ႏွလံုး အလုပ္ မလုပ္ႏိုင္သူေတြကို ေပးတဲ့ေဆး။ (၂) Cytomel ဆိုတာ Thyroid drugs လည္ပင္းၾကီးေဆး ျဖစ္တယ္။ (၃) Human chorionic gondotropin (HCG) အလြယ္ေျပာရင္ အခ်င္းေဟာ္မုန္း။ အမ်ား နားလည္ေအာင္ ေျပာရရင္ ကိုယ္ဝန္ရွိ-မရွိစစ္တယ္ဆိုတာ ဆီးထဲ-ေသြးထဲမွာ ဒီဟာ ပါေန-မေန စစ္တာျဖစ္တယ္။ Breast augmentation ရင္သားကို ခြဲစိတ္ျပဳျပင္နည္းေတြလဲ ရွိတယ္။ Breast implant ရင္သားအတုထည့္တာ နဲ႔ Fat-graft mammoplasty procedures အဆီကို ေနရာေျပာင္းထည့္ေပးတာေတြဟာ ရင္သား မလွတာကို လွေစဘို႔၊ ပိုျပီး အရြယ္အစားၾကီးေစဘို႔ နဲ႔ ထိေတြ႔မႈမွာ သာေစဘို႔ အတြက္လုပ္တယ္။ ရင္သားခြဲစိတ္ျပဳျပင္နည္းေတြမွာ Saline-filled (ေစလိုင္း) သံုးနည္း နဲ႔ Silicone-filled prosthetic breast (စီလီကြန္) သံုးနည္း လုပ္ႏိုင္တယ္။ Post–mastectomy ရင္သား ခြဲစိတ္ထုတ္ထားရသူေတြကို Breast reconstruction ရင္သား အသစ္တပ္ေပးတာ လုပ္ႏိုင္တယ္။ ရင္သား ဝိုင္းစက္-ေဖါင္းၾကြေနတာ ဓါတ္ပံုမွာ အသားေပးထားရင္ အဲဒါသာမွတ္။ • Breast implant ရင္သားအတု Breast Reconstruction ရင္သား အသစ္တပ္ေပးျခင္း/2012/01/breast-reconstruction.html ေတြ ေရးထားပါတယ္။ အျပင္ပမ္း ၾကည့္ျပီး ရုပ္လွ-မလွ စသျဖင့္ အကဲျဖတ္ေလ့ရွိတယ္။ အျမင္မွာ သာေစဘို႔ အခုအခံလဲ လုပ္ၾကပါတယ္။ Camouflage ေခၚတယ္။ ပံုဖ်က္ထားတာေပါ့။ အမွန္က သူမ်ားအျမင္ကို အာရံုေျပာင္းေစနည္းေတြ ျဖစ္ပါတယ္။

ဒီအေရးမွာ (စပါယ္ရွယ္လစ္) ေတြ ေျပာတာက ရင္သားကို ပိုၾကီးခ်င္သူအေရအတြက္နဲ႔ ၾကီးေနတာကို ေသးခ်င္သူ အေရအတြက္ မကြာဘူးတဲ့။ ရင္သား ၾကီးေနတာကို ေဆးမပါ၊ ဆရာဝန္မပါဘဲ လွည့္စားနည္းေတြ ရွိပါတယ္။ • Baggy and wavy blouses ေခ်ာင္က်ျပီး လိႈင္းထေနတဲ့ အဝတ္အစား ေရြးဝတ္ပါ။ • Classic dark, black or navy blue အနက္ေရာင္၊ အေရာင္ရင့္၊ (ေနဗီ-ဘလူး) ဝတ္ဆင္ပါ။ • Avoid exposing it ကိုယ့္ဟာကို သူမ်ားကို မျမင္သာပါေစနဲ႔။ • Tops with higher collar and neckline ေကာ္လာပါတာ ဝတ္ပါ။ လည္မဟိုက္ေစပါနဲ႔။ ဆြဲၾကိဳးဝတ္ပါ။ ပုလဲပုတီးဆြဲပါ။ • Stripes and different patterns အစဥ္းေၾကာင္းပါတဲ့ (ပက္တန္) မတူတဲ့ အဆင္ေရြးဝတ္ပါ။ • Seamless bra (ဘရာစီယာ) အခြက္ဝိုင္းမွာ ဘာအစဥ္း၊ ဒီဇိုင္းမွမပါတဲ့ ေျပာင္ေခ်ာေနတာ ဝတ္ပါ။ • လူကပိန္ျပီး ရင္သားကထြားေနသူဆိုရင္ ေအာက္က Skinny jeans ဂ်င္းေဘာင္းဘီ ၾကပ္တာဝတ္ပါ။

ၾကည့္တဲ့သူ မ်က္စိကို တေနရာလႊဲေစပါ။ ဒီေတာ့ ရင္သားေသးေနသူေတြက ေျပာင္းျပန္ယူက ရမလားဘဲ။ ကိုယ္ခႏၶာ အခ်ိဳးအစားက်ဘို႔ရာ တကယ္လိုပါတယ္။ မိန္းမေတြအလွကို "ခါးေသး-ရင္ခ်ီ" လို႔ သတ္မွတ္ေသးရင္ ရင္နဲ႔ တင္ကို ျပင္ဘို႔ လိုမယ္။ ရင္သားဟာ ရင္ေခါင္းပိုင္း အရိုးစုအေပၚမွာ ရွိတယ္။ တင္ဆိုတာ ေဘးကားတာနဲ႔ ေနာက္ေကာ့ေနတာဟာ အရိုးပံုပန္းအေပၚ မူတည္တယ္။ လူကိုယ္ခႏၶာဟာ အရိုးေပၚမွာ တည္ေဆာက္ထားတယ္။ အရိုးကို အလွအပအတြက္ ျပင္ေပးဘို႔ရာ မရသေလာက္ ခက္ပါတယ္။ ေခမာမိဖုရားၾကီး တရားခြ်တ္ခန္း ပန္းခ်ီ ေတြ႔ဘူးသူ မ်ားမွာပါ။ အရိုးပေဒသာေပၚကေန ၾကြက္သားေတြ၊ အရြတ္ေတြ၊ အဆီေတြ နဲ႔ အေပၚကေန အေရျပား ဖံုးထားတယ္။ အတြင္းထဲမွာ အဂၤါအစိတ္အပိုင္းေတြရွိတယ္။ လွခ်င္သူေတြက အလွေဗဒ နားလည္ၾကမယ္ ထင္ပါတယ္။ (ဗီးနပ္စ္) ဂရိလက္ရာ ရုပ္ထုဟာ သမိုင္းမွာ အခ်စ္နဲ႔ အလွကို ကိုယ္စားျပဳတယ္။ လက္ေတြ ျပတ္ေနတာေတာင္ ခုထိ တန္ဘိုးထားတံုးဘဲ။ သတိျပဳဘို႔က ခါးမေသးပါ။ ရင္ကလဲ သူလိုကိုယ္လိုပါ။ သက္ရွိလူေတြကို လွတယ္လို႔ သတ္မွတ္တာေတာ့ ရုပ္တုေတြနဲ႔ မတူႏိုင္ပါ။ ကိုယ္ေနဟန္ထား၊ အဝတ္အစား၊ မ်က္ႏွာေပး၊ မူယာ--မာယာ၊ စတာစတာေတြနဲ႔ အလွကို အသက္ဝင္ေစႏိုင္တယ္။ ဖက္ရွင္ ဘန္းစကားတခု ျဖစ္တဲ့ Catwalk ေလွ်ာက္လမ္းမွာ လမ္းေလွ်ာက္ျပရတဲ့ ဖက္ရွင္မယ္ေတြဟာ အသစ္ေပၚ အဝတ္အစား၊ အသံုးအေဆာင္ေတြဝတ္ျပီး၊ အင္မတန္ ပိန္ပါးျပီး တအားအရပ္ရွည္ၾကရတာကုိ စံလို႔ သတ္မွတ္ထားတယ္။ ရင္မထြားတာလဲ တန္ဘိုးတရပ္ မဟုတ္ပါလား။ ပုဗၺေစတနာ ပ်က္စီးမႈေၾကာင့္ အရုပ္ဆုိးရသူ (ပဥၥပါပီ) ဟာ ေဖာ႒ာဗၺာရံုမွာေတာ့ နာမည္ၾကီးတယ္လို႔ ဖတ္ရတယ္။ အာရံုခံစားမႈ အရည္အခ်င္း အလြန္႔အလြန္ကို ေကာင္းလွသတဲ့။ အာရံုေၾကာေတြ ေကာင္းဘို႔ရာ က်န္းမာဘို႔ မလိုပါလား။ ဗီတာမင္ (ဘီ) ေတြက အာရံုေၾကာအတြက္ ေကာင္းတယ္။ ဆီးခ်ိဳရွိေနသူေတြ ေျခလက္ ထံုတာဟာ B6 နဲ႔ B12 နည္းလို႔ ျဖစ္တယ္။ B1 ဟာ စိုးရိမ္စိတ္ကို သက္သာေစတာက အာရံုေၾကာေတြအေပၚ သက္ေရာက္လို႔ ျဖစ္တယ္။ E လဲနည္းရင္ Neuron degeneration အာရံုေၾကာေရာဂါ ရေစႏိုင္တယ္။ ဗီတာမင္ (စီ) ကလဲ စိုးရိမ္စိတ္ကို သက္ေသာေစတဲ့အျပင္ ဦးေႏွာက္-ဓါတုအလုပ္ နဲ႔ (အျဒီနယ္-ဂလင္း) ေတြကို ကူညီတယ္။ ဓါတ္ဆားေတြထဲက (ကယ္လ္စီယမ္) နဲ႔ (မဂၢနီဆီယမ္) ေတြလဲ အာရံုေၾကာေတြအတြက္ လိုတယ္။ ၾကြက္သားေတြအတြက္လဲ ဗီတာမင္ေတြက အေရးပါတယ္။ A ကေန ၾကြက္သားေတြ တင္းအားနည္းတာကို ကူညီမယ္။ B နည္းရင္ အားယုတ္ျပီး ၾကြက္သာေတြနာေနမယ္။ B-1 နည္းရင္၊ B-6 နည္းရင္၊ B-12 နည္းရင္ ၾကြက္သားေတြ အားယုတ္ေနတယ္။

ၾကည့္တဲ့သူ မ်က္စိကို တေနရာလႊဲေစပါ။ ဒီေတာ့ ရင္သားေသးေနသူေတြက ေျပာင္းျပန္ယူက ရမလားဘဲ။ ကိုယ္ခႏၶာ အခ်ိဳးအစားက်ဘို႔ရာ တကယ္လိုပါတယ္။ မိန္းမေတြအလွကို "ခါးေသး-ရင္ခ်ီ" လို႔ သတ္မွတ္ေသးရင္ ရင္နဲ႔ တင္ကို ျပင္ဘို႔ လိုမယ္။ ရင္သားဟာ ရင္ေခါင္းပိုင္း အရိုးစုအေပၚမွာ ရွိတယ္။ တင္ဆိုတာ ေဘးကားတာနဲ႔ ေနာက္ေကာ့ေနတာဟာ အရိုးပံုပန္းအေပၚ မူတည္တယ္။ လူကိုယ္ခႏၶာဟာ အရိုးေပၚမွာ တည္ေဆာက္ထားတယ္။ အရိုးကို အလွအပအတြက္ ျပင္ေပးဘို႔ရာ မရသေလာက္ ခက္ပါတယ္။ ေခမာမိဖုရားၾကီး တရားခြ်တ္ခန္း ပန္းခ်ီ ေတြ႔ဘူးသူ မ်ားမွာပါ။ အရိုးပေဒသာေပၚကေန ၾကြက္သားေတြ၊ အရြတ္ေတြ၊ အဆီေတြ နဲ႔ အေပၚကေန အေရျပား ဖံုးထားတယ္။ အတြင္းထဲမွာ အဂၤါအစိတ္အပိုင္းေတြရွိတယ္။ လွခ်င္သူေတြက အလွေဗဒ နားလည္ၾကမယ္ ထင္ပါတယ္။ (ဗီးနပ္စ္) ဂရိလက္ရာ ရုပ္ထုဟာ သမိုင္းမွာ အခ်စ္နဲ႔ အလွကို ကိုယ္စားျပဳတယ္။ လက္ေတြ ျပတ္ေနတာေတာင္ ခုထိ တန္ဘိုးထားတံုးဘဲ။ သတိျပဳဘို႔က ခါးမေသးပါ။ ရင္ကလဲ သူလိုကိုယ္လိုပါ။ သက္ရွိလူေတြကို လွတယ္လို႔ သတ္မွတ္တာေတာ့ ရုပ္တုေတြနဲ႔ မတူႏိုင္ပါ။ ကိုယ္ေနဟန္ထား၊ အဝတ္အစား၊ မ်က္ႏွာေပး၊ မူယာ--မာယာ၊ စတာစတာေတြနဲ႔ အလွကို အသက္ဝင္ေစႏိုင္တယ္။ ဖက္ရွင္ ဘန္းစကားတခု ျဖစ္တဲ့ Catwalk ေလွ်ာက္လမ္းမွာ လမ္းေလွ်ာက္ျပရတဲ့ ဖက္ရွင္မယ္ေတြဟာ အသစ္ေပၚ အဝတ္အစား၊ အသံုးအေဆာင္ေတြဝတ္ျပီး၊ အင္မတန္ ပိန္ပါးျပီး တအားအရပ္ရွည္ၾကရတာကုိ စံလို႔ သတ္မွတ္ထားတယ္။ ရင္မထြားတာလဲ တန္ဘိုးတရပ္ မဟုတ္ပါလား။ ပုဗၺေစတနာ ပ်က္စီးမႈေၾကာင့္ အရုပ္ဆုိးရသူ (ပဥၥပါပီ) ဟာ ေဖာ႒ာဗၺာရံုမွာေတာ့ နာမည္ၾကီးတယ္လို႔ ဖတ္ရတယ္။ အာရံုခံစားမႈ အရည္အခ်င္း အလြန္႔အလြန္ကို ေကာင္းလွသတဲ့။ အာရံုေၾကာေတြ ေကာင္းဘို႔ရာ က်န္းမာဘို႔ မလိုပါလား။ ဗီတာမင္ (ဘီ) ေတြက အာရံုေၾကာအတြက္ ေကာင္းတယ္။ ဆီးခ်ိဳရွိေနသူေတြ ေျခလက္ ထံုတာဟာ B6 နဲ႔ B12 နည္းလို႔ ျဖစ္တယ္။ B1 ဟာ စိုးရိမ္စိတ္ကို သက္သာေစတာက အာရံုေၾကာေတြအေပၚ သက္ေရာက္လို႔ ျဖစ္တယ္။ E လဲနည္းရင္ Neuron degeneration အာရံုေၾကာေရာဂါ ရေစႏိုင္တယ္။ ဗီတာမင္ (စီ) ကလဲ စိုးရိမ္စိတ္ကို သက္ေသာေစတဲ့အျပင္ ဦးေႏွာက္-ဓါတုအလုပ္ နဲ႔ (အျဒီနယ္-ဂလင္း) ေတြကို ကူညီတယ္။ ဓါတ္ဆားေတြထဲက (ကယ္လ္စီယမ္) နဲ႔ (မဂၢနီဆီယမ္) ေတြလဲ အာရံုေၾကာေတြအတြက္ လိုတယ္။ ၾကြက္သားေတြအတြက္လဲ ဗီတာမင္ေတြက အေရးပါတယ္။ A ကေန ၾကြက္သားေတြ တင္းအားနည္းတာကို ကူညီမယ္။ B နည္းရင္ အားယုတ္ျပီး ၾကြက္သာေတြနာေနမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ

Unicode Version

အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံးတွေထဲမှာ ပါတယ်။

ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကိုတော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ်တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။
ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင်ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာလဲ ပညာရှိရာကျတယ်။

ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။

မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော်ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲစေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေးနေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံးသူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက်မှာတင် ရှိတယ်။

သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။ (၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။ (၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။ (၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။ အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်းထည့်ပေးတာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင်နည်းတွေမှာ Saline-filled (စေလိုင်း) သုံးနည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ်ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါသာမှတ်။ • Breast implant ရင်သားအတု Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း/2012/01/breast-reconstruction.html တွေ ရေးထားပါတယ်။ အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။

ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်းတွေ ရှိပါတယ်။ • Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။ • Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။ • Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။ • Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။ • Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။ • Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။ • လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။

ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ်သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။

ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ်သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top