Property Expo
×

အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားဟာ အမ်ိဳးသမီးေတြေလာက္ေတာ့ ဖက္ရွင္ကို စိတ္၀င္စားေလ့လာမႈ မရွိတတ္ၾကပါဘူး ။ ၀တ္ေနက် တီရွပ္၊ ရွပ္အက်ႍဒီဇိုင္းေတြကိုသာ ထပ္တလဲလဲျပန္၀ယ္ၾကေလ့ရွိၿပီး သြားေနက် ေရွာ့ပင္းေမာ၊ ဒါမွမဟုတ္ စတိုးဆုိင္ေတြကိုသာ အလြယ္တကူသြားၿပီး ၀ယ္ယူၾကေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ခ်စ္သူေကာင္ေလးနဲ႔အတူ ေရွာ့ပင္လည္း ထြက္ခ်င္တယ္။ သူ႔ကိုလည္း အ၀တ္အစားေလးေတြ ၀ယ္ေပးခ်င္သူေတြအတြက္ ဘယ္လိုအခ်က္ေလးေတြကို နားလည္ထားမွ အဆင္ေျပလိမ့္မလဲဆိုတာ ခုလိုေဖာ္ျပေပးလိုက္ပါတယ္။

၁။သူႀကိဳက္တတ္တာေလးေတြကို သိထားေပးပါ။

သူက တီရွပ္ဆုိ ဘယ္လိုဒီဇို္င္းမ်ိဳး၀တ္ေလ့ရွိပါသလဲ။ ရွပ္အက်ႍဆိုရင္ေရာ ဘယ္လိုအေရာင္မ်ိဳးေလးေတြ ႀကိဳက္တတ္ပါသလဲ။ ေသခ်ာမသိဘူးဆိုရင္လည္း သူ႔ရဲ႕အက်ႍတစ္ခ်ိဳ႕ကို ေတာင္းၾကည့္လိုက္ပါ။ သူႀကိဳက္တတ္တာ ဘာဆိုတာ သိထားမွ သူနဲ႔ေရွာ့ပင္ထြက္တဲ့အခါ အဆင္ေျပႏိုင္မွာပါ။

၂။ေစ်းမ၀ယ္ခင္ စာရင္ေလး လုပ္ထားပါ။

သူနဲ႔ေရွာ့ပင္ထြက္တဲ့အခါ တစ္ဆိုင္၀င္၊ တစ္ဆုိင္ထြက္နဲ႔ မလိုတာေတြ မ၀ယ္မိရေလေအာင္ ေရွာ့ပင္မထြက္ခင္ စာရင္းေလးေသခ်ာလုပ္ထားပါ။ သူတကယ္လိုေနတာကဘာဆိုတာလည္း သိထားဖုိ႔ လိုပါတယ္။

၃။ဘယ္ဆုိင္သြားမလဲဆိုတာ ႀကိဳစဥ္းစားထားပါ။

ေရွာ့ပင္လုပ္ေတာ့မယ္ဆုိရင္ သြားမယ့္ဆိုင္ေတြ ႀကိဳစဥ္းစားထားတာ အေကာင္းဆံုးပါပဲ။ ဘာျဖစ္လုိ႔လဲဆိုေတာ့ မိန္းကေလးေတြက ေရွာ့ပင္အတြက္ဆို ေျခေထာက္မေညာင္းတတ္ေပမယ့္ ေယာက်ၤားေလးေတြကေတာ့ အဲ့ဒီလို မဟုတ္တတ္လို႔ပါ။ ဒါ့ေၾကာင့္ အခ်ိန္ကုန္သက္သာၿပီး ထိေရာက္ေစမယ့္နည္းကေတာ့ ဆိုင္ေတြကို ႀကိဳစဥ္းစားဖို႔ပဲေပါ့။

၄။အမ်ိဳးသားဖက္ရွင္အတြက္ ဘာေတြေခတ္စားေနလဲဆိုတာ ေလ့လာထားပါ။

ခုလတ္တေတာ အမ်ိဳးသားဖက္ရွင္နဲ႔ ပတ္သက္ၿပီး ဘာေတြေခတ္စားေနလဲ၊ ဘယ္လိုဒီဇိုင္းမ်ိဳးေလးေတြ အ၀တ္မ်ားေနၾကလဲဆိုတာ အနည္းဆံုးသိထားရင္ ကိုယ့္ေကာင္ေလးကို ဒီဇိုင္းပိုင္းနဲ႔ ပတ္သက္ၿပီး အႀကံေပးလို႔ရတာေပါ့။

၅။အျငင္းအခုန္လုပ္တာမ်ိဳးေတြ ေရွာင္ပါ။

အ၀တ္အစားဆိုင္မွာ သူက ဘာႀကိဳက္တယ္၊ ကိုယ္က ဘာ၀ယ္သင့္တယ္ စသျဖင့္ ေျပာဆိုရင္း ျငင္းခုန္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အဲ့ဒါမ်ိဳးေတြ တတ္ႏိုင္သမွ်ေရွာင္ပါ။ သူ႔ကို ဘာလုိ႔ဒီဟာကို မ၀ယ္တာလဲ ဆိုတာမ်ိဳး ေျပာဆုိၿပီး ဖိအားမေပးပါနဲ႔။

၆။သူ႔စတိုလ္ကို လံုး၀ေျပာင္းပစ္လိုက္မယ္ဆိုၿပီး ေတြးမထားပါနဲ႔။

သူ၀တ္စားေနတဲ့ ဒီဇိုင္းေတြ ကိုယ္က လံုး၀မႀကိဳက္တာေၾကာင့္  ခုတစ္ခါေတာ့ အခြင့္အေရးရၿပီ၊ ငါ သူ႔ကို အားလံုးေျပာင္းလဲပစ္လုိက္မယ္ဆုိၿပီး မေတြးထားပါနဲ႔။ သူႀကိဳက္တဲ့အရာကို ကိုယ္ႀကိဳက္တာနဲ႔ ခ်က္ခ်င္းႀကီး အစားထိုးပစ္လိုက္တာဟာ သူ႔အတြက္ ခံစားေစရတာေၾကာင့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

အမျိုးသားတော်တော်များများဟာ အမျိုးသမီးတွေလောက်တော့ ဖက်ရှင်ကို စိတ်ဝင်စားလေ့လာမှု မရှိတတ်ကြပါဘူး ။ ဝတ်နေကျ တီရှပ်၊ ရှပ်အကျႍဒီဇိုင်းတွေကိုသာ ထပ်တလဲလဲပြန်ဝယ်ကြလေ့ရှိပြီး သွားနေကျ ရှော့ပင်းမော၊ ဒါမှမဟုတ် စတိုးဆိုင်တွေကိုသာ အလွယ်တကူသွားပြီး ဝယ်ယူကြလေ့ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်လေးနဲ့အတူ ရှော့ပင်လည်း ထွက်ချင်တယ်။ သူ့ကိုလည်း အဝတ်အစားလေးတွေ ဝယ်ပေးချင်သူတွေအတွက် ဘယ်လိုအချက်လေးတွေကို နားလည်ထားမှ အဆင်ပြေလိမ့်မလဲဆိုတာ ခုလိုဖော်ပြပေးလိုက်ပါတယ်။

၁။သူကြိုက်တတ်တာလေးတွေကို သိထားပေးပါ။

သူက တီရှပ်ဆို ဘယ်လိုဒီဇိုင်းမျိုးဝတ်လေ့ရှိပါသလဲ။ ရှပ်အကျႍဆိုရင်ရော ဘယ်လိုအရောင်မျိုးလေးတွေ ကြိုက်တတ်ပါသလဲ။ သေချာမသိဘူးဆိုရင်လည်း သူ့ရဲ့အကျႍတစ်ချို့ကို တောင်းကြည့်လိုက်ပါ။ သူကြိုက်တတ်တာ ဘာဆိုတာ သိထားမှ သူနဲ့ရှော့ပင်ထွက်တဲ့အခါ အဆင်ပြေနိုင်မှာပါ။

၂။ဈေးမဝယ်ခင် စာရင်လေး လုပ်ထားပါ။

သူနဲ့ရှော့ပင်ထွက်တဲ့အခါ တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက်နဲ့ မလိုတာတွေ မဝယ်မိရလေအောင် ရှော့ပင်မထွက်ခင် စာရင်းလေးသေချာလုပ်ထားပါ။ သူတကယ်လိုနေတာကဘာဆိုတာလည်း သိထားဖို့ လိုပါတယ်။

၃။ဘယ်ဆိုင်သွားမလဲဆိုတာ ကြိုစဉ်းစားထားပါ။

ရှော့ပင်လုပ်တော့မယ်ဆိုရင် သွားမယ့်ဆိုင်တွေ ကြိုစဉ်းစားထားတာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေက ရှော့ပင်အတွက်ဆို ခြေထောက်မညောင်းတတ်ပေမယ့် ယောကျၤားလေးတွေကတော့ အဲ့ဒီလို မဟုတ်တတ်လို့ပါ။ ဒါ့ကြောင့် အချိန်ကုန်သက်သာပြီး ထိရောက်စေမယ့်နည်းကတော့ ဆိုင်တွေကို ကြိုစဉ်းစားဖို့ပဲပေါ့။

၄။အမျိုးသားဖက်ရှင်အတွက် ဘာတွေခေတ်စားနေလဲဆိုတာ လေ့လာထားပါ။

ခုလတ်တတော အမျိုးသားဖက်ရှင်နဲ့ ပတ်သက်ပြီး ဘာတွေခေတ်စားနေလဲ၊ ဘယ်လိုဒီဇိုင်းမျိုးလေးတွေ အဝတ်များနေကြလဲဆိုတာ အနည်းဆုံးသိထားရင် ကိုယ့်ကောင်လေးကို ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ပြီး အကြံပေးလို့ရတာပေါ့။

၅။အငြင်းအခုန်လုပ်တာမျိုးတွေ ရှောင်ပါ။

အဝတ်အစားဆိုင်မှာ သူက ဘာကြိုက်တယ်၊ ကိုယ်က ဘာဝယ်သင့်တယ် စသဖြင့် ပြောဆိုရင်း ငြင်းခုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါမျိုးတွေ တတ်နိုင်သမျှရှောင်ပါ။ သူ့ကို ဘာလို့ဒီဟာကို မဝယ်တာလဲ ဆိုတာမျိုး ပြောဆိုပြီး ဖိအားမပေးပါနဲ့။

၆။သူ့စတိုလ်ကို လုံးဝပြောင်းပစ်လိုက်မယ်ဆိုပြီး တွေးမထားပါနဲ့။

သူဝတ်စားနေတဲ့ ဒီဇိုင်းတွေ ကိုယ်က လုံးဝမကြိုက်တာကြောင့်  ခုတစ်ခါတော့ အခွင့်အရေးရပြီ၊ ငါ သူ့ကို အားလုံးပြောင်းလဲပစ်လိုက်မယ်ဆိုပြီး မတွေးထားပါနဲ့။ သူကြိုက်တဲ့အရာကို ကိုယ်ကြိုက်တာနဲ့ ချက်ချင်းကြီး အစားထိုးပစ်လိုက်တာဟာ သူ့အတွက် ခံစားစေရတာကြောင့်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top