Property Expo
×





#Unicode Version

တရုတ်နိုင်ငံမှာ ပြေးဆွဲနေတဲ့အများပြည်သူသုံးရထားလိုင်းတစ်ခုကို အစိမ်းရောင်သဘာဝအဆန်ဆုံး ရထားလိုင်းအနုပညာတစ်ခုကိုပုံ ဖော်ဖန်တီးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ရထားလိုင်း တစ်စီးလုံးကို စိမ်းစိုပြီးတော့ သဘာဝတောတောင်လေးထဲ ရောက်နေသလို ဖန်တီးပေးနိုင်တဲ့ စိတ်ကူးက တကယ့်ကို အံ့သြချီးကျူးစရာပါပဲ။

တရုတ်အရှေ့ပိုင်း ဟန်ဇိုးမြို့တော်မှာ နေထိုင်တဲ့ ခရီးသွားပြည်သူ တွေက ဒီလိုမျိုး ရထားတစ်စီးလုံးကို အစိမ်းရောင်ပတ်ဝန်းကျင်အ ဖြစ်ပြောင်းလဲဖို့ ဆန္ဒရှိကြတာ ဖြစ်ကာ ရထားရဲ့ အတွဲတွေ၊ နံရံ၊ မျက်နှာကျက်၊ ရထားခုံ၊ ကြမ်းခင်း အစရှိသဖြင့်တွေမှာ သစ်ပင်ပန်း မန်တွေနဲ့ ပြင်ဆင်ခဲ့ကြကာ သဘာဝတောကလေးတစ်ခုသဖွယ် ဖန်တီးခဲ့ကတာ ဖြစ်ပါတယ်။

ရထားပေါ်တက်စီးနင်းလိုက်တာနဲ့ သဘာဝဥယျာဉ်တောကလေးထဲ ရောက်သွားသလို အေးချမ်းပြီးစိမ်းစိုတဲ့ ခံစားမှုကို ရရှိသွားနိုင်မယ့် ခံစားမှုမျိုးကို ခံစားရစေပြီးတော့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်မှုကိုလည်း သတိချပ်စေသလိုဖြစ်စေတာကို မြင် တွေ့ရနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top