Property Expo
×

၁) ၃၇ % ေသာအမ်ိဳးသားေတြဟာ နမ္းေနတဲ့အခ်ိန္မွာ မ်က္လံုးေတြပိတ္ထားေလ့ရွိၿပိး
 ၉၇ % ေသာအမ်ိဳးသမီးေတြကလည္း နမ္းေနစဥ္မ်က္လံုးပိတ္္ထားတတ္ၾကပါတယ္...

၂) ၁ မိနစ္ေလာက္ နမ္းလုိက္ျခင္းအားျဖင့္ ၂၆ ကယ္လုိရီေလာက္ ေလာင္ကၽြမ္းႏုိင္ပါတယ္...


၃) သုေတသနျပဳခ်က္မ်ားအရ လူႏွစ္ေယာက္ နမ္းေနတဲ့အခ်ိန္မွာ ခႏၶာကိုယ္မွာရွိတဲ့ ၾကြက္သားအကုန္လံုးနီးပါးကို အသံုးျပဳတတ္ၾကပါတယ္...

၄) သင္နဲ႔ ဆံပင္အေရာင္တူတဲ့ သူနဲ႔ နမ္းမယ္ဆုိရင္ ခ်စ္စိတ္ေတြပိုၿပီးျပင္းျပလာႏုိင္ပါတယ္....

၅) ကၽြန္ေတာ္တို႔ရဲ့ သက္တမ္းတစ္ေလွ်ာက္မွာ အနမ္းေပါင္း ၂၅၀၀၀ အထိ လက္ခံရရွိႏုိင္ပါတယ္... အဲ့ဒီအနမ္းေတြထဲမွာ ပါးေလးကို ဖြဖြနမ္းလုိက္တာကေနစၿပီး ေျခႏွစ္ဖက္ၫႊတ္ေခြသြားေအာင္ အားပါးတရနမ္းလိုက္တာမ်ိဳးအထိ ပါဝင္ပါတယ္....

၆) ကၽြန္ေတာ္တုိ႔ရဲ့ ဦးေႏွာက္ထဲမွာ အေမွာင္ထဲက တျခားႏႈတ္ခမ္းတစ္စံုကို အလိုလိုရွာေဖြႏုိင္တဲ့ အာ႐ံုေၾကာစနစ္ေတြပါဝင္ပါတယ္....

၇) အနမ္းတစ္ခုဟာ နာက်င္မႈကို သက္သာေစတဲ့ေနရာမွာ ေမာ္ဖင္းထက္ ဆယ္ဆ ပိုထိေရာက္ပါတယ္... ဘာေၾကာင့္လဲဆုိေတာ့ အနမ္းဟာ ခႏၶာကုိယ္ရဲ့ နာက်င္မႈပေပ်ာက္ေစတဲ့ ဓာတ္ေတြကို ႏႈိးဆြေပးႏုိင္လို႔ပါပဲ... ဒါေၾကာင့္ မိခင္ေတြဟာ သူတို႔ရဲ့ ကေလးငယ္ေလးေတြ ဒဏ္ရာအနာတရျဖစ္လာရင္ အနမ္းေလးနဲ႔ ႏွစ္သိမ့္ေပးတာဟာ ထိေရာက္တဲ့ လုပ္ေဆာင္ခ်က္တစ္ရပ္ျဖစ္ေနရျခင္း ျဖစ္ပါတယ္....

၈) ေရွးအီဂ်စ္လူမ်ိဳးေတြဟာ သူတုိ႔ရဲ့ ႏွာေခါင္းေတြကို အသံုးျပဳၿပီးနမ္းၾကပါတယ္.... ႏႈတ္ခမ္းနဲ႔ မနမ္းၾကပါဘူး....

၉) လူတစ္ေယာက္ဟာ ပ်မ္းမွ်အားျဖင့္ သူတို႔သက္တမ္းတစ္ေလွ်ာက္လံုးမွာ နမ္းဖို႔အတြက္ ၁၄ ရက္ေလာက္ အခ်ိန္ေတြသံုးၾကရပါတယ္...

၁၀) အၾကာဆံုးအနမ္းဟာ ၁၉၈၄ ခုႏွစ္က ခ်ီကာဂိုၿမိဳ႕မွာျဖစ္ခဲ့ၿပီး ၁၇ ရက္နဲ႔ ၁၀ နာရီခြဲ ၾကာခဲ့ပါတယ္... ႐ုပ္ရွင္ကားထဲက အၾကာဆံုးအနမ္းဟာ ၁၉၄၀ ခုႏွစ္က You're in the Army Now ဆုိတဲ့ ဇာတ္ကားမွာ Jane Wyman နဲ႔ Reg Toomey တုိ႔ နမ္းခဲ့ၿပီး ၁၈၅ စကၠန္႔ၾကာ ရင္ခ်င္းအပ္ၿပီး နမ္းခဲ့ၾကတာျဖစ္ပါတယ္...

၁၁) အလယ္ေခတ္ (ေအဒီ ၁၁၀၀-၁၄၀၀ ခန္႔) ရဲ့ အီတလီႏုိင္ငံမွာ နမ္းေနတာကို ေတြ႔ျမင္တဲ့ စံုတြဲေတြဟာ အတင္းလက္ထပ္ေပးစားျခင္းခံခဲ့ရပါတယ္...

၁၂) ႐ုပ္ရွင္ဇာတ္ကားေတြထဲက အေၾကာ္ၾကားဆံုးအနမ္းဟာ Gone With the Wind ဇာတ္ကားထဲက Clark Gable နဲ႔ Vivien Leigh တုိ႔ရဲ့ အနမ္းျဖစ္ပါတယ္... တကယ္ေတာ့ Gable ရဲ့ သြားတုနဲ႔ ဝီစကီနံ႔ထြက္တဲ့ေလေတြေၾကာင့္ Leigh ကို တုန္ခါေနတဲ့အထိ မသက္မသာျဖစ္ေစခဲ့ပါတယ္....

၁၃) အနမ္းေပးျခင္းဟာ အလွအပကုထံုးတစ္ရပ္လည္းျဖစ္ပါတယ္... နမ္းျခင္းျဖင့္ သင့္ရဲ့ မ်က္လံုးေတြကို ေတာက္ပေစၿပီး သင့္အေရျပားကုိ ဝင္းမြတ္ေစပါတယ္...

၁၄) အနမ္းခံရတာမ်ားတဲ့ ကေလးေတြဟာ ေနာက္ပုိင္းမွာ ပိုၿပီးၾကင္နာတတ္တဲ့သူေတြျဖစ္လာၾကပါတယ္....

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ႏႈိင္းရင့္ေႏြ

#Unicode Version

၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး
 ၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်ကြပါတယ်...

၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...


၃) သုတေသနပြုချက်များအရ လူနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအကုန်လုံးနီးပါးကို အသုံးပြုတတ်ကြပါတယ်...

၄) သင်နဲ့ ဆံပင်အရောင်တူတဲ့ သူနဲ့ နမ်းမယ်ဆိုရင် ချစ်စိတ်တွေပိုပြီးပြင်းပြလာနိုင်ပါတယ်....

၅) ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အနမ်းပေါင်း ၂၅၀၀၀ အထိ လက်ခံရရှိနိုင်ပါတယ်... အဲ့ဒီအနမ်းတွေထဲမှာ ပါးလေးကို ဖွဖွနမ်းလိုက်တာကနေစပြီး ခြေနှစ်ဖက်ညွှတ်ခွေသွားအောင် အားပါးတရနမ်းလိုက်တာမျိုးအထိ ပါဝင်ပါတယ်....

၆) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အမှောင်ထဲက တခြားနှုတ်ခမ်းတစ်စုံကို အလိုလိုရှာဖွေနိုင်တဲ့ အာရုံကြောစနစ်တွေပါဝင်ပါတယ်....

၇) အနမ်းတစ်ခုဟာ နာကျင်မှုကို သက်သာစေတဲ့နေရာမှာ မော်ဖင်းထက် ဆယ်ဆ ပိုထိရောက်ပါတယ်... ဘာကြောင့်လဲဆိုတော့ အနမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုပပျောက်စေတဲ့ ဓာတ်တွေကို နှိုးဆွပေးနိုင်လို့ပါပဲ... ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်လေးတွေ ဒဏ်ရာအနာတရဖြစ်လာရင် အနမ်းလေးနဲ့ နှစ်သိမ့်ပေးတာဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နေရခြင်း ဖြစ်ပါတယ်....

၈) ရှေးအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို အသုံးပြုပြီးနမ်းကြပါတယ်.... နှုတ်ခမ်းနဲ့ မနမ်းကြပါဘူး....

၉) လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းတစ်လျှောက်လုံးမှာ နမ်းဖို့အတွက် ၁၄ ရက်လောက် အချိန်တွေသုံးကြရပါတယ်...

၁၀) အကြာဆုံးအနမ်းဟာ ၁၉၈၄ ခုနှစ်က ချီကာဂိုမြို့မှာဖြစ်ခဲ့ပြီး ၁၇ ရက်နဲ့ ၁၀ နာရီခွဲ ကြာခဲ့ပါတယ်... ရုပ်ရှင်ကားထဲက အကြာဆုံးအနမ်းဟာ ၁၉၄၀ ခုနှစ်က You're in the Army Now ဆိုတဲ့ ဇာတ်ကားမှာ Jane Wyman နဲ့ Reg Toomey တို့ နမ်းခဲ့ပြီး ၁၈၅ စက္ကန့်ကြာ ရင်ချင်းအပ်ပြီး နမ်းခဲ့ကြတာဖြစ်ပါတယ်...

၁၁) အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀ ခန့်) ရဲ့ အီတလီနိုင်ငံမှာ နမ်းနေတာကို တွေ့မြင်တဲ့ စုံတွဲတွေဟာ အတင်းလက်ထပ်ပေးစားခြင်းခံခဲ့ရပါတယ်...

၁၂) ရုပ်ရှင်ဇာတ်ကားတွေထဲက အကြော်ကြားဆုံးအနမ်းဟာ Gone With the Wind ဇာတ်ကားထဲက Clark Gable နဲ့ Vivien Leigh တို့ရဲ့ အနမ်းဖြစ်ပါတယ်... တကယ်တော့ Gable ရဲ့ သွားတုနဲ့ ဝီစကီနံ့ထွက်တဲ့လေတွေကြောင့် Leigh ကို တုန်ခါနေတဲ့အထိ မသက်မသာဖြစ်စေခဲ့ပါတယ်....

၁၃) အနမ်းပေးခြင်းဟာ အလှအပကုထုံးတစ်ရပ်လည်းဖြစ်ပါတယ်... နမ်းခြင်းဖြင့် သင့်ရဲ့ မျက်လုံးတွေကို တောက်ပစေပြီး သင့်အရေပြားကို ဝင်းမွတ်စေပါတယ်...

၁၄) အနမ်းခံရတာများတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ပိုပြီးကြင်နာတတ်တဲ့သူတွေဖြစ်လာကြပါတယ်....

ဖိုးသူတော် (www.phothutaw.com)
Credit:နှိုင်းရင့်နွေ


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top