iGREEN Promotion Singapore
×
Credit:Myanmarload
#Unicode Version
အမေဖြစ်သူ ပြန်လာတဲ့အခါမှာတော့ ကလေးငယ်ဟာ မျက်ခုံးနေရာကနေ လျှာ၊ မျက်လုံးနဲ့ လက်ချောင်းစတဲ့ ကိုယ်အစိတ်အပိုင်းတွေ ကြွက်စားထားတာကိုတွေ့မြင်ခဲ့ရပါတယ်။
တောင်အာဖရိကနိုင်ငံ၊Johannesburgမှာရှိတဲ့Katlehongဆိုတဲ့အရပ်မှာ နေထိုင်သူတွေဟာ နွမ်းပါး
ဆင်းရဲကြပါတယ်။ အသက်၂ရနှစ်အရွယ်ရှိ Bukiswa Dwadwaအမည်ရတဲ့ မိခင်ဖြစ်သူဟာ အသက်သုံးလသာရှိသေးတဲ့ သမီးငယ်လေးကို တဲထဲမှာထားခဲ့ပြီး အရက်သွားသောက်ခဲ့ပါတယ်။ ဒါပေမယ့် သူမပြန်လာတဲ့အခါမှာ ကြွက်တွေကနေ ကလေးငယ်လေးကို စားသောက်နေတာတွေ့ခဲ့ပြီး ဘယ်လိုမှ အချိန်မမှီနိုင်ခဲ့ပါဘူး။
သုံးလအရွယ်သမီးလေးရဲ့ အမြွှာအကိုဖြစ်သူကိုတော့ တဲထဲကနေ အချိန်မှီဆွဲထုတ်နိုင်ခဲ့ပါတယ်။ ကလေးငယ်ဟာ မျက်လုံး၊ လျှာနဲ့ လက်ချောင်းတွေပျောက်ဆုံးနေပြီး ခန္ဓာကိုယ်ရဲ့ နေရာအနှံအပြားမှာ
 ကြွက်တွေရဲ့ သွားကိုက်ရာတွေ ဒဏ်ရာတွေကို တွေ့မြင်ခဲ့ရပါတယ်။
ကလေးငယ်ရဲ့မိခင်ဖြစ်သူကိုတော့ သက်ဆိုင်ရာကနေ ကလေးငယ်ကို လျစ်လျူရှုထားတဲ့အမှုနဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ကျနိုင်ဖွယ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top