Property Expo
×

ျပင္ဦးလြင္မွာေမြးၿပီး ျပင္ဦးလြင္မွာၾကီးျပင္းခဲ့တဲ့ ကခ်င္လူမ်ိဳး နင္ဇီေမဟာ ဂီတကို၀ါသနာၾကီးလြန္းတဲ့အတြက္ေၾကာင့္ ေမြးရပ္ေျမျဖစ္တဲ့ ျပင္ဦးလြင္ျမဳိ႕ကိုစြန္႕ခြာကာ  ရန္ကုန္မွာ ပထမဆံုးအၾကိမ္က်င္းပတဲ့ Myanmar Idol ျပိဳင္ပြဲကိုယွဥ္ျပိဳင္ျဖစ္ခဲ့ပါတယ္။ ျပိဳင္ပြဲမွာ သူမ Winner ဆုကိုမရရွိခဲ့ေပမဲ့ ပရိသတ္အခိုင္အမာအားေပးျခင္းခံရသူလို႕ ေျပာရင္ေတာ့ မမွားပါဘူး။ ဒါ့အျပင္ေရွ႕ရက္ေတြက လူမႈကြန္ယက္ေပၚမွာ ရဲေလးနဲ႕တြဲေနတယ္ဆိုတဲ့သတင္းေတြ ထြက္ေနတာေၾကာင့္ သူမရွိရာသို႕သြားေရာက္ေတြ႕ဆံုၿပီး အခ်စ္ေရးအျပင္ လက္ရွိဂီတလႈပ္ရွားမႈမ်ားကိုသြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ ဂီတလႈပ္ရွားမႈအေနနဲ႕ဘာေတြလုပ္ျဖစ္ေနလဲ။

ညီမအခုလက္ရွိက ရန္ကုန္ပြဲေလးေတြဆိုတာမ်ားတယ္။ ပြဲတက္ေပးရမွာေတြမ်ားတယ္။ ေနာက္ညီမရဲ႕Single Album ေလးအတြက္ၾကိဳးစားေနတယ္။ ခရီးေတြထြက္လိုက္္၊ ျပန္လာရင္ သီခ်င္းလုပ္လုိက္ေပါ့။

-New Year ကိုေရာ ဘယ္လုိျဖတ္သန္းျဖစ္မလဲ။

New Year ပြဲမွာရွိပါမယ္။ ညီမအျပင္ မျဖဴပါမယ္။ ကိုေအာင္ထက္ပါပါမယ္။ ညီမရဲ႕သီခ်င္းေတြနဲ႕ပဲေဖ်ာ္ေျဖျဖစ္ပါမယ္။ ျပိဳင္ပြဲကသီခ်င္းေလးေတြဆိုျဖစ္မယ္။ ေနာက္အဂၤလိပ္သီခ်င္းေလးေတြဆုိျဖစ္မယ္။

-Myanmar Idol ျပိဳင္ပြဲမွာေရာ ဘယ္လိုကဘယ္လိုစ၀င္ၿပီး ျပိဳင္ျဖစ္တာလဲ။

ျပိဳင္ပြဲကက်ေတာ့ အေမက ေၾကာ္ျငာေတြ႕ၿပီး ညီမကိုျပတယ္။ ညီမကလဲ အဲ့ဒီျပိဳင္ပြဲကို အရင္စိတ္၀င္စားတယ္။ ျမန္မာႏုိင္ငံမွာလဲ ပထမဆံုးအၾကိမ္စလုပ္တာဆိုေတာ့ စိတ္၀င္စားတာနဲ႕၀င္ျပိဳင္ျဖစ္ခဲ့တာပါ။

-အဲ့ဒီမတိုင္ခင္ကေရာ ဂီတနဲ႕ပတ္သက္ၿပီးဘာေတြလုပ္ခဲ့ဖူးလဲ။

ေက်ာင္းပြဲေလးေတြဆိုတယ္။ ျပိဳင္ပြဲေလးေတြမွာ၀င္ျပိဳင္ဖူးတယ္။ ျပင္သစ္သီခ်င္းဆိုျပိဳင္ပြဲတို႕ကိုရီးယားသီခ်င္းဆိုျပိဳင္ပြဲတုိ႕မွာေပါ့။ အဲ့ဒီေလာက္ပါပဲ။

-တစ္ကိုယ္ေတာ္ေခြလုပ္ေနတာေရာ ဘယ္ေလာက္ရွိေနၿပီလဲ။

အခုမွသီခ်င္းေတြစစုေနတုန္းေပါ့။ ရရင္ေတာ့သြင္းထားလုိက္တာေပါ့။ ၿပီးေတာ့ ေတးေရးဆရာေတြနဲ႕ေတြ႕ျဖစ္တယ္။ ကိုေ၀ၾကီးဆီမွာ အပ္ထားတယ္။ ေနာက္သူငယ္ခ်င္းေတြလဲေရးေပးမယ္။ မွန္းထားတဲ့ေတးေရးဆရာေတြလဲရွိတယ္။ ဆရာေရႊေဂ်ာ္ေဂ်ာ္ရဲ႕သီခ်င္းေတြကိုလဲ ညီမၾကိဳက္တယ္ဆိုေတာ့ ဆရာ့ကိုလဲေရးေပးဖို႕ေျပာမယ္ေပါ့။

-ကိုယ့္ရဲ႕အသံအမ်ိဳးအစားကေရာ ဘယ္လိုသီခ်င္းမ်ိဳးေတြနဲ႕လိုက္ဖက္တယ္လို႕ထင္လဲ။

ညီမၾကိဳက္တာက ေရာ့္ခ္၊ ေမာ္လ္ဒန္ေရာ့္ခ္တို႕ ေအာ္တာေနးတစ္ ေရာ့္ခ္တို႕ညီမၾကိဳက္တယ္။ ညီမနဲ႕လိုက္တာကေတာ့ Adele  ပံုစံေလးေတြေပါ့။ ေအးေအးေလးေတြလဲၾကိဳက္ၾကတယ္။ ျပိဳင္ပြဲတုန္းကဆိုရင္လဲသီခ်င္းေအးေအးေလးေတြနဲ႕အားေပးတယ္ဆိုေတာ့ အားလံုးအၾကိဳက္ကို မွ်ၿပီးပါေအာင္ထည့္ရမွာေပါ့။ ကိုယ့္ရဲ႕ ျမဴးဆစ္ပံုစံတစ္ခု၊ ကုိယ့္ရဲ႕ ကိုယ္ပိုင္စတုိင္ေလးတစ္ခုေပၚေအာင္ထည့္မယ္ေပါ့။

-အေရွ႕မွာသြားဆိုျဖစ္တဲ့ နယ္ပြဲေလးေတြကိုလဲေျပာျပေပးပါဦး။

မုိးကုတ္၊၊ ေက်ာက္ဆည္၊ ဖားကန္႕၊ ျမစ္ၾကီးနား အဲ့ဖက္ေတြပိုမ်ားတယ္။

-ကိုရဲေလးအေခြထဲမွာလဲ တစ္ပုဒ္၀င္ဆိုထားတာေတြ႕ရတယ္။ တျခားအႏုပညာရွင္ေတြရဲ႕အေခြမွာေရာ ၀င္ဆုိေပးထားတာရွိလား။

အဲ့ဒီလိုေတာ့မရွိဘူး။ လာကမ္းလွမ္းတာေတြေရာရွိတယ္။ Comfirm မျဖစ္ေသးလို႕မေျပာေသးတာေပါ့။ တျခားေတာ့မရွိပါဘူး။

-ကိုရဲေလးအေခြထဲက သီခ်င္းေလးဆိုတုန္းကလဲ ပရိသတ္ေတြၾကိဳက္ၾက၊ အားေပးၾကတဲ့အေပၚ ညီမရဲ႕စိတ္ခံစားခ်က္ကဘယ္လိုရွိလဲ။

ညီမကိုရဲေလးကိုလဲ တကယ္ေက်းဇူးတင္တယ္။ ညီမတို႕ျပိဳင္ပြဲမၿပီးခင္ကတည္းက သူကအဲ့ဒီသီခ်င္းေလးေတြကို ေရးေပးထားတာပါ။ မဆုိဖီဆိုလဲ မဆိုဖီနဲ႕လုိက္မဲ့ပံုစံ၊ နင္ဇီဆိုလဲ နင္ဇီနဲ႕လုိက္မဲ့ပံုစံ ဆိုၿပီးေရးေပးထားတယ္။ သူ႕အေခြမွာလဲ အားလံုးကို ပါ၀င္ေစခ်င္တယ္။ အခုသူ႕အေခြမွာမပါလုိက္ရတဲ့သူေတြကုိလဲ သူကထပ္ေခၚမယ္ေျပာတယ္။ ပရိသတ္ေတြလဲကိုရဲေလးအေခြထဲက သီခ်င္းေလးကိုၾကိဳက္တယ္ဆုိေတာ့ ညီမေက်းဇူးတင္ပါတယ္။

-အခုလက္ရွိမွာ နင္ဇီနားေထာင္ျဖစ္ေနတဲ့သီခ်င္းေတြရွိရင္လဲသိခ်င္ပါတယ္။

အခုက Grace ရဲ႕သီခ်င္းေတြနားေထာင္ျဖစ္တာမ်ားတယ္။ သူ႕ကိုအခုၾကိဳက္ေနတယ္ေပါ့။ ဒီကဆိုရင္ Idiots နားေထာင္တယ္။ ေနာက္ Big Bag နားေထာင္ျဖစ္တယ္။

-အႏုပညာနဲ႕ပတ္သက္ၿပီး တျခားဘာေတြ၀ါသနာပါေသးလဲ။

သရုပ္ေဆာင္တာေတာ့မရဘူး။ သီခ်င္းဆိုတာ၀ါသနာပါတယ္။ ေနာက္ ကတာလဲရတယ္။ ကရတာၾကိဳက္တယ္။

-ဒီဇင္ဘာဆိုေတာ့ ခရီးေတြဘာေတြသြားဖို႕စီစဥ္ထားတာေရာ မရွိဘူးလား။

ညီမဘာသာေရးပြဲနဲ႕တြဲၿပီးေတာင္ၾကီးဖက္ကို သြားမယ္။ အဲ့ဒီဖက္မွာသူငယ္ခ်င္းေတြလ်ရွိတယ္။ ေနာက္ဘာသာေရးပြဲမွာလဲဆိုေပးဖို႕ဖိတ္ထားလို႕တစ္ခါတည္းသြားမယ္ေပါ့။

-ညီမမိသားစုအေၾကာင္းေလးကိုေျပာျပေပးပါဦး။

ညီမနာမည္က ေမနင္ဇီပါ။ အဲ့ဒါကိုျပိဳင္ပြဲမွာ၀င္ျပိဳင္မယ္ဆိုေတာ့ နာမည္ကိုေျပာင္းျပန္လွန္ၿပီး၀င္ျပိဳင္ျဖစ္တာပါ။ အေဖကေတာ့ လြန္ခဲ့တဲ့ ရွစ္ႏွစ္ကဆံုးသြားပါၿပီ။ အေမကေတာ့ရွိပါတယ္။ ေမာင္ႏွမငါးေယာက္ရွိပါတယ္။ အစ္ကိုႏွစ္ေယာက္၊ အစ္မတစ္ေယာက္၊ ေမာင္တစ္ေယာက္ေပါ့။ လူမ်ိဳးက ကခ်င္လူမ်ိဳးပါ။ ဇာတိကျပင္ဦးလြင္မွာေမြးၿပီးျပင္ဦးလြင္မွာၾကီးတာပါ။ အခုျပိဳင္ပြဲ၀င္ျပိဳင္ေတာ့ တစ္မိသားစုလံုးရန္ကုန္ကုိေျပာင္းလာလိုက္တာပါ။ ပညာအရည္အခ်င္းကေတာ့ ျမန္မာစာ ပထမႏွစ္ၿပီးသြားပါၿပီ။ အေခြထြက္ၿပီးမွျပန္ဆက္တက္ျဖစ္မွာေပါ့။

-ျပင္ဦးလြင္ေရာသြားျဖစ္ဦးမလား။

သြားျဖစ္မျဖစ္ေတာ့မေသခ်ာပါဘူး။ ဟိုမွာအမ်ိဳးေတြကေတာ့က်န္ခဲ့တယ္။ ဒီလိုအခ်ိန္က်ေတာ့ဟိုကိုအရမ္းျပန္ခ်င္တယ္။ အလုပ္ေတြသာမရွိရင္ ညီမျပင္ဦးလြင္ကိုသြားတယ္။ ဟိုမွာေနရာကိုလဲပိုေပ်ာ္တယ္။ ဒီမွာက်ေတာ့ အလုပ္ပဲလုပ္ေနရေတာ့ေလ။ ျပင္ဦးလြင္မွာပိုေပ်ာ္ပါတယ္။

-လက္ရွိေဖ့စ္ဘြတ္လူမႈကြန္ယက္ေပၚမွာေတြ႕ေနရတဲ့သက္ငယ္မုဒိန္းမႈေတြနဲ႕ပတ္သက္ၿပီး ညီမရဲ႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

ညီမေတာ္ေတာ္ စိတ္မေကာင္းဘူး။ ဟိုတေန႕ကအက်ီၤအျဖဴေလးေတြ၀တ္ၿပီး လုပ္တဲ့ပြဲကို သြားလိုက္တယ္။ ညီမသူငယ္ခ်င္းေတြနဲ႕ေပါ့။ ကိုယ့္ရဲ႕အျမင္ဆိုရင္ေတာ့ေတာ္ေတာ္မေကာင္းဘူးလို႕ေျပာရမွာေပါ့။ ၾကားရတာေတာ္ေတာ္အဆင္မေျပဘူး။ အႏုပညာရွင္ေတြေရာ ေဘးနားကလူေတြေရာ ဒီေလာက္ထိေတာင္းဆိုေနတဲ့ၾကားထဲကကို ဆက္တုိက္ျဖစ္ေနတယ္။ တစ္ရက္ျခားတစ္ခါျဖစ္ေနတယ္။ ၾကားရတာလဲအဆင္မေျပဘူး။

-ေနာက္တစ္ခုက လူမႈကြန္ယက္ေပၚမွာေတြ႕ေနရတဲ့ ရဲေလးနဲ႕ညီမေလးကိုတြဲေနၾကတယ္ဆိုၿပီးေျပာေနၾကတဲ့သတင္းနဲ႕ပတ္သက္ၿပီးေတာ့လဲသိခ်င္ပါတယ္။

အဲ့ဒီ page ကေတာ့ အႏုပညာရွင္ေတြကို အျမဲေျပာေနၾက page ဆိုေတာ့ေလ။ ညီမတင္မဟုတ္ဘူး။ တျခားသူေတြလဲ ဒီလိုပဲအေရးခံရတာပဲဆုိေတာ့ေလ။ ညီမတို႕လဲတစ္ေယာက္မွ မလြတ္ပါဘူး။ ေျပာေနၾကဆိုေတာ့ ဘာမွလဲမျဖစ္ေတာ့ပါဘူး။ တကယ္ေတာ့ ေကာလာဟလပါ။ ကိုရဲေလးနဲ႕သီခ်င္းထြက္ထားတယ္ဆုိေတာ့ ေလွ်ာက္ဖြတာပါ။ ကိုယ္က သိပ္အထူးတလည္ၾကီးလဲမခံစားရပါဘူး။ ေနာက္ၿပီးေရးတယ္လို႕ပဲသေဘာထားပါတယ္။ ဟာသတစ္ခုလိုပဲေပါ့။ အဲ့ဒီလိုအေရးခံရလို႕စိတ္အေနွာင့္အယွက္လဲမျဖစ္ပါဘူး။ သူငယ္ခ်င္းေတြလာျပေတာ့ ရယ္ပဲ ရယ္လုိက္ပါတယ္။

-အခုလက္ရွိအခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။

Single ပါ။ Completely Single ပါ။

-ညီမကိုအားေပးေနတဲ့ပရိသတ္ၾကီးကိုဘာမ်ားေျပာခ်င္ေသးလဲ။

ပရိသတ္ၾကီးအားလံုးႏွစ္သစ္မွာက်န္းမာပါေစ။ ခ်မ္းသာပါေစ။ လိုအပ္ဆႏၵေတြတစ္ေပါင္းထဲျပည့္ပါေစလို႕ဆုေတာင္းေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ပြင်ဦးလွင်မှာမွေးပြီး ပြင်ဦးလွင်မှာကြီးပြင်းခဲ့တဲ့ ကချင်လူမျိုး နင်ဇီမေဟာ ဂီတကိုဝါသနာကြီးလွန်းတဲ့အတွက်ကြောင့် မွေးရပ်မြေဖြစ်တဲ့ ပြင်ဦးလွင်မြို့ကိုစွန့်ခွာကာ  ရန်ကုန်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ Myanmar Idol ပြိုင်ပွဲကိုယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ သူမ Winner ဆုကိုမရရှိခဲ့ပေမဲ့ ပရိသတ်အခိုင်အမာအားပေးခြင်းခံရသူလို့ ပြောရင်တော့ မမှားပါဘူး။ ဒါ့အပြင်ရှေ့ရက်တွေက လူမှုကွန်ယက်ပေါ်မှာ ရဲလေးနဲ့တွဲနေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတာကြောင့် သူမရှိရာသို့သွားရောက်တွေ့ဆုံပြီး အချစ်ရေးအပြင် လက်ရှိဂီတလှုပ်ရှားမှုများကိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

ညီမအခုလက်ရှိက ရန်ကုန်ပွဲလေးတွေဆိုတာများတယ်။ ပွဲတက်ပေးရမှာတွေများတယ်။ နောက်ညီမရဲ့Single Album လေးအတွက်ကြိုးစားနေတယ်။ ခရီးတွေထွက်လိုက်၊ ပြန်လာရင် သီချင်းလုပ်လိုက်ပေါ့။

-New Year ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

New Year ပွဲမှာရှိပါမယ်။ ညီမအပြင် မဖြူပါမယ်။ ကိုအောင်ထက်ပါပါမယ်။ ညီမရဲ့သီချင်းတွေနဲ့ပဲဖျော်ဖြေဖြစ်ပါမယ်။ ပြိုင်ပွဲကသီချင်းလေးတွေဆိုဖြစ်မယ်။ နောက်အင်္ဂလိပ်သီချင်းလေးတွေဆိုဖြစ်မယ်။

-Myanmar Idol ပြိုင်ပွဲမှာရော ဘယ်လိုကဘယ်လိုစဝင်ပြီး ပြိုင်ဖြစ်တာလဲ။

ပြိုင်ပွဲကကျတော့ အမေက ကြော်ငြာတွေ့ပြီး ညီမကိုပြတယ်။ ညီမကလဲ အဲ့ဒီပြိုင်ပွဲကို အရင်စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာလဲ ပထမဆုံးအကြိမ်စလုပ်တာဆိုတော့ စိတ်ဝင်စားတာနဲ့ဝင်ပြိုင်ဖြစ်ခဲ့တာပါ။

-အဲ့ဒီမတိုင်ခင်ကရော ဂီတနဲ့ပတ်သက်ပြီးဘာတွေလုပ်ခဲ့ဖူးလဲ။

ကျောင်းပွဲလေးတွေဆိုတယ်။ ပြိုင်ပွဲလေးတွေမှာဝင်ပြိုင်ဖူးတယ်။ ပြင်သစ်သီချင်းဆိုပြိုင်ပွဲတို့ကိုရီးယားသီချင်းဆိုပြိုင်ပွဲတို့မှာပေါ့။ အဲ့ဒီလောက်ပါပဲ။

-တစ်ကိုယ်တော်ခွေလုပ်နေတာရော ဘယ်လောက်ရှိနေပြီလဲ။

အခုမှသီချင်းတွေစစုနေတုန်းပေါ့။ ရရင်တော့သွင်းထားလိုက်တာပေါ့။ ပြီးတော့ တေးရေးဆရာတွေနဲ့တွေ့ဖြစ်တယ်။ ကိုဝေကြီးဆီမှာ အပ်ထားတယ်။ နောက်သူငယ်ချင်းတွေလဲရေးပေးမယ်။ မှန်းထားတဲ့တေးရေးဆရာတွေလဲရှိတယ်။ ဆရာရွှေဂျော်ဂျော်ရဲ့သီချင်းတွေကိုလဲ ညီမကြိုက်တယ်ဆိုတော့ ဆရာ့ကိုလဲရေးပေးဖို့ပြောမယ်ပေါ့။

-ကိုယ့်ရဲ့အသံအမျိုးအစားကရော ဘယ်လိုသီချင်းမျိုးတွေနဲ့လိုက်ဖက်တယ်လို့ထင်လဲ။

ညီမကြိုက်တာက ရော့်ခ်၊ မော်လ်ဒန်ရော့်ခ်တို့ အော်တာနေးတစ် ရော့်ခ်တို့ညီမကြိုက်တယ်။ ညီမနဲ့လိုက်တာကတော့ Adele  ပုံစံလေးတွေပေါ့။ အေးအေးလေးတွေလဲကြိုက်ကြတယ်။ ပြိုင်ပွဲတုန်းကဆိုရင်လဲသီချင်းအေးအေးလေးတွေနဲ့အားပေးတယ်ဆိုတော့ အားလုံးအကြိုက်ကို မျှပြီးပါအောင်ထည့်ရမှာပေါ့။ ကိုယ့်ရဲ့ မြူးဆစ်ပုံစံတစ်ခု၊ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်လေးတစ်ခုပေါ်အောင်ထည့်မယ်ပေါ့။

-အရှေ့မှာသွားဆိုဖြစ်တဲ့ နယ်ပွဲလေးတွေကိုလဲပြောပြပေးပါဦး။

မိုးကုတ်၊၊ ကျောက်ဆည်၊ ဖားကန့်၊ မြစ်ကြီးနား အဲ့ဖက်တွေပိုများတယ်။

-ကိုရဲလေးအခွေထဲမှာလဲ တစ်ပုဒ်ဝင်ဆိုထားတာတွေ့ရတယ်။ တခြားအနုပညာရှင်တွေရဲ့အခွေမှာရော ဝင်ဆိုပေးထားတာရှိလား။

အဲ့ဒီလိုတော့မရှိဘူး။ လာကမ်းလှမ်းတာတွေရောရှိတယ်။ Comfirm မဖြစ်သေးလို့မပြောသေးတာပေါ့။ တခြားတော့မရှိပါဘူး။

-ကိုရဲလေးအခွေထဲက သီချင်းလေးဆိုတုန်းကလဲ ပရိသတ်တွေကြိုက်ကြ၊ အားပေးကြတဲ့အပေါ် ညီမရဲ့စိတ်ခံစားချက်ကဘယ်လိုရှိလဲ။

ညီမကိုရဲလေးကိုလဲ တကယ်ကျေးဇူးတင်တယ်။ ညီမတို့ပြိုင်ပွဲမပြီးခင်ကတည်းက သူကအဲ့ဒီသီချင်းလေးတွေကို ရေးပေးထားတာပါ။ မဆိုဖီဆိုလဲ မဆိုဖီနဲ့လိုက်မဲ့ပုံစံ၊ နင်ဇီဆိုလဲ နင်ဇီနဲ့လိုက်မဲ့ပုံစံ ဆိုပြီးရေးပေးထားတယ်။ သူ့အခွေမှာလဲ အားလုံးကို ပါဝင်စေချင်တယ်။ အခုသူ့အခွေမှာမပါလိုက်ရတဲ့သူတွေကိုလဲ သူကထပ်ခေါ်မယ်ပြောတယ်။ ပရိသတ်တွေလဲကိုရဲလေးအခွေထဲက သီချင်းလေးကိုကြိုက်တယ်ဆိုတော့ ညီမကျေးဇူးတင်ပါတယ်။

-အခုလက်ရှိမှာ နင်ဇီနားထောင်ဖြစ်နေတဲ့သီချင်းတွေရှိရင်လဲသိချင်ပါတယ်။

အခုက Grace ရဲ့သီချင်းတွေနားထောင်ဖြစ်တာများတယ်။ သူ့ကိုအခုကြိုက်နေတယ်ပေါ့။ ဒီကဆိုရင် Idiots နားထောင်တယ်။ နောက် Big Bag နားထောင်ဖြစ်တယ်။

-အနုပညာနဲ့ပတ်သက်ပြီး တခြားဘာတွေဝါသနာပါသေးလဲ။

သရုပ်ဆောင်တာတော့မရဘူး။ သီချင်းဆိုတာဝါသနာပါတယ်။ နောက် ကတာလဲရတယ်။ ကရတာကြိုက်တယ်။

-ဒီဇင်ဘာဆိုတော့ ခရီးတွေဘာတွေသွားဖို့စီစဉ်ထားတာရော မရှိဘူးလား။

ညီမဘာသာရေးပွဲနဲ့တွဲပြီးတောင်ကြီးဖက်ကို သွားမယ်။ အဲ့ဒီဖက်မှာသူငယ်ချင်းတွေလျရှိတယ်။ နောက်ဘာသာရေးပွဲမှာလဲဆိုပေးဖို့ဖိတ်ထားလို့တစ်ခါတည်းသွားမယ်ပေါ့။

-ညီမမိသားစုအကြောင်းလေးကိုပြောပြပေးပါဦး။

ညီမနာမည်က မေနင်ဇီပါ။ အဲ့ဒါကိုပြိုင်ပွဲမှာဝင်ပြိုင်မယ်ဆိုတော့ နာမည်ကိုပြောင်းပြန်လှန်ပြီးဝင်ပြိုင်ဖြစ်တာပါ။ အဖေကတော့ လွန်ခဲ့တဲ့ ရှစ်နှစ်ကဆုံးသွားပါပြီ။ အမေကတော့ရှိပါတယ်။ မောင်နှမငါးယောက်ရှိပါတယ်။ အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်၊ မောင်တစ်ယောက်ပေါ့။ လူမျိုးက ကချင်လူမျိုးပါ။ ဇာတိကပြင်ဦးလွင်မှာမွေးပြီးပြင်ဦးလွင်မှာကြီးတာပါ။ အခုပြိုင်ပွဲဝင်ပြိုင်တော့ တစ်မိသားစုလုံးရန်ကုန်ကိုပြောင်းလာလိုက်တာပါ။ ပညာအရည်အချင်းကတော့ မြန်မာစာ ပထမနှစ်ပြီးသွားပါပြီ။ အခွေထွက်ပြီးမှပြန်ဆက်တက်ဖြစ်မှာပေါ့။

-ပြင်ဦးလွင်ရောသွားဖြစ်ဦးမလား။

သွားဖြစ်မဖြစ်တော့မသေချာပါဘူး။ ဟိုမှာအမျိုးတွေကတော့ကျန်ခဲ့တယ်။ ဒီလိုအချိန်ကျတော့ဟိုကိုအရမ်းပြန်ချင်တယ်။ အလုပ်တွေသာမရှိရင် ညီမပြင်ဦးလွင်ကိုသွားတယ်။ ဟိုမှာနေရာကိုလဲပိုပျော်တယ်။ ဒီမှာကျတော့ အလုပ်ပဲလုပ်နေရတော့လေ။ ပြင်ဦးလွင်မှာပိုပျော်ပါတယ်။

-လက်ရှိဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာတွေ့နေရတဲ့သက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်ပြီး ညီမရဲ့အမြင်လေးကိုလဲသိချင်ပါတယ်။

ညီမတော်တော် စိတ်မကောင်းဘူး။ ဟိုတနေ့ကအကျီၤအဖြူလေးတွေဝတ်ပြီး လုပ်တဲ့ပွဲကို သွားလိုက်တယ်။ ညီမသူငယ်ချင်းတွေနဲ့ပေါ့။ ကိုယ့်ရဲ့အမြင်ဆိုရင်တော့တော်တော်မကောင်းဘူးလို့ပြောရမှာပေါ့။ ကြားရတာတော်တော်အဆင်မပြေဘူး။ အနုပညာရှင်တွေရော ဘေးနားကလူတွေရော ဒီလောက်ထိတောင်းဆိုနေတဲ့ကြားထဲကကို ဆက်တိုက်ဖြစ်နေတယ်။ တစ်ရက်ခြားတစ်ခါဖြစ်နေတယ်။ ကြားရတာလဲအဆင်မပြေဘူး။

-နောက်တစ်ခုက လူမှုကွန်ယက်ပေါ်မှာတွေ့နေရတဲ့ ရဲလေးနဲ့ညီမလေးကိုတွဲနေကြတယ်ဆိုပြီးပြောနေကြတဲ့သတင်းနဲ့ပတ်သက်ပြီးတော့လဲသိချင်ပါတယ်။

အဲ့ဒီ page ကတော့ အနုပညာရှင်တွေကို အမြဲပြောနေကြ page ဆိုတော့လေ။ ညီမတင်မဟုတ်ဘူး။ တခြားသူတွေလဲ ဒီလိုပဲအရေးခံရတာပဲဆိုတော့လေ။ ညီမတို့လဲတစ်ယောက်မှ မလွတ်ပါဘူး။ ပြောနေကြဆိုတော့ ဘာမှလဲမဖြစ်တော့ပါဘူး။ တကယ်တော့ ကောလာဟလပါ။ ကိုရဲလေးနဲ့သီချင်းထွက်ထားတယ်ဆိုတော့ လျှောက်ဖွတာပါ။ ကိုယ်က သိပ်အထူးတလည်ကြီးလဲမခံစားရပါဘူး။ နောက်ပြီးရေးတယ်လို့ပဲသဘောထားပါတယ်။ ဟာသတစ်ခုလိုပဲပေါ့။ အဲ့ဒီလိုအရေးခံရလို့စိတ်အနှောင့်အယှက်လဲမဖြစ်ပါဘူး။ သူငယ်ချင်းတွေလာပြတော့ ရယ်ပဲ ရယ်လိုက်ပါတယ်။

-အခုလက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။

Single ပါ။ Completely Single ပါ။

-ညီမကိုအားပေးနေတဲ့ပရိသတ်ကြီးကိုဘာများပြောချင်သေးလဲ။

ပရိသတ်ကြီးအားလုံးနှစ်သစ်မှာကျန်းမာပါစေ။ ချမ်းသာပါစေ။ လိုအပ်ဆန္ဒတွေတစ်ပေါင်းထဲပြည့်ပါစေလို့ဆုတောင်းပေးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top