Property Expo
×

 အမ်ဳိးအစား-၂ ဆီးခ်ဳိေရာဂါရိွသူမ်ား ေသြးထဲသၾကားဓာတ္ပါ ၀င္မႈကုိ ပုိမိုထိေရာက္စြာ ထိန္းခ်ဳပ္ရန္ ထိုင္မေနဘဲ လႈပ္လႈပ္ရွားရွား ေနျခင္း၊ လမ္းေလွ်ာက္ျခင္းတုိ႔ ျပဳလုပ္ေပးျခင္းျဖင့္ လြယ္လြယ္ကူကူ ထိန္းခ်ဳပ္ႏုိင္မည္ျဖစ္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပ သည္။

အမ်ိဳးအစား-၂ ဆီးခ်ဳိေရာဂါသည္မ်ားအတြက္ အလယ္အ လတ္မွေန၍ ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ားျပဳလုပ္ရန္ မၾကာခဏ ဆုိသလုိ ၫႊန္ၾကားေလ့ရိွေသာ္လည္း လူနာအမ်ားစုသည္ ယင္းအ ႀကံေပးခ်က္အတုိင္း လုိက္နာေလ့မရိွၾကဟု နယ္သာလန္ႏုိင္ငံမွ သု ေတသီမ်ားက ေျပာသည္။

ထိုင္ေနေသာအခ်ိန္ အနည္းငယ္ေလွ်ာ့လိုက္႐ံုျဖင့္ ဆီးခ်ဳိေရာဂါသည္မ်ား အက်ိဳးေက်းဇူးခံစားရႏုိင္ေၾကာင္း ယခုေလ့လာမႈက ေဖာ္ျပသည္။

မည္သည့္ကုိယ္လက္လႈပ္ရွားမႈမဆို ေသြးထဲရိွ သၾကားဓာတ္ကုိ ေလ်ာ့က်ေစႏုိင္သည္ဟု သုေတသီမ်ားကေျပာသည္။

အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါကို ကာကြယ္ရန္ သီတင္းတစ္ ပတ္လွ်င္ အလယ္အလတ္မွေန၍ အားစိုက္ရသည့္ ေလ့က်င့္ခန္း မ်ား မိနစ္ ၁၅၀ အနည္းဆံုးျပဳလုပ္ရန္လုိေၾကာင္း ပညာရွင္မ်ား၏ လက္ရိွလမ္းၫႊန္မႈမ်ားအရ သိရသည္။ သုိ႔ေသာ္လူနာ ၁၀ ဦးတြင္ ကုိးဦးသည္ ယင္းလမ္းၫႊန္ခ်က္အတုိင္း လုိက္နာျခင္းမရိွဟု သုေတ သီမ်ားက ေျပာသည္။

ယင္းကဲ့သုိ႔ ကိုယ္လက္လႈပ္ရွားမႈနည္းပါးလြန္းေသာ လူနာမ်ား ကုိ မၾကာခဏမတ္တတ္ရပ္ေနေစျခင္း၊ ေပါ့ေပါ့ပါးပါးလမ္း ေလွ်ာက္ခုိင္းျခင္းေၾကာင့္ ေသြးထဲရိွ သၾကားဓာတ္ပမာဏကုိ ေလွ်ာ့ခ်ႏုိင္ ေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရိွခဲ့သည္။

ထိုင္ခ်ိန္ကုိ ေလွ်ာ့ခ်ၿပီး ေလ့က်င့္ခန္းျပဳလုပ္ခိုင္းသည့္ အစီအ စဥ္မ်ားသည္ စြမ္းအင္ေလာင္ကြၽမ္းမႈအတြက္ ရည္ရြယ္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ခဏတစ္ျဖဳတ္သာ ထိုင္ေသာေရာဂါသည္မ်ား၏ ေသြးထဲတြင္ သၾကားပမာဏေလ်ာ့က်မႈသိသာေၾကာင္း သုေတသီမ်ားေလ့လာ ေတြ႕ရိွခဲ့ၿပီး ယခုေလ့လာမႈကို Diabetologia ဂ်ာနယ္၌ ႏုိ၀င္ဘာ ၃၀ရက္က ေဖာ္ျပထားသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

  အမျိုးအစား-၂ ဆီးချိုရောဂါရှိသူများ သွေးထဲသကြားဓာတ်ပါ ဝင်မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်ရန် ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှား နေခြင်း၊ လမ်းလျှောက်ခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့် လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြ သည်။


အမျိုးအစား-၂ ဆီးချိုရောဂါသည်များအတွက် အလယ်အ လတ်မှနေ၍ ပြင်းထန်သော လေ့ကျင့်ခန်းများပြုလုပ်ရန် မကြာခဏ ဆိုသလို ညွှန်ကြားလေ့ရှိသော်လည်း လူနာအများစုသည် ယင်းအ ကြံပေးချက်အတိုင်း လိုက်နာလေ့မရှိကြဟု နယ်သာလန်နိုင်ငံမှ သု တေသီများက ပြောသည်။

ထိုင်နေသောအချိန် အနည်းငယ်လျှော့လိုက်ရုံဖြင့် ဆီးချိုရောဂါသည်များ အကျိုးကျေးဇူးခံစားရနိုင်ကြောင်း ယခုလေ့လာမှုက ဖော်ပြသည်။

မည်သည့်ကိုယ်လက်လှုပ်ရှားမှုမဆို သွေးထဲရှိ သကြားဓာတ်ကို လျော့ကျစေနိုင်သည်ဟု သုတေသီများကပြောသည်။

အမျိုးအစား-၂ ဆီးချိုရောဂါကို ကာကွယ်ရန် သီတင်းတစ် ပတ်လျှင် အလယ်အလတ်မှနေ၍ အားစိုက်ရသည့် လေ့ကျင့်ခန်း များ မိနစ် ၁၅၀ အနည်းဆုံးပြုလုပ်ရန်လိုကြောင်း ပညာရှင်များ၏ လက်ရှိလမ်းညွှန်မှုများအရ သိရသည်။ သို့သော်လူနာ ၁၀ ဦးတွင် ကိုးဦးသည် ယင်းလမ်းညွှန်ချက်အတိုင်း လိုက်နာခြင်းမရှိဟု သုတေ သီများက ပြောသည်။

ယင်းကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလွန်းသော လူနာများ ကို မကြာခဏမတ်တတ်ရပ်နေစေခြင်း၊ ပေါ့ပေါ့ပါးပါးလမ်း လျှောက်ခိုင်းခြင်းကြောင့် သွေးထဲရှိ သကြားဓာတ်ပမာဏကို လျှော့ချနိုင် ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

ထိုင်ချိန်ကို လျှော့ချပြီး လေ့ကျင့်ခန်းပြုလုပ်ခိုင်းသည့် အစီအ စဉ်များသည် စွမ်းအင်လောင်ကျွမ်းမှုအတွက် ရည်ရွယ်ကြောင်း သုတေသီများက ပြောသည်။

ခဏတစ်ဖြုတ်သာ ထိုင်သောရောဂါသည်များ၏ သွေးထဲတွင် သကြားပမာဏလျော့ကျမှုသိသာကြောင်း သုတေသီများလေ့လာ တွေ့ရှိခဲ့ပြီး ယခုလေ့လာမှုကို Diabetologia ဂျာနယ်၌ နိုဝင်ဘာ ၃၀ရက်က ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top