Property Expo
×

ကြ်န္ေတာ္တုိ႔ရဲ႕ကမာၻေပၚမွာ ေပေပါင္းအျမင့္မားဆုံးေရတံခြန္တစ္ခု ေတာင္အေမရိကတုိက္ရဲ႕ႏုိင္ငံတစ္ခုမွာ တည္ရွိေနပါတယ္။ ဒီေရတံခြန္ကေတာ့ ဗင္နီဇြဲလားႏုိင္ငံမွာ တည္ရွိတဲ႔ အိန္ဂ်ယ္ေရတံခြန္ျဖစ္ပါတယ္။

 အိန္ဂ်ယ္ေရတံခြန္ဟာ ေပေပါင္း ၉၇၉မီတာအထိ ျမင့္မားၿပီး ၂၀ရာစုအလယ္ပုိင္းေလာက္က ဒီေရတံခြန္ေပၚကေန ပထမဆုံးျဖတ္ပ်ံသန္းႏုိင္ခဲ႔တဲ႔ အေမရိကန္ႏုိင္ငံသား ေလယာဥ္မွဴးဂ်င္မီအိန္ဂ်ယ္ကုိ ဂုဏ္ယူျပဳအေနနဲ႔ အိန္ဂ်ယ္ေရတံခြန္လုိ႔ နာမည္ေပးထားတာပဲ ျဖစ္ပါတယ္။

 အိန္ဂ်ယ္ေရတံခြန္ဟာ Auyantepui ေတာင္တန္းရဲ႕ထိပ္ဆုံးေနရာမွာ တည္ရွိတာျဖစ္ပါတယ္။ ေရတံခြန္ရဲ႕အျမင့္မွာ ျပင္သစ္ႏုိင္ငံရဲ႕ျပယုဂ္တစ္ခုျဖစ္တဲ႔ အီဖဲလ္တာဝါအျမင့္ရဲ႕သုံးဆေလာက္အထိ ျမင့္မားပါတယ္။

 အိန္ဂ်ယ္ေရတံခြန္ကုိ ေမလကေန ႏုိဝင္ဘာလေလာက္အထိ လာေရာက္လည္ပတ္လုိ႔ အေကာင္းဆုံးျဖစ္ၿပီး မုိးတြင္းကာလမွာဆုိ တမူထူးျခားတဲ႔ ရာသီဥတုတစ္ခုကုိ အိန္ဂ်ယ္ေရတံခြန္က ဖန္တီးႏုိင္ပါတယ္။ ဒါေၾကာင့္ အိန္ဂ်ယ္ေရတံခြန္ဟာ ဗင္နီဇြဲလားႏုိင္ငံအတြက္ေတာ့ ႏုိင္ငံျခားခရီးသြားမ်ားကုိ ဆြဲေဆာင္ေစႏုိင္တဲ႔ သဘာဝလက္ေဆာင္တစ္ခုပဲ ျဖစ္ပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

 ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာ ပေပေါင်းအမြင့်မားဆုံးရေတံခွန်တစ်ခု တောင်အမေရိကတိုက်ရဲ့နိုင်ငံတစ်ခုမှာ တည်ရှိနေပါတယ်။ ဒီရေတံခွန်ကတော့ ဗင်နီဇွဲလားနိုင်ငံမှာ တည်ရှိတဲ့ အိန်ဂျယ်ရေတံခွန်ဖြစ်ပါတယ်။

 အိန်ဂျယ်ရေတံခွန်ဟာ ပေပေါင်း ၉၇၉မီတာအထိ မြင့်မားပြီး ၂၀ရာစုအလယ်ပိုင်းလောက်က ဒီရေတံခွန်ပေါ်ကနေ ပထမဆုံးဖြတ်ပျံသန်းနိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား လေယာဉ်မှူးဂျင်မီအိန်ဂျယ်ကို ဂုဏ်ယူပြုအနေနဲ့ အိန်ဂျယ်ရေတံခွန်လို့ နာမည်ပေးထားတာပဲ ဖြစ်ပါတယ်။

 အိန်ဂျယ်ရေတံခွန်ဟာ Auyantepui တောင်တန်းရဲ့ထိပ်ဆုံးနေရာမှာ တည်ရှိတာဖြစ်ပါတယ်။ ရေတံခွန်ရဲ့အမြင့်မှာ ပြင်သစ်နိုင်ငံရဲ့ပြယုဂ်တစ်ခုဖြစ်တဲ့ အီဖဲလ်တာဝါအမြင့်ရဲ့သုံးဆလောက်အထိ မြင့်မားပါတယ်။

 အိန်ဂျယ်ရေတံခွန်ကို မေလကနေ နိုဝင်ဘာလလောက်အထိ လာရောက်လည်ပတ်လို့ အကောင်းဆုံးဖြစ်ပြီး မိုးတွင်းကာလမှာဆို တမူထူးခြားတဲ့ ရာသီဥတုတစ်ခုကို အိန်ဂျယ်ရေတံခွန်က ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် အိန်ဂျယ်ရေတံခွန်ဟာ ဗင်နီဇွဲလားနိုင်ငံအတွက်တော့ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်စေနိုင်တဲ့ သဘာဝလက်ဆောင်တစ်ခုပဲ ဖြစ်ပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top