Property Expo
×

သမီးအရင္းကို ေန႔စဥ္လိုလို အႀကိမ္ႀကိမ္ အဓမၼက်င့္ေနခဲ့တဲ့ ဖခင္ျဖစ္သူဟာ သူ႔ကိုယ္တိုင္ျပန္႐ိုက္ကူးထားတဲ့ ဗီဒီယိုေၾကာင့္ လူမိသြားခဲ့ၿပီး ေထာင္ဒဏ္က်ခဲ့ရၿပီျဖစ္ပါတယ္။

အသက္ ၄ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ သမီးငယ္ကို အဆုိပါ အသက္ ၃၀ အ႐ြယ္ ဖခင္ျဖစ္သူဟာ အႀကိမ္ႀကိမ္ အဓမၼက်င့္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အသက္မျပည့္ေသးတဲ့ မိန္းကေလးငယ္ရဲ႕ သိကၡာနဲ႔ အရွက္ကို ထိန္းသိမ္းျခင္းအားျဖင့္ တရား႐ံုးက တရားခံ အမ်ိဳးသားရဲ႕ နာမည္ကိုေတာ့ ထုတ္ေဖာ္ျပာၾကားျခင္း မရွိခဲ့ပါဘူး။ အဆိုပါ အမ်ိဳးသားဟာ သမီးအရင္းကို ေန႔စဥ္အလုိလုိ အဓမၼက်င့္ခဲ့တာ သံုးႏွစ္ခန္႔ ၾကာျမင့္ခဲ့ၿပီးေနာက္ သူ႔ရဲ႕ဖုန္းထဲမွာ သူကိုယ္တုိင္ျပန္လည္႐ိုက္ကူးထားတဲ့ ဗီဒီယုိဖိုင္ကို ဇနီးသည္ျဖစ္သူက ေတြ႔ရွိၿပီးေနာက္ ဒီျဖစ္ရပ္ ေပၚေပါက္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ဇနီးသည္ျဖစ္သူက ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားခဲ့တာပါ။ အဂၤလန္ႏိုင္ငံ ဝါးဝစ္ခ္ခေရာင္း တရား႐ံုးမွာ စစ္ေဆးခဲ့တာျဖစ္ၿပီး  အစပိုင္းမွာ တရားခံျဖစ္သူက ဗီဒီယုိထဲက အမ်ိဳးသားဟာ သူမဟုတ္ေၾကာင္း ျငင္းဆန္ခဲ့ေပမဲ့ ေနာက္ပိုင္းမွာ ဝန္ခံခဲ့ရပါတယ္။ အဆုိပါအမ်ိဳးသားဟာ သူ႔ရဲ႕ျပစ္ဒဏ္အရ ေထာင္ဒဏ္ ၁၄ ႏွစ္က်ခံေစဖို႔ တရား႐ံုးက အမိန္႔ခ်မွတ္ခဲ့ပါတယ္။

" ကေလးငယ္ကို ၿခိမ္းေျခာက္ၿပီး အဓမၼက်င့္ခဲ့တဲ့ သင့္ရဲ႕ ျဖစ္ရပ္ဟာ ထင္ရွားပါတယ္။ သင္ျပဳခဲ့တဲ့ လုပ္ရပ္ေၾကာင့္ ကေလးငယ္ဟာ သူ႔ဘဝတစ္ေလွ်ာက္လံုး ဒီမွတ္ဉာဏ္ဆိုးႀကီးကို ထိန္းသိမ္းသြားရေတာ့မယ္။"

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun



#Unicode Version

သမီးအရင်းကို နေ့စဉ်လိုလို အကြိမ်ကြိမ် အဓမ္မကျင့်နေခဲ့တဲ့ ဖခင်ဖြစ်သူဟာ သူ့ကိုယ်တိုင်ပြန်ရိုက်ကူးထားတဲ့ ဗီဒီယိုကြောင့် လူမိသွားခဲ့ပြီး ထောင်ဒဏ်ကျခဲ့ရပြီဖြစ်ပါတယ်။

အသက် ၄ နှစ်အရွယ်သာ ရှိသေးတဲ့ သမီးငယ်ကို အဆိုပါ အသက် ၃၀ အရွယ် ဖခင်ဖြစ်သူဟာ အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ရဲ့ သိက္ခာနဲ့ အရှက်ကို ထိန်းသိမ်းခြင်းအားဖြင့် တရားရုံးက တရားခံ အမျိုးသားရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြာကြားခြင်း မရှိခဲ့ပါဘူး။ အဆိုပါ အမျိုးသားဟာ သမီးအရင်းကို နေ့စဉ်အလိုလို အဓမ္မကျင့်ခဲ့တာ သုံးနှစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် သူ့ရဲ့ဖုန်းထဲမှာ သူကိုယ်တိုင်ပြန်လည်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဇနီးသည်ဖြစ်သူက တွေ့ရှိပြီးနောက် ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇနီးသည်ဖြစ်သူက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ အင်္ဂလန်နိုင်ငံ ဝါးဝစ်ခ်ခရောင်း တရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပြီး  အစပိုင်းမှာ တရားခံဖြစ်သူက ဗီဒီယိုထဲက အမျိုးသားဟာ သူမဟုတ်ကြောင်း ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဝန်ခံခဲ့ရပါတယ်။ အဆိုပါအမျိုးသားဟာ သူ့ရဲ့ပြစ်ဒဏ်အရ ထောင်ဒဏ် ၁၄ နှစ်ကျခံစေဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

" ကလေးငယ်ကို ခြိမ်းခြောက်ပြီး အဓမ္မကျင့်ခဲ့တဲ့ သင့်ရဲ့ ဖြစ်ရပ်ဟာ ထင်ရှားပါတယ်။ သင်ပြုခဲ့တဲ့ လုပ်ရပ်ကြောင့် ကလေးငယ်ဟာ သူ့ဘဝတစ်လျှောက်လုံး ဒီမှတ်ဉာဏ်ဆိုးကြီးကို ထိန်းသိမ်းသွားရတော့မယ်။"

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top