Property Expo
×

နယူးေယာက္ၿမိဳ႕ေတာ္၊ ဘရြတ္ကလင္းမွာေနထုိင္တဲ့ အဘြားအုိတစ္ ဦးက ႏွစ္ေပါင္း ၂၀ နီးပါးမွာ သူမရဲ႕ပတ္ဝန္းက်င္ကုိ တကယ့္ကုိပဲ အစိမ္းေရာင္သဘာဝအလွတရားအျဖစ္ ဖန္တီးျပင္ဆင္ေနထုိင္ခ့ဲ တာက တကယ့္ကုိပဲ ထူးျခားၿပီးေတာ့ စိတ္ဝင္စားစရာေကာင္းပါ တယ္။

အဲလိဇဘက္ အီတန္ရုိဆန္သယ္လုိ႔အမည္ရတဲ့ အမ်ိဳးသမီးႀကီးက အစိမ္းေရာင္ေတြခ်ည္းပဲ အသံုးျပဳထားတဲ့ အရာဝတၳဳေတြနဲ႔ ေနထုိင္ျခင္းက သူမအတြက္ အေပ်ာ္ကုိ ဖန္တီးေပးႏုိင္တယ္။ ေလာကႀကီးကုိ အေကာင္းျမင္ေပးႏုိင္တယ္ အစရွိသျဖင့္ စိတ္ကူးနဲ႔ ေနထုိင္ခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

The green lady of carroll gardens လုိ႔ အမည္ေပးျခင္းခံရတဲ့ သူမက အၿမဲလုိလုိ စမ္းသပ္တီထြင္မႈေတြနဲ႔ေနထုိင္ေနခဲ့တာလည္း ျဖစ္ကာ လြန္ခဲ့တဲ့ ၁၉၃၀ ျပည့္ႏွစ္ကတည္းက စတင္ၿပီးေတာ့ အ ေရာင္တစ္ခုတည္းကုိ အသံုးျပဳတဲ့အရာေတြအားလံုးမွာ အခ်ိန္ၾကာ စြဲၿပီး အသံုးျပဳခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

ေငြေရာင္၊ ပန္းေရာင္၊ ခရန္းေရာင္၊အျပာေရာင္ အစရွိသျဖင့္ အ ေရာင္ေတြရဲ႕ အေရာင္တစ္မ်ိဳးခ်င္းစီမွာ စြဲၿပီးသံုးစြဲၿပီးေနာက္မွာ အခု ေတာ့ အစိမ္းေရာင္ကို ေရြးခ်ယ္ၿပီး ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာအ သံုးျပဳေနထုိင္ေနခဲ့တာပဲျဖစ္ပါတယ္။ အစိမ္းေရာင္ျခယ္သဘာဝကုိ ႀကိဳက္ႏွစ္သက္ၿပီးေတာ့ သူမရဲ႕ အိမ္နဲ႔ ၿၿခံဝင္း၊ အိမ္ခန္း၊ အသံုးအ ေဆာင္၊ ဆံပင္၊ မိတ္ကပ္၊ အဝတ္အစား အစရွိသျဖင့္ ျမင္ျမင္သမွ် အရာရာတုိင္းကုိ အစိမ္းေရာင္ ဖန္တီးခဲ့တာပဲ ျဖစ္ပါတယ္။ တစ္အိမ္ လံုးက အရာေတြအားလံုးက အစိမ္းေရာင္ေတြပဲ ျဖစ္ပါတယ္။

“ ကၽြန္မအေနနဲ႔ ဒီလုိမ်ိဳး ေနထုိင္ရမယ္လုိ႔ေတာ့ အစီအစဥ္ေတာ့မခ် ခဲ့ဖူးပါဘူး။ ဒါက စြဲလမ္းမႈလံုးဝမဟုတ္ပါဘူး။ ဒီအတုိင္းေလးပဲ သ ဘာဝက်က်ေနထုိင္သြားဖုိ႔ပဲ ရွိတာပါလုိ႔” နယူးေယာက္တုိင္းမ္သုိ႔ ေျပာၾကားပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

နယူးယောက်မြို့တော်၊ ဘရွတ်ကလင်းမှာနေထိုင်တဲ့ အဘွားအိုတစ် ဦးက နှစ်ပေါင်း ၂၀ နီးပါးမှာ သူမရဲ့ပတ်ဝန်းကျင်ကို တကယ့်ကိုပဲ အစိမ်းရောင်သဘာဝအလှတရားအဖြစ် ဖန်တီးပြင်ဆင်နေထိုင်ခဲ့ တာက တကယ့်ကိုပဲ ထူးခြားပြီးတော့ စိတ်ဝင်စားစရာကောင်းပါ တယ်။

အဲလိဇဘက် အီတန်ရိုဆန်သယ်လို့အမည်ရတဲ့ အမျိုးသမီးကြီးက အစိမ်းရောင်တွေချည်းပဲ အသုံးပြုထားတဲ့ အရာဝတ္ထုတွေနဲ့ နေထိုင်ခြင်းက သူမအတွက် အပျော်ကို ဖန်တီးပေးနိုင်တယ်။ လောကကြီးကို အကောင်းမြင်ပေးနိုင်တယ် အစရှိသဖြင့် စိတ်ကူးနဲ့ နေထိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

The green lady of carroll gardens လို့ အမည်ပေးခြင်းခံရတဲ့ သူမက အမြဲလိုလို စမ်းသပ်တီထွင်မှုတွေနဲ့နေထိုင်နေခဲ့တာလည်း ဖြစ်ကာ လွန်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်ကတည်းက စတင်ပြီးတော့ အ ရောင်တစ်ခုတည်းကို အသုံးပြုတဲ့အရာတွေအားလုံးမှာ အချိန်ကြာ စွဲပြီး အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ငွေရောင်၊ ပန်းရောင်၊ ခရန်းရောင်၊အပြာရောင် အစရှိသဖြင့် အ ရောင်တွေရဲ့ အရောင်တစ်မျိုးချင်းစီမှာ စွဲပြီးသုံးစွဲပြီးနောက်မှာ အခု တော့ အစိမ်းရောင်ကို ရွေးချယ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာအ သုံးပြုနေထိုင်နေခဲ့တာပဲဖြစ်ပါတယ်။ အစိမ်းရောင်ခြယ်သဘာဝကို ကြိုက်နှစ်သက်ပြီးတော့ သူမရဲ့ အိမ်နဲ့ ခြံဝင်း၊ အိမ်ခန်း၊ အသုံးအ ဆောင်၊ ဆံပင်၊ မိတ်ကပ်၊ အဝတ်အစား အစရှိသဖြင့် မြင်မြင်သမျှ အရာရာတိုင်းကို အစိမ်းရောင် ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ တစ်အိမ် လုံးက အရာတွေအားလုံးက အစိမ်းရောင်တွေပဲ ဖြစ်ပါတယ်။

“ ကျွန်မအနေနဲ့ ဒီလိုမျိုး နေထိုင်ရမယ်လို့တော့ အစီအစဉ်တော့မချ ခဲ့ဖူးပါဘူး။ ဒါက စွဲလမ်းမှုလုံးဝမဟုတ်ပါဘူး။ ဒီအတိုင်းလေးပဲ သ ဘာဝကျကျနေထိုင်သွားဖို့ပဲ ရှိတာပါလို့” နယူးယောက်တိုင်းမ်သို့ ပြောကြားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top