Kantharyar Centre
×








Credit:Duwun

Unicode Version

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှာဆိုရင် စကတ်တိုအောက်က ဓာတ်ပုံပင့်ရိုက်ခြင်းကို တရားဥပဒေနဲ့ တားမြစ်ဖို့ ဥပဒေမူကြမ်းတင်ဖို့ လုပ်နေကြပါပြီ။

ဒီလုပ်ရပ်ကို အရေးယူဖို့ ဥပဒေမရှိဘူးဆိုတာကို ဥပဒေပြဋ္ဌာန်းသူများက ဒီနှစ်အစောပိုင်းမှ သိရှိခဲ့ပြီး အခုလို ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ကုန်ခြောက်ဆိုင်မှ စာရေး ဘရန်ဒွန်လီဂါရီဟာ ဈေးဝယ်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့စကတ်ကို အောက်ကနေပင့်ပြီး ဗီဒိယိုရိုက်ခဲ့တဲ့အတွက် ကိုယ်ရေးကိုယ်တာကို ကျူးကျော်ချိုးဖောက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

သူ့ရဲ့ရှေ့နေဟာ ယင်းလုပ်ရပ်အတွက် တိကျတဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိဘူးလို့ အောင်မြင်စွာ ထောက်ပြနိုင်ခဲ့ပါတယ်။

မန်ဆာချူးဆက်စ်၊ တက္ကဆက်နဲ့ နယူးဂျာစီပြည်နယ်တို့မှာ မကြာသေးမီကပဲ မိန်းကလေးငယ်များကို အောက်ပိုင်းကနေ ဓာတ်ပုံပင့်ရိုက်ခြင်းနဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းဖို့အတွက် သူတို့ရဲ့ဥပေဒေစာအုပ်တွေကို ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။

ဂျော်ဂျီယာပြည်နယ်ကတော့ ဒိလအစောပိုင်းမှာမှ ယင်းလုပ်ရပ်ကို ပြစ်မှုတစ်ခုအဖြစ် ထည့်သွင်းဖို့ကြိုးစားမှာဖြစ်ပြီး နောက်နှစ်မှာမှ အတည်ပြု ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top